မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းအလိုက် တွေ့ဆုံဆွေးနွေးပွဲ

မြန်မာနိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကို ထိုးဖောက်ဖို့ကြိုးပမ်းမှုမှာ ထိုင်းနိုင်ငံအနေနဲ့ လာရောက်ဆွေးနွေးမှုအများဆုံးဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။ စီးပွားရေးနယ် ပယ်အသီးသီးက လုပ်ငန်းရှင်တွေကိုခေါ်ပြီး လာရောက်ဆွေးနွေးမှုတွေပြုလုပ်ကြပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က Federation of Thai Industries (FTI) ကဦးဆောင်ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၁ ဦးပါတဲ့ အဖွဲ့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ အလူမီနီယံလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြန်အလှန်အမြင်ချင်းဖလှယ်ဖို့အတွက် ရန်ကုန်မြို့၊ UMFCCI အဆောက်အအုံမှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

 

 

article people portrait water mark final4 Ashok Upadhya

Director

The Federation of Thai Industries

http://www.fti.or.th

ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က     နိုင်ငံအလိုက် စီး ပွားရေးတွေ့ဆုံဆွေးနွေးပွဲတွေကို စီစဉ်ပေး ရပါတယ်။ အခုခေါ်လာတဲ့  pီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အများစုက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ Member ၀င်တွေဖြစ်သလို၊ တချို့ Member မဟုတ်တဲ့ သူလည်းပါ တယ်။ အခု မြန်မာကကုန် သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ လမ်းဖွင့်ပေးပြီးကတည်းက ထိုင်းနိုင်ငံအနေနဲ့ အခွင့်အလမ်း တွေဖမ်းဆုပ်နိုင်ဖို့ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲတွေ လာလုပ် တာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေဖြစ်နိုင်သမျှ မြန်မြန် Joint Ventureလုပ်နိုင်ဖို့အတွက် ဖြစ်တယ်။ ကုမ္ပဏီပေါင်း ၃၀ ကျော်ပါတယ်။ စားသောက်ကုန်လုပ်ငန်းအများစုဖြစ် တယ်။ ဆောက်လုပ်ရေးလုပ်ငန်းအချို့လည်းပါတယ်။ မြန် မာနိုင်ငံအနေနဲ့ စီးပွားရေးလမ်း ပွင့်တဲ့အဆင့်မှာ လိုအပ်နေ တဲ့ လိုအပ်ချက်တွေကို အကျိုးတူပူးပေါင်းဆောင်ရွက်နိုင် ဖို့ရှေ့ရှုထားပါတယ်။ အရင်တုန်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ရင်းနှီးမြှုပ်နှံစည်းမျဉ်း စည်းကမ်းဥပဒေဟာ အင်မတန်ကိုခက်ခဲတယ်။ မကြာ သေးခင်က ပြဋ္ဌန်းလိုက်တဲ့စည်းမျဉ်း စည်းကမ်းဥပဒေက တော့ လွန်ခဲ့တဲ့ ခြောက်နှစ်ထက်စာရင် အများကြီး ကွဲပြား သွားပါတယ်။ စီးပွားရေးစတင်လုပ်ကိုင်ဖို့လည်း အင်မတန် လွယ်လာတယ်။ လွယ်လာတဲ့အတွက် လုပ်ငန်းအကောင် အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဈေးကွက်အား ကောင်းတဲ့ Market အမျိုးမျိုးကိုလည်း ထပ်ပြီးလေ့လာဖို့ လိုပါတယ်။  Consumer Market မှာဆိုရင် နောက်ထပ်သုံး နှစ်လောက် အချိန်ယူရဦးမယ်။ ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံးအနေနဲ့ လူတွေရဲ့ဝယ်လိုအားကို လေ့လာရမယ်။ ထိုင်းပစ္စည်းအများစုကလည်း ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့Middle Class အတွက်ဆိုရင် အထူးသင့်လျော်ပါတယ်။ အရည်အသွေးလည်းကောင်းတယ်။Reasonable Price  ဖြစ်တယ်။ အစားအစာကလည်း ဒီကလူတွေအတွက် သင့် လျော်တယ်။ မြန်မာနိုင်ငံရဲ့ စားသုံးသူ Market ကို ကြည့် မယ်ဆိုရင် ပထမအချက်ကReasonable Price ဖြစ်ရမယ်။ ဒါမှ စားသုံးသူတွေဝယ်ယူနိုင်မှာဖြစ်တယ်။ ထိုင်းစား သောက်ကုန်အချို့ဆိုရင် မြန်မာ Market ထဲမှာ နေရာယူပြီး သားဖြစ်နေပြီ။ လူတွေကတော့ Branded ကို ကြိုက်ကြ တယ်။ ထိုင်း Brand တ်ာတော်များများကို Channel 7  ရုပ်သံလိုင်းတွေမှာ ကြော်ငြာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ Logistics အပိုင်းမှာအခက် အခဲဖြစ်နေတယ်။ စားသောက်ကုန်နဲ့ပတ်သက်လိုSafety Food  ဖြစ်ဖို့ Registeration အဆင့်ဆင့်လုပ်ထားပါတယ်။ အကြီးမား ဆုံးပြဿနာကလည်း ကိုယ့်နိုင်ငံထဲသွင်းမယ်ဆိုရင်တော့Internal Checking လုပ်ဖို့လိုပါတယ်။ အခု လာမယ့် ၂၀၁၅ ခုနှစ် မတိုင်ခင်ကြိုတင်ပြင်ဆင်ထားသင့်တာ က Education ကို ကောင်းအောင်လုပ်ထားပါ။ Human Resourcesကို ကောင်းအောင်လုပ်ထားပါ။

