advertisement-image
Profile

Startupလုပ်ငန်းသစ်ကို ပျိုးထောင်ခြင်း

ကနဦးလုပ်ငန်းသစ်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အသေးစားအလတ်စားစီးပွားရေး၊ နည်းပညာအခြေပြု လုပ်ငန်းသစ်များ၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်သည့် လုပ်ငန်းငယ်များ … စသဖြင့် အမျိုးမျိုးသော လုပ်ငန်းသစ်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ကိုယ်တိုင် ကျားကုတ်ကျားခဲ  ကြိုးစားကြရမည်ဖြစ်သလို အထောက်အပံ့ကောင်းများလည်း လိုအပ်သည်။ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သည့် ငွေကြေးအရင်းအနှီး စိုက်ထုတ်ရင်းနှီးမြှုပ်နှံသူများရရှိရန်ကလည်း ကနဦးလုပ်ငန်းသစ်များအတွက် ရေသောက်မြစ်ဖြစ်သည်။ ဤနေရာတွင် လုပ်ငန်းတည်ထောင်သူများ၏ အပြုအမူ၊ အပြောအဆို၊ အမူအကျင့်၊ စီမံခန့်ခွဲပုံ၊ ကတိက၀တ်နဲ့ ဦးဆောင်နိုင်စွမ်း စသဖြင့် ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးက စကားပြောလာသည်။ ဒါအပြင် လုပ်ငန်းကျွမ်းကျင်မှု၊ နည်းပညာကို အကောင်းဆုံးအသုံးချနိုင်မှု၊ ကြော်ငြာ /PR စသည့် မိမိလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးမည့် နည်းလမ်းများကိုလည်း အပြည့်အ၀ ဖော်ထုတ်အသုံးပြုရမည်ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို ကိုယ်တိုင်လည်းရင်းနှီးမြှုပ်နှံမှုများ လုပ်နေသူ Myanmar Investment International Limited […]
Posted On June 30, 2018, By Editorial

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Oversea Employment Agencies Federation)

အသင်းဖြစ်ပေါ်လာပုံ ——————— အလုပ်သမားဝန်ကြီးဌာနလမ်းညွန်မှုနဲ့ MOEAF အသင်း ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမှုဆောင်သက်တမ်းကတော့ နှစ်နှစ်သက်တမ်းပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်တုန်းက UMFCCI မှာ ရွေးကောက်ပွဲလုပ်ပြီးတော့ အမှုဆောင်အသစ်တွေ ပြန်ရွေးခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက် —————- အဖွဲ့ချုပ်ကို စွမ်းရည်ပြည့်ဝပြီးတော့ ထက်မြက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့၊ အဖွဲ့ချုပ်နဲ့ အသင်းသားတွေ ပူးပေါင်းပြီးတော့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အောင်မြင်ဖို့နဲ့ အသင်းသားတွေရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ နောက်ပြီး ပြည်ပဈေးကွက်မှာ ပြိုင်တဲ့အခါ မြန်မာအလုပ်သမားတွေကို စွမ်းရည်ပြည့်ဝတဲ့ အလုပ်သမားတွေအဖြစ် စနစ်တကျပျိုးထောင်ပေးပြီးတော့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကို ပြည်ပကို စေလွှတ်နိုင်ဖို့၊ ပြည်ပလုပ်သားဈေးကွက် ကြီးမားလာအောင် ဈေးကွက်ချဲ့ထွင်ဖို့၊ ပြည်ပကို […]
Posted On June 29, 2018, By Editorial

ဒေါ်ဝင်းအိခိုင် @ Winnie

MAPLE Trading Co Ltd         Executive Director Wai Sithu International Co Ltd        Executive Director Belle Maison Maple Co Ltd   President Streamline Training Learning Centre Owner MJBC Co Ltd  Director ~~~~~ မိမိရဲ့ကိုယ်ပိုင်လုပ်ငန်း၊ မိသားစုလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ရင်း ပြည်တွင်းက အသင်းအဖွဲ့တွေထဲမှာ တက်ကြွစွာပါဝင်တာဝန်ယူလျက်ရှိတဲ့ ဒေါ်ဝင်းအိခိုင်ကို သူ့ရဲ့လက်ရှိတာဝန်ယူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အနာဂတ်အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ တာဝန်ယူထားတဲ့လုပ်ငန်းတွေ ——————————— ၂၀၀၇ ခုနှစ် ဘွဲ့ရပြီးချိန်မှာ Streamline ကျောင်းကို တည်ထောင်ခဲ့တယ်။ စတည်ထောင်ကတည်းက International Standard အတိုင်း စာသင်ပေးခဲ့တယ်။ အခုဆိုရင် ကလေး […]
Posted On June 26, 2018, By Editorial

