advertisement-image
Technology

Google က ဂလူးကို့စ် ပမာဏကို စောင့်ကြည့်တိုင်းတာပေးမယ့် မျက်ကပ်မှန်တီထွင်

Google ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ မျက်ကပ်မှန်က မျက်ရည်ထဲမှာပါဝင်တဲ့ ဂလူးကို့စ် ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ ဒါဟာ နေ့စဉ် တစ်နေ့ကို ၁၀ ကြိမ်လောက် လက်ထိပ်ဖေါက်ကာ သွေးတွင်းပါဝင်တဲ့ ဂလူးကို့စ်ပမာဏ တိုင်းတာနေရတဲ့ ဆီးချိုဝေဒနာရှင်များအတွက် အလားအလာရှိတဲ့ အစားထိုးတိုင်းတာမှုတစ်ခုပါပဲ။ အသုံးပြုသူတွေဆီရောက်ဖို့ အနည်းဆုံး ၅ နှစ်လောက် အချိန်ကြာဦးမယ့် မျက်ကပ်မှန် ပုံစံငယ်ဟာ ကုမ္ပဏီတော်တော်များများက ဆီးချိုရောဂါဝေဒနာရှင်များအတွက် သက်သောင့်သက်သာပိုရှိပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖောက်ထွင်းရမှုနည်းပါးအောင် ကြိုးစားပြုလုပ်တီထွင်နေကြတဲ့ ဆေးပညာပစ္စည်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီမျက်ကပ်မှန်က အလွန်တရာသေးငယ်တဲ့ ဂလူးကို့စ် sensor နဲ့ ကြိုးမဲ့ transmitter တို့ကိုအသုံးပြုကာ အင်ဆူလင်အသုံးပြုဖို့လိုနေတဲ့ ကမ္ဘာပေါ်က ဆီးချိုးဝေဒနာရှင် ၃၈၂ သန်းကို သူတို့ရဲ့သွေးထဲမှာ သကြားပါဝင်မှုနှုန်းကို စောင့်ကြည့်ပြီး အသုံးပြုရမယ့် ဆေးပမာဏကို ချိန်ညှိပေးနိုင်စေပါတယ်။ […]
Posted On January 29, 2014, By Editorial

၂၀၁၄ ခုနှစ်အတွင်းမှာ PC နဲ့ Mobile တင်ပို့ရောင်းချမှု ၂.၅ ဘီလီယံအထိ မြင့်တက်လာနိုင်ဟု Gartner ခန့်မှန်း

၂၀၁၄ ခုနှစ်အတွင်းမှာ ကမ္ဘာ့လုံးဆိုင်ရာ PC နဲ့ Mobile တင်ပို့ရောင်းချမှုပမာဏဟာ ၂.၅ ဘီလီယံအထိ မြင့်တက်လာနိုင်တယ်လို့ သုတေသနကုမ္ပဏီ Gartner က ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။ ဒီပမာဏက ယမန်နှစ်ကထက်စာရင် ၈ ရာခိုင်နှုန်းနီးပါး တိုးလာတာဖြစ်ပါတယ်။ ဒီတိုးတက်လာမှုထဲမှာ PC တင်ပို့ရောင်းချမှုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ လျော့ကျနေတာဖြစ်လို့ တိုးမြင့်လာတဲ့ Tablet တွေနဲ့ Mobile phone တွေရဲ့ တင်ပို့ရောင်းချမှုပမာဏအတွက် ပိုနေရာရလာစေပါတယ်။ ပြီးတော့ Ultramobile ပစ္စည်းတွေဖြစ်တဲ့ laptop-tablet hybrid တွေရဲ့ တင်ပို့ရောင်းချမှုကလည်း ပိုမိုတိုးတက်လာပါတယ်။ Garter ကနေ Tablet တွေရဲ့ တင်ပို့မှုပမာဏဟာ ၂၀၁၄ ခုနှစ်အတွင်းမှာ အလုံးရေ ၂၆၃.၅ သန်းလောက်အထိ မြင့်တာလာမယ်လို့ ခန့်မှန်းပြောဆိုထားပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က […]
Posted On January 22, 2014, By Editorial

