advertisement-image
ASEAN

ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းရွက်လှေပြိုင်ပွဲဖွင့်ပွဲ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တုန်းက မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဧည့်ခံကြီးမှူးတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ ရွက်လှေပြိုင်ပွဲဖွင့်ပွဲ ကို ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုမြန်မာနိုင်ငံ၊ နိုင်ငံတော်အလံကို လွှင့်တင်ပြီး စတင်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ရွက်လှေပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ အိုလံပစ်ကော် မတီအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမိုးမြင့်က ပြိုင်ပွဲဝင်ရွက်လှေအသင်းများကို ကြိုဆိုမိန့်ခွန်းများပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ် ဦးသိန်းအောင်၊ ဦးမိုးမြင့်တို့နဲ့အတူ အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးသောင်း ထိုက်တို့ကနေပြီး ဆီးဂိမ်းရွက်လှေပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ မြန်မာ့တိုင်းရင်းသား အကပဒေသာတွေနဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းရွက်လှေပြိုင်ပွဲရဲ့ ပြိုင်ပွဲသီချင်းဖြစ်တဲ့ We Are The Champions သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ကာ ဖွင့်ပွဲအစီအစဉ်ကို […]
Posted On December 13, 2013, By Editorial

27th SEA Games – Myanmar 2013 ဒီဇင်ဘာ ၁၂ ရက်နေ့ (မနက်ပိုင်း) ဆုစာရင်း

မြန်မာနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ 27th SEA Games – Myanmar 2013 မှာ နိုင်ငံအသီးသီးကနေ ရရှိထားတဲ့ ဆုစာရင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ update လုပ်ထားတဲ့ စာရင်းဖြစ်ပါတယ်။
Posted On December 10, 2013, By Editorial

စင်ကာပူနဲ့ ဟောင်ကောင်က စီးပွားရေးလုပ်ငန်းတွေအတွက် အသင့်တော်ဆုံး

                            စင်ကာပူ                                                                          ဟောင်ကောင်   ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေ နှစ်ပတ်လည်စာရင်းမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် စင်ကာပူနဲ့ ဟောင်ကောင်ဟာ ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။ အဆိုပါနိုင်ငံ နှစ်နိုင်ငံဟာ အဲဒီစာရင်းမှာ ရှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ယူထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ယမန်နှစ်က အဆင့် ၉၁ ရှိပြီး အခု အဆင့် ၉၆ ဖြစ်သွားပါတယ်။ အဆိုပါစာရင်းရဲ့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ နယူးဇီလန်၊ အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတို့လည်း ပါဝင်ပါတယ်။ Ref: CNA
Posted On December 9, 2013, By Editorial

EU – စင်ကာပူ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်က ပိုလန်အတွက် သီးခြားအကျိုးဖြစ်ထွန်းစေ

ဥရောပသမဂ္ဂ (EU) နဲ့ စင်ကာပူတို့အကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်က ပိုလန်နိုင်ငံအတွက်  အကျိုးအမြတ်တွေ ရှိစေကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong  က ပိုလန်နိုင်ငံကို တရားဝင် သွားရောက်လည်ပတ်စဉ် ပြောကြားလိုက်ပါတယ်။ စင်ကာပူကို အစားအသောက်နဲ့ အသားတင်ပို့မှု ပိုမိုလွယ်ကူလာ ဖို့ မျှော်လင့်ကြောင်း ပိုလန်ဝန်ကြီးချုပ် Donald Tusk  က ပြောတယ်လို့ ၀န်ကြီးချုပ်နှစ်ဦး တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ  Mr Lee  ကပြောကြားသွားပါတယ်။ ပိုလန်နိုင်ငံဟာ ဥရောပအရှေ့နဲ့ အလယ်ပိုင်းဒေသမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိယူရိုဇုန်ငွေကြေး အကျပ်အတည်းကာလမှာ ကောင်းမွန်တဲ့တိုးတက်မှု ရှိထား တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။  Ref: CNA
Posted On December 3, 2013, By Editorial