Chloe Taylor

London Chamber of Commerce (UK) မှာ Policy and Public Affairs ပိုင်းမှာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး British Chamber of Commerce (Philippines) မှာ Project Director အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူ၊ လက်ရှိမှာ British Chamber of Commerce Myanmar ရဲ့ Chief Executive အဖြစ် ဆောင်ရွက်နေတဲ့ Ms Chloe Taylor နဲ့တွေ့ဆုံခိုက် အသင်းရဲ့ရည်ရွယ်ချက်၊ အသင်းရဲ့လှုပ်ရှားမှုတွေ အဓိကဦးစားပေး လုပ်ကိုင်နေတာတွေကို မေးမြန်းခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံနှင့် လက်ရှိတာဝန်ယူထားသည့်အပိုင်း ————————— ကျွန်မက ကမ္ဘာအနှံ့က မတူညီတဲ့ မြို့သုံးမြို့က ဗြိတိသျှကုန်သည်ကြီးများအသင်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ ကျွန်မအရင်တုန်းက ဖိလစ်ပိုင်နိုင်ငံက ဗြိတိသျှကုန်သည်ကြီးများအသင်းမှာ […]
Posted On June 19, 2018, By Editorial

မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း

အသင်းဖြစ်ပေါ်လာပုံ ———————– မြန်မာနိုင်ငံမှာ ကုန်စည်ပြပွဲတွေက ၁၉၉၆ ခုနှစ်လောက်ကတည်းက လုပ်ကြပါတယ်။ စင်ကာပူမှ ပထမလာပြကြတယ်။ အဲဒီတုန်းက ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်သေးဘူး။ ၁၉၉၈ ခုနှစ်မှာ ထိုင်းကုန်စည်ပြပွဲတွေ ဒီမှာလာကျင်းပကြတယ်။ ၂၀၀၀-၂၀၀၁ ခုနှစ်တုန်းကလည်း ထိုင်း၊ ဗီယက်နမ်၊  ကိုရီယားလောက်ပဲ ဒီမှာလာပြကြပါတယ်။ အဲဒီအချိန်တုန်းက သူများနိုင်ငံတွေမှာ ဒီပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ ထိုင်းကိုယ်စားပြုကုန်စည်ပြပွဲတို့၊ ဗီယက်နမ် ကုန်စည်ပြပွဲတို့လောက်ပဲ ပြသနိုင်တယ်။ နောက်ပိုင်း ၂၀၀၃-၂၀၀၄ ခုနှစ်မှာလည်း အစိုးရက ကုန်စည်ပြပွဲတွေ ပိတ်လိုက်သေးပါတယ်။ အဲဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်လောက်မှာမှ ဗီယက်နမ်က ပြန်စလုပ်တာ အဲဒီနောက်ပိုင်းကနေ တဖြည်းဖြည်း ဘာဖြစ်လာလဲဆိုရင် မြန်မာနိုင်ငံကလည်း စီးပွားရေးတံခါးဖွင့်ဝါဒတွေ လုပ်တဲ့အခါကျတော့ နိုင်ငံခြားက ကုန်စည်ပြပွဲတွေ တဖြည်းဖြည်း Market ထဲကို ၀င်လာတယ်။ အဲဒီအချိန် […]
Posted On May 10, 2018, By Editorial

