Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Good to Great

Good to Great by Jim Collins ရောင်းအားအကောင်းဆုံးတန်းဝင် ဒီစာအုပ်က ငယ်ရွယ်တဲ့ခေါင်းဆောင်တွေဖတ်ဖို့ သင့်တော်တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်က ကောင်းတယ်ဆိုတဲ့အဆင့်ကနေ အကောင်းဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ပုံမှန်အဆင့်ကုမ္ပဏီတွေကြားက ကွာခြားမှုကို ငါးနှစ်ကြာသုတေသန ပြုလုပ်ထားတဲ့ ပရောဂျက်ကရတဲ့ အချက်အလက်တွေကို အခြေခံရေးထားပါတယ်။ ဒီကရတဲ့ အကြံဉာဏ်တွေကို Collins က Level 5 Leadership နဲ့ စီမံခန့်ခွဲမှုမဟာဗျူဟာလို့ ခေါ်ဆိုပါတယ်။
Posted On December 1, 2016, By Editorial

Now, Discover Your Strengths

Now, Discover Your Strengths by Marcus Buckingham and Donald O.Clifton Facebook ရဲ့ HR အကြီးအကဲ Lori Goler က သူ့ Career အစမှာ ဒီစာအုပ်ကို ဖတ်ခဲ့ပြီး ဒါက သူ့ရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုဆိုင်ရာဒဿနပေါ်မှာ လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ရဲ့အဓိကပေးချင်တဲ့ အကြံဉာဏ်ကတော့ ကုမ္ပဏီတွေဟာ အလုပ်သမားတွေရဲ့ ထူးခြားတဲ့ပါရမီစွမ်းအားတွေကို ပြောင်မြောက်အောင်ကူညီပေးမယ်ဆိုရင် ပိုကောင်းတဲ့စွမ်းဆောင်နိုင်မှုတွေကို ရနိုင်မယ်လို့ ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့စွမ်းရည်ကို သေချာနားလည်ရင် သူတို့ကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်ပြီး ပိုတော်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာမယ်လို့ ဆိုလိုပါတယ်။
Posted On November 25, 2016, By Editorial

Things Fall Apart

Things Fall Apart by Chinua Achebe နိုင်ဂျီးရီးယားနိုင်ငံက ကျေးရွာတစ်ခုကို ဗြိတိသျှကိုလိုနီ ပျံ့နှံ့ရောက်ရှိလာတဲ့အကြောင်း ကျောရိုးထားပြီးရေးဖွဲ့ထားတဲ့ ဒီဂန္ထ၀င်ဝတ္ထုက ဘယ်အရာက အောင်မြင်တဲ့ခေါင်းဆောင်ဖြစ်စေတာလဲဆိုပြီး မေးခွန်းထုတ်နေပါတယ်။ ဥပမာ – ကိုယ့်အုပ်စုရဲ့စိတ်ဝင်စားမှုက ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းမျိုးပါ။ မန်နေဂျာအသစ်တွေ ပြဿနာတစ်ခုအတွက် အကြံဉာဏ်မျိုးစုံရပြီး ဘာကိုရွေးချယ်ဖြေရှင်းရမယ်မှန်းမသိတဲ့ အခြေအနေမျိုးကို ဒီစာအုပ်က အဖြေတစ်ခုပေးနိုင်မှာပါ။
Posted On November 18, 2016, By Editorial

Meditations

Meditations by Marcus Aurelius and Gregory Hays အင်္ဂလိပ်ဘာသာပြန်ဆိုထားတဲ့ Meditations စာအုပ်ဟာ အေဒီ ၁၆၁ ကနေ ၁၈၀ အတွင်း ရောမအင်ပါယာကိုအုပ်ချုပ်တဲ့ ရောမဘုရင် Marcus Aurelius ရဲ့ ထုတ်ဝေဖို့ စိတ်ကူးမထားတဲ့ ကိုယ်ပိုင်ရေးသားမှုတွေ စုစည်းထားတာဖြစ်ပါတယ်။ စာအုပ်အမှတ် ၁၁ မှာဆိုရင် Aurelius ဟာ ကြီးကျယ်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေမယ့် အရည်အသွေးနဲ့ အပြုအမူတွေအကြောင်း အထူးပြုရေးသားထားပါတယ်။ ဒါအပြင် သင်ဟာ သင်ကျဆုံးနိုင်တဲ့အချက်တွေကို သိထားပြီး သင့်စိတ်ခံစားမှုကိုလည်း ထိန်းချုပ်နိုင်ရမယ်လို့ ဆိုပါတယ်။ သူ့ရဲ့အကြံဉာဏ်ကတော့ အင်ပါယာတစ်ခုလုံးကို ဦးဆောင်တာမျိုးမဟုတ်ဘဲ လူအနည်းငယ်ကိုပဲဖြစ်ဖြစ် စီမံခန့်ခွဲရတယ်ဆိုရင်တောင် လိုက်လျောညီထွေဖြစ်ရမယ်၊ တန်ဖိုးရှိရမယ်လို့ ဆိုပါတယ်။
Posted On November 10, 2016, By Editorial

