advertisement-image
Commentary

ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ

COVID-19 နှင့် ရင်ဆိုင်ရသည့်အချိန်တွင်ချမ်းသာသောနိုင်ငံများ၏ အစိုးရများအနေဖြင့် စီးပွားရေးကို ကျားကန်နိုင်ရန်အတွက် ငွေကြေးပမာဏမြောက်မြားစွာ စိုက်ထုတ်ကူညီမှုဖြင့်စတင်ခဲ့ရပါသည်။ ရလဒ်မှာစီးပွားရေးရုတ်ခြည်းကျဆင်းပြိုလဲမှုကို ခုသာခံသာ ဆောင်ရွက်နိုင်ပြီး ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့နှင့် အခြားဆိုးကျိုးများကို အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ယခုအခါ ထိန်းချုပ်မှုများကို ဖြေလျော့လာရသည်နှင့် စီးပွားရေးပြန်လည်ဦးမော့လာသည့်အရိပ်လက္ခဏာများ တွေ့လာရပြီဖြစ်ပြီး အစိုးရများအနေဖြင့်လည်း မည်သည့်အချိန်ထိ အထက်ပါဈေးကြီးသောဘဏ္ဍာရေးထောက်ပံ့မှုကို ဆောင်ရွက်နေရဦးမည်နည်းဆိုသည်နှင့် အစိုးရဘဏ္ဍာများမည်သို့ပြန်လည်ဖြည့်ဆည်းရမည်နည်းဆိုသည့် အဓိကစိန်ခေါ်မှုများ ဖြစ်လာပါတော့သည်။ ငွေကြေးပမာဏ အမြောက်အမြားထောက်ပံ့ခြင်းသည် ယေဘုယျတွင်အကျိုးရှိပြီး ဆင်းရဲမှုရာခိုင်နှုန်းမှာ နည်းပါးသွားသော်လည်း အမေရိကန်၏အလုပ်လက်မဲ့ပမာဏမှာ စံချိန်တင်ခဲ့လေသည်။ တစ်ဖက်ကလည်း သွားလာမှုထိန်းချုပ်ခြင်းကို လျော့ပေးနေချိန်တွင် COVID-19 ပျံ့နှံမှုမှာ ရပ်တန့်မသွားဘဲ ပိုမိုဆိုးရွားလာသည့်သဘောရှိရာ အထူးသဖြင့် အနောက်နိုင်ငံများတွင် ဗိုင်းရပ်စ်ဒုတိယလှိုင်း ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် မိမိတို့နိုင်ငံကို မည်သို့ကုစားရမည်နည်းဆိုသည်မှာ မေးခွန်းကြီးဖြစ်နေလေသည်။ ပထမအသုတ်ကူညီထောက်ပံ့မှုပမာဏမှာ နိုင်ငံ၏ GDP အနည်းဆုံး ၁၀ […]
Posted On September 7, 2020, By CEO Editors

အသိပညာရှင်များပြားသော ကျွန်တော်တို့နိုင်ငံ

COVID ကာလအလုပ်လုပ်နေသူအားလုံးနီးပါး Work from Home ပုံစံသစ်ဖြင့် နေထိုင်လုပ်ကိုင် သည့်ကာလတွင် ကျွန်တော်တို့နိုင်ငံတွင် အသိပညာရှင်များပြားလှကြောင်း Social Media များမှ တစ်ဆင့် ကြားသိလေ့လာရပါသည်။ မိမိသိသည့် အကြောင်းတရား၊ ဗဟုသုတကို ဝေမျှအသိပေးခြင်းသည် လွန်စွာကောင်းမွန်သောလုပ်ရပ်ဖြစ်ပါသည်။ သို့သော် အများစုမှာ – က။ မိမိပြောဆိုနေသော အကြောင်းတရားများနှင့်ပတ်သက်၍ ဂဃနဏမသိဘဲ ကြားဖူးနား၀ သို့မဟုတ် စာဖတ်ထားရုံနှင့် ပြောကြားနေခြင်းဖြစ်ရာ လက်တွေ့အခြေအနေ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံအနေဖြင့် ဆက်စပ်မှုမရှိခြင်း၊ ခ။ တချို့ Speaker များအနေဖြင့် မိမိတို့ပြောဆိုနေသည့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ အသံထွက်အမှန်ကိုပင် မထွက်နိုင်ခြင်း၊ အင်္ဂလိပ်အသံထွက်များ လွဲမှားနေခြင်း၊ ဂ။ မိမိသိရှိကြောင်း ပြောကြားခြင်းထက် ကြည့်ရှုနားထောင်သူများအတွက် ကျန်ရစ်နိုင်သည့် အချက်များ ထည့်သွင်းပြောဆိုနိုင်မှု အားနည်းခြင်းတို့သတိပြုမိပါသည်။ ထိုသို့ အသိပညာရှင်များပြားသည်ကို […]
Posted On August 10, 2020, By CEO Editors

