Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Smart Choices

ရေးသူ – John S. Hammond စာမျက်နှာ – ၂၅၆ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Harvard Business Review Press; Reprint edition (25-8-15) ISBN – 10:1633691047 ISBN – 13: 978-1633691049 'ဘယ်လိုနေရမလဲ'၊ 'အလုပ်သစ်ရှာဖို့ အချိန်တန်ပြီလား'၊ 'အလုပ်အတွက် ဘယ်လိုလူကို ငှားသင့်သလဲ'၊ 'လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်နည်းလုပ်ဟန်ကို ရွေးချယ်ရမလဲ' စသဖြင့် လူ့ဘ၀မှာ ဆုံးဖြတ်ချက်ချစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်တဲ့ ကျွမ်းကျင်မှုရှိသူတွေက သိပ်နည်းတယ်။ ဒီစာအုပ်ထဲမှာ စာရေးဆရာသုံးဦးက သူတို့ရဲ့ နှစ်ပေါင်းများစွာအတွေ့အကြုံတွေကို အခြေခံပြီး ဆုံးဖြတ်ချက်တွေ ဘယ်လို မှန်မှန်ကန်ကန် ထိထိရောက် ရောက်ချနိုင်တယ်ဆိုတာ တင်ပြထားတယ်။ […]
Posted On October 13, 2015, By Editorial

လူတိုင်းဖတ်သင့်သော Warren Buffett က တိုက်တွန်းထားတဲ့ စာအုပ် ၉ အုပ်

Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ချက်အရ ကမ္ဘာ့တတိယ အချမ်းသာဆုံးဖြစ်တဲ့ ဘီလီယံနာသူဌေး Warren Buffett ဟာ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းကို စတင်ဆောင်ရွက်စဉ်က တစ်နေ့စာမျက်နှာခြောက်ရာ၊ ၇၅၀ စသဖြင့် စာမျက်နှာပေါင်း တစ်ထောင်လောက်အထိ ဖတ်ခဲ့ပါတယ်။ ယနေ့တိုင်အောင် သူဟာ အားလပ်တဲ့ သူ့ရဲ့တစ်နေ့တာရဲ့ ၈၀ ရာခိုင်နှုန်းကို စာဖတ်ခြင်းဖြင့် ကုန်လွန်စေတဲ့သူဖြစ်တယ်။ ဒီဘီလီယံနာသူဌေးရဲ့ အတွေးအမြင်တွေကို သိရအောင် အခုဖော်ပြမယ့်သူညွှန်းဆိုထားတဲ့စာအုပ် ကိုးအုပ်အကြောင်းကို အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်။ အနှစ် ၂၀ ကြာကာလတစ်လျှောက် သူနဲ့ အင်တာဗျူးလုပ်ခဲ့တာတွေနဲ့ စီးပွားရေးလုပ်ငန်းရှယ်ယာဝင်တွေကို ရေးသားတင်ပြထားတဲ့စာတွေထဲက ရွေးချယ်ပြီး အကျဉ်းချုပ်ကောက်နုတ် ရေးသားထားတာတွေ ဖြစ်ပါတယ်။ 1.The Intelligent Investor- Benjamin Grahamin Buffett ဟာ အသက် ၁၉ နှစ်အရွယ်တုန်းက အင်မတန်ထူးချွန်တဲ့ စတော့ဈေးကွက်ဆိုင်ရာလုပ်ငန်းရှင် Benj-amin […]
Posted On August 26, 2015, By Editorial

၂၀၁၅ မှာ ဖတ်သင့်တဲ့စာအုပ် ၁၅ အုပ်

1 How to Fly a Horse by Kevin Ashton (January 20) ဒီစာအုပ်ရေးသူဟာ Internet of Things ဆိုတဲ့ဝေါဟာရကို တီထွင်အသုံးပြုခဲ့သူဖြစ်တယ်။ ဒီဝေါဟာရရဲ့ဆိုလိုရင်းကတော့ အင်တာနက်ကိုအကြောင်းပြုပြီး လူအချင်းချင်းနဲ့ စက်ပစ္စည်းကိရိယာအချင်းချင်းသာမက လူနဲ့စက်အပြန်အလှန် ဆက်သွယ်လာနေပုံကို ဆိုလိုရင်းဖြစ်တယ်။ ဒီစာအုပ်ထဲမှာသူဟာ ဘာကြောင့်ဘယ်လိုအသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လာရသလဲဆိုတာကို ရှင်းလင်းတင်ပြထားတယ်။ တီထွင်မှုတွေဖြစ်ပေါ်လာတာဟာ သာမန်ထက်လွန်ကဲတဲ့ လုပ်ဆောင်ကြိုးပမ်းမှုတွေကြောင့်ဆိုတာထက် သာမန်လုပ်ကိုင်မှုလေးတွေကြောင့်ဖြစ်တာ ပိုများတယ်လို့ သူကလေ့လာတင်ပြထားတယ်။   2 Getting to Yes With Yourself by William Ury (January 20) လူ့ဘ၀ရဲ့ ညှိနှိုင်းရတဲ့အလုပ်တွေထဲမှာ မိမိကိုယ်မိမိ ညှိနှိုင်းရတာအခက်ခဲဆုံးဖြစ်တယ်။ စာရေးသူဟာ ညှိနှိုင်းအဖြေရှာနည်းတွေပါတဲ့ Getting to Yes […]
Posted On May 4, 2015, By Editorial

