Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Direct From Dill by Michael Dell

Dell ဟာ အသက် ၁၉ နှစ်မှာ ကောလိပ်ကျောင်းက ထွက်ပြီး PC Limitted ကို တည်ထောင်လုပ်ကိုင်ခဲ့ရာမှာ အဲဒီလုပ်ငန်းဟာ အခုအခါ Dell Computer Corp ဆိုပြီး ထင်ရှားပါတယ်။ အသက် ၂၇ နှစ်မှာ အသက်အငယ်ဆုံး CEO ဖြစ်လာတယ်။ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သူ့ရဲ့တစ်မူထူးခြားတဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကို ဖတ်ရှုရမှာဖြစ်တယ်။
Posted On September 21, 2016, By Editorial

Think Like a Champion

''Think Like a Champion '' by Dornald Trump အမေရိကန်နိုင်ငံ၊ Republican Party ရဲ့ သမ္မတလောင်းဖြစ်သူ Dornald Trump ရဲ့စာစုဖြစ်ပါတယ်။ အိမ်ခြံမြေစီးပွားရေးလုပ်ငန်း ဘီလီယံနာသူဌေးကြီးဖြစ်တဲ့ Dornald Trump ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အောင်မြင်မှုတွေကို တင်ပြထားတာဖြစ်တယ်။ အမှားတွေလုပ်မိရာကနေ သင်ခန်းစာယူနိုင်ပုံမှအစ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာအထိ အကြံပေးတင်ပြထားတယ်။ သူကိုယ်တိုင်လည်း ဂုဏ်ယူစရာရှိရင် သူ့ကိုယ်သူ ချီးကျူးလေ့ရှိတယ်လို့ ၀န်ခံထားပြီး စာဖတ်သူတွေကိုလည်း 'မှန်မှန်ကန်ကန်ကြွားစရာရှိရင် ကြွားပါ' လို့ တိုက်တွန်းထားပါတယ်။
Posted On August 11, 2016, By Editorial

The Virgin Way

''The Virgin Way'' by Richard Branson TheVirgin လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းကို စတင်တည်ထောင်သူ ဘီလီယံနာသူဌေး Richard Branson က သူဟာ သူ့ဘ၀မှာ ခေါင်းဆောင်မှု (Leadership) နဲ့ ပတ်သက်လို့ ဘာစာအုပ်မှ မဖတ်ခဲ့ဖူးဘူးလို့ ၀န်ခံထားပါတယ်။ ဒါပေမဲ့ သူဟာ စီးပွားရေးကို စွန့်စားလုပ်ကိုင်လာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဆိုတော့ အဲဒီအတွေ့အကြုံတွေက သင်ခန်းစာတွေ လက်တွေ့ရခဲ့သူဖြစ်တယ်။ အခုသူရေးတဲ့စာအုပ်ထဲမှာ သူများတွေပြောတာကို တလေးတစားနားထောင်တတ်ဖို့နဲ့ လူမှန်နေရာမှန်ရွေးပြီး ၀န်ထမ်းခန့်တတ်ဖို့ လိုကြောင်းဖော်ပြထားတယ်။ သူ့ဘ၀မှာအောင်မြင်မှုတွေနဲ့ ပတ်သက်လို့ရော၊ မအောင်မြင်ခဲ့မှုတွေနဲ့ ပတ်သက်လို့ပါ ရိုးရိုးသားသားတင်ပြထားတယ်။ ဥပမာအနေနဲ့ ၁၉၉၀ ပြည့် လွန်နှစ်တွေတုန်းက Virgin Cola ဆိုပြီး လုပ်ငန်းစတင်ဖို့ ကြိုးစားတဲ့အခါ အဲဒီအချိန်မှာ ထင်ရှားကျော်ကြားနေပြီဖြစ်တဲ့ […]
Posted On July 29, 2016, By Editorial