Post-COVID-19 နှင့် အပြောင်းအလဲ

စတုတ္ထစက်မှုတော်လှန်ရေးကာလ နောက်ပိုင်းတွင် ဒစ်ဂျစ်တယ်နည်းပညာ၏လွှမ်းမိုးမှုကြောင့်ပြောင်းလဲမှုများနှင့် မရေရာသော၊ ခန့်မှန်း၍မရနိုင်သော၊ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရစဉ်တွင် COVID-19 Pandemic ၏ အကျိုးဆက်ကိုမျက်ဝါးထင်ထင်ကြုံတွေ့ရပြီဖြစ်လေသည်။ ဤ Pandemic သည်မည်မျကြာမြင့်မည်ကို ယနေ့ချိန်ထိမခန့်မှန်းနိုင်သေးရာ အချိန် ကြာလာသည်နှင့်အမျ တစ်ကမ္ဘာလုံး၏ စီးပွားရေးအထူးထိခိုက်လာသဖြင့် နောက်ဆက်တွဲ အလုပ်အကိုင်တည်မြဲမှု၊ အလုပ်အကိုင်ရရှိမှု၊ လုပ်ငန်းများရပ်တည်နိုင်မှုစသည့် စိန်ခေါ်မှုများ ကြုံတွေ့လာရမည်ဖြစ်ပါသည်။ လက်ရှိတွင်ပင် ဝန်ဆောင်မှု၊ ငွေကြေးဆိုင်ရာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းနယ်ပယ်တို့တွင် နေ့စဉ်နှင့်အမျှစိတ်ရှုပ်ထွေးဖွယ်ရာသတင်းများ ဖတ်ရှုနေရပါသည်။ သေချာရေရာမှုအရှိဆုံးကိစ္စရပ်မှာမသေချာမရေရာမှုပင်ဖြစ်သည် (Pliny The Elder)ဆိုသည့်အတိုင်း မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသည့်ကာလတွင် ပြောင်းလဲမှု (CHANGES) လုပ်နိုင်ရန်လွန်စွာအရေးပါလှပါသည်။ မည်သူမျှ မခန့်မှန်းနိုင်သော Post-COVID-19 ကာလတွင် မိမိတို့၏ အတွေးအခေါ်၊ ခံယူချက်၊ ကျွမ်းကျင်မှုပညာရပ်၊ နည်းပညာ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အနာဂတ်ရည်မှန်းချက်၊ လေ့လာသင်ယူမှုပုံစံ စသည်တို့ကို ပြောင်းလဲနိုင်မှသာ […]
Posted On July 7, 2020, By CEO Editors

ကိုယ်ကျိုးရှာသော ခေါင်းဆောင်… ကိုယ်ကျိုးလိုသော နောက်လိုက်…

ဘုံအကျိုးစီးပွားတစ်ခု၊ သို့မဟုတ် အများအကျိုးအတွက်ရည်စူး၍ ငွေကြေးအကျိုးအမြတ် အဓိက မထားသော လူမှုစီးပွားရေးအဖွဲ့အစည်း(Non-Profit Organization)ဖွဲ့စည်းတည်ထောင်ကြသည်မှာ ယခုခေတ်ကာလတွင် ပိုမိုများပြားလာပါသည်။ ထိုသို့သော အဖွဲ့အစည်းမျိုးတွင် အများအကျိုးနှင့် အဖွဲ့အစည်းအကျိုးကို ဦးစားပေး၍ တည်ကြည်စွာ အရည်အချင်းအပြည့်အဝနှင့် အနစ်နာခံ ဦးဆောင်လုပ်ကိုင်သည့် အတွေးအမြင်ရှိသည့် ခေါင်းဆောင်များရှိသကဲ့သို့ ကိုယ်ကျိုးရှာသော ခေါင်းဆောင်များ ပိုများပြားလေသည်။ ကိုယ်ကျိုးရှာသော ခေါင်းဆောင်မျိုးသည် မိမိ၏ရာထူးကို အသုံးပြု၍၊ မိမိအကျိုးအတွက် တပည့်မွေး၍ ထင်ရာစိုင်းလုပ်တတ်ကြပါသည်။ အဖွဲ့အစည်း၏ မူလရည်မှန်းချက်များ ထိခိုက် ပျက်စီးပြီး အဖွဲ့ဝင်များလည်း ဒုက္ခရောက်ရပါသည်။ အချို့သော ခေါင်းဆောင်များသည် မိမိနေရာ ရလျင် ထင်ရာစိုင်းလုပ်နိုင်သည်ဟုခံယူ၍ အတင်းအဓမ္မ နေရာလုကြတတ်သဖြင့် အဖွဲ့အစည်းနှင့် ဘုံအကျိုးစီးပွားများပါ ထိခိုက်နစ်နာကြပါသည်။ တစ်ခါတစ်ရံ မိမိအကျိုးစီးပွား ထိခိုက်နစ်နာမည်ကို စိုးရိမ်၍ ဘုံအကျိုးစီးပွားဟု အကြောင်းပြကာ အဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီး […]
Posted On June 17, 2020, By CEO Editors

