advertisement-image
Profile

ဆောက်လုပ်ရေးမှာQuality ကို အဓိကထားတဲ့ AOA Construction

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရေးကြီးပါတယ်။ အဲဒီလို အခြေခံအဆောက်အအုံနဲ့ပတ်သက်ရင် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အရည်အသွေးပိုင်းကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်Quality ကိုသာ ဦးစားပေးဆောက် လုပ်ပေးနေ တယ်ဆိုတဲ့ မန္တလေးက AOA Construction Co Ltd  ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းလှိုင်နဲ့တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ် ကျွန်တော်က ၂၀၀၃ ခုနှစ်မှာBE ပြီးတယ်။ ၂၀၀၆ ခုနှစ်မှာMaster of Engineering   ကျောင်းပြီးသွားပြီး တော့ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီမတည်ထောင် ဖြစ်ဘူး။ ကုမ္ပဏီတည်ထောင်ဖြစ်တာက ၂၀၁၃ ခုနှစ် မှာပါ။ အရင်တုန်းက အင်ဂျင်နီယာတစ်ယောက်အနေနဲ့ပဲ အဆောက်အအုံတွေကို ဆောက်တယ်။ ကုမ္ပဏီအနေနဲ့  မဆောက်သေးဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အင်ဂျင် နီယာဖြစ်ချင်လို့  အိမ်ဆောက်ချင်လို့ […]
Posted On March 26, 2014, By Editorial

FORD ကုမ္ပဏီ၏ PRESIDENTနှင့် CEO ALAN MULALLY

  ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှာ မွေးခဲ့တဲ့ Alan Roger Mulally ဟာ အမေရိကန်လူမျိုးအင်ဂျင်နီယာနဲ့ စီးပွားရေးအမှုဆောင်အရာရှိတစ်ယောက်ဖြစ် ပြီး ၂၀၀၆ ခုနှစ်ကတည်းက Ford မော်တော်ကားကုမ္ပဏီရဲ့ President  နဲ့ CEO ဖြစ်ခဲ့ပါတယ်။Ford ဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့နောက်ပိုင်း စီးပွား ရေးအကျပ်အတည်းကာလအတွင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ Mulally ရဲ့ လက် အောက်မှာ အမြတ်ရတဲ့ အခြေအနေကို ပြန်ရောက်ခဲ့ပြီး အစိုးရကပေးတဲ့ ကယ်ဆယ်မှုရန်ပုံငွေကို မယူရအောင် ရှောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အမေရိ ကန်အဓိကကားထုတ်လုပ်ရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ်။Ford  မှာ Mulally ရဲ့အောင်မြင်မှုတွေကို Bryce G Hoffman ရေးသားပြီး ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ထူးချွန်သော အမေရိကန်ပုဂ္ဂိုလ်ကျော်တစ်ဦး […]
Posted On March 24, 2014, By Editorial

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ Country Manger : Kanthan Shankar

  မြန်မာနိုင်ငံအနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲမှုတွေကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေတဲ့အခါမှာ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ အကူအညီက နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေ ဖြစ်တဲ့IMF နဲ့ ADB တို့အပြင် ကမ္ဘာ့ဘဏ်(The World Bank)  ရဲ့ အကူအညီကလည်း မြန်မာနိုင်ငံအတွက် အရေးပါပါတယ်။ မြန်မာနိုင်ငံနဲ့ ၂၆ နှစ်ကြာဆယ်သွယ်မှုပြတ်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာတော့ ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံ (ရန်ကုန်) မှာ ရုံးခန်းလာ ရောက်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ မကြာသေးခင်က ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ဥက္ကဋ္ဌMr Jim Yong Kim က မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာနှစ်ဘီလီယံ အကူအညီပေးမယ့်အကြောင်း ပြောကြားသွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံး Country Manager  […]
Posted On March 16, 2014, By Editorial

City Mart ရဲ့ CSR

တံခါးဖွင့်ဝါဒကျင့်သုံးလာပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ ၀င်ရောက်လာတဲ့အနေအထားမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင်ဟာလည်း အရင်ကနဲ့မတူဘဲ ပြောင်းလဲလာပါတယ်။ အခုလိုပြောင်းလဲလာမှုနဲ့အတူ ရေပန်းစားလာတဲ့စကားလုံးက လုပ်ငန်းအဖွဲ့အစည်းတွေရဲ့လူမှုရေး ဆိုင်ရာတာဝန်ယူမှု Corporate Social Responsibility(CSR) ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေဟာ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းအကျိုးအတွက်သာမကဘဲ တစ်နည်းနည်းနဲ့ ပါဝင်ဆက်နွှယ်နေတဲ့ Stakeholder  တွေရဲ့အကျိုးကိုရှေးရှုပြီး CSR ကို အလေးထားဆောင်ရွက်လာကြပါတယ်။ CSR ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတဲ့ ပြည်တွင်းလုပ်ငန်းတွေထဲမှာ City Mart Holding Co Ltd  လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး City Mart  ရဲ့ CSR ဆောင်ရွက်မှုအစီအစဉ်တွေအကြောင်းကို City Mart Holding Co Ltd ရဲ့  Marketing Director ဒေါ်မေဇင်စိုးထက်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   City Mart  ရဲ့ […]
Posted On February 25, 2014, By Editorial

