advertisement-image
ASEAN

စင်ကာပူကုမ္ပဏီတွေက စွမ်းအင်စီမံခန့်ခွဲမှုမှာ လူသားအရင်းအမြစ်ကိုပါ စီမံခန့်ခွဲဖို့လို

လျပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းအပါအ၀င်  စွမ်းအင်အသုံးပြုမှုများတဲ့ စင်ကာပူနိုင်ငံက ကုမ္ပဏီ တစ်ရာကို လေ့လာမှုအရ ဒီကုမ္ပဏီတွေဟာ စွမ်းအင်ချွေတာမှုအတွက် နည်းပညာလိုမျိုးအပိုင်းတွေကို အထူး ဂရုပြုကြပေမဲ့ စက်ပစ္စည်းကိုင်တွယ်တဲ့လူတွေကိုတော့ စွမ်းအင်ချွေတာမှုအတွက် စီမံခန့်ခွဲဖို့ မေ့လျော့နေကြ တယ်လို့ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Accenture ရဲ့ မကြာသေးမီက လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဒီကုမ္ပဏီတွေဟာ အဆောက်အအုံတွေကို သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီအောင် ဆောက်လုပ်ထားသလို စက်ပစ္စည်းတွေကိုလည်း စွမ်းအင်သက်သာမယ့် ထိပ်တန်းနည်းပညာတွေ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ မဟာ ဗျူဟာအပိုင်း၊ အုပ်ချုပ်မှုအပိုင်း၊ စွမ်းအင်အသုံးပြုမှုကို တကယ်ထိရောက်အောင် သုံးစွဲမှုအပိုင်းတွေမှာ ထိရောက်ဖို့တော့ လိုနေပါသေးတယ်လို့ Accenture က ပြောပါတယ်။ အဲဒီလူတွေကို သင့်တော်တဲ့ ကျွမ်းကျင် မှုတွေ၊ သင်တန်းတွေပေးနိုင်ရင် စွမ်းအင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံချွေတာနိုင်မယ်လို့ […]
Posted On November 19, 2013, By Editorial

ဖိလစ်ပိုင် ကုမ္ပဏီတစ်ခုက အမေရိကန် အစားအသောက်လုပ်ငန်း Del Monte Foods ကို ၀ယ်ယူ

            55ဖိလစ်ပိုင်အခြေစိုက် Del Monte Pacific Ltd (DMPL)  က သီးသန့် လုပ်ငန်းတစ်ခုဖြစ်တဲ့ အမေရိကန် အ ခြေစိုကDel Monte Foods  ကုမ္ပဏီကို ဒေါ်လာ ၁.၆၇၅ ဘီလီယံနဲ့ ၀ယ် ယူမယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ DMPL ကို ဖိလစ်ပိုင်နိုင်ငံရဲ့အချမ်း သာဆုံးနံပါတ် ၁၈ ဖြစ်တဲ့Camposျ မိသားစုကပိုင်ဆိုင်ပြီး ဖိလစ်ပိုင်နဲ့  စင်ကာပူစတော့အိတ်ချိန်းတွေမှာ စာ ရင်းဖွင့်ထားပါတယ်။ အခုလို ၀ယ်ယူ လိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံး စားသုံးသူ ဈေးကွက်မှာ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းပိုင်းကို ချဲ့ ထွင်သွားနိုင်မယ်လို့ DMPL ကုမ္ပဏီ က ပြောဆိုပါတယ်။     […]
Posted On November 19, 2013, By Editorial

တရုတ်နဲ့ မလေးရှား အပြန်အလှန်ကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၆၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ရှိ

တရုတ်သမ္မတ  Xi Jinping  ရဲ့ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မလေးရှား ၀န်ကြီးချုပ် Najib Razak  နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုကို ၂၀၁၇ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၆၀ ဘီလီယံအထိ တိုးမြှင့်သွားဖို့ အစီအစဉ်ကို ခေါင်းဆောင်နှစ်ဦးစလုံးက ပြောဆိုခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တရုတ်နဲ့ မလေးရှားတို့ သံတမန်ဆက်သွယ်မှု နှစ်ပေါင်း ၄၀ နီးပါးရှိလာချိန်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော် ဖြတ်ပြီး မလေးရှားနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ် ဖက်နိုင်ငံ ဖြစ်လာပါတယ်။  ယမန်နှစ်က နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၉၀ ဘီ လီယံကျော်ရှိခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်မှာတင် ဒေါ် လာ ၅၀ ဘီလီယံကျော် ရှိနေပါပြီ။ မလေးရှားနိုင်ငံဟာ အာဆီယံဒေသရှိ […]
Posted On November 19, 2013, By Editorial