အွန်လိုင်းမှတစ်ဆင့်အိမ်တိုင်ရာရောက် အစားအသောက်ပေးပို့ ခြင်းလုပ်ငန်း

လွန်ခဲ့သော ၄ နှစ်ခန့်တွင် ရန်ကုန်မြို့တွင် စက်ဘီးနှင့် ကားများကြားတွင် လှစ်ကနဲ လှစ်ကနဲ သွားလာလှုပ်ရှား နေသည့် အိမ်တိုင်ရာရောက် အစားအသောက်ပေးပို့ခြင်းလုပ်ငန်းမှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးအိမ်တိုင်ရာရောက်အစားအသောက်ပေးပို့ခြင်း လုပ်ငန်းစတင်သူ အီဂျစ်နိုင်ငံ သားကို တွေ့ဆုံအင်တာဗျူးခွင့်ရရာ စိတ်ဝင်စားဖွယ်ရာမှာ သူ၏လိုအပ်ချက် (နောင်တွင်ဖောက်သည်များ၏လိုအပ်ချက်) အတွက် သူ့မူရင်းနိုင်ငံတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံကို အခြေခံ၍ နယ်မြေသစ်ဖြစ်သည့် ရန်ကုန်မြို့တွင် ကိုယ်တိုင် တစ်လမ်းဝင် တစ်လမ်းထွက် စက်ဘီးစီးလေ့လာပြီးမှ အွန်လိုင်းမှ တစ်ဆင့်မှာလျှင် အိမ်တိုင်ရာရောက် အစားအသောက် ပို့ဆောင်ပေးသော လုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ ယခုခေတ်ကာလတွင် ကျွန်တော်တို့ စီးပွားရေးခေါင်းဆောင်များနှင့် မန်နေဂျာများလည်း နိုင်ငံတကာသို့ လှည့် လည်သွားလာလျက်ရှိရာ ဈေးကွက်၏လိုအပ်ချက်နှင့် မိမိတို့၏ အတွေ့အကြုံ၊ ဗဟုသုတပေါင်းစပ်၍ လုပ်ငန်း ခွင်အသစ်များ […]
Posted On May 14, 2020, By CEO Editors

ဆင်းရဲချမ်းသာကွာခြားမှု၏ စိန်ခေါ်မှု

ဘောဂဗေဒပညာ၏ အရေးကြီးဆုံးနှင့် အခက်ခဲဆုံးမေးခွန်းမှာ နိုင်ငံအချို့မှာ ဆင်းရဲပြီး နိုင်ငံအချို့မှာ ကြီးပွားတိုးတက်နေရခြင်း၏ အကြောင်းရင်းပင်ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်များ၏ စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ၏ ၃၆ ရာခိုင်နှုန်း၏ တစ်နေ့တာဝင်ငွေမှာ ၁.၉၀ ဒေါ်လာထက် နိမ့်ကျနေခဲ့သည်။ ၂၀၁၅ တွင်တော့ တစ်နေ့တာဝင်ငွေမှာ ၁.၉၀ ဒေါ်လာထက် နိမ့်ကျနေသော ကမ္ဘာ့လူဦးရေရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာရှိရာ အခြေအနေကောင်းမွန်တိုးတက်လာသည်ဟု ဆိုနိုင်ပေသည်။ သို့သော် လူဦးရေ သန်းခုနစ်ရာခန့်မှာ အလွန်အမင်းဆင်းရဲလွန်းနေပြီး အဆိုပါပမာဏမှာ အာဖရိကနိုင်ငံအချို့တွင် နေ့စဉ် တိုးပွားလျက်ရှိပါသည်။ လွန်ခဲ့သည့် နှစ်သုံးဆယ်တွင် စီးပွားရေးပါရဂူများအနေဖြင့် အခြေခံအဆောက်အဦများ၏ အကြီးစားပြင်ဆင်မှုကိုအခြေခံပြီး ကျေးလက်ဒေသနှင့် စိုက်ပျိုးရေးလုပ်ဆောင်ခြင်းမှ မြို့ပြဒေသနှင့် စက်မှု လုပ်ငန်းကြီးထွားလာရန် ပြောင်းလဲလုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ထို့ပြင် လူ့အရင်းအမြစ်များ ဥပမာ – ရောင်းဝယ်သည့်နှစ် အရေအတွက်နှင့် […]
Posted On January 15, 2020, By CEO Editors

