advertisement-image
ASEAN

၂၀၁၄ ခုနှစ်မှာလည်း စင်ကာပူမှာ ဆောက်လုပ်ရေးကဏ္ဍလိုအပ်ချက်တွေ ဆက်လက် မြင့်တက်ဖွယ်ရှိ

အစိုးရစီမံကိန်းတွေကြောင့် ဒီနှစ်မှာ လည်း စင်ကာပူရဲ့ ဆောက်လုပ်ရေး ကဏ္ဍမှာ လိုအပ်ချက်တွေ ဆက်လက် မြင့်တက်နေဦးမယ်လို့ ခန့်မှန်းထား ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ ဆောက်လုပ်ရေးကဏ္ဍလိုအပ်ချက် စင် ကာပူဒေါ်လာ ၃၁ ဘီလီယံနဲ့ ၃၈ ဘီလီယံကြားရှိလိမ့်မယ်လို့ စင်ကာပူ ဆောက်လုပ်ရေးအာဏာအဖွဲ့ (BCA)  ကဖော်ပြခဲ့ပါတယ်။ ဒီလိုခန့်မှန်းချက် ထွက်ပေါ်လာတာဟာ ၂၀၁၃ ခုနှစ်မှာ ဆောက်လုပ်ရေးကဏ္ဍရဲ့ စွမ်းဆောင် မှုမြင့်မားခဲ့တာကြောင့်ဖြစ်ပြီး စုစု ပေါင်း ဆောက်လုပ် ရေး ကဏ္ဍလိုအပ် ချက်ဟာ စင်ကာပူ ဒေါ်လာ ၃၅.၈ ဘီ လီယံအထိ စံချိန် တင် မြင့်တက်ခဲ့ပါ တယ်။ အစိုးရ စီမံ ကိန်းတွေဟာ စုစု ပေါင်း ဆောက်လုပ်ရေးကဏ္ဍလိုအပ် ချက်ရဲ့ ၆၀ ရာခိုင်နှုန်း၊ […]
Posted On April 10, 2014, By Editorial

ကမ္ဘာ့ရေပန်းအစားဆုံး တန်ဖိုးကြီးဇိမ်ခံအိမ်ခြံမြေဈေးကွက်ဖြစ်လာတဲ့ ဂျကာတာ

ဂျကာတာမှာ အိမ်ခြံမြေဈေးတွေ အံ့သြဖွယ် စံချိန်တင်ထိုးတက်ခဲ့ပြီးတဲ့ နောက်မှာ ကမ္ဘာ့ဦးဆောင်အိမ်ခြံမြေအကြံပေးလုပ်ငန်းတစ်ခုက ဂျကာတာကို ကမ္ဘာ့ရေးပန်းအစားဆုံး တန်ဖိုးကြီး ဇိမ်ခံအိမ်ခြံမြေဈေးကွက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အိမ်ခြံမြေ ၀ယ်ယူသူ အများစုဟာ အသက် ၄၅ နှစ် ကျော်အရွယ် စွန့်ဦး တီထွင်အမျိုးသား လုပ်ငန်းရှင်တွေဖြစ် ပြီး သူတို့က ဇိမ်ခံအိမ်ခန်းတွေကိုရင်း နှီးမြှုပ်နှံမှု အနေနဲ့သာမကဘဲ ဒုတိယအိမ်အဖြစ် သဘောထားပြီး  ၀ယ်ယူကြတာဖြစ် တယ်။ ၂၀၁၃ ခုနှစ် မှာ ဂျကာတာရဲ့ အမြင့်ပိုင်း အိမ်ခြံမြေဈေးကွက်ဟာ သူ့ရဲ့အနောက်မှာ ရပ်တည်နေတဲ့ အိုင်ယာလန်နိုင်ငံရဲ့မြို့တော် ဒပ်ဘလင် ထက် နှစ်ဆမြင့်တက်ခဲ့ပါတယ်။ ဂျကာတာရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၃၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ ပါတယ်။  ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ စီးပွားရေးတိုးတက်မှု အားကောင်းခဲ့ပါတယ်။ ဒါဟာ ပြည်တွင်းဇိမ်ခံအိမ်ခြံမြေဈေးကွက်မှာ ရောင်းအားဆက်လက် […]
Posted On April 4, 2014, By Editorial

