advertisement-image
Technology

Samsung Galaxy S5

Samsung Galaxy S5 MicroSIM နဲ့ သုံးရမယ့် Samsung ရဲ့Galaxy Series Smartphone ဟာ ၅.၁ လက်မအရွယ်မျက်နှာပြင်နဲ့ပါ။Internal Storage 16GB ရှိပြီး RAM 2GBရှိပြီး Android OS 4.4.2ကို အသုံးပြုထားပါတယ်။ သူ့မှာ 16MP Rare Camera နဲ့  2MP Frot Camera တို့ ပါဝင်ပါတယ်။ တန်ဖိုး – ၆၄၅,၀၀၀ ကျပ်ဝန်းကျင် Samsung Mobile Brand Shops ၀၁-၂၃၉၉၈၈၈      
Posted On May 17, 2014, By Editorial

Nokia Lumia 820

Nokia Lumia 820 မျက်နှာပြင်အကျယ် ၄.၃ လက်မရှိတဲ့ Nokia ရဲ့ Lumia 820 ဟာWindows Phone 8 OS နဲ့ဖြစ်ပါတယ်RAM 1GB ရှိပြီးInternal Memory 8 GB ရှိကာ MicroSD Card ကို 64 GB အထိ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Camera ကတော့ 8MP ပါ။ တန်ဖိုး – ၃၈၀,၀၀၀ ကျပ်ဝန်းကျင် e-city ၀၁-၂၂၄၃၆၀
Posted On May 17, 2014, By Editorial

6th Myanmar Mobile Fair YGN 2014

Zillion Business Service ကနေကြီးမှူးကျင်းပတဲ့ ၆ ကြိမ်မြောက် Mobile Fair YGN 2014  ပြပွဲကို ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ၂၀၁၄ ခုနှစ် မေလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို မေလ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်းကို  အသစ်ဝင်ရောက်လာတဲ့ Mobile Phone Brand များ၊ နည်းပညာနဲ့ ၀န်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်နေတဲ့  Mobile Phone  လုပ်ငန်းရှင်များ ၀င်ရောက်ပြသခဲ့ပါတယ်    
Posted On May 14, 2014, By Editorial

ရန်ကုန်တက္ကသိုလ်ရှိ ICoE တွင် E-book ပေါင်း လေးသန်းကျော်ပါဝင်သော Resource Center စတင်ဆောင်ရွက်

မြန်မာနိုင်ငံ၏ပညာမြင့်တင်လိုမှုအတွက် Johns Hopkins တက္ကသိုလ်က Professor များ၏ကြိုးစားမှုဖြင့် ရန်ကုန်တက္ကသိုလ် ICoE ဌာနတွင် သုတေသနအတွက်လို အပ်သော Database များဖြစ်သည့် EBook စာအုပ်ပေါင်း လေးသန်းကျော်ကို လှူဒါန်းခဲ့ပါသည်။ ပညာရေးသုတေသနအတွက်လိုအပ်သော Ebook များကို ရန်ကုန်တက္ကသိုလ်မှသည် မြန်မာနိုင်ငံတ၀န်းလုံး သုံးစွဲနိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားရင်းဖြင့် မြန်မာနိုင်ငံ၏ပညာရေးကို မြှင့်တင်ပေးမှာဖြစ်ကြောင်း တစေ့တစောင်း သိရှိခဲ့ရပါသည်။ Mr Karl Jackson Director of Asian Studies Program Chairman of IcoE အခုလိုလိုအပ်နေတဲ့အချက်အလက်တွေကိုMr Pote Lee   လှူဒါန်းလိုက်တာက တက္ကသိုလ်က ဆရာ ဆရာမတွေအ တွက်သာမက ကျောင်းသားကျောင်းသူတွေအတွက် အထူး အခွင့်အရေးပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ […]
Posted On April 29, 2014, By Editorial