The Prince

The Prince Niccolo Machiavelli ဒီစာအုပ်ဟာ ၁၆ ရာစုနှစ် အီတလီနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလမှာ အီတလီခေါင်းဆောင်တွေအတွက် အကြံဉာဏ်ပေးတဲ့အနေနဲ့ သံတမန်တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး သဘောတရားရေးဆရာလည်းဖြစ်သူက ရေးသားထားတာဖြစ်တယ်။ ကောက်နုတ်ချက် – မိမိကို လူတွေက ကြောက်နေကြတာကို ကြိုက်သလား၊ ချစ်နေကြတာကို ကြိုက်သလား။ ကြောက်တာနဲ့ချစ်တာဟာ တစ်ကြိမ်တည်းယှဉ်တွဲဖြစ်ပေါ်ဖို့ မလွယ်ဘူး။ ဒီတော့ တစ်ခုခုကိုပဲ ရွေးရမယ်ဆိုရင် လူတွေက မိမိကိုကြောက်နေတာကိုပဲ ရွေးသင့်ပါတယ်။ ဒါမှလုံခြုံစိတ်ချရမှာဖြစ်တယ်။ မကောင်းတဲ့အကြံဉာဏ် ဖြစ်ပေမယ့် မိမိကိုအပြတ်ရှင်းမယ့်ပြိုင်ဘက်တွေကို ခုခံကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ရမှာ  ဖြစ်တယ်လို့ ဆိုတယ်။
Posted On July 14, 2016, By Editorial

The 21 Irrefutable Laws of Leadership

The 21 Irrefutable Laws of Leadership Follow them and People will Follow You John C. Maxwell စီမံခန့်ခွဲရေး၊ ဦးစီးခေါင်းဆောင်ရေးဆိုတာတွေနဲ့ပတ်သက်ပြီး ရေးကြပြောကြတာတွေ အများကြီးပါ။ အားလုံးဟာ အမှန်တွေချည်းပါပဲ။ ကောက်နုတ်ချက် – ''လုပ်ငန်းပြီးမြောက်ရေးအတွက် အာရုံစူးစိုက်မှုဟာ အရေးကြီးတယ်ဆိုတဲ့အချက်ကို အောင်မြင်သူတွေ နားလည်ကြပါတယ်။ အခုစာအုပ်ရဲ့ခေါင်းစဉ်ပါ ဥပဒေသ ၂၁ ချက်အကြောင်း သင်ကြားပို့ချနေတုန်း ကောလိပ်ကျောင်းသားလေးတစ်ယောက် ထလာပြီး အရေးအကြီးဆုံး အချက်တစ်ချက်ကိုပဲ သိချင်ပါတယ်'' တဲ့။ ဒီတော့ ကျွန်တော်ကလည်း သူ့ကို ပြန်ပြောလိုက်ရပါတယ်။
Posted On July 8, 2016, By Editorial

The One Minute Manager

The One Minute Manager Kenneth Blanchard and Spencer Johnson ဒီစာအုပ်ထဲမှာ တင်ပြထားတာတွေဟာ အများအားဖြင့် လူတိုင်းသဘောပေါက်နိုင်တာတွေဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့လုပ်ကိုင်ရင် အလွန်အဖိုးတန်တဲ့ အကြံဉာဏ်တွေဖြစ်တယ်။ ကောက်နုတ်ချက် – ထိရောက်တဲ့မန်နေဂျာကောင်းဆိုတာ မိမိကိုယ်ကိုလည်း စီမံခန့်ခွဲတတ်တယ်။ အတူတူလုပ်ဖော်ကိုင်ဖက်တွေကိုလည်း စီမံခန့်ခွဲတတ်သူဖြစ်တယ်။ ဒီအချက်တွေကို ပုံပြင်ဇာတ်လမ်းလေးတွေနဲ့ တင်ပြထားတယ်။
Posted On July 8, 2016, By Editorial

The Rise of the Creative Class

The Rise of the Creative Class By Richard Florida သူဟာ စီးပွားရေးပညာသင်ကျောင်းမှာ ညွှန်ကြားရေးမှူးဖြစ်ပါတယ်။ အချက်အလက်အသစ်တွေ ထပ်မံထည့်သွင်းထားတဲ့ ဒီစာအုပ်ထဲမှာ ဖွံ့ဖြိုးအောင်မြင်တဲ့မြို့ကြီးပြကြီးတွေ တဖြည်းဖြည်းပေါ်လာမှာဖြစ်ကြောင်း၊ အစွမ်းအစရှိတဲ့လူငယ်တွေဟာ စိတ်ဝင်တစား စည်ပင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်လာကြမှာကြောင့် နည်းပညာနိုင်ငံတွေမှာလည်း ပေါ်ပေါက်လာမှာဖြစ်ပြီး တရားမျှတတဲ့ လူမှုရေးမူဝါဒတွေလည်း ချမှတ်လာကြမှာဖြစ်ကြောင်း တင်ပြထားပါတယ်။
Posted On April 22, 2016, By Editorial