One Stop Service နဲ့ ၀င်ရောက်လာတဲ့ Pro 1 Home Center

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု၊ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်လာတာနဲ့အမျှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်ကလည်း တိုးလာတာကို တွေ့ရပါလိမ့်မယ်။ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းတိုးတက်လာတာနဲ့အမျှ ဆောက်လုပ်ရေးလုပ်ငန်းသုံးစ္စည်းတွေကလည်း ခါတိုင်းထက်လိုအပ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံ ရဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တိုးတက်လာတဲ့စီးပွားရေးအခြေအနေကြောင့် လိုအပ်လာတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို One Stop Service နဲ့ ရောင်းချပေးမယ်ဆိုတဲ့ Pro 1 Home Center ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးထွေးနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။   လုပ်ငန်းတည်ထောင်တဲ့ခုနှစ်၊ ရည်ရွယ်ချက် အခု Pro 1 Home Centre  ကို Pro 1 Myanmar Company ဆိုပြီး ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်။ အိမ် ဆောက်ပစ္စည်းလုပ်ငန်းထဲကို ၀င်ရောက်ဖြစ်သွားတာက လွန်ခဲ့ တဲ့နှစ်နှစ်ကပါ။  Pro 1 Myanmar Company က Farmer Group […]
Posted On February 25, 2014, By Editorial

အခြေခံလူတန်းစားတွေရဲ့ ဘ၀ကိုအဆင့်မြှင့်တင်ပေးလိုတဲ့ ရွှေပြည်မန္တလာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း

ရည်ရွယ်ချက်ကောင်းများထားရှိပြီး မန္တလေးမြို့က အခြေခံလူတန်းစား မိဘပြည်သူတွေကို ၀န်ဆောင်မှုပေးနေတဲ့ ရွှေပြည်မန္တလာ အသေးစားငွေချေးလုပ်ငန်းက ဒါရိုက်တာ၊Microfinance Association(မန္တလေးတိုင်း)ရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုသန့်ဇင်ဦးနဲ့ မေးမြန်းဖြစ်ခဲ့ပုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။   လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် ရွှေပြည်မန္တလာကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လုပ်ငန်း အမျိုးအစားကတော့ အသေးစားငွေချေးလုပ်ငန်း (Microfinance Services)  ပါ။ အခြေခံလူတန်းစားတွေရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ စီးပွားရေးကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။Microfinance  အတွက် အစိုးရက လောလောဆယ် ဥပဒေ အရသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေထဲကမှ လော လောဆယ် ကျွန်တော်တို့အနေနဲ့ အသေးစားချေးငွေထုတ်ပေးတာနဲ့ ငွေအပ်လက်ခံပေးတာကို အဓိကလုပ်ကိုင်နေပါတယ်။   လုပ်ငန်းလုပ်ကိုင်တဲ့နေရာ ကျွန်တော်ယူထားတဲ့လိုင်စင်ကတော့ မန္တလေးတိုင်းထဲက ၂၈ မြို့နယ်အကျုံးဝင်ပြီး လောလောဆယ်မန္တလေးမှာရှိတဲ့ […]
Posted On February 25, 2014, By Editorial

ဧည့်သည်အကြိုက် ၀န်ဆောင်မှုပေးတဲ့ CROWN PRINCE HOTEL

မြန်မာရှေးဟောင်းအမွေအနှစ်တွေနဲ့လှပသာယာနေတဲ့ ပုဂံညောင်ဦးဒေသဆိုရင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းက သမိုင်းကိုစိတ်ဝင်စားသူတွေ၊ လေ့လာ နေကြသူတွေ၊ သုတေသနပြုလုပ်လိုသူတွေ လာရောက်ချင်တဲ့ဒေသအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒီလိုပြည်တွင်း၊ ပြည်ပက ခရီးသွား၊ ဘုရားဖူးဧည့်သည်တွေ ပုဂံဒေသကို လာရောက် လည်ပတ်တဲ့အခါ မရှိမဖြစ်လိုအပ်တာက ခေတ္တခဏခိုနားရာ နေရာထိုင်ခင်းနဲ့ အစားအသောက်ပဲဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ နေရာ ထိုင်ခင်းနဲ့ အစားအသောက် အဆင်မပြေရင် အရာအားလုံးလည်း အဆင်မပြေနိုင်ဘူးဆိုတာကို ခရီးသွားဖူးသူတိုင်းခံစားနားလည် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ထင်ရှားကျော်ကြားလှတဲ့ ပုဂံနေပြည်တော်ကြီးကို တစ်ခါတစ်ခေါက် အလည်ရောက်တုန်း ပြည်ပဧည့်သည်တွေအတွက်သာမက ပြည်တွင်း ဧည့်သည်တွေအတွက်လည်း ၀န်ဆောင်မှုမလျော့ကျရလေအောင် ဧည့်သည်အကြိုက် ပြင်ဆင်ပေးပြီး ၀န်ဆောင်မှုပေးတယ်ဆိုတဲ့ CROWN PRINCE HOTEL ရဲ့ Sales & Marketing Manager မသီရိကျော်ဇင်နဲ့ […]
Posted On February 25, 2014, By Editorial