ASEAN Youth Concert ကျင်းပ

  ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်ကရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာASEAN Youth Concert ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ASEAN Youth Forum 2014 ကို ၁၇၊ ၁၈နဲ့ ၁၉ ရက်တို့မှာသုံးရက်တိတိအာဆီယံဆယ်နိုင်ငံကလူငယ်တစ်ရာခန့်နဲ့ မြန်မာနိုင်ငံတိုင်းဒေသကြီးနဲ့ပြည်နယ်ကိုယ်စားပြု လူငယ်အယောက်တစ်ရာခန့်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဖိုရမ်မှာဆွေးနွေးပြီးရရှိခဲ့တဲ့အချက်အလက်တွေကနေအာဆီယံလူငယ်ကြေငြာစာတမ်း(Yangon Declaration)ဆိုတဲ့ Statement တစ်စောင်ထွက်ရှိခဲ့တယ်လို့သိရပြီးဒီStatement ကိုမေလတွင်းမှာပြုလုပ်မယ့် ASEAN Summit မှာအာဆီယံခေါင်းဆောင်တွေဆီတင်သွင်းသွားမယ်လို့ဆိုပါတယ်။ ASEAN Youth Forum 2014ပိတ်ပွဲအဖြစ်ASEAN Youth Concert ကျင်းပတာဖြစ်ပြီးပွဲမှာNational Youth Congress ရဲ့ Coordinator ဖြစ်တဲ့ ကိုသက်ဆွေဝင်းကအဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။ တိုင်းရင်းသားအကများ၊ တေးဂီတများ၊ Documentary များနဲ့ တင်ဆက်ပြသသွားပါတယ်။  
Posted On March 22, 2014, By Editorial

၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်

၂၀၁၄ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို အာဆီယံနိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ နာယကများနဲ့ ရုပ်ရှင်အနုပညာ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ အဖွင့်နှုတ်ခွန်းဆက်စကားကို မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးပိုက်ထွေး က “ အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိမှု တွေကို စုစည်းဖော်ပြတဲ့ ယဉ်ကျေးမှုဘာသာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ဖို့အတွက် ပေါင်းကူးတံတားလည်းဖြစ်ပါတယ်။ အခု အာဆီယံရုပ်ရှင်ပွဲတော်ကျင်းပပြီးစီးတဲ့ နောက်ပိုင်းမှာလည်း ရုပ်ရှင်မျိုးဆက်သစ်တွေကို မြှင့်တင်ပျိုးထောင်ပေးခြင်းနဲ့ အာဆီယံရုပ်ရှင်အစည်းအရုံးနဲ့ စုစည်းညှိနှိုင်းပွဲတွေကို အခါအခွင့်သင့်သလို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အာဆီယံရုပ်ရှင်ပွဲတော် စတင်ပြသဖို့ ဖဲကြိုးဖြတ်ဖွင့်လှစ်တဲ့အခမ်းအနားကို  မြန်မာ့ရုပ်ရှင်လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး၊ […]
Posted On March 20, 2014, By Editorial

Thailand International Furniture Fair 2014

မတ်လ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ IMPACT Muang Thong Thani မှာ ထိုင်းနိုင်ငံတကာပရိဘောဂပြပွဲ ၂၀၁၄ (TIFF 2014) ကို ပြုလုပ်ခဲ့ပါတယ်။ ပြပွဲကို Inspire Living from the Heart of ASEAN ဆိုတဲ့ theme နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါ တယ်။ ဒီပွဲကို စတုရန်းမီတာ သုံးသောင်းအကျယ်အ၀န်းရှိ ခန်းမထဲမှာ ခင်းကျင်းပြသခဲ့တာပါ။ ပြပွဲရဲ့ ပထမသုံးရက်ဖြစ်တဲ့ မတ်လ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိကို Trade အတွက်ဖွင့်ပေးခဲ့တာဖြစ်လို့ လုပ်ငန်းရှင်အချင်းချင်း ညှိနှိုင်းမှုတွေ ပြုလုပ်လို့ရအောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲရဲ့ နောက်ဆုံး ၂ ရက်ကိုတော့ အများပြည်သူအတွက် ဖွင့်လှစ်ရောင်းချမှုပြုလုပ်ပေးခဲ့တာပါ။ TIFF […]
Posted On March 19, 2014, By Editorial