The Death of Common Sense : How Law Is Suffocating America

အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေဟာ အတော်ကြီးရှည်လျားကြပါတယ်။ လက်နှိပ်စက်နဲ့ စာကြောင်းစိပ်စိပ်ရိုက်ထားတာတောင် စာမျက်နှာလေးရာကျော်၊ ငါးရာကျော်လောက်ရှိလေ့ရှိတယ်။ ဒီစာအုပ်ရေးသူက အဲဒီလို အလွန်အကျူးအသေးစိတ်ကျ လွန်းနေတဲ့ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကြောင့် သက်ဆိုင်ရာလူတွေ၊ ကိုယ်ပိုင်လွတ်လွတ်လပ်လပ် တွေး ခေါ်ကြံဆဖို့ အခွင့်အလမ်းတွေ နည်းသွားတာကို ပြစ်တင် ဝေဖန်ထားတာဖြစ်တယ်။ လုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်ရေးဆွဲထား ရာမှာ လုပ်ငန်းခွင်တွေ တစ်ခုနဲ့တစ်ခု မတူတဲ့အခြေအနေ တွေကို ထည့်မတွက်ဘဲ အကုန်လုံးခြုံပြီး အသေးစိတ် ရေးဆွဲထားတာတွေ ဖြစ်နေတယ်လို့ စာရေးသူနယူးယောက် မြို့ရှေ့နေချုပ်က စာအုပ်ထဲမှာ ဆိုထားတယ်။ လုပ်ထုံးလုပ် နည်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေဟာလည်း မလိုအပ်ဘဲ ရှုပ်ထွေးနေတဲ့အတွက် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ အကြံဉာဏ်တွေလည်း ထွက်ပေါ်လာနိုင်မှုမရှိဘဲဖြစ်နေတယ် တဲ့။ တံတားပြင်ဆင်ခြင်း၊ ၀န်ထမ်းသစ်ငှားရမ်း ခန့်ထားခြင်း […]
Posted On October 25, 2014, By Editorial

All In Startup : Launching a New Idea When Everything Is on the Line

Owen Chase ဟာ နောက် ၉ ရက်အတွင်း သူ့ကုမ္ပဏီကို ပြန်ပြီး ဦးမော့လာအောင် မလုပ်နိုင်ရင် ကုမ္ပဏီကို ပိတ်ပစ် လိုက်ရမှာဖြစ်ပြီး အလုပ်သမားတွေကိုလည်း အလုပ်မှ ရပ်စဲ ပစ်လိုက်ရတော့မှာဖြစ်တယ်။ အကြွေးတွေလည်း အများကြီး တင်နေပြီး အိမ်ထောင်ရေးကလည်း လှုပ်လှုပ်ဖြစ်နေတယ်။ သူဟာ လောင်းကစားပွဲတစ်ခုမှာ Samantha ဆိုတဲ့ အမျိုး သမီးတစ်ယောက်နဲ့တွေ့တယ်။ ဒီအမျိုးသမီးက ရုပ်ချော တဲ့အပြင် စီးပွားရေးလုပ်ငန်းလုပ်ရာမှာ ဆန်းသစ်တဲ့ အတွေးအမြင်ရှိသူဖြစ်ပြီး Owen ကိုကုမ္ပဏီနာလန်ထူအောင် အကြံဉာဏ်ပေးနိုင်သူဖြစ်တယ်။ ဒါပေမဲ့ အိမ်ထောင်ရေး မသာမယာဖြစ်နေရတဲ့ Owen ဟာ လှပတဲ့ Samantha ရဲ့ ညုတုတုခရာတာတာ ချစ်ရေးချစ်ရာမြူဆွယ်မှုတွေနဲ့ ရင်ဆိုင်နေရပြန်တယ်။ အထက်ပါကတော့ ဒီစာအုပ်ပါ ဇာတ် လမ်းအကျဉ်းချုပ်ပါပဲ။ ဒီဇာတ်လမ်းက ၀တ္တုသက်သက်မ ဟုတ်ဘဲ […]
Posted On October 25, 2014, By Editorial