Presence

Presence: Bringing Your Boldest Seft to Your Biggest Challages သင်ဟာ အလုပ်အတွက် အင်တာဗျူးဖြေအပြီး အနုပညာဖျော်ဖြေရေးတစ်ခုလုပ်အပြီး သူများနဲ့ ခက်ခက်ခဲခဲ စကားပြောအပြီး စိတ်ညစ်သွားတဲ့အခါ ဒီတစ်ခါတော့ ရှိပါစေတော့။ နောက်တစ်ခါ တစ်ကနေပြန်လုပ်လို့ရရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေ မ၀င်မိဘူးလား။ အဲဒီအခါမျိုးမှာ ရဲရဲဝံ့ဝံ့ နေရမယ့်အစား ဟန်ကလေးဆောင်ပြီး ဘာမှမလုပ်နိုင်ဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တယ်။ လူတွေဟာ ဘ၀ရဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ ချဉ်းကပ်လုပ်ကိုင်လေ့ရှိတယ်။ ပြီးတော့လည်း စိတ်မကောင်းဖြစ်နေလေ့ရှိကြတယ်။ ဒီအချိန်မျိုးမှာ သူများတွေက ကိုယ့်ကို ဘာထင်နေလဲဆိုတာ စိတ်ဆင်းရဲနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမြင်နေသလဲဆိုတာ သတိထားကြည့်ဖို့လိုတယ်။ ဘာသာရေးလိုက်စားရမယ်လို့ မဆိုလိုပါဘူး။ စာရေးသူဟာ သူ့ရဲ့ TED လို့ ခေါ်တဲ့ […]
Posted On April 5, 2016, By Editorial

Organize Tomorrow Today

Organize Tomorrow Today: 8 Ways to Retrain Your Mind to Optimize Performance at Work and in Life ရေးသူများ – Jason Selk, Tom Bartow and Matthew Rudy စာမျက်နှာ – ၂၄၀ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Da Capo Lifelong Books (22-12-15) အရွယ်အစား –  ၈.၃" x á….၇" x á* ISBN-10: 0738218693 ISBN-13: 978-0738218694 သင်ဟာ အကျိုးရှိတဲ့အလုပ်တွေ များများပြီးမြောက်အောင် လုပ်နိုင်ရေးအတွက် စာအုပ်တွေ၊ ဆောင်းပါးတွေတော့ ဖတ်ဖူးထားပါရဲ့။ ဒါပေမဲ့ […]
Posted On April 1, 2016, By Editorial

Drive

Drive By Daniel H.Pink သူဟာလွန်ခဲ့တဲ့နှစ်အတော်များများအတွင်းကလူတွေအကြိုက်ဆုံးဖြစ်ခဲ့တဲ့အတွေးအမြင်တွေပါဝင်တဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကိုသူ့ရဲ့အတွေးအမြင်တွေနဲ့ လမ်းညွှန်ရေးသားတင်ပြခဲ့သူဖြစ်ပြီးအဲဒီစာအုပ်တွေထဲကတချို့ဟာ ရောင်းအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ထုတ်အခုစာအုပ်ထဲမှာဝန်ထမ်းတွေကိုအလုပ်လုပ်ချင်လာအောင်ဆုပေးရုံနဲ့ မလုံလောက်ဘူးလို့ဆိုထားပါတယ်။အဲဒီလိုလုပ်မယ့်အစားလုပ်ပိုင်ခွင့်ပေးဖို့၊လုပ်ငန်းကျွမ်းကျင်အောင် ဖော်ထုတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
Posted On March 25, 2016, By Editorial
1 5 6 7 8 9 12