The Essays of Warren Buffett

''The Essays of Warren Buffett'' by Warren Buffett

buffett

အသက် ၈၅ နှစ်ရှိ Berkshire Hathaway ရဲ့ CEO လည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်တဲ့ Warren Buffett ဟာ သမိုင်းတစ်လျှောက် စီးပွားရေးရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ကြရာမှာ အတော်ဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။

အခုစာအုပ်ထဲမှာ သူဟာ Berkshire Hathaway ရဲ့ ရှယ်ယာဝင်တွေဆီကို ရေးသားပေးနိုင်ခဲ့တဲ့စာတွေကို စုစည်းပြီးတင်ပြထားပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သူ့ရဲ့အတွေးအမြင် အယူအဆတွေ ဖြစ်ပါတယ်။ အကြောင်းအရာတွေဟာ ရှုပ်ထွေးတယ်လို့ ထင်ရပေမဲ့ သူ့အရေးအသားက ဖတ်ရတာလွယ်ကူပါတယ်။ အတွေးအခေါ် အယူအဆတွေကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ ယှဉ်တွဲဖော်ပြပေးထားပါတယ်။