advertisement-image
Articles

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး TEDx ဟောပြောပွဲ

ပထမဦးဆုံး TED Talk ကို ၁၉၈၄ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ Richard Saul Wurman နဲ့ Harry Marks တို့က စတင်ကျင်းပခဲ့တာ ဖြစ်တယ်။ TED ရဲ့ အဓိပ္ပာယ်မှာ (Technolgy ၊ Entertainment ၊ Design) နည်းပညာ၊ ဖျော်ဖြေမှုနဲ့ ဒီဇိုင်းတို့ဖြစ်ပြီး ပထမဆုံး TAD Talk မှာ နည်းပညာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ပါတယ်။ ပထမဆုံး TAD Talk ဟာ ငွေရေးကြေးရေးအရ အောင်မြင်မှုမရခဲ့ပါဘူး။ ဒုတိယအကြိမ်ဟောပြောပွဲကို ခြောက်နှစ်အကြာ ၁၉၉၀ ပြည့်နှစ်မှာ ထပ်ပြီးကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်း နာမည်ရလာကာ ၂၀၀၉ ခုနှစ်အထိ နှစ်စဉ် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား Monterey […]
Posted On June 20, 2016, By Editorial

လူငယ်နှင့် ခြေလှမ်းများ

၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နဲ့ ၂၆ ရက်တွေမှာ လူငယ်များရဲ့ Business Idea ပြိုင်ပွဲကို Steps က ဦးဆောင်ဦးစီးပြုလုပ်ခဲ့ပါတယ်။ Steps – Social Entrepreneur Community for Myanmar Youth အဖွဲ့ဟာ မြန်မာနိုင်ငံက ကျောင်းသားလူငယ်သုံးဦး၊ ဂျပန်နိုင်ငံက ကျောင်းသားလူငယ်သုံးဦးတို့ စုစည်းဖွဲ့တည်ထားတာပါ။ မတ်လ ၂၃ ရက်နေ့က အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်းရှိကြတဲ့ လူငယ်အဖွဲ့ ၁၆ ဖွဲ့လောက်ဟာ Strategy First သင်တန်းကျောင်းမှာ Idea Contest ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးယှဉ်ပြိုင်နိုင်ဖို့ အဖွဲ့ခြောက်ဖွဲ့ ရွေးချယ်ခဲ့ပါတယ်။ ပထမနေ့မှာတော Sunflower မှ ဒေါ်ဖြူအိသိန်းနဲ့ Strategy First […]
Posted On June 20, 2016, By Editorial

အလုပ်ကြောင့် စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ တက်ကြွနေစေမယ့် နည်းလမ်းများ

သင်ဟာ သင့်အလုပ်ကို ဘယ်လောက်ပဲမြတ်နိုးပါစေ၊ တစ်ခါတလေ အားအင်ကုန်ခန်းသွားတတ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သင်ဟာ စီမံကိန်းအကြီးစားတစ်ခုလုပ်နေပြီး နောက်စီမံကိန်းအတွက် လှုံဆော်မှုရရှိဖို့ အခက်တွေ့ချင်တွေ့နေလိမ့်မယ်။ သင့်မိသားစုဘ၀က သင့်စွမ်းအားတွေကို လိုတာထက်ပိုပြီး ကုန်ခန်းစေတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သင်ငြီးငွေ့နေတာလည်း ဖြစ်နိုင်တယ်။ သင်ဘယ်လို အားပြန်ဖြည့်မလဲ။ အားဖြည့်နည်းတချို့က တခြားနည်းတွေထက် ပိုကောင်းပါသလား။ သင်ခံစားနေရတာဟာ ရိုးရိုးစိတ်ထောင်းကိုယ်ကြေဖြစ်မှုလား၊ ဒါမှမဟုတ် နာတာရှည် ဘ၀င်မကျမှုလားဆိုတာ သင်ဘယ်လိုခွဲခြားသိမှာလဲ။ ကျွမ်းကျင်သူတွေက ဒီလိုပြောထားကြပါတယ် . . . သင်အလုပ်လုပ်ရာမှာ သင့်မှာရှိတဲ့ စွမ်းအင်ပမာဏထက် ပိုပြီးအသုံးပြုရလို့ စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်ခြင်းဟာ ခေတ်ပေါ်လုပ်ငန်းခွင်ကူးစက်ရောဂါလို့ ခေါ်ပါတယ်။ ''လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်ပိုပြီး အခုအဲဒါပိုဖြစ်တာ သေချာတယ်။ အဓိကကတော့ ကျွန်တော်ရဲ့အာရုံကို ဆွဲဆောင်ပြီး အရာရာကို အရေးကြီးတယ်လို့ ထင်မှတ်စေတဲ့ […]
Posted On May 11, 2016, By Editorial

