advertisement-image
Technology

Motors.com.mm မှ Android App စတင်မိတ်ဆက်

Motors.com.mm ရဲ့ Android app ဟာ website ကိုသုံးရသလိုမျိုးလုပ်ဆောင်ချက်တွေအားလုံး ပါဝင်မှာ ဖြစ်ပြီး app ကို Google PlayStore မှ download ရယူနိုင်တယ်လို့ သိရပါတယ်။ App ထဲမှာ ကားအစီးရေ ၁၀,၅၀၀ ကျော်ကို အလွယ်တကူကြည့်ရှုနိုင်မှာဖြစ်ပြီး  ဒီ App ကို လက်ရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ကားရောင်းဝယ်လုပ်လိုသူများအသုံးပြုနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ တိုးတက်ဆဲနိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ မက္ကစီကို၊ ယူအေးအီးနဲ့ မြန်မာနိုင်ငံတွေမှာ Active ဖြစ်နေကြောင်း လည်း သိရပါတယ်။ App ကိုသုံးတဲ့သူတွေအနေနဲ့ ကားအမျိုးအစား၊ တံဆိပ်၊ မော်ဒယ်နဲ့ တန်ဖိုး စတာတွေကို အလွယ်တကူ ရှာနိုင်တဲ့အပြင် တခြား သူများ၏ comment […]
Posted On July 24, 2014, By Editorial

အရှေ့တောင်အာရှအတွက် Ericsson ရဲ့ Mobility Report

၂၀၁၃ ခုနှစ်၊ မတ်လက Telenor နဲ့ မိုဘိုင်းကွန်ရက်ထောက်ပံ့မှုအတွက် နားလည်မှုသဘောတူစာချုပ်(MOU) လက်မှတ်ထိုးထားတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ရဲ့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း 4G/LTE သုံးစွဲမှု စနစ်ကျယ်ပြန့်လာနိုင်ကြောင်း မိုဘိုင်းနည်းပညာအစီအရင်ခံစာ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ Ericsson ရဲ့ အစီအရင်ခံစာ တင်ပြချက်အရ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပိုင်းအတွင်း ဖုန်းများအားလုံးရောင်းချမှုတွင် စမတ်ဖုန်းတွေရဲ့ ရောင်းအားမှာ ၆၅ ရာခိုင်နှုန်းရှိလာခြင်း၊ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေထက်ကျော်လွန်ပြီး မိုဘိုင်းလိုင်းတွေ ပိုမိုသုံးစွဲလာနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ခန့်မှန်းချက်အရ မြောက်အမေရိကတွင် ၈၅ ရာခိုင်နှုန်း၊ ဥရောပတွင် ၃၀ […]
Posted On July 22, 2014, By Editorial

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် ဂျပန်နိုင်ငံရဲ့ ထိပ်သီးဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေဖြစ်တဲ့ KDDI ၊ Sumitomo Corporation တို့၏ လုပ်ငန်းသဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာနိုင်ငံတွင်လုပ်ကိုင်ခွင့်ပြုထားသော နိုင်ငံခြားဆက်သွယ်ရေးအော်ပရေတာနှစ်ခုနှင့်ယှဉ်ပြိုင်နိုင်ရန်၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို နည်းပညာမြင့်မားလာအောင်လုပ်ဆောင်နိုင်ရန်၊ Mobile ဖုန်း သုံးစွဲသူတွေအဆင်ပြေ ချောမွေ့လွယ်ကူလာစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ ကမ္ဘာ့ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ နံပါတ် ၁၁ နေရာတွင်ရှိနေတဲ့ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော ဘက်စုံဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ KDDI Corporation နဲ့  Sumitomo Corporation စတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီနှစ်ခုတို့နဲ့ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြတ်ဟိန်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr Tateshi Higuchi, KDDI Corporation ရဲ့Board of Director Mr Hidehiko Tajima, […]
Posted On July 17, 2014, By Editorial

