advertisement-image
Profile

Malikha Power Engineering Limited ကို ဦးဆောင်နေတဲ့ Managing Director ဒေါ်ချိုသီရိမောင်

CEO ရဲ့ စာဖတ်ပရိသတ်တွေဆီ စီးပွားရေးလောကမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ဦးဆောင်သူတွေ၊ လုပ်ငန်းရှင်တွေရဲ့ ခံယူချက်၊ ပညာသင်ကြားမှုနောက်ခံ၊ ဘ၀လှေကားထစ်တွေကို ဖြတ်သန်းကြိုး စားကျော်ဖြတ် ခဲ့မှုတွေနဲ့ လုပ်ငန်းသက်တစ်လျောက် ပြန်မျဝေပေးချင်တဲ့အတွေ့အကြုံတွေကို CEO မဂ္ဂဇင်းရဲ့ စာမျက်နှာတွေကနေတစ်ဆင့် ပေးပို့လိုက်ပါတယ်။ ဒါကြောင့် Malikha PowerEngineering Limited ကို ဦးဆောင်လုပ်ကိုင်နေတဲ့ Managing Director ဒေါ်ချိုသီရိမောင်ရဲ့ ဖြေကြားမှုတွေကို အခုလို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပညာရေးနောက်ခံ ကျွန်မက ရန်ကုန်တက္ကသိုလ်ကနေ Physics နဲ့ ကျောင်းပြီး ခဲ့ပြီး ၂၀၀၂ ခုနှစ်ရောက်တော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ MBA တက်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ MBA ပြီးသွား တော့ ဂျပန်နိုင်ငံအစိုးရက နှစ်စဉ်ပေးတဲ့ Young Leader’s Program  ရဲ့ […]
Posted On August 6, 2014, By Editorial

အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Janet Yellen

  ၁၉၄၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့မှာမွေးဖွားခဲ့တဲ့ Janet Louise Yellen ဟာ အမေရိကန်စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာဗဟိုဘဏ်စနစ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အရင်က ဆန်ဖရန်စစ္စကို ဗဟိုဘဏ်ရဲ့ CEO ၊သမ္မတကလင်တန်လက်ထက်မှာ အိမ်ဖြူတော်စီးပွားရေးအကြံပေးကောင်စီဥက္ကဋ္ဌနဲ့ Berkeley ကယ်လီဖိုးနီးယား တက္ကသိုလ် Hass School of Business ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဖြစ်ခဲ့ပါတယ်။၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့ မှာ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က Yellen ကို ဗဟိုဘဏ်အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌအဖြစ် အဆိုပြုတာကို အတည်ပြုပေး လိုက်ပါတယ်။ Yellen ဟာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ […]
Posted On August 4, 2014, By Editorial

နိုင်ငံတကာ စတော့ဈေးကွက်သဘောတရားနှင့် Yangon Stock Exchange

မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ၂၀၁၅ ခုနှစ်မှာ Yangon Stock Exchange (YSE) ပေါ်ပေါက်လာ တော့မှာဖြစ်ပါတယ်။ YSE အကောင်အထည်ဖော်ဖို့အတွက် ဂျပန်နိုင်ငံကJapan Exchange Group (JPX) ၊Daiwa Institute of Research Co Ltd (DIR)  ၊ Policy Research Institute (PRI) တို့အပြင် ထိုင်းနိုင်ငံက Stock Exchange of Thailand (SET) နဲ့  တောင်ကိုရီးယားနိုင်ငံက Korea Exchange(KRX)  စတဲ့ အဖွဲ့အစည်းတွေက နည်းပညာအကူအညီတွေ ပေးနေ တယ်လို့သိရပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ စတော့ဈေးကွက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအကြောင်းနဲ့ မြန်မာနိုင် ငံမှာ ပေါ်ပေါက်လာတော့မယ့် စတော့ဈေးကွက်နဲ့ပတ်သက်ပြီးဘဏ္ဍာ ရေးဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ် […]
Posted On July 31, 2014, By Editorial