လက်ရှိနိုင်ငံတကာမှာ ရေနံဈေးတွေကျနေတာ ဘယ်လို Impact တွေ

လက်ရှိနိုင်ငံတကာမှာ ရေနံဈေးတွေကျနေတာ ဘယ်လို Impact တွေ ရှိနိုင်သလဲ။ á€ąá€”ဏကယပြဎး လတ်တလော ဒေါ်လာဈေးအနေအထားကိုလည်း သုံးသပ်ပေးပါဦး . . . ကျွန်တော်တို့နိုင်ငံအနေနဲ့ State Income နဲ့ Private Sector ရဲ့ လုပ်ငန်းလုပ်ကိုင်နိုင်မှုစွမ်းအား ခွဲကြည့်လိုက်ရင် State Income အနေနဲ့ကတော့ ရေနံဈေးတွေ ကျတယ်ဆိုရင် မြန်မာနိုင်ငံက တွက်ချက်တဲ့ Formulation အရ ဓာတ်ငွေ့(Gas) ဈေးကပါ ကျသွားပါတယ်။ အဲဒီအတွက် State Income က လျော့သွားပါမယ်။ ကုန်ထုတ်လုပ်မှုပိုင်းတွေ၊ ပို့ဆောင်ရေးပိုင်းတွေမှာလည်း လောင်စာကိုအမှီပြုပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်တာတွေရှိပါတယ်။ အဲဒီအပိုင်းတွေမှာ ရေနံဈေးကျတဲ့အခါမှာ ဒီဇယ်၊ ဓာတ်ဆီဈေးတွေ ကျလာလို့ သယ်ယူပို့ဆောင်တဲ့ စရိတ်တွေကျတဲ့အတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးလေးတွေ ရပါတယ်။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် […]
Posted On May 11, 2016, By Editorial

Smart Worker တစ်ယောက်ဖြစ်ဖို့

Smart Worker တစ်ယောက်ဖြစ်လာဖို့က အလုပ်ကိုချည်းပဲ ကြိုးစားပမ်းစားလုပ်နေဖို့၊ အားကုန်စိုက်ထည့်ပြီးပဲ လုပ်ရတာမျိုးမဟုတ်ဘဲ လုပ်ငန်းဆောင်တာတွေကို စမတ်ကျကျနဲ့ စီမံခန့်ခွဲနိုင်ဖို့ပဲ လိုပါတယ်။ ဒါကြောင့် Smart Worker ချည်းမဟုတ်ဘဲ Productiive နဲ့ Efficient Worker တစ်ယောက်ဖြစ်လာဖို့ အောက်မှာဖော်ပြထားတဲ့အချက်တွေက အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ၁။ တိကျတဲ့ ရည်မှန်းချက်တစ်ခုထားရှိပါ . . . ရှင်းလင်းပြီး တိကျတဲ့ရည်မှန်းချက်ထားရှိတာက သင့်ရဲ့အောင်မြင်မှုဆီ မြန်မြန်ဆန်ဆန်နဲ့ အရောက်သွားနိုင်မှာပါ။ သင်ဟာ အောင်မြင်မှုတစ်ခုတည့်ဆီ အာရုံစိုက်လေ သင့်ရဲ့ရည်မှန်းချက်ဆီ မြန်မြန်ရောက်လေဆိုတာကို မမေ့သင့်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ များလေလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါးလေလေ ဖြစ်ပါတယ်။ ကိုယ်ဦးစားပေးရမှာတွေအတွက် အချိန်သတ်မှတ်ပေးထားတာက အကြောင်းမဲ့အချိန်ကုန်တာမျိုးတွေကို တားဆီးပေးမှာပါ။ ဒီလိုကိုယ့်ရဲ့ Target တွေနဲ့ ဦးစားပေးရမှာတွေကို သတ်သတ်မှတ်မှတ် […]
Posted On May 6, 2016, By Editorial