Huawei က မြန်မာနိုင်ငံအတွက် Barnd Ambassador ခန့်အပ်

Huawei ရဲ့ Brand Ambassador ခန့်အပ်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်က ရန်ကုန်မြို့ရှိ Traders Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Huawei ရဲ့ Brand Ambassador ခန့်အပ်ရတာနဲ့ ပတ်သက်လို့ Marketing Manager ဖြစ်တဲ့ မခင်ရတနာဝင်းက ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက် Huawei ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က Huawei နဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုး ခဲ့ပြီး မြန်မာနိုင်ငံအတွက် Brand Ambassador ဖြစ်လာတဲ့ ၀တ်မှုန်ရွှေရည်က `Huawei က စီစဉ်တဲ့ Event တွေ၊ ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်သွားဖို့ ရည်ရွယ်ထားပါတယ်။ အခုချိန်ကစပြီး ကျွန်မနဲ့ Huawei […]
Posted On January 16, 2014, By Editorial

IBM က Watson နည်းပညာကို သီးသန့်လုပ်ငန်းတစ်ခုအဖြစ် ခွဲထုတ်

  IBM ဟာ Watson အမည်ရှိ အင်တာနက် အချက်အလက်စုဆောင်းရေး (Cloud Computing) စနစ်ကို ကိုယ်ပိုင်လုပ်ငန်းခွဲအဖြစ် နယူယောက်မြို့က နေရာသစ်တစ်ခုမှာ ဖွင့်လှစ်သွားဖို့ ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေငြာလိုက်ပါတယ်။ IBM ဟာ Watson TV ပေါ်ထွက်လာပြီးတဲ့နောက် အဲဒီကွန်ပျူတာတွက်ချက်မှုစနစ်ကို ပိုမို လက်တွေ့ကျအောင် ဖန်တီးပြီး Cloud နည်းပညာ ၀န်ဆောင်မှုအဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ Watson ဟာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ကြီးမားတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကနေ ဘဏ်လုပ်ငန်းတွေအထိ နယ်ပယ်တွေမှာ လက်ရှိ အသုံးပြုလျက်ရှိပါတယ်။ IBM ရဲ့ CEO ဖြစ်သူ Ginni Rometty က “Watson ဟာ ကွန်ပျူတာအများစုမှာ ပါဝင်တဲ့ Program […]
Posted On January 10, 2014, By Editorial

၂၀၁၃ ခုနှစ်အတွင်း Apple ရဲ့ App store မှာ သုံးစွဲသူတွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲခဲ့

ပြီးခဲ့တဲ့နှစ်အတွင်းမှာ သုံးစွဲသူတွေဟာ Apple ရဲ့ App store မှာ Minecraft ၊ Angry Birds Star Wars နဲ့ Sleep Cycle တို့လို App တွေအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲခဲ့ကြတယ်လို့ Apple ကဆိုပါတယ်။  ဒီဇင်ဘာလကတော့ ဖောက်သည်တွေက App store မှာအမေရိကန်ဒေါ်လာ ၁ ဘီလီယံသုံးစွဲခဲ့ကြတဲ့အတွက် Apple ရဲ့ App store သမိုင်းမှာ အအောင်မြင်ဆုံးလဖြစ်ခဲ့ပါတယ်။ Apple ရဲ့ App Store မှာ iPhone ၊iPad နဲ့ iPod Touch တို့အတွက် App ပေါင်းတစ်သန်းကျော် ရရှိနိုင်ပါတယ်။ ဂိမ်းတွေအပြင် မဂ္ဂဇင်းတွေ၊ ခရီးသွားလုပ်ငန်း၊ […]
Posted On January 8, 2014, By Editorial

