အဖြူရောင်ရှူးဖိနပ်တွေကို သန့်ရှင်းအောင် ဘယ်လိုထားမလဲ

အဖြူရောင်ရှူးဖိနပ်ဆိုတာဟာ ယောကျ်ားလေး၊ မိန်းကလေး နှစ်ယောက်လုံးကကြိုက်တဲ့၊ အဆင်အပြေဆုံး အရောင်ပါ။ ပါတီပွဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး အဝတ်အစား ဝတ်လိုက်ရင်ပဲဖြစ်ဖြစ်၊ Classic ဆန်ဆန် Jean ဝတ်မယ် ဆိုရင်ပဲဖြစ်ဖြစ် အဖြူရောင်ရှူးဖိနပ်တွေက အမြဲတမ်းအ တွက် အဆင်ပြေပြီး လိုက်ဖက်ပါတယ်။ ဒါပေမဲ့ အဖြူ ရောင်ရှူးဖိနပ်တွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာတစ်ခုက တော့ ခြစ်ရာ၊ ပွန်းရာတွေနဲ့ ညစ်ပတ်လွယ်တာပါပဲ။ အဲဒီ လိုမျိုးနဲ့ ရှူးဖိနပ်တွေကိုစီးပြီး နှစ်မိနစ်လောက်ကြာရင် ကိုပဲ ရှိပြီးသား Self-Confidence နဲ့ တက်ကြွတဲ့စိတ်တွေ က ကြက်ပျောက်ငှက်ပျောက်ဆိုသလို ပျောက်သွားတတ် ပါတယ်။ ပြီးတော့ ပြန်ပြီးဆေးကြော သန့်ရှင်းရေးလုပ်ရတာကလည်း စိတ်ညစ်စရာတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ အစင်းအကြောင်းနဲ့ အစွန်းအထင်းတွေကိုပျောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းသိမယ်ဆိုရင်တော့ ကိုယ်မြတ်နိုးပြီး ဝယ်ထားရတဲ့ ရှူးဖိနပ်နဲ့ပြုံးပျော်နိုင်မယ် လို့ ထင်ပါတယ်။

ဆိုရိုးတစ်ခုမှာ ‘ ပြီးပြည့်စုံတဲ့ကမ္ဘာဆိုတာ ကယ်လိုရီမပါတဲ့ ရေခဲမုန့်နဲ့ မညစ်ပတ်တဲ့ အဖြူရောင်ရှူးဖိနပ် ရှိတဲ့နေရာပါ’ တဲ့။ ကိုယ်ကြိုက်လို့ တန်ဖိုးကြီးပေးဝယ်ထားရတဲ့ ရှူးဖိနပ်အဖြူလေးတွေကို ဝယ်ခါစအသစ်အတိုင်း ပြန်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းရှိပါတယ်။ အောက်မှာဖော်ပြမယ့် နည်းလမ်းတစ်ဆင့်ချင်းစီအတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ Canvas ၊ Suede နဲ့ Leather Spick and Span တွေကို ထိန်းသိမ်းပြီး လှပအောင်ထားရ တာ ထင်တာထက်ပိုလွယ်ကူကြောင်းကို သိရပါလိမ့်မယ်။
White Canvas Shoes တွေကို သန့်ရှင်းအောင် ဘယ်လို ထားမလဲ
၅၅ ဒေါ်လာတန် Converse All Star Sneakers လိုမျိုး Canvas Shoe အဖြူရောင်တွေမှာရှိတဲ့ အစွန်းအထင်း၊ အညစ်အကြေးတွေကို မီးဖိုချောင်ထဲက မုန့်ဖုတ်ဆိုဒါမှုန့်နဲ့ အဖြူရောင် ရှာလကာရည် (White Vinegar) စတဲ့ အရာ နှစ်မျိုးတည်းနဲ့ပြောင်သွားအောင် အလွယ်တကူလုပ်လို့ ရပါတယ်။

ဘယ်လိုလုပ်သန့်စင်ရမလဲ
စားပွဲတင်ဇွန်း တစ်ဇွန်းစာ ဆိုဒါမှုန့်နဲ့ စားပွဲတင်ဇွန်း နှစ် ဇွန်းစာ ရှာလကာရည်ကို ရေနွေးထည့်ထားတဲ့ ခွက်ထဲ ထည့်ပြီး မွှေပါ။ အဝတ်စ၊ ဒါမှမဟုတ် သန့်စင်တဲ့သွားတိုက်တံကို ရေခွက်ထဲနှစ်ပြီး ရှူးဖိနပ်ပေါ်က အစွန်းအထင်းတွေကို ပွတ်တိုက် သန့်စင်လိုက်ပါ။ ရောစပ်ထားတဲ့ မုန့်ဖုတ်ဆို ဒါက လျင်မြန်စွာ ခြောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ ဖိနပ်ကို အခြောက်ခံလိုက်ပါ။

ဆိုဒါမှုန့်နဲ့ ရှာလကာရည်မပါဘဲနဲ့ Converse Shoes ၊ ဒါမှမဟုတ် တခြား Canvas တွေကို သန့်စင်ဆေး ကြောချင်တယ်ဆိုရင်တော့ ရေနဲ့ဆပ်ပြာလျော်ရမှာပါပဲ။