Foxconn က အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်

တရုတ်တိုင်ပေနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Foxconn ဟာ တရုတ် နိုင်ငံအပြင် အခြားနိုင်ငံတွေမှာ တိုးချဲ့ ထုတ်လုပ်တဲ့အနေနဲ့ အင်ဒိုနီးရှားမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမယ့် စာချုပ်ချုပ်ဆိုခဲ့ တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံ မှုကို အခြားဒေသတွေထက် အခြေခံ အဆောက်အအုံ ပိုမိုကောင်းမွန်တဲ့ ဂျကာတာနယ်နိမိတ်အတွင်းမှာ ပြု လုပ်သွားမှာ ဖြစ်တယ်။ သုံးနှစ်ကနေ ငါးနှစ်အတွင်း အပြီးသတ်ရင်းနှီးမှုပြု လုပ်တဲ့အခါမှာ သုတေသနနဲ့ ဖွံ့ဖြိုး ရေးလုပ်ငန်း၊ လျပ်စစ်ပစ္စည်း ဆော့ဖ်ဝဲ ဒီဇိုင်း၊ အင်တာနက်စီးပွားရေးလုပ် ငန်းနဲ့ လျပ်စစ်ပစ္စည်းထုတ်လုပ်တပ် ဆင်မှုလုပ်ငန်းနယ်ပယ်တွေ ပါဝင်မယ် လို့ သိရပါတယ်။ Apple ၊ Sony နဲ့ Nokia တို့လို ကုမ္ပဏီတွေအတွက် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ Foxconn ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေဟာ […]
Posted On March 14, 2014, By Editorial

ဗီယက်နမ်ကုမ္ပဏီတွေ နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်လာ

  ဗီယက်နမ်ကုမ္ပဏီများစွာဟာ နိုင်ငံ တကာဈေးကွက်ကို မြန်မြန်ဆန်ဆန်နဲ့ ထိုးဖောက်လာနေပါတယ်။Hoang Anh Gia Lai အုပ်စုဟာ အိမ်နီးချင်း နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ အအောင် မြင်ဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ် ပြီး ရော်ဘာ၊ သကြား၊ ကြံ၊ သတ္တုတူး ဖော်ရေးနဲ့ ရေအားလျပ်စစ်လုပ်ငန်းတွေ မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရှိ နေပါတယ်။ Hoang Anh Gia Lai  ဟာစီမံကိန်းအကြီးစားလေးခုအတွက် လာအိုအစိုးရနဲ့ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ ၁၀ ရက်နေ့မှာ နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ Viettel နဲ့Lao Asia Telecom  တို့ဖက်စပ်လုပ်ကိုင်နေတဲ့ Unitel ဟာ လာအိုမှာ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံနဲ့မိုဘိုင်းဖုန်းသုံးစွဲသူ […]
Posted On March 14, 2014, By Editorial

လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဖိလစ်ပိုင်စီးပွားရေး ၆ .၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းအကြား တိုးတက်မယ်

ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ လာ မယ့်ဆယ်စုနှစ်အတွင်းမှာ ၆.၇ ရာခိုင် နှုန်းနဲ့ ၇ ရာခိုင်နှုန်းအကြား ဆက် လက်တိုးတက်မယ်လို့ လန်ဒန်အခြေ အစိုက် Capital Economics    အဖွဲ့က ဆိုပါတယ်။ ယေဘုယျအားဖြင့် ဖိလစ်ပိုင်ရဲ့စီးပွားရေးဆက်လက် တိုးတက်မယ်ဆိုတာကို ယုံကြည်ပေ မယ့် ၂၀၁၆ ခုနှစ်မှာ နိုင်ငံရဲ့ခေါင်း ဆောင်အပြောင်းအလဲက ဖိလစ်ပိုင် အတွက် အဓိကပြဿနာဖြစ်လာနိုင် တယ်လို့ Capital Economics ရဲ့စီး ပွားရေးပညာရှင်   Gareth Leather က ဆိုပါတယ်။ ဖိလစ်ပိုင်ရဲ့စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်မှာ ၇.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးဈေးကွက်နဲ့ အစိုးရရဲ့မျော်မှန်းချက် တွေကို ကျော်လွန်ခဲ့ပါတယ်။ အလုပ် အကိုင်ဖန်တီးမှုတွေ တိုးပွားလာပြီး  အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ရှိတဲ့ လူဦးရေလျင်လျင်မြန်မြန် တိုးပွားလာ တာကလည်း နိုင်ငံရဲ့စီးပွားရေးတိုး တက်မှုအလားအလာကို […]
Posted On March 13, 2014, By Editorial