အစေခံခေါင်းဆောင်

ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် အစေခံခေါင်းဆောင်နဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ကာလက Service Master မှာ ပထမဦးဆုံး ဝင်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်ဟာ အီလီနွိုက်ပြည်နယ်၊ ဝီတန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပြီး ဝီတန်ကော်လိပ်ရဲ့စီမံခန့်ခွဲမှုကော်မတီမှာ ကျွန်တော်သင်ယူခဲ့တဲ့ရှေ့နေပညာရပ်နဲ့ ဆယ်နှစ်တိတိအလုပ်လုပ်ခဲ့ပါတယ်။ ပြင်ပလောကထွက်ပြီး ရှေ့နေအနေနဲ့ လုပ်စားဖို့စဉ်းစားတုန်း Service Master မှာ အလုပ်လုပ်ဖို့ ဆက်သွယ်ခြင်းခံရပါတယ်။ အဲဒီအချိန်မှာ ServiceMaster မှာ Ken Hensen က ဥက္ကဋ္ဌရာထူးနဲ့ Ken Wessner က အမှုဆောင်အရာရှိချုပ်တာဝန်ယူထားပြီး ကျွန်တော့်အနေနဲ့ နှစ်ယောက်စလုံးနဲ့ တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ်ကျွမ်းကျင်ပြီး တော်တဲ့အရောင်းသမားကောင်းတွေဖြစ်ပါတယ်။ သူတို့ ဦးဆောင်နေရတဲ့အချိန်မှာ ServiceMaster ဟာ အများပိုင်ကုမ္ပဏီ သေးသေးလေးတစ်ခုသာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ServiceMaster ရဲ့ ရှေ့ရေးတစ်ခုလုံးကို အသေးစိတ်ပြောပြ၊ ခြယ်မှုန်းပြရင်း ကျွန်တော်ဟာ တစ်နေ့ဦးဆောင် […]
Posted On January 10, 2020, By CEO Editors

အတုယူစံနမူနာထုိက္သူမ်ား

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်မှ အုပ်ချုပ်သူအစိုးရများ၏ စီမံခန့်ခွဲမှုအားနည်းခဲ့ခြင်းနှင့် ပညာရေးစနစ်ကို တစိုက်မတ်မတ်နည်းမျိုးစုံ စမ်းသပ်ခဲ့သဖြင့် ယနေ့ခေတ်အချိန်အခါတွင် “စံ”များလွဲမှားသည့် အကျိုးဆက်ကို ကြုံတွေ့နေရပါသည်။ မြန်မာတို့၏ ပင်ကိုယ်စရိုက်အရလည်း မည်သူကိုမျှ အလွယ်တကူအထင်ကြီး လက်ခံတတ်ခြင်းမရှိခြင်းကြောင့် “အတုယူစံနမူနာထိုက်သူများ” (Role Model) ရှားပါးလာပါသည်။ အတုယူ စံနမူနာထိုက်သူများ ရှားပါးခြင်းကြောင့် မိမိတို့၏ပန်းတိုင်ကိုလျှောက်လှမ်းရာ၌ ရေခံမြေခံဆိုင်ရာ အထောက် အကူဖြစ်စေမှု အားနည်းလာပါသည်။ စီးပွားရေးလောကနှင့် စီမံခန့်ခွဲမှုလောကတွင် အတုယူစံနမူနာထိုက်သူများနည်းပါးလွန်းနေခြင်းကြောင့် လူငယ်များကြားတွင် မြန်မာနိုင်ငံမှလွဲ၍ နိုင်ငံတကာမှ စံနမူနာထိုက်သူများ၏ အတ္ထုပတိနှင့် အောင်မြင်မှုတည်ဆောက်ခဲ့ရသည့် ဖြစ်စဉ်များကို လေ့လာနေရပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် အောင်မြင်သူစီးပွားရေးလုပ်ငန်းရှင်အများစုမှာ မိမိ၏နာမည်ကောင်းအမွေ အနှစ် Legacy ထက် ငွေကြေယ်ဝမှုနှင့် ပကာသနများကို “အောင်မြင်မှု၏စံ” အဖြင့် သတ်မှတ်ထားကြပါသည်။ ငွေရရှိရန်နှင့် ပိုမိုတိုးပွားရန် ရည်ရွယ်ပြီး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ခြင်း၊ […]
Posted On February 14, 2019, By Editorial