တရုတ်နိုင်ငံက လာအိုနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာ

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ၁၁ လမှာ တရုတ်နိုင်ငံဟာ လာအိုနိုင်ငံမှာ ဒေါ်လာ ၁.၃၃ ဘီလီယံတန်တဲ့ စီမံကိန်းများနဲ့ အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူ ဖြစ်လာပါတယ်။ အဲဒီကာလမှာ ထိုင်းနိုင်ငံကတော့ ဒေါ်လာ ၄၁၆ သန်းနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံတဲ့ နယ်ပယ်က စွမ်းအင်ကဏ္ဍဖြစ်ပြီး ဒေါ်လာ ၁.၅၆ ဘီလီယံရှိကာ ဒုတိယအများဆုံးက သတ္တုတွင်းကဏ္ဍဖြစ်ပြီး ဒေါ်လာ ၁.၀၅ ဘီလီယံ ရှိပါတယ်။ လာအိုအစိုးရ ဟာ နိုင်ငံရဲ့ GDP ဖွံ့ဖြိုးမှုကို ၈ ရာခိုင်နှုန်းမှာ သတ်မှတ်ထားပြီး  ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ ၁.၇ ဘီလီယံ အနည်းဆုံး လိုအပ်ပါတယ်။ Ref: China Daily
Posted On December 2, 2013, By Editorial

2014 ASEAN-BAC Chairmanship လွှဲပြောင်းရယူခြင်းအခမ်းအနား

2014 ASEAN-BAC (ASEAN Business Advisory Council) Chairmanship ဘရူနိုင်းထံက လွှဲပြောင်းရယူတဲ့အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ASEAN-BAC ဘရူနိုင်းဥက္ကဋ္ဌ Fauziah DSP Talib ၊ ASEAN-BAC မလေးရှားဥက္ကဋ္ဌ Dato Ramesh Koddamal နဲ့ ASEAN-BAC မြန်မာဥက္ကဋ္ဌ ဦးဝင်းအောင်တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ 2013 ASEAN-BAC ဘရူနိုင်းဥက္ကဋ္ဌ Fauziah DSP Talib က ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်ကို 2014 ASEAN-BAC ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ပုဂ္ဂလိကကဏ္ဍရဲ့ တုန့်ပြန်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့ပေးဖို့နဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်း ထူထောင်ဖို့ အာဆီယံရဲ့ […]
Posted On November 30, 2013, By Editorial

အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် 2013 ASEAN-BAC လေ့လာဆန်းစစ်ချက် တင်ပြခြင်းနဲ့ မိတ်ဆက်ခြင်း အခမ်းအနား

အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် 2013 ASEAN-BAC (ASEAN Business Advisory Council) လေ့လာဆန်းစစ်ချက်ကို တင်ပြခြင်းနဲ့ မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။  အဆိုပါလေ့လာဆန်းစစ်ချက်ကို Lee Kuan Yew School of Public Policy က Assistant Professor Wong Marn Heong က တင်ပြဆွေးနွေးခဲ့ပါတယ်။ Lee Kuan Yew School of Public Policy နဲ့ ASEAN BAC တို့ပူးပေါင်းပြီး အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သုံးကြိမ်မြောက်ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်လေ့လာဆန်းစစ်ချကကို ၂၀၁၀ ပြည့်နှစ်နဲ့ […]
Posted On November 30, 2013, By Editorial