The First Mile : A Launch Manual For Getting Greate Ideas into the Market

  လက်ရှိအခြေအနေထက် ပိုကောင်းလာအောင် ဆန်းသစ် တီထွင်နိုင်မှုဟာ အရေးကြီးတဲ့လိုအပ်ချက်တစ်ရပ်ဖြစ်ပါ တယ်။ ဒီလိုဆန်းသစ်တီထွင်ရာမှာ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ဆန်းစစ်တတ်ဖို့လိုတယ်။ ဒီအကြောင်း အရာတွေနဲ့ပတ်သက်ပြီး စာရေးသူက နည်းပေးလမ်းပြ ပေး ထားတယ်။ ဆန်းသစ်တဲ့အယူအဆတွေအတိုင်း ဆောင်ရွက် ထုတ်လုပ်လိုက်တဲ့အရာတွေဟာ လက်တွေ့အသုံးဝင်အောင် ဖြစ်သွားတာမျိုးက ၁ ရာခိုင်နှုန်းတောင် မပြည့်တတ်ဘူး။ ဒါကြောင့် ဆောင်ရန်ရှောင်ရန်တွေကို ဒီစာအုပ်ထဲမှာ တင်ပြ ထားတယ်။ စာရေးသူဟာ ဆန်းသစ်တီထွင်မှုနဲ့ ပတ်သက်ပြီး အစိုးရတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို အကြံဉာဏ်တွေပေး ခဲ့သူဖြစ်ပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း စာအုပ် တွေရေးသားခဲ့သူဖြစ်တယ်။ အဲဒီစာအုပ်တွေထဲမှာ ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့The Innovator’s Guide to Growth  ဆိုတဲ့စာအုပ်လည်း အပါအ၀င်ဖြစ်တယ်။   ရေးသူ     […]
Posted On September 27, 2014, By Editorial

Blood Feud : The Clintons Vs. The Obamas

  မိသားစုနဲ့ လက်ရှိသမ္မတ Obama မိသားစုတို့ အချင်းချင်းပြိုင်ဆိုင်ကြပုံ၊ ဆက်ဆံရေးမှာ အဖု အထစ်တွေ ရှိကြပုံတွေကို အတွင်းကျကျ လေ့လာပြီး တင်ပြ ထားတာဖြစ်တယ်။ ဒီမိသားစုအတွင်း ပြင်းထန်တဲ့ အမုန်း တရားတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ အပြိုင်အဆိုင် အကြောင်း တွေဖြစ်တယ်။ ဒီစာအုပ်ထဲမှာ အောက်ပါအကြောင်းအရာ တွေကို ဖတ်ရှုကြရမှာဖြစ်တယ်။ –         Michelle Obama  နဲ့  Hillary Clinton  တို့ ဘာ ကြောင့်ပြိုင်ဘက်တွေဖြစ်နေကြတာလဲ။ –         Bill Clinton  က Obama ပြန်လည်သမ္မတအရွေးခံရေး အတွက် ဘယ်လိုနားလည်မှုတွေနဲ့ ထောက်ခံပံ့ပိုးခဲ့ပြီး နောက်ပိုင်း ဘာကြောင့်သစ္စာဖောက်ခံရတာပဲလို့ Clinton  က ခံစားသွားရတာလဲ။ –         Benghazi ကိစ္စမှာံ Hillary Clinton  […]
Posted On September 20, 2014, By Editorial

Collective Genius : The Art and Practice of Leading Innovation

  ဖန်တီးတီထွင်တတ်သူတစ်ဦးဖြစ်ဖို့ဆိုရင် သူမတူတဲ့တီထွင် ဖန်တီးဉာဏ်စွမ်းတွေ ရှိဖို့ လိုတယ်လို့ တချို့က ထင်ကြပါတယ်။ မှန်သင့်သလောက်မှန်ပေမဲ့ တကယ်တမ်းက ရေရှည်တီထွင် ဖန်တီးနိုင်စွမ်းတွေရှိနေ ဖို့အတွက်ကတော့ မိမိကိုယ်တိုင် တီထွင်နိုင်ဖို့ကြိုးစားတာထက် ဆန်းသစ်တဲ့ အတွေးအမြင်ရှိ တဲ့ တခြားသူတွေကို မိမိကစုစည်းဦးဆောင်ပြီး တီထွင်သွားဖို့ ဖြစ်တယ်။ လူတစ်ယောက်ဟာ တခြားနေရာတွေမှာ ခေါင်း ဆောင်ကောင်းတစ်ယောက်ဖြစ်နေရင် အခုလို ဆန်းသစ်တဲ့ အတွေ့အကြုံရှိသူတွေကို ဦးဆောင်သွားနိုင်လိမ့်မယ်လို့ တစ်ထစ်ချမယူဆသင့်ဘူး။ ဆန်းသစ်တီထွင်မှုကို ဦးဆောင် နိုင်တယ်ဆိုတာက အရည်အချင်း တစ်မျိုးဖြစ်ပါတယ်။ အထက်ပါအ တိုင်း တီထွင်ဖန် တီးမှုကို ဘယ်လို ဦးဆောင် လုပ်ကိုင်သွားတယ်ဆိုတာ အောင်မြင်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Volkswagen ၊ Google ၊ eBay နဲ့ Pfizer အစရှိတဲ့ လုပ်ငန်းဌာနတွေက ခေါင်း […]
Posted On August 4, 2014, By Editorial