Mindset by Carol Dweck

Mindset by Carol Dweck Stanford Universtiy က စိတ်ပညာရှင် Dweck ဟာ ၂၀၁၆ ခုနှစ်မှာ Mindset ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီး မိဘတွေ၊ ပညာရေးဆိုင်ရာကျွမ်းကျင်သူတွေကြားမှာ အတွေးလှိုင်းတွေ ဖန်တီးခဲ့ပါတယ်။ မကြာခင်ကပဲ သူဟာ သူ့ရဲ့အိုင်ဒီယာကို စီးပွားရေးလောကမှာပါ အသုံးချလို့ရတယ်ဆိုတာကို ပြသခဲ့ပြီး Zenger/Folkman ရဲ့ President ဖြစ်သူ Joe Folkman ကလည်း ဒီစာအုပ်ဟာ သူအနှစ်သက်ဆုံးစာအုပ်ဖြစ်တယ်လို့ ဖွင့်ပြောခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Dweck အကြံပေးထားတာက ကျွမ်းကျင်မှုဆိုတာ တစ်သမတ်တည်းပဲဖြစ်တယ်လို့ ပုံသေစိတ်ထားရှိသူထက် တိုးတက်လိုစိတ်ရှိသူဟာ ကြိုးကြိုးစားစားအလုပ်လုပ်ပြီး ပါရမီနဲ့စွမ်းရည်တွေ တိုးတက်အောင်လုပ်ကာ ပိုပြီးအောင်မြင်အောင် လုပ်လို့ရတယ်ဆိုပြီးတော့ ပြောထားပါတယ်။ မန်နေဂျာတွေအတွက်ဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို သင်ယူလေ့လာစေပြီး တိုးတက်အောင်လုပ်ဖို့ အားပေးကာ သူတို့မှာရှိတဲ့ […]
Posted On November 4, 2016, By Editorial

How to Win Friends and Influence People

How to Win Friends and Influence People by Dale Carnegie ဒီစာအုပ်ထွက်တာ နှစ်ပေါင်း ၈၀ ကျော်လာတဲ့အထိ ရောင်းအားအကောင်းဆုံး တန်းဝင်စာအုပ် ဖြစ်နေဆဲဖြစ်ပါတယ်။ ထိပ်တန်းစာရင်းဝင်ရင်းနှီးမြှုပ်နှံသူ Warren Buffett ကိုယ်တိုင်က ဒီစာအုပ်ဟာ သူ့အကြိုက်ဆုံးစာအုပ်တွေထဲက တစ်အုပ်လို့ ဆိုထားပါတယ်။ သူ့ရဲ့အထက်တန်းကျောင်းသားအရွယ်မှာ ကြုံရတဲ့ အခက်အခဲတွေကနေ ရုန်းထွက်နိုင်အောင် ကူညီခဲ့တဲ့စာအုပ်လို့ ဆိုပါတယ်။ ဒီစာအုပ်က သင့်ကို ဦးဆောင်နိုင်ဖို့၊ လှုံ့ဆော်နိုင်ဖို့နဲ့ သင့်အဖွဲ့သားတွေကို စေ့ဆော်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပေးနိုင်ပါတယ်။
Posted On October 28, 2016, By Editorial