KBZ Group ရဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများ

  ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကမ္ဘောဇဘဏ်ကို ယခုလက်ရှိဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ၁၉၉၉ ခုနှစ်ကမှ လွှဲပြောင်း ယူခဲ့တာဖြစ်ပြီး အောင်မြင်နေတဲ့ဘဏ်တစ်ခုအဖြစ် အခုဆိုရင် မြန်မာနိုင်ငံအနှံ့အပြားမှာဘဏ်ခွဲပေါင်း ၂၂၀ ကျော်ကို ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ ‘သဒ္ဓါထက်သန် မြန်မာအားမာန် ကမ္ဘောဇဘဏ်’ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ လူမှုရေးဆိုင်ရာလှုပ်ရှားမှု၊ အလှူအတန်းတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ယခုလ CSR ကဏ္ဍမှာ ကမ္ဘောဇဘဏ်ရဲ့ လူမှုရေးဆိုင်ရာလှုပ်ရှားမှုတွေ နဲ့ပတ်သက်ပြီး ကမ္ဘောဇဘဏ်ရဲ့ (Managing Director (All Banking Operation(H.O)   ဦးအောင်ကျော်မျိုးနဲ့တွေ့ဆုံမေးမြန်ဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။   ကမ္ဘောဇဘဏ်ရဲ့  လူမှုရေးဆိုင်ရာလှုပ်ရှားမှုအပေါ်  အဓိပ္ပာယ် ဖွင့်ဆိုချက် Team အနေနဲ့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကမ္ဘောဇ ဘဏ်မှာ တစ်စုံတစ်ခုကိုလှူတာတွေကွှTeam ကနေ Centralized  […]
Posted On July 26, 2014, By Editorial

မြန်မာနိုင်ငံအတွက် Mercedes – Benz

ဂျာမနီနိုင်ငံထုတ် နိုင်ငံတကာ Branded ဖြစ်တဲ့ Mercedes Benz Car Showroom  ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ အမှတ် ၅၁ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်မြင့်နဲ့အဖွဲ့ဝင်တို့က တက်ရောက်ချီးမြှင့်ခဲ့ပြီးMercedes Benz  အနေနဲ့ မြန်မာနိုင်ငံကို တစ်ကျော့ပြန် ခြေလှမ်းတာနဲ့ပတ်သက်လို့  သုံးသပ်ချက် လေးတွေကို တက်ရောက်လာကြတဲ့ ကားဝါသနာရှင်စီးပွားရေးလုပ်ငန်းရှင်အချို့ နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။ Mercedes-Benz အကျဉ်းချုပ် Mercedes-Benz ဆိုတာ Daimler AG ဂျာမန်ကားထုတ်လုပ်ရေး ကုမ္ပဏီရဲ့ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ဂျာမနီနိုင်ငံ Baden-Wurttemberg  ပြည်နယ် Stuttgart  မြို့မှာတည်ရှိပြီးဒီလုပ်ငန်းကို ၁၉၂၆ […]
Posted On July 26, 2014, By Editorial

Aedas ရဲ့ Executive Principal : Gruffudd ab Owain

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ် ၀င်ရောက်လာမှုနဲ့အတူ နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုအတွက် မြန်မာနိုင်ငံအနေနဲ့ အရေးတကြီးအကောင်အထည်ဖော်ရမယ့် ကဏ္ဍတစ်ခုကတော့ ခိုင်မာတဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေးပဲဖြစ်ပါတယ်။  ဆွေးနွေးပွဲတွေနဲ့ ပြပွဲတွေကို စီစဉ်ဆောင်ရွက်ပေးနေတဲ့ ကွာလာလမ်ပူအခြေစိုက် Confexhub နဲ့ မြန်မာနိုင်ငံကုန်သည်/စက်မှု အသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့ ဆွေးနွေးပွဲတစ်ရပ်ဖြစ်တဲ့ Myanmar Infrastructure Summit 2014 ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၈ ရက်ကနေ ၁၉ ရက်ထိ ရန်ကုန်မြို့ ၊ှSule-Shangri-La ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲရဲ့ Speaker တစ်ဦးဖြစ်သလို Sponsor ကုမ္ပဏီ Adeas ရဲ့  Executive Principal ဖြစ်သူMr Gruffudd […]
Posted On July 23, 2014, By Editorial

