advertisement-image
ASEAN

မြန်မာနိုင်ငံတွင် Channel NewsAsia သတင်းဌာန တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်အကြောင်း ဆွေးနွေးပွဲကျင်းပ

အာရှဒေသတွင်း ရုပ်သံဌာနတစ်ခုဖြစ်တဲ့ Channel NewsAsia ရဲ့ သတင်းဌာနကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Channel NewsAsia ရဲ့ Managing Director Debra Soon က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ ဒီကနေ့အခမ်းအနားမှာ Channel NewsAsia ရဲ့ နောက်ထပ်မှတ်တိုင်အသစ်တစ်ခုကို တက်ရောက်လာသူတွေနဲ့ ဝေမျှခွင့်ရတဲ့အတွက် ၀မ်းမြောက်မိပါကြောင်း၊ Channel NewsAsia ဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့အနှစ် ၂၀ ကာလ ၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့စဉ်မှာ Channel NewsAsia အနေနဲ့ မဟုတ်သေးဘဲ စင်ကာပူရုပ်မြင်သံကြား ကော်ပိုရေးရှင်း (Television […]
Posted On January 23, 2014, By Editorial

Tata Power က အင်ဒိုနီးရှားက Astra နဲ့ ပူးတွဲပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်

အိန္ဒိယနိုင်ငံက Tata Group ရဲ့ လက်အောက်မှာရှိတဲ့ Tata Power က အင်ဒိုနီးရှားနိုင်ငံရဲ့ ယာဉ်ပိုင်းဆိုင်ရာ စက်ပစ္စည်းဖြန့်ချိရေးအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Astra International နဲ့ ဖက်စပ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းထဲ ၀င်လာပါတယ်။  ဖက်စပ်လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကို ဒီလုပ်ငန်းနှစ်ခုက အသီးသီးခွဲဝေပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ Astra International ဟာ စက်ပစ္စည်းထုတ်လုပ်မှုအပြင် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ IT နဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာ လည်း လုပ်ငန်းခွဲတွေ ရှိထားပါတယ်။ Ref: Jakarta Globe  
Posted On January 23, 2014, By Editorial

INSEAD ဂလိုဘယ် အစွမ်းအစပြိုင်ဆိုင်နိုင်စွမ်းညွှန်းကိန်းမှာ စင်ကာပူက ဒုတိယနေရာမှာရှိ

INSEAD ရဲ့ ဂလိုဘယ်အစွမ်းအစပြိုင်ဆိုင်နိုင်စွမ်းညွှန်းကိန်းမှာ စင်ကာပူက ဒုတိယအဆင့်ချိတ်တယ်လို့ နိုင်ဝင်ဘာလနှောင်းပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီညွှန်းကိန်းရဲ့ ထိပ်တန်းနိုင်ငံ ၂၀ မှာ စင်ကာပူဟာ တစ်ခုတည်းသော အာရှနိုင်ငံဖြစ်ပါတယ်။ ဒီညွှန်းကိန်းဟာ နိုင်ငံတစ်နိုင်ငံကနေ အစွမ်းအစထွက်ရှိနိုင်တာ၊ ဆွဲဆောင်နိုင်တာနဲ့ ထိန်းသိမ်းနိုင်တာ စတဲ့အချက်တွေအပေါ်မူတည်ပြီး တိုင်းတာတာဖြစ်ပါတယ်။ Ref: CNA  
Posted On January 22, 2014, By Editorial