Thinking Fast and Slow

Thinking Fast and Slow by Daniel Kahneman ဒီစာအုပ်ဟာ ခေါင်းဆောင်မှုဆိုင်ရာ အကြံပေးလုပ်ငန်းဖြစ်တဲ့ Zenger/Folkman ရဲ့ တွဲဖက်တည်ထောင်သူနဲ့ စီအီးအို Jack Zenger ရဲ့ အနှစ်သက်ဆုံး ရောင်းအားအကောင်းဆုံး တန်းဝင်စာအုပ်ဖြစ်ပါတယ်။ ဘောဂဗေဒဆိုင်ရာနိုဘယ်ဆုရတဲ့ စိတ်ပညာဆိုင်ရာပညာရှင် Kahnemna က လူတွေရဲ့အတွေးကို စနစ်နှစ်ခု ခွဲခြားလိုက်ပြီး နေ့စဉ်အမူအကျင့်တွေအပေါ် သက်ရောက်မှုတွေကို ဖော်ထုတ်ထားပါတယ်။ ဒီစာအုပ်က သင်နဲ့သင့်အဖွဲ့သားတွေ ကြုံတွေ့ရမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို သိပ္ပံနည်းကျဗျူဟာတွေနဲ့ ကျော်လွှားနိုင်အောင် ကူညီပေးမှာပါ။
Posted On October 21, 2016, By Editorial

The One Thing You Need to Know

The One Thing You Need to Know by Marcus Buckingham Buckingham က ထူးချွန်တဲ့မန်နေဂျာဟာ သူ့လက်အောက်ငယ်သားတစ်ဦးချင်းစီရဲ့ အားသာချက်က ဘာလဲဆိုတာ သေသေချာချာသိပြီး ဒီအားသာချက်ကိုလိုက်ပြီး အလုပ်လုပ်စေတာဖြစ်ပါတယ်။ ဒီအချက်က လူတွေရဲ့အားနည်းချက်ကို တိုးတက်လာအောင်လုပ်တာထက်စာရင် အများကြီးပိုပြီးအကျိုးရှိတယ်လို့လည်း အခိုင်အမာဆိုထားပါတယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေရဖို့ လှုံ့ဆော်နိုင်မယ့်နည်းလမ်းတွေက မျှော်လင့်ထားတဲ့ရလဒ်ကို ရှင်းရှင်းလင်းလင်းသိဖို့၊ ရလဒ်အပေါ်မှာ ချီးမြှောက်အသိအမှတ်ပြုဖို့နဲ့ လူတွေကို ဒီရလဒ်အပေါ် သင့်ရဲ့အလေးပေးမှု၊ ဂရုစိုက်မှုကိုပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်က သင့်ကိုယ်သင်စီမံခန့်ခွဲတာရော၊ တခြားသူတွေကို စီမံခန့်ခွဲရာမှာပါ လွယ်ကူအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။
Posted On October 14, 2016, By Editorial

Simply Rich

Simply Rich by Richard DeVos စာရေးသူရဲ့ ဆင်းရဲသားဘ၀မှ ချမ်းသာကြွယ်ဝတဲ့ဘ၀ရောက်လာပုံကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအဖြစ် တင်ပြထားတယ်။ သူ့ရဲ့ဘ၀အောင်မြင်ရေးမှာ ခရစ်ယာန်ဘာသာရဲ့တန်ဖိုးထားမှုတွေကို အခြေခံပြီး ကြီးပြင်းလာရပုံက အရေးပါနေတာကိုလည်း ဖတ်နေရမှာဖြစ်တယ်။ စိတ်အားထက်သန်စရာတွေပါတဲ့ စာအုပ်ဖြစ်တယ်။
Posted On September 30, 2016, By Editorial

The Essays of Warren Buffett

''The Essays of Warren Buffett'' by Warren Buffett အသက် ၈၅ နှစ်ရှိ Berkshire Hathaway ရဲ့ CEO လည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Warren Buffett ဟာ သမိုင်းတစ်လျှောက် စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ကြရာမှာ အတော်ဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ အခုစာအုပ်ထဲမှာ သူဟာ Berkshire Hathaway ရဲ့ ရှယ်ယာဝင်တွေဆီကို ရေးသားပေးနိုင်ခဲ့တဲ့စာတွေကို စုစည်းပြီးတင်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သူ့ရဲ့အတွေးအမြင် အယူအဆတွေ ဖြစ်ပါတယ်။ အကြောင်းအရာတွေဟာ ရှုပ်ထွေးတယ်လို့ ထင်ရပေမဲ့ သူ့အရေးအသားက ဖတ်ရတာလွယ်ကူပါတယ်။ အတွေးအခေါ် အယူအဆတွေကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ ယှဉ်တွဲဖော်ပြပေးထားပါတယ်။
Posted On September 22, 2016, By Editorial
1 4 5 6 7 8 12