Forbes မဂ္ဂဇင်းရဲ့ စင်ကာပူကလူချမ်းသာတွေစာရင်းမှာ ဘီလီယံနာ ၂၁ ယောက်ရှိလာ

နောက်ဆုံးထုတ်ပြန်ထားတဲ့ Forbes မဂ္ဂဇင်းရဲ့ စင်ကာပူကလူချမ်းသာတွေရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၁၆ နှစ်ကနေ စပြီး အခုအချိန်ထိစင်ကာပူမှာ  ဘီလီယံနာ ၂၁ ယောက်ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Far East Organization  တည်ထောင်သူ Ng Teng Fong ရဲ့ သားတွေဖြစ်တဲ့ Robert Ng နဲ့ Philip Ng တို့ဟာ စင်ကာပူရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေအဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပါတယ်။ သူတို့ရဲ့ ခန့်မှန်းအသားတင် ကြွယ်ဝမှုဟာပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံရှိရာကနေ ဒီနှစ်မှာ ၁၀.၆ ဘီလီယံအထိ တိုးလာခဲ့ပါတယ်။ ဒီနှစ်မှာ အသားတင်အမြတ်ငွေ အများဆုံး တိုးလာသူကတော့ City Developments ရဲ့ ဥက္ကဋ္ဌ Kwek Leng Beng  […]
Posted On October 21, 2013, By Editorial

လုံခြုံရေးဥပဒေချိုးဖောက်မှုကြောင့် ဖိလစ်ပိုင်စရိတ်သက်သာလေကြောင်းလိုင်း Zest Air ပိတ်ခံရ

လုံခြုံရေးဆိုင်ရာဥပဒေချိုးဖောက်မှုတွေကြောင့် ဖိလစ်ပိုင်စရိတ်သက်သာလေကြောင်းလိုင်း Zest Air ကို ပျံသန်းခွင့်ပိတ်ပင်ခဲ့တယ်လို့ ဖိလစ်ပိုင်လေကြောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆိုပါတယ်။ Zest Air   အနေနဲ့ လိုအပ်တဲ့ပြင်ဆင်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက် မှုတွေပြုလုပ်ပြီးမှသာ  ပိတ်ပင်မှုကို  ဖယ်ရှားပေးမှာဖြစ်တယ်လို့ ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် John Andrews က ဆိုပါတယ်။ ဇူလိုင်လ ၂၂ ရက်နဲ့ သြဂုတ်လ ၁၃ ရက်အတွင်း Zest Air ရဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်ငါးခုဟာ ဟိုက်ဒရောလစ်စနစ် ချို့ယွင်းမှု၊ လောင်စာ ဆီလျံကျမှုနဲ့ လောင်စာဆီကြားဆက်ကိရိယာအဖုံး မပါဝင်တာစတဲ့ ပြဿနာတွေကြောင့် ပျံသန်းခွင့်တားမြစ်ခံခဲ့ ရပါတယ်။ Ref: CNA
Posted On October 21, 2013, By Editorial

ဒုတိယသုံးလပတ်မှာ မလေးရှားစီးပွားရေး ၄.၃ ရာခိုင်နှုန်းတိုးလာပေမဲ့ ခန့်မှန်းချက်ထက်နှေးကွေးနေ

မလေးရှားစီးပွားရေးဟာ ဒုတိယသုံးလပတ်မှာ ၄.၃ ရာခိုင်နှုန်းတိုးလာပြီး နှစ်စဉ်တိုးတက်မှုနှုန်းကို အခြေခံပြီး လေ့လာချက်အရ နှေးကွေးနေတဲ့အတွက် ဗဟိုဘဏ်ရဲ့ တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက် ကို လျော့ချဖို့သတိပေးလိုက်သလို ဖြစ်ပါတယ်။ BankNegara ထုတ်ပြန်ကြေညာခဲ့တဲ့ စီးပွားရေးတိုးတက် မှုနှုန်းဟာ ဆန်းစစ်လေ့လာသူတွေရဲ့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်း ၅.၄ ရာခိုင်နှုန်းကနေ ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ပြည်ပ နိုင်ငံတွေရဲ့ မလေးရှားကုန်စည်ဝယ်လိုအား ကျဆင်းနေတာကြောင့်ဖြစ်တယ်လို့ BankNegara က ဆိုပြီး ဒီနှစ် အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ခန့်မှန်းထားရာကနေ ၄.၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပြောင်းလဲခန့်မှန်းခဲ့ပါတယ်။ Ref: CNA
Posted On October 21, 2013, By Editorial

၂၀၁၅ ခုနှစ်မှာ တစ်ခုတည်းသောအာဆီယံဈေးကွက်ပေါ်ပေါက်ဖို့ ရည်းမှန်းချက်အပေါ် အမေရိကန်ကုမ္ပဏီ တွေက သံသယရှိ