Samsung က တခြားကုမ္ပဏီနဲ့ နာမည်တွဲပြီး Tablet ကွန်ပျူတာထုတ်မယ်

Samsung ဟာ အမေရိကန်နိုင်ငံရဲ့ စာအုပ်အရောင်းကုမ္ပဏီ Barnes & Noble  နဲ့ ပူးပေါင်းပြီး Samsung Galaxy Tab 4 Nook  ဆိုတဲ့ နာမည်နဲ့ Tablet ကွန်ပျူတာတွေ ထုတ်လုပ် ဖို့ အစီအစဉ်ရှိပါတယ်။ ဒီပစ္စည်းကိုသုံးပြီး Barnes & Noble  ရဲ့ဒစ်ဂျစ် တယ်စာအုပ်ပေါင်း သုံးသန်းကျော်ကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ နာမည်ကြီး မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေလည်း ပါပါတယ်။ Samsung   ဟာ ကမ္ဘာမှာ Tablet ကွန်ပျူတာတွေ ဒုတိယ အများဆုံးထုတ်လုပ်နေပါတယ်။ Samsung  ဟာ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ဈေးကွက်ရဲ့ ၂၂ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပါတယ်။                                Ref: AFP
Posted On July 4, 2014, By Editorial

GUSTO Institute of Information Technology ရဲ့ Graduation Ceremony

၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က GUSTO Institute of Information Technology ကျောင်းမှ  Graduation Ceremony ကို ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံအတွင်းရှိ ကရ၀ိတ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ GUSTO Institute of Information Technology ရဲ့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထိန်ဝင်း က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆုရကျောင်းသူကျောင်းသားများနဲ့ သင်တန်းတက်ရောက်အောင်မြင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို Certificate များပေးအပ်ချီးမြင့်ခဲ့ပါတယ်။ GUSTO နည်းပညာကျောင်း တည်ထောင်ရတဲ့ရည်ရွယ် ချက်နဲ့ပတ်သက်လို့ ဦးဝင်းထိန်းဝင်း က Gusto ကို ၂၀၀၆ ခုနှစ်က စတင် တည်ထောင် ခဲ့တာဖြစ်ပြီး လုပ်ငန်းခွင်ဝင်နိုင်မယ့် International Courses တွေကိုသာသင်ကြားပို့ချခဲ့တာဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှာတော့ […]
Posted On July 2, 2014, By Editorial

Samsung Galaxy Tab S မိတ်ဆက်ပွဲ

Samsung ကနေ မြန်မာနိုင်ငံဈေးကွက်ထဲကို အသစ်ဖြန့်ချိမယ့် Samsung Galaxy Tab S Product မိတ်ဆက်ပွဲကို ရန်ကုန်ရှိ Sule Shangri-La Hotel မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ Samsung မှတာဝန်ရှိသူများက Samsung Galaxy Tab S Product အကြောင်းကိုရှင်းလင်းပြောပြကြပြီး မော်ဒယ်သရုပ်ဆောင်များက Samsung Galaxy Tab S နဲ့အတူ သရုပ်ပြတင်ဆက်မှုတွေနဲ့ ကြော်ငြာခဲ့ပါတယ်။ Samsung Galaxy Tab S ဟာ အခုလက်ရှိအချိန်မှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး Tablet ဖြစ်ပြီး အဆင့်မြင့်ရုပ်ပုံဖေါ်ပြမှု နည်းပညာတွေနဲ့အတူ လက်တွေ့ဆန်သောဒီဇိုင်းများနဲ့ ပုံဖော်ထားပြီး လွယ်ကူလျင်မြန်စွာနဲ့ အလုပ်တွေကို တပြိုင်နက်လုပ်ဆောင်နိုင်စွမ်းရှိအောင် […]
Posted On July 2, 2014, By Editorial

Dell Inspiron 3000 & 5000 Series မိတ်ဆက်ပွဲ

  Dell Computer ကနေအသစ်ထွက်ရှိလာတဲ့ Inspiron 3000 နဲ့ Inspiron 5000series သစ်မိတ်ဆက်ပွဲကို ဇွန်လ ၂၇ ရက်နေ့က Junction Square Promotion ဧရိယာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသစ်ထွက်လာတဲ့ Inspiron series laptop တွေကို model တွေနဲ့ သရုပ်ပြကြေငြာခဲ့ကြပါတယ်။ Dell Computer ရဲ့ Inspiron Series laptop တွေမှာ  Intel ကနေနောက်ဆုံးထွက်ရှိလာတဲ့ နည်းပညာမြင့် 4th Generation Core Processors တွေ တပ်ဆင်ထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်အရည်အသွေး၊ ထိတွေ့အသုံးပြုနိုင်တဲ့ မျက်နှာပြင်တို့အပြင် အခြားထူးခြားတဲ့ Feature တွေပါဝင်တာဖြစ်ပြီး လူအများစုတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်စေရန် စီစဉ်ထားတယ်လို့ သိရပါတယ်။  
Posted On July 1, 2014, By Editorial