 

article people portrait water mark final1

Ms Pinsuda Mukkitikan

International Marketing Manager

Pacific Fish Processing Co Ltd

www.pfp-pacific.com

ကျွန်မတို့ကုမ္ပဏီကFish Processing လုပ်ငန်းတစ်ခုဖြစ်  တယ်။ ပင်လယ်စာနဲ့ တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်တဲ့  “Surimi” ဆိုရင် လူတိုင်းနီးပါးသိကြပါတယ်။ သူကဘာနဲ့ လုပ်ထားသလဲဆိုတော့ ငါးအသားဖြူအနှစ်နဲ့လုပ်ထားတာ ဖြစ်တယ်။ ၁၉၈၄ ခုနှစ်မှာ ကုမ္ပဏီကို တည်ထောင်ခဲ့ တယ်။ စက်ရုံက ထိုင်းနိုင် ငံတောင်ပိုင်းမှာရှိတယ်။ Surimi ကို အာရှနဲ့ ဥရောပမှာရှိတဲ့နိုင်ငံတွေကို စတင် Exporting  လုပ်တယ်။ ပင်လယ်စာတွေအနေနဲ့Salmon Ball ၊ Yasai Ball ၊ Fish Ball ၊ Shrimp Ball ၊Cuttlefish Ball၊ Lobster Ball ၊ Onorotsuki  Seaweed Roll ၊ Tuna Roll၊  Salmon Roll စတဲ့အမျိုးအစားပေါင်း တစ်ရာကျော် လောက်ရှိပါတယ်။ ကျွန်မတို့ ထုတ်ကုန်တွေက မြန်မာ နိုင်ငံကို ရောက်ရှိနေတာကြာပါပြီ။ City Mart ထဲမှာ တွေ့ လိုက်တယ်။ ဒီမှာရောင်းတဲ့သူတွေက မဲဆောက်မှာ သွား ၀ယ်ပြီးရောင်းရတယ်။ ကျွန်မတို့နဲ့ တိုက်ရိုက်ရောင်းဝယ် တာမျိုးတော့မရှိသေးဘူး။ ဒီကိုလာတယ်ဆိုတာကလည်း ဈေးကွက်ကိုလေ့လာဖို့နဲ့ အခွင့်အလမ်းတွေကို အသုံးချရုံသက် သက်ပါ။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ ကုမ္ပဏီ ခွဲဖွင့်ဖို့အစီအစဉ်မရှိသေးဘူး။ Processing လုပ်ငန်းနဲ့ ပတ်သက်ပြီး စက်ရုံထောင်ဖို့တော့ရှိတယ်။ အချိန်ယူပြီး လေ့လာသွားမှာပါ။ င်္ Food Processing လုပ်ငန်းမှာ အရေး ကြီးဆုံးQuality Control က အရေးကြီးဆုံးအပိုင်း ဖြစ် တယ်။ ဒါနဲ့ပတ်သက်လို့ ၀န်ထမ်းတွေကို Training တွ ပေးတယ်။ Exporting လုပ်နိုင်ဖို့ နိုင်ငံတကာ အသိအ မှတ်ပြုလက်မှတ်တွေကိုလည်း ယူထားပါတယ်။