ဖိလစ်ပိုင် စမတ်ဖုန်းဈေးကွက်ကို ZTE က လွှမ်းမိုးရန်မျော်မှန်း

တရုတ်နိုင်ငံက စမတ်ဖုန်းထုတ်လုပ်တဲ့ ZTE  ကုမ္ပဏီက ဖိလစ်ပိုင် စမတ်ဖုန်း ဈေးကွက်ကို ဈေးနှုန်းသက်သာတဲ့ ဟန်းဆက်တွေနဲ့ လာမယ့်သုံးနှစ်အတွင်း လွှမ်းမိုးသွား ဖို့ မျှော်လင့်ထားပါတယ်။ မိမိတို့ ဖုန်းတွေဟာ တန်ဖိုးကြီးဖုန်းတွေကို ယှဉ်ပြိုင်ဖို့ဖြစ်ပေမဲ့ တံဆိပ်မပါတဲ့ ဒေသခံဖုန်းအမျိုးအစားတွေနဲ့တော့ ပြိုင်ဆိုင်မှာမဟုတ်ဘူးလို့ ကုမ္ပဏီ က ဆိုပါတယ်။ ဖိလစ်ပိုင် စမတ်ဖုန်းဈေး ကွက်ကို မိုဒယ်အသစ်လေးမျိုးနဲ့အတူ လက်ရှိ စမတ်ဖုန်းအသုံးပြုမှု ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ZTE  ရဲ့ အရှေ့တောင်အာရှ မန်နေဂျင်း ဒါရိုက်တာJeff Zhou Fang  က ပြောပါတယ်။ ZTE ဟာ ၂၀၁၂ ခုနှစ် ရောင်းအားအရ ကမ္ဘာမှာ မို ဘိုင်းဖုန်းထုတ်လုပ်တဲ့ စတုတ္ထမြောက် အကြီးဆုံးလုပ်ငန်းလည်း ဖြစ်ပါတယ်။  […]
Posted On November 20, 2013, By Editorial

အရှေ့တောင်အာရှအထိ ဖြန့်ကြက်ရောက်ရှိလာတဲ့ Rolls-Royce မော်တော်ကားတွေ

ဂျာမနီနိုင်ငံက BMW ကားကုမ္ပဏီ ရဲ့ ယူနစ်တစ်ခုဖြစ်တဲ့ Rolls-Royce  တန်ဖိုးမြင့် မော်တော်ကားလုပ်ငန်းက  မနီလာမြို့မှာ ကားအရောင်းပြခန်းကို ပထမဦးဆုံးဖွင့်လှစ် လိုက်ပါတယ်။ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေအပြင်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့စင်ကာပူနိုင်ငံတို့လို အရှေ့တောင်အာရှ နိုင်ငံတွေမှာပါ အလား အလာကောင်းတွေ မြင်တွေ့နေ ရကြောင်း Rolls-Royce ရဲ့အမှုဆောင်အရာရှိချုပ် Torsten Muller-Oetvoes  က ဆိုပါတယ်။ ခုလို အကောင်းမြင်လာတာဟာ Wraith အမည်ရှိ တံခါးနှစ်ပေါက်ပါ ကားမိုဒယ်ကြောင့်လည်း ဖြစ်ပါတယ်။ ဒီကားတွေဟာ ငယ်ရွယ်တဲ့ လူကုံထံ ကားချစ်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Rolls-Royce  ရဲ့ သွက်လက် ထက်မြက်တဲ့ မိုဒယ်တစ်မျိုးလည်းဖြစ်ကြောင်း Muller-Oetvoes က ပြောပါတယ်။                Ref: Reuters
Posted On November 19, 2013, By Editorial

ဆွီဒင်ဖက်ရှင်လုပ်ငန်း H&M က အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်ဖွင့်လှစ်

  ဆွီဒင်တန်ဖိုးနည်း ဖက်ရှင်လက်လီ စတိုးဆိုင် H&M (Hannes & Moritz)  က အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်ကို ဂျကာတာမြို့ရဲ့Gandaria City Mall မှာ ဖွင့်လှစ် လိုက်ပါတယ်။ အမျိုးသား၊ အမျိုး သမီးနဲ့ ကလေးတွေအတွက် ဖက်ရှင်နဲ့ အသုံးအဆောင်တွေ ရောင်းချသွားမှာ ဖြစ်သလို၊ နောက်ထပ်စတိုး ဆိုင်တစ်ဆိုင်ကိုလည်း ဂျကာတာမြို့မှာပဲ အောက်တိုဘာလ ထဲမှာ ဖွင့်လှစ်သွား မှာ ဖြစ်ပါတယ်။ အခြား ဆွီဒင် လုပ်ငန်းတွေလည်း အင်ဒိုနီးရှားဈေး ကွက်ထဲကို ဆက်ဝင်လာဖို့ လမ်းစဖော် ပေးလိုက်တာ ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ နာမည်ကျော် ပရိဘောဂလုပ်ငန်းဖြစ်တIKEA က မလေးရှားနဲ့ စင်ကာပူ နိုင်ငံတို့မှာ စတိုးဆိုင်တွေ ဖွင့်လှစ်ခဲ့ ပြီးနောက် လာမယ့်နှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားမှာ […]
Posted On November 19, 2013, By Editorial