Now, Discover Your Strengths

Now, Discover Your Strengths

by Marcus Buckingham and Donald O.Clifton

nowdiscover

Facebook ရဲ့ HR အကြီးအကဲ Lori Goler က သူ့ Career အစမှာ ဒီစာအုပ်ကို ဖတ်ခဲ့ပြီး ဒါက သူ့ရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုဆိုင်ရာဒဿနပေါ်မှာ လွှမ်းမိုးထားတယ်လို့ ဆိုပါတယ်။ ဒီစာအုပ်ရဲ့အဓိကပေးချင်တဲ့ အကြံဉာဏ်ကတော့ ကုမ္ပဏီတွေဟာ အလုပ်သမားတွေရဲ့ ထူးခြားတဲ့ပါရမီစွမ်းအားတွေကို ပြောင်မြောက်အောင်ကူညီပေးမယ်ဆိုရင် ပိုကောင်းတဲ့စွမ်းဆောင်နိုင်မှုတွေကို ရနိုင်မယ်လို့ ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့စွမ်းရည်ကို သေချာနားလည်ရင် သူတို့ကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်ပြီး ပိုတော်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာမယ်လို့ ဆိုလိုပါတယ်။