Samsung Galaxy Tab S မိတ်ဆက်ပွဲ

article landscape wartermark final11

Samsung ကနေ မြန်မာနိုင်ငံဈေးကွက်ထဲကို အသစ်ဖြန့်ချိမယ့် Samsung Galaxy Tab S Product မိတ်ဆက်ပွဲကို ရန်ကုန်ရှိ Sule Shangri-La Hotel မှာ ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ Samsung မှတာဝန်ရှိသူများက Samsung Galaxy Tab S Product အကြောင်းကိုရှင်းလင်းပြောပြကြပြီး မော်ဒယ်သရုပ်ဆောင်များက Samsung Galaxy Tab S နဲ့အတူ သရုပ်ပြတင်ဆက်မှုတွေနဲ့ ကြော်ငြာခဲ့ပါတယ်။

Samsung Galaxy Tab S ဟာ အခုလက်ရှိအချိန်မှာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး Tablet ဖြစ်ပြီး အဆင့်မြင့်ရုပ်ပုံဖေါ်ပြမှု နည်းပညာတွေနဲ့အတူ လက်တွေ့ဆန်သောဒီဇိုင်းများနဲ့ ပုံဖော်ထားပြီး လွယ်ကူလျင်မြန်စွာနဲ့ အလုပ်တွေကို တပြိုင်နက်လုပ်ဆောင်နိုင်စွမ်းရှိအောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ Samsung Galaxy Tab S ကို Samsung brand shop တွေမှာ ဇူလိုင်လအတွင်း စတင်ဝယ်ယူနိုင်တော့မှာဖြစ်တယ်လို့သိရပြီး ၁၀.၅ လက်မ Tab S ကို ၅၃၉,၀၀၀ ကျပ်ဝန်းကျင်၊ ၈.၄ လက်မ Tab S ကို ၄၅၆,၀၀၀ ကျပ်ဝန်းကျင် အသီးသီးနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Tab S ဟာ Titanium Bronze နဲ့ Dazzling White ဆိုပြီး အရောင် ၂ မျိုးနဲ့ ရနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

article landscape wartermark final12

article portrait watermark final7  article landscape wartermark final9 copy article landscape wartermark final8 article landscape wartermark final6 article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2 article landscape wartermark final1