 

 

article people portrait water mark final3

Mr Wongsapol Limsittisuk

Export Sales

Asiatic Agro Industry Co Ltd

www.asiatic.co.th

ကျွန်တော့်ကုမ္ပဏီက Coconut Milk နဲ့ Coconut Water ထုတ်လုပ်တယ်။ နိုင်ငံတော်တော်များများကို Export လုပ်တယ်။ လက်ရှိ ကျွန်တော်တို့ရဲ့Brand  ကို Global Marketထဲမှာနေရာတစ်ခုရဖို့အတွက် ကြိုးစားနေတယ်။  ထုတ်လုပ်ပြီးတဲ့ အမျိုးအစား လေးမျိုးကတော့ ဈေးကွက်ထဲ ကိုရောက်ရှိနေပါပြီ။ အရည်အသွေးပိုင်းအားဖြင့် Coconut ၁၀၀ ရာခိုင်နှုန်းပါဝင်တယ်။Energy Soft Drink  အမျိုးအစားဖြစ်တယ်။ ဈေးကွက်ပိုင်းအတွက် Marketing Support Team   ထားထားတယ်။ ဒါမှ Market လုပ်ရင်းနဲ့ Customer ကို Care လုပ်နိုင်မှာဖြစ်တယ်။  မြန်မာနိုင်ငံမှာ ဖြစ်နိုင်သမျှမြန်မြန် ဈေးကွက်ပိုင်းကို အကောင်အထည် ဖော်သွားချင်တယ်။

 

 

article people portrait water mark final2

Mr Siri Angkurat

Export Manager

Srifa Frozen Food Co Ltd

www.tamarindhouse.co.th

အထူးသဖြင့် Snack အမျိုးမျိုး ထုတ်လုပ်တယ်။ အမျိုး အစားတွေအနေနဲ့ မန်းကျည်းတော်ဖီ၊ အဆာသွတ်ကိတ်မုန့်၊ သစ်သီးကိတ် အစရှိတဲ့ မုန့်အမျိုးအစားပေါင်းတစ်ရာ ကျော်ကို ထုတ်လုပ်ပါတယ်။  Chemical ပစ္စည်း လုံးဝ မပါဝင်ပါဘူး။ အားလုံးကကျန်းမာရေးအတွက် ညီညွတ်တဲ့ ပစ္စည်းတွေဖြစ်တယ်။Srifa Bakery  ဆိုတာက ထိုင်းနိုင်ငံ မှာတော့ နံပါတ်တစ် Brand ဖြစ်တယ်။ အရင်က ကျွန် တော်တို့ဆီက ထုတ်တဲ့မန်ကျည်းတော်ဖီကို  City Mart တွေ မှာရောင်းတယ်။ ကုန်ကျစရိတ်များတဲ့အ တွက် ရပ်လိုက်တယ်။ အဲဒီတုန်းက   Distributor မရှိသေးဘူး။ အခုမှ Distributor လာရှာတာဖြစ်တယ်။ မြန်မာလူမျိုးတွေ အများစုကလည်း ထိုင်း Product တွကို အသုံးပြုတာများတယ်။ ကျွန်တော် တို့ပစ္စည်းရဲ့ Quality ကလည်း အင်မတန်ကောင်းတဲ့အတွက်၊ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်မယ်လို့ ယုံကြည်တဲ့အတွက် အခုလိုလာရောက်ပြီး Partner  ကောင်းတစ်ယောက်ကိုလာ ရောက်ရှာဖွေတာဖြစ်ပါတယ်။