IT နည်းပညာကို သုံးပြီး စီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုသွားဖို့ ရည်ရွယ်တဲ့ IT Profile

ပြောင်းလဲလာတဲ့ခေတ်အခြေအနေမှာ IT နဲ့ ပတ်သက်တဲ့ စတင်ခါစလုပ်ငန်း (Start-up) တွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုမိုများပြားလာပါတယ်။ ရန်ကုန်မြို့မှာသာမက မန္တလေးမြို့မှာပါ တွေ့လာရပါတယ်။ မန္တလေးသား IT ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးထက်ကျော်က Software ရေးသားဝန်ဆောင်မှုပေးတဲ့  IT Profile Software Development & Consultancy Services ကို ထူထောင်ထားပါတယ်။ အဲဒီလုပ်ငန်းစတင်ကတည်းက သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ ဖောက်သည်တွေကို ၀န်ဆောင်မှုပေးပုံတွေ၊ ပြောင်းလဲနေတဲ့ခတ်နဲ့အညီ အမီလိုက်နိုင်အောင် ကြိုးပမ်းအားထုတ်ပုံတွေအကြောင်း အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ IT Profile ကို စတင်တည်ထောင်ဖြစ်ခဲ့ပုံ ကျွန်တော်က BSc (Physics) အဝေးသင်နဲ့ ကျောင်းပြီးခဲ့ပြီး University of Greenwich (UK) က ပေးအပ်တဲ့ BSc (Hons.) Business […]
Posted On February 4, 2014, By Editorial

Accor ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ Chairman : Mr Michael Issenberg

ကမ္ဘာ့အကြီးဆုံး Hotel Management အဖွဲ့အစည်းတွေထဲမှာ  တစ်ခုအပါအ၀င်ဖြစ်တဲ့ Accor အနေနဲ့ မြန်မာနိုင်ငံဈေးကွက်ကို ၀င်ရောက်လာတာနဲ့ ပတ်သက်ပြီး Accor ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ Chairman ဖြစ်သူ Mr Michael Issenberg နဲ့ ခဏတာ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   မြန်မာနိုင်ငံရဲ့  ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း   အနာဂတ်အလားအလာအပေါ် သုံးသပ်ပေးပါ။ ဒီနေရာမှာ ရှုထောင့်နှစ်ခုကို ပြောချင်ပါတယ်။မြန်မာနိုင်ငံမှာ ကြွယ်ဝတဲ့ယဉ်ကျေးမှု၊ သဘာဝအလှတရားတွေနဲ့ ကျော်ကြားတဲ့အထင်ကရနေရာတွေ အများကြီး ရှိနေတာရယ်၊  ကမ္ဘာတစ်ဝန်းကလူတွေက ထူးထူးခြားခြားကို စိတ်ဝင်စားပြီး လာရောက်လည်ပတ်ချင်နေကြတဲ့ အချက်နှစ်ချက်ကို ပေါင်းလိုက်ရင် အနာဂတ်ကတော့ အလွန်ကိုတောက်ပနေပါတယ်။ ဒါပေမဲ့ အဲဒီအနာဂတ် တကယ်ဖြစ်ပေါ်လာဖို့ လုပ်စရာတွေကလည်း အများကြီးရှိနေပါသေးတယ်။   အခြားနိုင်ငံတကာ ဟိုတယ်လုပ်ငန်းတွေလည်း  ၀င်လာနေတဲ့အတွက်  ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုစီမံလုပ်ဆောင်သွားဖို့ ရှိပါသလဲ။ […]
Posted On January 21, 2014, By Editorial

ရန်ကုန်နဲ့နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-အီးယူလုပ်ငန်းအဖွဲ့အစည်းအဝေး EU-Myanmar Task Force

EU-Myanmar Task Force (မြန်မာ-အီးယူလုပ်ငန်းအဖွဲ့အစည်းအဝေး) ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ရန်ကုန်နဲ့နေပြည်တော်မှာ အသီးသီး ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ပထမနေ့ကျင်းပစဉ် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr Roland Kobia  ၊ European Commission  ဒုတိယဥက္ကဋ္ဌ Catherine Ashton၊ EU  ဒုတိယဥက္ကဋ္ဌ Antonio Tajani  ၊ European Commissioner များဖြစ်ကြတဲ့ Andris Piebalgs  နဲ့ Dacian Ciolos တို့အပြင် […]
Posted On January 20, 2014, By Editorial
1 29 30 31 32 33 35