အဆင်တန်ဆာ နည်းပညာပစ္စည်းများ ပိုမိုတွင်ကျယ်လာနိုင်

စတင်ခါစ လုပ်ငန်းတွေနဲ့ Samsung, Qualcomm နဲ့ Sony တို့လို IT ကုမ္ပဏီကြီးတွေဟာ ခန္ဓာကိုယ်မှာ ၀တ်ဆင်နိုင်တဲ့ အဆင်တန်ဆာ ကွန်ပျူတာနည်းပညာ (Wearable Technology) တွေ ၂၀၁၄ မှာ ပိုမိုတွယ်ကျယ် လာမယ်လို့ မျှော်လင့်နေကြပါတယ်။ အားကစားလှုပ်ရှားရာမှာ ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေကို အတိအကျ သိရှိနိုင်အောင် ခန္ဓာကိုယ်မှာ ညှပ်ထားနိုင်၊ ပတ်ချည်ထားနိုင်တဲ့ ကိရိယာငယ်လေးတွေ ဈေးကွက်ထဲမှာ ရှိနေတာတော့ ကြာပါပြီ။ Smart လက်ပတ်နာရီတွေ၊ Google Glass လိုမျိုး အင်တာနက်ချိတ်ဆက်ထားတဲ့ မျက်မှန်တွေလည်း ပေါ်ထွက်နေပါတယ်။ Las Vegas မှာ အခုတစ်ပတ် ကျင်းပမဲ့ နိုင်ငံတကာ အီလက်ထရွန်းနစ် လူသုံးပစ္စည်းပြပွဲမှာ ကုမ္ပဏီ တော်တော်များများဟာ အသုံးပြုရ လွယ်ကူပြီး ဘက္ထရီသက်တမ်းပိုခံတဲ့ အဆိုပါ […]
Posted On January 6, 2014, By Editorial

လာမယ့်ငါးနှစ်အတွင်း ခေတ်တုံးသွားမယ့် နည်းပညာအသုံးအဆောင် ၅ မျိုး

နည်းပညာလောကမှာ တီထွင်ဆန်းသစ်မှု အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ယနေ့ခေတ် နည်းပညာ အသုံးအဆောင်တွေထဲက လာမဲ့ ငါးနှစ်မှာ မကျန်ရစ်နိုင်တော့တာတွေကို ခန့်မှန်းလို့ရနိုင်ပါတယ်။ Bluray နဲ့ DVD ဖွင့်စက် DVD တွေကော၊ Bluray စက်တွေကိုပါ တော်လှန်ပစ်တာက Netflix ကုမ္ပဏီကြောင့်ပါပဲ။ ရုပ်ရှင်တွေကို လိုသလို ကြည့်နိုင်တာနဲ့ အရည်အသွေးကောင်းမွန်တာတွေကြောင့် Netflix ဟာ လာမယ့်နှစ်တွေအတွင်း ပိုမိုခေတ်စားလာဦးမှာပါ။ တခြားကုမ္ပဏီတွေလည်း ပေါ်လာနိုင်ပါတယ်။ ကားထဲက GPS သီးသန့်စက် ခြောက်နှစ်ကျော်ကာလလေးအတွင်း တစ်ကမ္ဘာလုံးမှာ iPhone နဲ့ Android စမတ်ဖုန်း ၁.၃ ဘီလီယံကျော် ရောင်းချထားရပါတယ်။ ဖုန်းတိုင်းမှာလဲ မြေပုံဆော့ဖ်ဝဲတွေ ပါတယ်။ ဒါကြောင့် ၂၀၀၀ ပြည့်နှစ်လွန် ဆယ်စုနှစ်အလယ်ပိုင်းမှာ ခေတ်စားခဲ့တဲ့ GPS သီးသန့် စက်ကလေးတွေ […]
Posted On January 4, 2014, By Editorial