အာဆီယံနိုင်ငံတွေမှာ လုပ်ငန်းလည်ပတ်နေတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ ၂၀၁၅ ခုနှစ်မှာ တစ်ခုတည်းသော အာဆီ ယံဈေးကွက်ပေါ်ပေါက်လာဖို့ ရည်မှန်းချက်ပြည့်မီနိုင်ဖို့ အလားအလာအပေါ်မှာ သံသယရှိနေတယ်လို့ အမေရိကန် ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုက ဆိုပါတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်းဆယ်နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံဟာ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) လို့ ခေါ်တဲ့ ဒေသတွင်းတစ်ခုတည်းသော စီးပွားရေးဈေးကွက်ကို ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော်ဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ US Chamber of Commerce နဲ့ စင်ကာပူအခြေစိုက် American Chamber of Commerce တို့ ပူးပေါင်းပြီး အာဆီယံဒေသတွင်းက အကြီးတန်းအမေရိကန် အလုပ်အမှုဆောင် အရာရှိ ၄၇၅ ယောက်ကို လေ့လာဆန်းစစ်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ မှာ ၅၂ ရာခိုင်နှုန်းက အာဆီယံရဲ့ ၂၀၁၅ ခုနှစ် ရည်မှန်းချက် […]
Posted On October 21, 2013, By Editorial

နယူးဇီလန်ကတင်သွင်းတဲ့ နို့ထွက်ပစ္စည်းတွေကို ဖိလစ်ပိုင်က စောင့်ကြည့်မှုပိုမိုတင်းကျပ်မယ်

နယူးဇီလန်ကတင်သွင်းတဲ့ နို့ထွက်ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ပါဝင်ပစ္စည်းတွေ တွေ့ရှိပြီးတဲ့နောက် နယူးဇီလန်မှာရှိတဲ့ Fonterra ကုန်ထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်တဲ့ နို့ဓမ်းအနှစ်ထုတ်လုပ်မှုအဆင့် သုံးဆင့်ကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်သွားမယ်လို့ ဖိလစ်ပိုင်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဌာန (FDA) က ဆိုပါ တယ်။ စောင့်ကြည့်စစ်ဆေးရေးလှုပ်ရှားမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်ဖို့ အတွက် ဈေးကွက်ထဲမှာ ဖြန့်ချိထားတဲ့ ထုတ်ကုန်ပစ္စည်းနမူနာတွေကို စုဆောင်းစစ်ဆေးသွားမယ်လို့ ဖိလစ်ပိုင် FDA  ရဲ့ အရေးယူဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှုချုပ် Kenneth Hartigan-Go ကဆိုပါတယ်။ စားသုံးသူ တွေကိုလည်း FDA မှာ မှတ်ပုံတင်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ကလေးနို့မှုန့်တွေကိုပဲ ၀ယ်ယူဖို့အကြံပေးထား ပါတယ်။ နယူးဇီလန်မှာရှိတဲ့ Fonterra ရဲ့ စက်ရုံမှာ အဆင့်သုံးဆင့်နဲ့ နို့ဓမ်းအနှစ်ထုတ်လုပ်နေတဲ့နေရာမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း Colstridium Botulinum  ပါဝင်မှုကို […]
Posted On October 21, 2013, By Editorial

စင်ကာပူကစီးပွားရေးဖွံ့ဖြိုးမှုနှုန်းခန့်မှန်းချက်ကို တိုးမြှင့်လိုက်ပေမဲ့ ကုန်သွယ်မှုခန့်မှန်းချက်ကိုလျော့ချ

စင်ကာပူရဲ့စီးပွားရေးဟာ ဒုတိယသုံးလပတ်ကာလတွေမှာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာခဲ့ပြီး ဒီနှစ်ဒုတိယ သုံးလပတ် မှာ ၃.၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ဒါဟာ သုံးနှစ်အတွင်း တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်တယ်လို့ စင်ကာပူကုန်သွယ်ရေး နဲ့ စက်မှုဝန်ကြီးဌာနကဆိုပါတယ်။ ဒါဟာပထမသုံးလပတ်က ၀.၂ ရာခိုင်နှုန်းကနေ တိုးတက်လာတာဖြစ်ပါတယ်။ ဒီလိုတိုးတက်လာမှုကြောင့် ဒီနှစ်တစ်နှစ်လုံးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ ခန့်မှန်းထားရာကနေ ၂.၅ ရာခိုင်နှုန်းကနေ ၃.၅ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့် မှန်းထားတယ်လို့ ၀န်ကြီးချုပ် Lee Hsien Loong  က ဆိုပါတယ်။ ဒါဟာ ပထမသုံးလပတ်ရဲ့ စီးပွားရေးတိုး တက်မှုနှုန်း ၀.၂ ရာခိုင်နှုန်းကနေ မြင့်တက်လာခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပထမနှစ်ဝက်မှာ ကုန်သွယ်ရေးကျဆင်းခဲ့တာကြောင့် စုစုပေါင်းကုန်သွယ်မှုနဲ့ ပို့ကုန်တင်ပို့မှုခန့်မှန်း ချက်တွေကို လျော့ချခဲ့ပါတယ်။ကုန်ထုတ်လုပ်မှုဟာ ပထမသုံးလပတ်မှာ ၁၂.၁ ရာခိုင်နှုန်းရှိရာကနေ […]
Posted On October 21, 2013, By Editorial
1 8 9 10