Pan Hlaing Housing

  နိုင်ငံတစ်နိုင်ငံဖွံ့ ဖြိုးတိုးတက်လာတာနဲ့အမျှ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုဖြစ်တဲ့ ဆောက်လုပ်ရေးပိုင်းဟာလည်း အရေးပါတဲ့အခန်းကဏ္ဍဖြစ် လာပါတယ်။  ဒီနေရာမှာ ဆောက်လုပ်တဲ့အပိုင်း နည်းစနစ်မှန်ကန်မှု၊ အရည်အသွေးကောင်းမွန်မှု၊ နိုင်ငံတကာ Standard အတိုင်း ဆောက်ရမှာကတော့ အသေအ ချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ Standard အတိုင်းတည်ဆောက်ထားပြီး နေထိုင်သူတွေအတွက် အကျိုးကျေးဇူးအများကြီးရရှိအောင် စီစဉ်ထားပြီးတော့ သာယာလှပတဲ့ရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့ ကမ္ဘာ့အဆင့်မီအိမ်ရာတစ်ခုဖြစ်တဲ့ Pan Hlaing Golf Estate ရဲ့ မန်နေဂျာဦးသူရိန်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။   ပန်းလှိုင်အိမ်ရာ စတင်အကောင်အထည်ဖော်ဖြစ်ပုံ ၁၉၉၇ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာပါ။ အစ ပိုင်းမှာတော့ မြေနေရာတွေကိုပဲရောင်းတယ်။ အဲဒီကနေ အဆင့်ဆင့်ပြောင်းလဲမှုတွေ လုပ်သွားပြီး မြန်မာနိုင် ငံမှာ  ကမ္ဘာ့အဆင့်မီတဲ့အိမ်ရာတစ်ခုဖြစ်အောင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။   […]
Posted On July 18, 2014, By Editorial

GE Healthcare Lifecare Solutions ကို ဦးဆောင်နေသူ Thierry Leclercq

စွမ်းအင်နယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ အိမ်သုံးပစ္စည်းနယ်ပယ်၊ သယ်ယူပို့ဆောင်ရေးနယ်ပယ်နဲ့ ဘဏ္ဍရေးနယ်ပယ်တို့မှာ Building ၊ Powering ၊ Moving နဲ့ Curing ဆိုတဲ့ ကဏ္ဍလေးရပ်နဲ့ လုပ်ကိုင်ဆောင် ရွက်နေတဲ့  အမေရိကန်အခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့    General Electric(GE) ဟာ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး  GE ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့GE Healthcare ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စက်ကိရိယာတွေကို ဖြန့်ချိလျက်ရှိပါတယ်။ GE Healthcare  ၊Lifecare Solutions  ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Thierry Leclercq  နဲ့ တွေ့ဆုံးမေးမြန်းဖြစ်ခဲ့တာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။     ကိုယ်ရေးအကျဉ်း Thierry Leclercq ဟာ GE Healthcare ၊  […]
Posted On June 26, 2014, By Editorial

မြန်မာနိုင်ငံ၏အလားအလာများအပေါ်ရှုမြင်သုံးသပ်ချက် : Surin Pitsuwan

ဒေါက်တာSurin Pitsuwan ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အာဆီယံရဲ့ ၁၂ ယောက်မြောက် အထွေထွေအ တွင်းရေးမှူးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ် ပါတယ်။ ထိုင်းနိုင်ငThammasat  တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး လက်ရှိအချိန်မှာThammasat တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်နေ ပါတယ်။ ဒေါက်တာ Pitsuwan  ဟာ အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီခြေစိုက်East-West Center  ကကြီးမှူးစီစဉ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ကနေ ၁၂ ရက်နေ့အထိရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာမီဒီယာ ညီလာခံကြီးမှာ “၂၀၁၄ ခုနှစ်မှာစာင့်ကြည့်ရ မည့် အာဆီယံရေးရာများ”အကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါတယ်။  အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ၊ မြန်မာနိုင် […]
Posted On June 14, 2014, By Editorial

မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းအလိုက် တွေ့ဆုံဆွေးနွေးပွဲ

မြန်မာနိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးပမ်းမှုမှာ ထိုင်းနိုင်ငံအနေနဲ့ လာရောက်ဆွေးနွေးမှုအများဆုံးဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။ စီးပွားရေးနယ် ပယ်အသီးသီးက လုပ်ငန်းရှင်တွေကိုခေါ်ပြီး လာရောက်ဆွေးနွေးမှုတွေပြုလုပ်ကြပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က Federation of Thai Industries (FTI) ကဦးဆောင်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၁ ဦးပါတဲ့ အဖွဲ့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ အလူမီနီယံလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြန်အလှန်အမြင်ချင်းဖလှယ်ဖို့အတွက် ရန်ကုန်မြို့၊ UMFCCI အဆောက်အအုံမှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။      Ashok Upadhya Director The Federation of Thai Industries […]
Posted On May 27, 2014, By Editorial
1 27 28 29 30 31 35