နိုင်ငံစုံအခြေစိုက်အိန္ဒိယကုမ္ပဏီကြီး Infosys Ltd

အရင်တုန်းက Infosys Technologies Limited လို့ သိထားကြတဲ့ Infosys Limited ဟာ စီးပွားရေးလုပ်ငန်းအကြံပေး၊ သတင်းအချက်အလက်နည်းပညာနဲ့ ပြင်ပတာဝန်ပေး ၀န်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ အိန္ဒိယနိုင်ငံစုံကော်ပိုရေးရှင်းကြီးဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးရဲ့ ဌာနချုပ်ကတော့ အိန္ဒိယနိုင်ငံ Bengaluru မြို့မှာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ဝင်ငွေအရ Infosys ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအကြီးဆုံး IT ကုမ္ပဏီကြီးဖြစ်ပြီး ၀င်ငွေအရ ကမ္ဘာမှာ နံပါတ် ၅၉၆ မြောက် အကြီးဆုံးအများပိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးစုစုပေါင်းဟာ ဒေါ်လာ  ၃၄.၃၃ ဘီလီယံ ရှိပါတယ်။ ကုမ္ပဏီရဲ့အကဲဖြတ်ချေးငွေဆပ်အားနှုန်းဟာ A- အဆင့်မှာ ရှိပါတယ်။ သမိုင်းကြောင်း —————- ၁၉၈၁ ခုနှစ်တုန်းက […]
Posted On May 8, 2018, By Editorial

Marc de la Fouchardière (Head of Advocacy & EU Affairs – EuroCham Myanmar)

EuroCham Myanmar ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး လက်ရှိဆိုရင်တော့ သုံးနှစ်ကျော် လေးနှစ်သက်တမ်းထဲကို ၀င်ရောက်လာပြီဖြစ်ပါတယ်။ အဲဒီအတွက် Chamber အနေနဲ့ မြန်မာနိုင်ငံအတွင်းလုပ်ငန်းစဉ်တွေ၊ ရှေ့ဆက်ရည်တည်လုပ်ဆောင်သွားမှာတွေနဲ့ပတ်သက်လို့ Head of Advocacy & EU Affairs ဖြစ်သူ Marc de la Fouchardière နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တာဝန်ယူမှုအပိုင်း ——————– EuroCham Myanmar လို့ခေါ်တဲ့ ဥရောပကုန်သည်ကြီးများအသင်းမှာ အကြံပေးနဲ့ ဥရောပဆိုင်ရာကိစ္စရပ်တွေရဲ့ အကြီးအမှူးအနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကိုလာပြီး လုပ်ငန်းလုပ်ချင်တဲ့ ဥရောပနိုင်ငံတွေဆီကလာတဲ့ တောင်းဆိုမှုတွေကိုလည်း ဖြေရှင်းပေးပါတယ်။ အသင်းမှာချမှတ်ထားတဲ့မူဝါဒ ——————————– ဥရောပကုန်သည်ကြီးများအသင်းကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် သုံးနှစ်ကျော်ကြာလုပ်ကိုင်နေပြီးဖြစ်ပါတယ်။ EuroCham […]
Posted On May 1, 2018, By Editorial

ဒေါ်မြတ်သဲဆု (Managing Director – Silk Road To Asia Travels & Tours Co Ltd)

ပညာရေးနဲ့ လုပ်ငန်းခွင်ရောက်ခဲ့ပုံ ———————————— မြန်မာနိုင်ငံကနေ အထက်တန်းကျောင်းပြီးတော့ စင်ကာပူမှာ ကျောင်းသွားတက်ပါတယ်။ စင်ကာပူ Raffles  Institution မှာ Advanced Diploma in Business Administration ကိုသင်ယူခဲ့ပြီး Bachelor in Management ဘွဲ့ကို Royal Holloway University of London ကနေ ရခဲ့ပါတယ်။ ကျွန်မဘွဲ့ရပြီးတဲ့အချိန်မှာ ကျွန်မရဲ့အဖေက သူ ၁၉၉၂ ခုနှစ်က တည်ထောင်လုပ်ကိုင်ခဲ့တဲ့ Golden Land Travel Sevices Co Ltd ကို ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ဖို့ တိုက်တွန်းခဲ့တာကြောင့် မြန်မာနိုင်ငံကို ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာပြီးတော့လည်း တာဝန်ယူလွှဲပြောင်းလုပ်ကိုင်ဖို့အတွက် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီမယ့်ပုံစံ၊ ကျွန်မဖြစ်ချင်တဲ့ လမ်းကြောင်းတွေကို ကျွန်မအဖေနဲ့ အရင်ဆုံးဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ […]
Posted On April 24, 2018, By Editorial