Viberက iPhone အတွက်ဒီဇိုင်းသစ်နဲ့ Blackberry 10 အတွက် ဒီဇိုင်းများ ဖြန့်ချိ

  Message ပို့ခြင်းနဲ့ အရည်သွေးမြင့်ဖုန်းခေါ်ဆိုမှုတွေကို အခမဲ့ ၀န်ဆောင်မှုပေးထားတဲ့ Viber (www.viber.com)အနေနဲ့ iPhone app ဒီဇိုင်းအသစ်ဖြန့်ချီကြောင်းကို ဧပြီလ ၂၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီ Applicationအသစ်ဟာ iOS 7စနစ်အတွက် ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပြီးအရင်က ပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ Viber က Blackberry 10 အတွက်လည်း နာမည်ကြီးနည်းပညာလုပ်ဆောင်ချက်တွေ ထည့်သွင်း  ဆန်းသစ်ထားတဲ့ နောက်ဆုံးပေါ်မိုဘိုင်းappအသစ်တစ်ခုကိုပါ မိတ်ဆက်ခဲ့ပါတယ်။ “Viberကို ကနဦးကတည်းက သုံးရစွဲရတာ ရိုးရှင်းလွယ်ကူအောင် လုပ်ထားတာပါ။ အဲဒါကို ပိုမိုပြေပြစ် ညက်ညောတဲ့ iOS 7 စနစ်နဲ့ဖြည့်စွက်ပြီးတော့ ခင်ဗျားတို့မိုးဘိုင်းဖုန်းတွေမှာ အထစ်အငေါ့မရှိပဲ လုံးဝ တစ်သားတည်း တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတစ်ရပ်အထိ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာပါ။ ကျွန်တော်တို့အသစ်တင်ဆက်လိုက်တဲ့ Blackberry […]
Posted On April 23, 2014, By Editorial

မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်မည့် Nokia Solutions and Networks (NSN)

Nokia Solutions and Networks (NSN) က ရန်ကုန်မှာ ကိုယ်စားလှယ် ရုံးခွဲသစ်နှစ်ခုကို ဖွင့်လှစ်လိုက်ကြောင်း ဧပြီလ၊ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ပြည်တွင်းရှိ ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်ဆံရေး တိုးမြှင့်ရန်နှင့် ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ပိုမိုထိရောက်စွာ တိုးချဲ့ပေးအပ်နိုင်ဖို့ ရည်ရွယ်ကာ ဒီလိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရုံးခွဲဖွင့်လှစ်လိုက်တာကြောင့် NSN အနေနဲ့ ပြည်သူများအကြား မိုဘိုင်းဖုန်းကွန်ရက်ရောက်ရှိသုံးစွဲမှု ပိုမိုကျယ်ပြန့်လာစေရန် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများကို ကူညီ ဆောင်ရွက် ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “မြန်မာနိုင်ငံရဲ့ မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေသလို NSN အနေနဲ့လည်း ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေအတွက် ထောက်ကူပေးရင်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ဒီထက်ပိုပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်သွားမှာပါ” ဟု NSN ရဲ့ […]
Posted On April 23, 2014, By Editorial

အလားလာကောင်းတွေနဲ့မြန်မာနိုင်ငံရဲ့ Online Shopping ဈေးကွက်

နိုင်ငံတကာမှာ အင်တာနက်နည်းပညာထွန်းကားမှုကြောင့် စီးပွားရေးလုပ်တဲ့ ပုံစံတွေပြောင်းလဲပြီး အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း  တွေ ကြီးထွားနေတာ အချိန်အတိုင်းတာတစ်ခုရှိခဲ့ပြီဖြစ်ပါတယ်။ Amazon ၊ eBay ၊ Alibaba ၊ ဂျပန်နိုင်ငံက Rakuten နဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး Online Store  ဖြစ်တဲ့ 360 Buy တို့လို နိုင်ငံတကာက နာမည်ကျော် လုပ်ငန်းကြီးတွေအောင်မြင်နေသလို အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် Lazada Philippines  နဲ့ ထိုင်းနိုင်ငံမှာဆိုရင်Tarad စတဲ့ အွန်လိုင်း အရောင်းအ၀ယ်လုပ်ငန်းတွေ ထွန်းကားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် အိုင်တီအခြေခံအဆောက်အအုံတွေ၊ ဘဏ်လုပ်ငန်းနဲ့ ငွေပေးချေမှုစနစ်တွေတိုးတက်ကောင်းမွန်လာတာနဲ့အမျှ အွန်လိုင်းအရောင်းအ၀ယ်လုပ်ငန်း (E-commerce) တွေ တိုးတက်ဖွံ့ဖြိုးလာမယ့် အလားအလာ ကောင်းတွေရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ လက်ရှိ Online […]
Posted On April 11, 2014, By Editorial