Heart, Smarts, Guts and Luck : What it Takes to Be an Entrepreneur and Build a Great Business

  စာရေးသူ သုံးဦးစလုံးဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ် ငန်းတွေမှာ ခေါင်းဆောင်ဦးရွက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ လက်တွေ့စီးပွားရေးလောကထဲက ရာပေါင်း များစွာသော လုပ်ငန်းရှင်တွေကို မေးမြန်းသုတေသနပြု ကြည့်တဲ့အခါ အဲဒီလူတွေအားလုံးမှာ ဒီစာအုပ်ခေါင်းစဉ်ပါ အရည်အချင်းတွေ အနည်းနဲ့အများ ရောစပ်ပါဝင်နေတာကို တွေ့ခဲ့ကြရတယ်။ အဲဒီအရည်အချင်းတွေကတော့ မေတ္တာ စေတနာရှိခြင်း (ံHeart) ၊ ဉာဏ်ရှိခြင်း (ှSmarts) ၊ စွန့် စားလုပ်ကိုင်ရဲတဲ့သတ္တိရှိခြင်း (Guts) နဲ့ ကံကောင်းခြင်း ((Luck) တို့ဖြစ်တယ်။ အဲဒီအရည်အချင်းလေးခုထဲက တစ်ခုခုက ကျန် တာတွေထက် အားကောင်းပြီး လွှမ်းမိုးလွန်ကဲနေတတ် တယ်။ ဒါကြောင့် ဘယ်အရည်အချင်းကို ဦးစားပေးရမလဲ ဆိုတာ ဒီစာအုပ်က ကူညီပေးမှာဖြစ်တယ်။ စာဖတ်သူမှာ ဒီအရည်အချင်းတွေ ရှိမရှိဆိုတာ ကို စမ်းသပ်တဲ့စမ်းသပ်ချက်လည်း ပါရှိပါတယ်။   […]
Posted On July 26, 2014, By Editorial

Go for No! Yes is the Destination, No is How you Get There

  ကုန်ပစ္စည်းအရောင်းလုပ်ငန်းတွေ ဘယ်လိုအောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ နည်းပေးလမ်းပြစာအုပ်တွေ ပလူပျံနေတဲ့ ဒီခေတ်ကြီးထဲမှာ အခုစာအုပ်ကတော့ အဲဒါတွေနဲ့ ဆန့် ကျင်တဲ့နည်းတွေကို ညွှန်ပြထားပါတယ်။ အလုပ်တွေ မအောင်မမြင်ဖြစ်တာတွေကို များများကြုံရလေ နောက်ဆုံး အောင်မြင်မှုနဲ့ နီးစပ်သွားနိုင်လေဖြစ်တယ်လို့ ဒီစာရေးသူ တွေက တင်ပြထားတယ်။ ဒီအယူအဆကို ဖန်တီးထား တယ်။ ဒီလူက ပုံတူကူးစက်အရောင်းသမား။ တစ်နေ့မှာ သူဟာ အိပ်နေရင်း နိုးလာတော့ အိမ်တစ်အိမ်ထဲမှာ ရောက် နေတယ်။ ဒီအိမ်မှာ ဘယ်လိုလုပ်ရောက်လာမှန်း သူ မသိ ဘူး။ ဒီအိမ်က ဘယ်သူနေနေ နေလို့ရတဲ့အိမ် မဟုတ်ဘူး။ တကယ်တော့ အဲဒီအိမ်က သူပိုင်တဲ့အိမ်ပါပဲ။ တကယ်လို့ သာ ဒီလူဟာ မအောင်မြင်မှုကို မကြောက်ဘူးဆိုရင် နောင် ဆယ်နှစ်ကြာတဲ့အခါ အခုလိုပဲ သူပိုင်တဲ့အိမ်ဖြစ်လာမှာကို နိမိတ်ပြတာဖြစ်တယ်လို့ […]
Posted On July 3, 2014, By Editorial