မှန်ကန်သောခံယူချက်နှင့်အသံ

ပြီးခဲ့တဲ့နှစ်တွေကို ပြန်လည်သုံးသပ်ကြည့်ရင် စီးပွားရေးလောကမှာ ယုံကြည်မှု 'Trust' ဆိုတာ လုံးဝပျက်စီးသွားခဲ့တယ်။ အများပြည်သူနဲ့သက်ဆိုင်တဲ့ စတော့ရှယ်ယာဈေးကွက်တွေမှာ ယုံကြည်မှုဆိုတာ လုံးဝကင်းမဲ့သွားသလို ထိပ်ပိုင်းဦးဆောင်သူတွေနဲ့ သူတို့ရဲ့လုပ်ဆောင်မှုပုံစံတွေကို လုံးဝအယုံကြည်ကင်းမဲ့သွားတာမျိုး တွေ့မြင်နေရပါတယ်။ အများပြည်သူလက်ခံထားတဲ့ Trust ပျက်တယ်ဆိုတာက အများစုဟာ မရိုးမသားလုပ်ဆောင်လို့ဆိုတာထက် လောဘကြီးတာရဲ့ရလဒ်ကြောင့် ဆိုတာပါပဲ။ တစ်နည်းအားဖြင့် သူများရဲ့ပိုက်ဆံတွေနဲ့ မိမိချမ်းသာအောင် လုပ်ဆောင်ခြင်းပါပဲ။ အဲဒါတွေရဲ့ရလဒ်ကတော့ အမေရိကန်နဲ့ ဗြိတိန်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ကော်ပိုရေးရှင်းကြီးတွေမှာ ငွေကြေးပြဿနာတွေ ကြုံရပြီး တော်တော်များများ ပျက်စီးသွားတာဟာ နှမြောစရာပါပဲ။ လောဘသတ်လိုက်တာပါပဲ။ အဲဒါတွေ ကြုံတွေ့လာရတာနဲ့ နောက်ဆက်တွဲ ကောင်းတာတစ်ခုကတော့ စည်းကမ်းသတ်မှတ်ချက်တွေ ဥပဒေတွေ အများကြီးထွက်လာတာပါပဲ။ ကျွန်တော့် ပုဂ္ဂိုလ်ရေးသုံးသပ်ချက်ကတော့ ယုံကြည်မှုကင်းမဲ့ခြင်း၊ မတရားလောဘရှိခြင်းနဲ့ လက်လွတ်စပယ် လုပ်ကိုင်ခြင်းတို့ဟာ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုလို ဖြစ်ခြင်းကြောင့် အဲဒီလိုပြဿနာတွေ၊ ဆုံးရှုံးမှုတွေ […]
Posted On May 6, 2016, By Editorial

မြန်မာနိုင်ငံ၏ အံ့သြဖွယ်ရာ စီးပွားရေးနိမိတ်လက္ခဏာများ

ယနေ့စီးပွားရေးလုပ်ငန်းတွေဟာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ကိုယ့်လုပ်ငန်း နောက်ကျန်မနေခဲ့ဖို့နဲ့ ပြောင်းလဲလာတဲ့ စီးပွားရေးအလားအလာတွေကို သိရှိဖို့အတွက် CEO မဂ္ဂဇင်းကကြီးမှူးတဲ့ Potential Economic Miracles of Myanmar  ခေါင်းစဉ်နဲ့ Panel Discussion ကို ရန်ကုန်မြို့ရှိ Chatrium Hotel  မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Moderator အဖြစ် ဦးဆောင်ပြီး Deloitte Consulting Myanmar ရဲ့ Executive Director ဦးချစ်ထွန်းဖေ၊ Myanmar Information Technology ရဲ့ Managing Director ဒေါက်တာထွန်းသူရသက်၊ Myanmar Voyages International ရဲ့ Managing […]
Posted On April 25, 2016, By Editorial

စီးပွားရေးလုပ်ငန်းတွင် လိုက်နာထားရှိသင့်သည့် Ethics

ဘာလူမျိုး၊ ဘာဘာသာဝင်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ရာမှာ အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် Ethics ရှိဖို့ အရေးကြီးပါတယ်။ Ethics မရှိတဲ့လူဟာ ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် ရေရှည်မအောင်မြင်နိုင်သလို နောက်ထပ်လုပ်ငန်းတွေ ဆက်လုပ်ရင်လည်း လူတွေရဲ့ယုံကြည်မှုကို ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာလက်ရာ၊ မြန်မာအစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၀၄ ခုနှစ်ကတည်းက မြန်မာပြည်မှာ ပထမဆုံးစတင်လုပ်ကိုင်ခဲ့တဲ့ ပဒုမ္မာစားသောက်ဆိုင်ရဲ့ပိုင်ရှင် ဦးဆန်နီအောင်ခင်နဲ့ တွေ့ဆုံခိုက်မှာ Ethics ဆိုင်ရာ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။ ဦးဆန်နီအောင်ခင် ပိုင်ရှင် ပဒုမ္မာစားသောက်ဆိုင် စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ . . . Ethics ၊ Etiquette ဟာ စီးပွားရေးလုပ်ရာမှာ တအားအရေးကြီးပါတယ်။ အထူးသဖြင့် ဒီရွေးကောက်ပွဲနောက်ပိုင်းမှာ မြန်မာပြည်ကို နိုင်ငံခြားသားဧည့်သည်တွေ အများကြီးဝင်လာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ မြန်မာအစားအစာကို မြှင့်တင်ပေးဖို့လိုပါတယ်။ […]
Posted On April 5, 2016, By Editorial