ဗိတိန်နှင့် ဂျာမနီတို့ ပူးပေါင်းပြီး 5G Mobile Network အတွက် ဆောင်ရွက်မယ်

အနာဂတ်ကာလတွင် အမြန်နှုန်းမြင့် Mobile Network  အတွက် ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron  က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားရာမှာ သူတို့နှစ်နိုင်ငံဟာ နယ်ပယ်သုံးခုမှာ ပူးပေါင်းပြီး မြန်နှုန်းမြင့်ကမ္ဘာကြီးဆီသို့ ရောက်ရှိအောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ 5G Network ဟာ ရုပ်ရှင်ကားတစ်ကားစာက Download   လုပ်ချိန် တစ်စက္ကန့်ပဲ ကြာမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိ တဲ့သုတေသီတွေအတွက်တော့ တကယ့်ဆုလဒ်ကြီးတစ်ပါး ဖြစ်တယ် လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကပြောပါတယ်။ သူတို့ ပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်ကို Datability လို့အမည် ပေးထားပါတယ်။ ဆိုလိုတာကတော့ အချက်အလက်ကိန်းဂဏန်းတွေ ဘယ်လောက် ပဲများများ လျင်မြန်စွာနဲ့ အမှားအယွင်းမရှိ မှန်ကန်အောင် အသုံးချနိုင်မယ့် စွမ်းရည်ရရှိစေမယ်လို့ အာမခံ […]
Posted On April 5, 2014, By Editorial

Ericsson မှ မြန်မာနိုင်ငံတွင် Telenor ၏ network supplierနှင့် managed services provider အဖြစ်ရွေးချယ်ခံရ

Telenor ၏ တစ်နိုင်ငံလုံးကွန်ရက်ချဲ့ထွင်မှုကို ထောက်ပံ့ကူညီပေးရန် multi-vendor managed services အတွက် ငါးနှစ်သက်တမ်းလုပ်ကိုင်ခွင့်ရရှိကြောင်း Ericssson က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါသည်။ Telenor ၏ ပြည်တွင်းကွန်ရက်ဆိုင်ရာ အရေးပါသောလုပ်ငန်းဖြစ်သည့် Radio-Access Network (RAN) နှင့် ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများကို Ericsson က ထောက်ပံ့ ဖြည့်သွင်းပေးခွင့်ကို ပြီးခဲ့သည့်နှစ်နှောင်းပိုင်းကလည်း သဘောတူညီချက် ရရှိထားပြီးဖြစ်ကြောင်းလည်း သိရပါသည်။ Ericsson ၏ Multi-standard Network Solution ကို အနာဂတ် လိုအပ်ချက်များအတိုင်း အဆင့်မြှင့်(Upgrade) နိုင်မည့် 2G နှင့် 3G ပစ္စည်းကိရိယာတပ်ဆင်ပေးမှုများနှင့်အတူ network ဖြန့်ကျက်မှုတွင်ပါ အသုံးပြုမည်ဖြစ်ကြောင်း၊ Network ဖြန့်ကျက်နိုင်အောင်ပြင်ဆင်သောအနေဖြင့် ပြည်တွင်းဝန်ထမ်းခန့်ထားမှုများကို လာမည့် လအနည်းငယ်အတွင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ခန့်ထားပြီးသူများအတွက် […]
Posted On March 31, 2014, By Editorial

Nikon D4s ကင်မရာသစ် ၀င်ရောက်လာ

Nikon Singapore Pte Ltd နဲ့ Special Style Photo & Electronics တို့က စီစဉ်တဲ့ Nikon D4s ကင်မရာသစ်မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်က ရန်ကုန်မြို့ရှိ International Business Centre(IBC) မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ  Special Style Photo & Electronics ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်ဝင်းက အဖွင့်အမှာကားပြောကြားခဲ့ပြီး ဓာတ်ပုံပညာရှင် ကျော်ကျော်ဝင်း (MPS) က Nikon D4s ကင်မရာသစ်ကို ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံတွေကို ရှင်းလင်းတင်ပြခဲ့ပါ တယ်။ Nikon D4s ကင်မရာမှာ Pro-Grade ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီသက်တမ်းအတွင်း ဓာတ်ပုံပေါင်း ငါးထောင်ကျော် […]
Posted On March 25, 2014, By Editorial