အသုံးပြုသူတွေရဲ့တောင်းဆိုမှုကြောင့် search result တချို့စတင်ပယ်ဖျက်ပေးခဲ့တဲ့ Google

အမ်စတာဒမ် (AP) – Goolge က ဥရောပက အသုံးပြုသူတစ်ချို့ရဲ့တောင်းဆိုမှုကြောင့် search result တွေထဲက တစ်ချို့ရလဒ်တွေကို စတင်ဖျက်ပေးနေပြီဖြစ်ပါတယ်။ ဒါက ဥရောပသမ္မဂနိုင်ငံသားတွေရဲ့ တောင်းဆိုမှုအရ သူတို့နာမည်တွေကိုရိုက်ထည့်ရှာဖွေရာကနေ ထွက်ရှိလာတဲ့ ရှာဖွေမှုရလဒ်တွေထဲမှာ မသင့်တော်တဲ့၊ ကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ သတင်းအချက်အလက်တွေကို ဖယ်ထုတ်ပေးဖို့ တောင်းဆိုခွင့်ရှိတယ်ဆိုတဲ့ ဥပဒေအရ လုပ်ပေးရတာဖြစ်ပါတယ်။ ”Right to be forgotten” ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ Europen Court of Justice က ရက်သတ္တပတ်ပေါင်းများစွာ ဥပဒေပြုပြီးနောက်မှာတော့ Google က အသုံးပြုသူတွေအတွက် compliant တွေ ကို ၀င်ရောက်တင်ပြနိုင်မယ့် online interface တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ Goolge ရဲ့ ပြောရေးဆိုခွင့်ရှိသူ AI Verney က […]
Posted On June 27, 2014, By Editorial

Sony အရှုံးပိုများလာနိုင်

  တစ်ခါက အလွန်တောင့်တင်းခိုင်မာ ခဲ့တဲ့ Sony ကုမ္ပဏီဟာ PC ထုတ်လုပ်ရေးလုပ်ငန်းကို စွန့်လွှတ်လိုက်တဲ့ အတွက် အရှုံး ပေါ်မှုတွေဟာ တင်ထားတာ ထက် ပိုများ လာနိုင်တယ် လို့ သိရပါတယ်။ အခုလည်း ကုမ္ပဏီကို ခဲရာခဲ ဆစ်ပြန်လည်ပြင်ဆင် ဖွဲ့စည်းနေရတာဖြစ်ပါတယ်။ မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာ နှစ်အတွင်း ဒေါ်လာ ၁.၂၇ ဘီလီယံ အထိအရှုံးပေါ်နိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာ့PC ကွန်ပျူတာ ဈေးကွက်မှာ နေရာကျဉ်းကျဉ်းသာ ရှိတဲ့ Sony ကုမ္ပဏီဟာ အဲဒီ PC လုပ်ငန်းကို ဂျပန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ကို ရောင်းချလိုက်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်ဖုန်းတွေကို အာရုံစိုက် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။   Ref: AFP
Posted On June 27, 2014, By Editorial

SLN Mobile ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား

LG ၊ HTC ၊ Samsung ၊ Xperia ၊ oppo ၊ acer  စတဲ့ Brand တွေကို စုံစုံလင်လင်ရရှိစေနိုင်မယ့် SLN Mobile ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဆိုင်သစ်တည်ရှိရာ အမှတ် ၇၇၅၊ ၁၄ လမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲအနေနဲ့ ရောက်ရှိလာသော ဧည့်သည်များကို အသစ်ထွက်ရှိလာတဲ့ Product များအားရှင်းလင်း ပြသပေးပြီး SLN Mobile ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကျပ် ၂သိန်းအထက် ၀ယ်ယူအားပေးတဲ့ Customer တွေကို 4 GB Memony Card နဲ့ ၂ သိန်းအောက်ဝယ်ယူသူတွေကို 2 GB Memony Card တွေ လက်ဆောင်ပေးခဲ့ပါတယ်။   […]
Posted On June 24, 2014, By Editorial
1 10 11 12 13 14 17