Think Like a Champion

''Think Like a Champion '' by Dornald Trump

Trump1

အမေရိကန်နိုင်ငံ၊ Republican Party ရဲ့ သမ္မတလောင်းဖြစ်သူ Dornald Trump ရဲ့စာစုဖြစ်ပါတယ်။ အိမ်ခြံမြေစီးပွားရေးလုပ်ငန်း ဘီလီယံနာသူဌေးကြီးဖြစ်တဲ့ Dornald Trump ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အောင်မြင်မှုတွေကို တင်ပြထားတာဖြစ်တယ်။ အမှားတွေလုပ်မိရာကနေ သင်ခန်းစာယူနိုင်ပုံမှအစ အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာအထိ အကြံပေးတင်ပြထားတယ်။ သူကိုယ်တိုင်လည်း ဂုဏ်ယူစရာရှိရင် သူ့ကိုယ်သူ ချီးကျူးလေ့ရှိတယ်လို့ ၀န်ခံထားပြီး စာဖတ်သူတွေကိုလည်း 'မှန်မှန်ကန်ကန်ကြွားစရာရှိရင် ကြွားပါ' လို့ တိုက်တွန်းထားပါတယ်။