Corporate Governance ၏  အရေးပါမှု

      ၂၀၁၈ နှစ်ကုန်ပိုင်း နိုဝင်ဘာလလယ်တွင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုဆိုင်ရာ ထိတ်လန့်တုန်လှုပ်စရာသတင်းတစ်ခုအနေဖြင့် Renault ၊ Nissan ­နှင့် Mitsubishi ကားကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Carlos Ghosn အား ကုမ္ပဏီငွေအလွဲသုံးစားမှုနှင့်ဘဏ္ဍာငွေလျော့ပြမှုအပါဝင် Corporate Governance နှင့် သုံးမှုအားနည်းခြင်းတို့ဖြင့် ဂျပန်နိုင်ငံတွင်ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပါသည်။           Carlos Ghosn သည် ၁၉၉၈-၂၀ဝ၀ တွင် Renault ကားကုမ္ပဏီကိုတာဝန်ယူခဲ့စဉ်က အသုံးစရိတ်လျော့ချခြင်းအပါအဝင်ဖွဲ့စည်းပုံပြောင်းလဲမှု နည်းမျိုးစုံလုပ်ဆောင်ခဲ့­­­သဖြင့် Renault မှာ ဒေဝါလီခံခြင်းမှ လွတ်ကင်းခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် Nissan အားလည်း ဒေဝါလီခံခြင်းမှ လွတ်ကင်းအောင်လုပ်ဆောင်နိုင်ခဲ့သဖြင့် Mr Fix It ဟုအမည်တွင်ခဲ့လေသည်။ ၁၉၉၉ ခုနှစ်၊ မတ်လတွင် Renault မှ Nissan ၏ ရှယ်ယာ […]
Posted On January 16, 2019, By Editorial

ထင်သလောက်မဆိုးဝါးပါ

လက်ရှိအခြေအနေတွင် ကမ္ဘာကြီးသည် ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်မကြုံစဖူး ရင်ဆိုင်နေရမှု ဆင်းရဲချမ်းသာကွာဟမှု၊ ကိုယ်ကျိုးကြည့်အမျိုးသားဝါဒီပြန်လည်ခေါင်းထောင်လာမှု၊ တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်မှုတိုက်ပွဲ၏ ရလဒ်နှင့် နောက်ဆက်တွဲအကျိုးဆက်၊ Artificial Intelligence ၏ ဖြစ်နိုင်ခြေနှင့် အကျိုးဆက်များ စသည်တို့ကြောင့် လုံးဝရှုပ်ထွေးနေသကဲ့သို့ ခံစားရပါသည်။ လတ်တလော ကွယ်လွန်သွားသော Stephen Hawkin က တစ်ချိန်တွင် ကမ္ဘာကြီးကို Artificial Intelligence က အနိုင်ယူ သွားနိုင်သည်ဟု ဟောကိန်းထုတ်ထားပြန်ရာ အနာဂတ်အတွက် မေးခွန်းများစွာရှိနေပါသည်။ တချို့ပညာရှင်များကလည်း ၂၀၃၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားမည့် ကလေးငယ်တစ်ဦးအတွက် ကြီးလာလျှင်မည်သည့် အလုပ်မျိုးလုပ်ချင်သနည်းဆိုသည့် မေးခွန်းမှာ အဓိပ္ပာယ်မဲ့သည့် မေးခွန်းသာဖြစ်ကြောင်း ထောက်ပြကြပါ သည်။ သို့သော် Han Rosling ၏ Factfulness စာအုပ်တွင် ပါဝင်သည့် အောက်ပါမေးခွန်းနှင့် အဖြေကို […]
Posted On January 9, 2019, By Editorial
1 2 3 6