Aurora Laser Engraved Wood Art

Aurora Laser Engraved Wood Art နဲ့ ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းလဲ့လဲ့အေးက ဖြေကြားပေးထားပါတယ်။ စတင်ဖွင့်ဖြစ်ခဲ့ပုံ —————– ကျွန်မအမျိုးသားက အစကတည်းက ရွှေနန္ဒ၀န်ဆိုတဲ့ မိသားစုပန်းပုလက်မှုပညာလုပ်ငန်းကို လုပ်ပါတယ်။ နောက်ပိုင်းမှာ လေ့လာရသလောက်က လက်မှုတစ်ခုတည်းနဲ့တင် မလုံလောက်တော့ဘူး။ ကိုယ်က သစ်လက်မှုအခြေခံဆိုတော့ အဲဒီအပေါ်မှာ ဘယ်လိုမျိုးနည်းပညာနဲ့ တွဲဖက်ပြီး တီထွင်နိုင်မလဲဆိုတာကို စဉ်းစားတဲ့အခါမှာ Laser Engraving ဆိုတဲ့ နည်းပညာကိုတွေ့ခဲ့တယ်။ စိတ်ဝင်စားပြီး လုပ်ချင်စိတ်ရှိခဲ့တဲ့အတွက် ၂၀၁၇ နိုဝင်ဘာလမှာ စဖွင့်ဖြစ်ခဲ့ပါတယ်။ ဒီပစ္စည်းလေးတွေက ပရိဘောဂလုပ်လို့ ထွက်လာတဲ့ By-product ကနေ Value-added Product ဖြစ်သွားတာပါ။ အဲဒီရည်ရွယ်ချက်လေးနဲ့ပဲ ထုတ်လုပ်ခဲ့တာပါ။ ဆိုင်မှာရနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဒီဇိုင်းတွေက —————- ကျွန်မတို့က အဓိကအားဖြင့် ကြိတ်သားကနေ ခဲတံထည့်တဲ့ဘူး၊ […]
Posted On April 13, 2018, By Editorial

နည်းပညာကုမ္ပဏီကြီး IBM ၏ သိမ်မွေ့ခက်ခဲသော အသွင်ပြောင်းလဲမှု

IBM ဟာ Cloud ကွန်ပျူတာစနစ်မှာနောက်ကျနေပြီး သူ့ရဲ့ 'Watson' နည်းပညာဟာ ဉာဏ်ရည်တုအပိုင်းမှာ ဆွဲဆောင်မှုမရှိဘဲဖြစ်နေပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးမှာ ထက်ထက်မြက်မြက် ဆက်လက်ရှင်သန်နေသူကြီးဟာ အရင်လိုပြန်ပြီး နာလန်ထူနိုင်ပါ့မလား။ ဧရာမနည်းပညာကုမ္ပဏီကြီးတွေဟာ ဒိုင်နိုဆောသတ္တ၀ါကြီးတွေနဲ့ နည်းနည်းဆင်တူပါတယ်။ သူတို့အများစုဟာ 'စနစ်ပြောင်းလဲမှု' တစ်ခုလို့ခေါ်တဲ့ ခေတ်သစ်တစ်ခုနဲ့အလိုက်သင့်ဖြစ်အောင် အောင်အောင်မြင်မြင် မပြောင်းလဲနိုင်ကြပါဘူး။ ဒီလိုပြောင်းလဲမှုမျိုးကို နှစ်ခုသုံးခုတောင်ဖြတ်သန်းနိုင်တဲ့ ကုမ္ပဏီတွေဟာ နည်းနည်းပဲရှိပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသောကုမ္ပဏီကသာ အဲဒါတွေအားလုံးကို ကျော်ဖြတ်နေပါတယ်။ အဲဒီကုမ္ပဏီကတော့ IBM ပဲဖြစ်ပါတယ်။ IBM ဟာ အပေါက်ဖောက်ထားတဲ့ ကတ်ပြားတွေနဲ့ ဇယားချတဲ့စက်တွေ ဖန်တီးပြီး အစပြုခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်အောင် သက်တမ်းရှည်လာခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ်ကျဆင်းနေတဲ့ ၀င်ငွေတွေနဲ့ သုံးလပတ်ပေါင်း ၂၁ ခု လွန်လာတဲ့အခါမှာတော့ ကြီးမားတဲ့နောက်ဆုံးပြောင်းလဲမှုတွေကို IBM အနေနဲ့ ကိုင်တွယ်နိုင်ပါ့မလားဆိုတဲ့ […]
Posted On April 10, 2018, By Editorial
1 3 4 5 6 7 35