စင်ကာပူနိုင်ငံသည် ကမာ့္ဘငွေကုန်ကြေးကျ အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရ

Economist Intelligence unit (EIU) မှ ထုတ်ပြန်သော စာရင်းအရ စင်ကာပူနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ငွေကုန်ကြေးကျ တန်ဖိုး အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။ယမန်နှစ် အတွင်းအရ ဆဋ္ဌမ နေရာတွင်ရှိခဲ့ပြီး ယခုနှစ်တွင် ဂျပန်နိုင်ငံမှ တိုကျို၊ အိုဆာကာမြို့တို့ နှင့် တကွ ဆစ်ဒနီ၊ အော့စလို နှင့် မဲလ် ဘုန်းမြို့ တို့ကို ဖြတ်ကျော် ခုန်တက်ကာ ပထမ နေရာသို့ ရောက်ရှိသွားခြင်း ဖြစ်ပါသည်။ ဂျပန်ယန်း ငွေတန်ဖိုး ခိုင်မာမှု ယိမ်းယိုင်ခဲ့မှုကြောင့် ယမန်နှစ်က ပထမ နေရာတွင်ရှိခဲ့သော တိုကျိုသည် နံ ပါတ် ၆ နေရာ သို့ ရောက်ရှိသွားခဲ့သည်။ အစားအသောက်၊ အ၀တ်အစား၊ သယ်ယူပို့ဆောင်မှုနှင့် ပြည်တွင်း သုံးစွဲမှုစရိတ် […]
Posted On March 5, 2014, By Editorial

အင်ဒိုနီးရှားကုန်သွယ်မှု ပြည်ပသတ္တုတင်ပို့မှုကို တားမြစ်ခြင်းကြောင့် အရှုံးပေါ်

အင်ဒိုနီးရှားရဲ့ကုန်သွယ်မှုဟာအစိုးရရဲ့ ပြည်ပသတ္တုတင်ပို့မှုတားမြစ်ချက်ကြောင့် ဇန်န၀ါရီလမှာ အရှုံးပေါ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁.၅ ဘီလီယံပိုငွေရရှိခြင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် ဇန်န၀ါရီမှာ လိုငွေ ၄၃၁ မီလီယံဒေါ်လာဖြစ်နေတာကို တွေ့နိုင် ပါတယ်။ ပြည်ပတင်ပို့မှု ၅.၇၅ ရာခိုင်နှုန်းလျှော့ကျသွားတာဟာ နှစ်စဉ်တင်ပို့နေကြပုံစံနဲ့ သတ္တုတွင်းဥပဒေကြောင့်လည်းဖြစ်တယ်လို့ စီနီယာအရာရှိ Adi Lumaksona က ဆိုပါတယ်။ သတ္တုရိုင်းတင်ပို့မှုတားမြစ်ချက်တွေမှာ ဘောက်ဆိုဒ်၊ နီကယ်ဒြပ်စင်နဲ့ ကြေးနီတွေ ပါဝင်ပါတယ်။ အခုလိုထုတ်ပြန်ခဲ့တဲ့မူဝါဒဟာ ပြည်တွင်းနိုင်ငံရေးသမားတွေကြောင့်ဖြစ်ပြီး သူတို့ရဲ့နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်ဆန်လှတဲ့စီးပွားရေးလောကမှာ သတ္တုရင်းမြစ်တွေကိုလက်ဝါးကြီးအုပ်ပြီး စီးပွားရေးအလားအလာတွေ သိမ်းကျုံးအမြတ်ရရှိနေတဲ့ဆိုတဲ့အမြင်ကြောင့်ဖြစ်ပါတယ်။
Posted On March 5, 2014, By Editorial