စင်ကာပူမှာ ဘီလီယံနာ ၂၇ ယောက် ရှိလာ

၂၀၁၃ ခုနှစ်အတွက် တစ်ကမ္ဘာလုံး ဘီလီယံနာဦးရေဟာ ၂,၁၇၀ ယောက် အထိစံချိန်တင်ခဲ့ပါတယ်။ Wealth-X နဲ့ UBS ကုမ္ပဏီနှစ်ခုပူးပေါင်းကောက် ယူတဲ့ ၂၀၁၃ ဘီလီယံနာစစ်တမ်းအရ ကမ္ဘာတစ်ဝန်း ဘီလီယံနာများစာရင်းမှာ စင်ကာပူနိုင်ငံက ၂၇ ယောက် ပါဝင်လာပါတယ် ။စင်ကာပူဟာ အာရှမှာ ဘီလီယံနာဦးရေ ပဉ္စမမြောက် အများဆုံးဖြစ်ပြီး ကမ္ဘာမှာတော့ နံပါတ် ၁၈ အများဆုံး ဖြစ်ပါတယ်။ စင်ကာပူရဲ့ ဘီလီယံနာ ၄၄ ရာခိုင်နှုန်းက ကိုယ်ထူးကိုယ်ချွန်အောင်မြင်လာသူတွေဖြစ်ကြတယ်။ အဲဒီစစ်တမ်းအရ စင်ကာပူရဲ့ ဘီလီယံနာတစ်ယောက်ရဲ့ အသက်အရွယ်က များသောအားဖြင့် ၆၄ နှစ် ဖြစ်ပြီး တက္ကသိုလ်ဘွဲ့တစ်ခု အနည်းဆုံးရထားကာ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကြွယ်ဝချမ်းသာလာကြလေ့ရှိပါတယ်။ စင်ကာပူ ဘီလီယံနာတစ်ယောက်ရဲ့ ပျမ်းမျပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံ […]
Posted On January 10, 2014, By Editorial

ဖိလစ်ပိုင် Cebu Pacific လေကြောင်းလိုင်းက Tigerair ကို ၀ယ်ယူပူးပေါင်း

ဖိလစ်ပိုင်နိုင်ငံက တန်ဖိုးနည်း လေကြောင်းလိုင်း Cebu Pacific က Tigerair Philippines ကို ဒေါ်လာ ၁၅ သန်းနဲ့ ၀ယ်ယူမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ Cebu Pacific ဟာ Tigerair Philippines ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ၀ယ်ယူမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ စင်ကာပူ နိုင်ငံရဲ့ Tigerair Holdings ရဲ့ပိုင်ဆိုင်မှု ၄၀ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက ရှယ်ယာရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ပါတယ်။ Tigerair ဟာ အာရှနဲ့ တောင်ပစိဖိတ် ဒေသက မြို့ကြီး ၅၀ ခန့်ဆီကို လက်ရှိမှာ ပျံသန်းပြေးဆွဲလျက် ရှိပါတယ်။ အခုလို ပူးပေါင်းမှုဟာ Tigerair ကို ပိုပြီးပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် […]
Posted On January 8, 2014, By Editorial

အင်ဒိုနီးရှားလုပ် Tablet ရောင်းချ

အင်ဒိုနီးရှား ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ SpeedUp Technology ဟာ မကြာသေးခင်က Android Tablet  အမျိုးအစားSpeedUp Pad 7.85  ကို ဂျကာတာမြို့မှာ ဈေးကွက် မိတ်ဆက်ရောင်းချခဲ့ပါတယ်။ ဒီ Tablet  ဟာ မတ်လတုန်းက ထုတ်လုပ် ရောင်းချခဲ့တဲ့ SpeedUp Pad 8 ကို Version မြှင့်တင်ထားတာ ဖြစ်တယ်။ SpeedUp Pad 7.85 ဟာ ဒီနေ့ စတိုးဆိုင် တွေမှာရောင်းချနေတဲ့ Tablet  အများစုထက် အပါးလွှာ ဆုံး၊ အပေါ့ပါးဆုံးနဲ့ လေးဆမြန်တယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ ဒီ Tablet ဟာ နည်းပညာရဲ့ အလှတရားတစ်ခုဖြစ်ပြီး သုံးစွဲသူတွေအတွက် မာလ်တီ မီဒီယာအသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးဖို့အတွက် အသေးစိတ်၊ အနုစိတ်ဒီဇိုင်းဆင်ထုတ်လုပ်ထားတာ […]
Posted On January 3, 2014, By Editorial

ဗီယက်နမ် စတော့ဈေးကွက် ပြန်လည်ဦးမော့လာ

အခြားသော အာရှထိပ်တန်းဈေးကွက်တွေနဲ့အတူ ဗီယက်နမ်စတော့ဈေးကွက်ဟာ အခုနှစ် နှစ်ကုန်ပိုင်းမှာ အလားအလာကောင်းတွေ ရှိလာနိုင်ပါတယ်။ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွေတုန်းက ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံမှုဈေးကွက်ထဲ လူတွေအလုံးအရင်း ၀င်ရောက်ပြီး အကြီးအကျယ် အရှုံးပေါ်ခဲ့ရတာပါ။ အခုလက်ရှိမှာတော့ လုပ်ငန်းက ၂၀ ရာခိုင်နှုန်း ပြန်လည်ဖွံ့ဖြိုးလာနေပြီ ဖြစ်ပါတယ်။  Ref: CNA  
Posted On December 19, 2013, By Editorial