White Suede Shoes တွေကို ဘယ်လိုဆေးမလဲ
Suede Shoes တွေက နူးညံ့တဲ့ဖိုက်ဘာအထည်စတွေနဲ့ ချုပ်လုပ်ထားတာဖြစ်ပြီး အစွန်းအထင်းထင်ကျန်ဖို့ လွယ် ကူတာကြောင့် သူတို့ကို သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ အနည်းငယ်သတိထား ကိုင်တွယ်ဖို့တော့ လိုပါတယ်။Suede Shoes တွေဟာ အဖြူရောင်စစ်စစ်နဲ့ လာတာမဟုတ်ဘဲ Vans Old Skool Sude Low Top Sneaker (၆၅ ဒေါ် လာ) လိုမျိုး နို့နှစ်အရောင်ရှိတာကို သတိထားမိမှာပါ။

ဘယ်လိုလုပ်သန့်စင်ရမလဲ
အဝါရောင်အထည်စ ၊ ပန်းရောင်၊ ခဲဖျက်၊ အဖြူရောင် ရှာလကာရည်၊ Suede Brush တွေ လိုပါမယ်။ ရှူးဖိနပ်ကို အထည်စနဲ့သုတ်ပြီး အစွန်းအထင်း ရှိတဲ့နေရာတွေကို ခဲဖျက်နဲ့ ဖြည်းဖြည်းလေးပွတ်ပေးပါ။

တစ်ရှူးစက္ကူကိုအသုံးပြုပြီး ခြောက်အောင် ထားပါ။ တစ်ရှူးကို စိုနေတဲ့အစွန်းအထင်းရှိတဲ့နေရာမှာ ကပ်ပြီးဖိထားပါ။ အစွန်းအထင်း၊ အညစ်အကြေးတွေက ပြန့်သွားနိုင်တာကြောင့် မပွတ်မိဖို့ အလွန်အရေးကြီးပါ တယ်။ ကျန်ရှိနေတဲ့ အစွန်းအထင်းလေးတွေကိုဖယ် ရှားဖို့ နူးညံ့တဲ့အဝတ်စလေးကို ရှာလကာရည်ထဲနှစ်ပြီး ကျန်ရှိနေတဲ့ အစွန်းအထင်းလေးတွေကို ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ပြီးရင် သင့်ရဲ့ဖိနပ်ခြောက်သွားရင်တော့ Brush နဲ့ ဖိနပ်နှစ်ဖက်လုံးကို တိုက်ပေးပါ။ ဒီလိုဆိုရင် သင့်ရဲ့ ဝယ်ခါစဖိနပ်တစ်ရံကို ပြန်ရပါပြီ။

White Leather Shoes တွေကို ဘယ်လို တိုက်ပေးရမလဲ

သားရေသားတွေကတော့ တခြားအစတွေလို အရည်ဓာတ် ကို သိပ်မစုပ်တဲ့အတွက်ကြောင့် သန့်ရှင်းရေးလုပ်ရတာ သိပ်မခက်ပါဘူး။ GREATS Sneakers (၁၇၉ ဒေါ်လာ)လိုမျိုး သားရေရှူးဖိနပ်တွေမှာ ပေကျံနေတဲ့ အစွန်းအထင်း တွေကို ဘယ်လို သန့်ရှင်းရေးလုပ်ရမလဲဆိုတာကို ပြော ပြပေးသွားပါမယ်။

ဘယ်လိုလုပ်သန့်စင်ရမလဲ

တစ်ရှူးစက္ကူ၊ ဆပ်ပြာ၊ အဝတ်စုတ် (T-Shirt အဟောင်း ဆိုရင် ပိုကောင်းပါတယ်) နဲ့ Mr. Clean Magic ခဲဖျက်တွေ လိုအပ်ပါမယ်။ တစ်ရှူးစက္ကူကို ရေထဲနှစ်ပြီး ရေပြန်ညှစ်ပါ။ ပြီးရင် ရှူးဖိနပ်ရဲ့အပြင်ဘက်ကို ညင်ညင်သာသာလေး သုတ်ပါ။ ဒါက ရှူးဖိနပ်မှာရှိတဲ့ အစွန်းအထင်းကြီးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးရင် ခြောက်သွားသည်အထိ ဆယ်မိနစ်လောက်ထားပါ။

Mr. Clean Magic ခဲဖျက်ကို ရေထဲနှစ်ပြီး ရေပြန် ညှစ်ပါ။ ပြီးတော့ ဖိနပ်အပေါ်အောက်မှာရှိတဲ့ အညစ်အ ကြေး၊ အစွန်းအထင်းတွေကို ပျောက်သည်အထိသုတ်ပါ။ သင့်ရဲ့ခဲဖျက်ကို ရေစွတ်တဲ့အခါ ရေစက်ကျလောက်သည် အထိမဖြစ်စေဘဲ စိုနေရုံလေးထားရင် ပိုကောင်းပါတယ်။

သင့်ရဲ့အဝတ်စကိုရေဆွတ်ပြီး ဆပ်ပြာလူးလိုက်ပါ။ ရှူးဖိနပ်ရဲ့အပေါ်ပိုင်းကို အဖြူရောင် ပြန်ပေါ်လာသည် အထိ ညင်ညင်သာသာ၊ ဖြည်းညင်းစွာပွတ်ပေးပါ။ ဖိနပ် ပေါ်က ကျန်ရှိနေတဲ့ဆပ်ပြာတွေကို ပြောင်အောင်သုတ်ပြီး သွားရင်တော့ နောက်ဆုံးအနေနဲ့ ခြောက်သွားအောင် ဆယ်မိနစ်လောက်ထားပါ။ ရှူးဖိနပ် ဘယ်လောက်ညစ်ပတ်လည်းဆိုတဲ့အပေါ်မူတည်ပြီး ထပ်ခါထပ်ခါ ပြန်လုပ်ဖို့ လိုပါမယ်။