ပရောဂျက်စီမံခန့်ခွဲခြင်း (Project Management)

Project Management မှာ ကုမ္ပဏီကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်စဉ် Process နှင့်မတူ ကွဲပြားသည်။ Project စီမံခန့်ခွဲခြင်းမှာ ရှုပ်ထွေးသည်။ သီးသန့်လုပ်ငန်းတစ်ခုကို စီမံကိန်းအစီအစဉ် ရေးဆွဲသတ်မှတ်၍ ပြီးရမည့်နေ့တွင် မပြီးပြီးအောင် လုပ်ရခြင်းဖြစ်သည်။ Process မှာ လုပ်ငန်း Function တစ်ခုကို တစ်ဆက်တည်းလုပ်၍ ကုန်ပစ္စည်း၊ သို့မဟုတ် လုပ်ဆောင်မှုပြီးစီးသည်အထိ လုပ်သည်။ Project မှာ သီးသန့်တာဝန်ယူရသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စရမည့်နေ့ရက်၊ အပြီးသတ်ရမည့် နေ့ရက်တို့ကို အတိအကျ သတ်မှတ်ထားသည်။ Project ရည်ရွယ်ချက်မှာ ကုန်အသစ်၊ သို့မဟုတ် စက်ရုံအသစ်လုပ်ရန် ဖြစ်တတ်သည်။ Project တစ်ခုပြီးစီးအောင် လုပ်နိုင်ဖို့ လိုအပ်သောကျွမ်းကျင်မှုမှာ Process တစ်ခုတွင် လုပ်ရသောအလုပ်နှင့် ကွဲပြားသဖြင့် Project အတွက် သီးခြားနည်းလမ်းနှင့် စည်းကမ်းစနစ်ရှိရသည်။ Project လုပ်ငန်းအတွက် […]
Posted On April 5, 2016, By Editorial

လုပ်ငန်းခွင်မှာ အကျင့်ဆိုးတွေ မပြုမိစေဖို့

အရင်က ကျွန်တော်တို့အလုပ်မှာ James ဟာ လုပ်ဖော်ကိုင်ဖက်တွေ သူ့ကိုဘာလို့စိတ်ပျက်ရတယ်၊ စိတ်ညစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိဘဲဖြစ်ခဲ့ပါတယ်။ တကယ်တော့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့ကိုအစည်းအဝေးမှာဆိုရင် အမြဲတမ်းအစည်းအဝေးစပြီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှ ရောက်လာတာတွေ၊ အစည်းအဝေးခန်းထဲ လက်ကိုင်ဖုန်းယူလာတာတွေ၊ ဖုန်းပြောတာတွေ၊ အီးမေလ်းစစ်တာတွေ စတဲ့ အကျင့်ဆိုးတွေကြောင့် စိတ်ပျက်ကြတာဖြစ်ပါတယ်။ ဒါမျိုးဘာလို့လုပ်တာလည်းလို့ သူ့ကိုမေးကြည့်တဲ့အခါမှာ ကျွန်တော့်မန်နေဂျာက ကျွန်တော်ဘယ်လောက် အလုပ်ကြိုးစားတယ်ဆိုတာကို သိစေချင်လို့ပါတဲ့။ ဒါကြောင့် ကျွန်တော်နေမကောင်းဖြစ်တာတောင်မှ တစ်ရက်မှခွင့်မယူဘဲ အလုပ်လာတတ်တာပါလို့ ပြန်ဖြေတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့ လိုပါတယ်။ မဟုတ်ရင် လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အပေါ် အမြင်စောင်းတာတွေ၊ စိတ်ပျက်တာတွေဖြစ်စေမယ့်အပြင် ကိုယ့်အတွက် လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်မှန်းမသိဖြစ်လာစေမှာပါ။ ဒါကြောင့် သူ့ကို လုပ်ငန်းခွင်မှာ […]
Posted On April 5, 2016, By Editorial
1 67 68 69 70 71 94