အင်ဒိုနီးရှားက နိုင်ငံခြားသားတွေကို စီးပွားရေးလုပ်ငန်းနယ်ပယ် ငါးခု ဖွင့်လှစ်ပေး

အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကန့်အသတ်တွေကို ဖြေလျော့ပေးလိုက်ရာမှာ တစ်ချိန်က ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် သီးသန့်ဖြစ်ခဲ့ တဲ့ လေဆိပ်၊ သင်္ဘောဆိပ်တွေ လုပ်ငန်းလည်ပတ်မှုကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ် အင်ဒိုနီးရှား ရွေးကောက်ပွဲကာလ နီးကပ်လာပေမဲ့ အခုလို ဖွင့်ပေး လိုက်တာကြောင့် အင်ဒိုနီးရှားဟာ စီးပွားရေးတံခါးပိတ်မထားဘူးဆိုတဲ့အကြောင်း အင်ဒိုနီးရှား ပူးတွဲစီးပွားရေးဝန်ကြီးHatta Rajasa က ပြောပါတယ်။ ပြည်သူပိုင်နဲ့ အများပိုင်ဖက်စပ်သဘောတူညီချက်တွေနဲ့ ကိုက်ညီရင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေဟာ လေဆိပ်၊ သင်္ဘောဆိပ်၊ ဆိပ်ကမ်းတို့ကို စီမံခန့်ခွဲခွင့် ရရှိပါမယ်။ ဒီလိုစီမံခန့်ခွဲ မှုကောင်းမွန်လာရင် မိမိတို့ရဲ့ထုတ်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ ပိုမိုလွယ်ကူလာမှာကြောင့် စီးပွားရေးသမားတွေကလည်း အကောင်းမြင်ကြပါတယ်။ Ref: CNA  
Posted On December 17, 2013, By Editorial

Unilever နဲ့ မန်ယူအသင်း စပွန်ဆာသဘောတူညီချက်ကြေညာ

မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းနဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း Unilever တို့ဟာ အရှေ့တောင်အာရှဒေသက စားသုံးသူတွေကို ပစ်မှတ်ထားပြီး သုံးနှစ်သက်တမ်းရှိ ဒေသတွင်းဆိုင်ရာ စပွန်ဆာသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။  မန်ယူအသင်းရဲ့ ဘောလုံးသင်တန်းကျောင်းတွေကို အရှေ့တောင် အာရှမှာတိုးချဲ့ဖို့အတွက် မန်ယူအသင်းနဲ့ Unilever တို့က စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ လျာထားပါတယ်။ အခုအချိန်မှာတော့အရှေ့တောင်အာရှ ကိုးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊  အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ ဖြန့်ချိတဲ့ Unilever  ရဲ့ အလှ အပဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေနဲ့ အ၀တ်လျော်ပစ္စည်းတွေအချို့မှာ မန်ယူအသင်းရဲ့အမှတ်တံဆိပ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ Ref: CNA
Posted On December 16, 2013, By Editorial

၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲအခမ်းအနား

နှစ်ပေါင်း ၄၄ နှစ်ကြာမှ တစ်ဖန်ပြန်လည်ကျင်းပခွင့်ရတဲ့ ၂၇ ကြိမ်မြောက် SEA Games ဖွင့်ပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲကို ပရိသတ်နှစ်သောင်းခွဲခန့် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရိုက်ကူးစီစဉ်တင်ဆက်မှုကိုလည်း နိုင်ငံတကာသို့ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ နာမည်ကျော်တေးသံရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ ဖွင့်ပွဲကို ချီတက်လာတဲ့ နိုင်ငံအလိုက်အားကစားသမားငါးထောင်ကျော်ရဲ့ ပျော်ရွှင်ဖွယ်အပြုံးတွေ၊ ထင်မှတ်မထားတဲ့ ပြကွက်အလှတွေဟာ SEA Games ဖွင့်ပွဲကို ပိုမိုအသက်ဝင်လှပစေခဲ့ပါတယ်။ ၂၇ ကြိမ်မြောက်  SEA Games အားကစားပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုးပါဝင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်(ငွေဆောင်) တို့မှာ ဒီဇင်ဘာလ ၁ ရက်ကနေ ၂၂ ရက်အထိ […]
Posted On December 14, 2013, By Editorial