Samsung က ၁၁၀” အရွယ် Ultra-HD TV ကို ဒေါ်လာ ၁၅၀,၀၀၀ နှင့် ရောင်းချ

ဆိုးလ် ၊ တောင်ကိုးရီးယား (AP) – Samsung က သူ့ရဲ့ ၁၁၀”  TV ဟာ သာမန် HD TV တွေရဲ့ Resolution ထက် လေးဆရှိမှာဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ တစ်သောင်းခွဲနဲ့ တောင်ကိုးရီးယားမှာ ရောင်းချမယ်လို့ သိရပါတယ်။ တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ Samsung ရဲ့ TV အကြီးစား မိတ်ဆက်ကြေငြာမှုက ကမ္ဘာ့ TV ထုတ်လုပ်သူတွေအနေနဲ့ Ultra-HD TV ဈေးကွက်ထဲ ၀င်လာကြပြီဆိုတာကို ပြသနေပါတယ်။ ပြီးတော့ OLED နည်းပညာသုံး TV အကြီးစားတွေရဲ့ထုတ်လုပ်မှုက အကုန်အကျ အလွန်များပါတယ်။ Samsung နဲ့ သူ့ရဲ့ပြိုင်ဘက် LG Electronics တို့ဟာ ကမ္ဘာ့ ထိပ်တန်း TV ထုတ်လုပ်သူတွေဖြစ်ပြီး TV တွေရဲ့အနာဂတ်ဟာ OLED ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ကြပါတယ်။ OLED မျက်နှာပြင်တွေဟာ အလွန့်အလွန်ပါးလွှာပြီး ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာနဲ့ ပြသပေးနိုင်တဲ့အပြင် အရောင်ပြည့်ဝမှုလည်း […]
Posted On December 31, 2013, By Editorial

Privacy Lawများအရ စပိန်နိုင်ငံမှ Google ကို ဒေါ်လာ ၁.၂ သန်း ဒဏ်ရိုက်

စပိန်နိုင်ငံရဲ့ သတင်းအချက်အလက် ကာကွယ်ရေး Agency က နိုင်ငံရဲ့ ဥပဒေသ ၃ ခုကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ပတ်သက်ပြီး Search Engine Giant Google ကို ယူရို ကိုးသိန်း (ဒေါ်လာ ၁.၂ သန်း) ဒဏ်ငွေတပ်လိုက်တယ်လို့ ပြောပါတယ်။ Agency ရဲ့ ကြေငြာစာတမ်းမှာ ဥပဒေသ တစ်ခုကို ချိုးဖောက်မှုအတွက် ယူရို သုံးသိန်းစီ ဒဏ်တပ်ကာ ဥပဒေနဲ့အညီ နှောင့်နှေးခြင်းမရှိ ပြန်လည်ပြင်ဆင်ဖို့လည်း Google ကို တောင်းဆိုထားပါသေးတယ်။ အဲဒီ စာတမ်းမှာ Google က ကိုယ်ရေးအချက်အလက်တွေကို တရားမ၀င် စုဆောင်း၊ သုံးစွဲတယ်လို့ပြောထားပါတယ်။ ဆိုလိုတာကတော့ Google အနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှင်းလင်းသေချာစွာဖော်မပြထားတဲ့ ရည်ရွယ်ချက်တွေအတွက် စုပေါင်းသုံးဆွဲတယ်၊ ကိုယ်ရေးအချက်အလက်တွေကို အတိအကျသတ်မှတ်ထားတဲ့ အချိန်ကာလအတိုင်းအတာတစ်ခုအထိ သိမ်းဆည်းထိန်းသိမ်းထားတယ်ဆိုတာပါပဲ။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ […]
Posted On December 28, 2013, By Editorial

Apple က ကွေးညွတ်နိုင်တဲ့မျက်နှာပြင်၊ ပိုကောင်းတဲ့အာရုံခံစနစ်တို့ပါဝင်တဲ့ စမတ်ဖုန်းထုတ်ဖို့စီစဉ်နေ

Apple Inc ဟာ ကွေးညွှတ်နိုင်တဲ့ ဖန်သားပြင်နဲ့ Sensor အာရုံခံမှု ပိုကောင်းတဲ့  iPhone အသစ်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း သိရပါတယ်။ အဲဒီမျက်နှာပြင် ၄.၇ လက်မနဲ့ ၅.၅ လက်မရှိတဲ့ ဖုန်းသစ်နှစ်မျိုးဟာ Apple ရဲ့အကြီးဆုံး iPhone တွေ ဖြစ်လာပါမယ်။ ဒီဖုန်းတွေကို နောက်နှစ်တတိယသုံးလပတ်မှာ ရောင်းချဖွယ်ရှိကြောင်း  Bloomberg  စီးပွားရေးသတင်းအရ သိရပါတယ်။
Posted On December 27, 2013, By Editorial