advertisement-image
Profile

ဘီလီယံချီတဲ့နယ်ပယ်ကို မိတ်ဆက်ခဲ့သူ

အလှတရားဟာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုပါ။ Forbes မဂ္ဂဇင်းကနေ ၂၀၁၈ ခုနှစ်အတွင်းကထုတ်ပြန်ခဲ့တဲ့ America’s Richest Self-Made Women စာရင်းမှာပါဝင်တဲ့ အယောက် ၆၀ ထဲကမှ ခုနစ်ဦးဟာ  အလှကုန်ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို ပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ သူတို့ထဲကတစ်ဦးကတော့ ဒူဘိုင်းအခြေစိုက် ရုပ်ရှင်နယ်ပယ်မှာ ဩဇာရှိတဲ့ မိတ်ကပ်ပညာရှင် Huda Kattan ပဲ ဖြစ်ပါတယ်။                    အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စီးပွားရေးနယ်ပယ်ထဲက ဒီအမျိုးသမီးဟာ ၂၀၁၃ ခုနှစ် မှာ Huda Beauty ဆိုတဲ့ အလှကုန်ပစ္စည်းကုန်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့ပါတယ်။ Huda ကို အီရတ်ကနေအမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့မိဘတွေကနေ အမေရိကန်နိုင်ငံမှာပဲမွေးဖွားခဲ့ပါတယ်။ သူဟာ စီးပွားရေးနယ်ပယ်ထဲကို Blog တစ်ခုနဲ့စတင်ခဲ့တာပါ။ စာရင်းအင်းပညာရပ်နဲ့အသက်မွေးတဲ့ သူ့ရဲ့အလုပ်ကို စိတ်ပျက်စပြုနေပြီဖြစ်တဲ့အကြောင်းရင်း ဟာ […]
Posted On January 21, 2019, By Editorial

UNIQLO ဥရောပဈေးကွက်တွင်း ရပ်တည်ရန်ကြိုးစားနည်း

  ဥရောပတစ်ခွင် ထပ်မံနေရာယူခြင်း Uniqlo အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်သည့် Fast Retailing အမည်ရှိ ကမ္ဘာ့တတိယအကြီးဆုံးအဝတ်အစားကုမ္ပဏီသည် ကမ္ဘာ့နံပါတ်နှစ် HennES & Mauritz ကုမ္ပဏီကို  H&M အပိုင်ဈေးကွက်ဖြစ်သော ဆွီဒင်တွင် ဩဂုတ် လ ၂၄ ရက်နေ့က ပထမဦးဆုံးဆိုင်ခွဲဖွင့်လှစ်လိုက်ခြင်းဖြင့် ဥရောပဈေးကွက်သို့ ထပ်မံတိုး၍ချင်းနင်းဝင်ရောက် စိန်ခေါ်လိုက်သည်။           “ဒီလိုလုပ်တာဟာ ကမ္ဘာ့လုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုဖြစ်လာဖို့အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ တဒါရှီယာနအိ (Tadashi Yanai) က ပြောသည်။ သူသည် ပုံမှန်အားဖြင့် ယင်း၏နွေရာသီကာလများကို ဟာဝိုင်အီတွင် ဩဂုတ်လလကုန်ပိုင်းအထိ အချိန်ကုန်ဆုံးစေလေ့ရှိသော်လည်း ယခုနှစ်တွင်မူ စတော့ဟုန်းမြို့တွင် နေထိုင်ပြီးဆိုင်သစ်ဖွင့်ပွဲအတွက် ပြင်ဆင်နေခဲ့သည်။           ဆွီဒင်နိုင်ငံ၏ မြို့တော်စတော့ဟုန်းတွင် တစ်ထောင်ထက်မကသော လူအုပ်ကြီးက ဆိုင်သစ်ဖွင့်ပွဲတွင်တန်းစီဝင်ရောက်နေခဲ့ကြပြီး ဆွယ်တာအင်္ကျီတစ်ထည်ဝယ်ယူခဲ့သူ […]
Posted On January 16, 2019, By Editorial

လက်လီကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခြင်း

အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့ UMFCCI မှာ မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းရဲ့မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ၅ ကြိမ်မြောက်နှစ်ပတ်လည် အခမ်းအနားနဲ့ ပဉ္စမအကြိမ်နှစ်ပတ်လည်အထိမ်းအမှတ် လက်လီလုပ်ငန်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Keynote Speech ပြောကြားခဲ့ပါတယ်။ ဒါအပြင် Future of Franchising နဲ့  How  E-Commerce is Driving Retail Industry စတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာမြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းတင့်မှ ဆွေးနွေးပွဲအဖွင့်အမှာစကားထဲမှ တချို့ကို ကောက်နုတ်ပြထားချက်နဲ့အတူ သူ့ကို မေးမြန်းထားတဲ့ လက်လီလုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့တဲ့အပေါ် အမြင်နဲ့ လက်လီလုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ၊ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေသလဲ၊ […]
Posted On January 15, 2019, By Editorial

ဒေါ်လာ ၄.၅ ဘီလီယံတန် နည်းပညာကုမ္ပဏီ JD.com ကို Richard Liu ဘယ်လိုတည်ထောင်ခဲ့သလဲ

JD.com အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက်တည်ထောင်သူ စီအီးအိုရစ်ချတ်လျူးဟာ အမေရိကန်နိုင်ငံမှာလိင်ပိုင်းမဖွယ်မရာပြုမှုအတွက်သံသယရှိလို့ အဖမ်းခံရပြီးနောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာတွေရဲ့မျက်နှာဖုံးသတင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ယခုအခါ တရုတ်ပြည်ပန်ရောက်နေတဲ့ ရစ်ချတ်ရဲ့ကုမ္ပဏီက အဲဒီစွပ်စွဲချက်ဟာလုပ်ကြံမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ သို့တစေ တရုတ်ပြည်က တွစ်တာလိုဆိုရှယ်မီဒီယာအက်ပလီကေးရှင်း Weibo မှာ သုံးစွဲသူတွေက လိမ္မော်ရောင်အချုပ်သားဝတ်စုံဝတ်ထားတဲ့ ရစ်ချတ်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံကိုမျှဝေကြကာ ၄င်းရဲ့ဒေါ်လာ ၄.၅ ဘီလီယံတန် ကုမ္ပဏီရဲ့အနာဂတ်ကို တွေးပူနေကြပါတယ်။           “တရုတ်ပြည်က ကုမ္ပဏီတည်ထောင်သူတွေဟာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ရတာကို သဘောကျကြတယ်။ သုံးစွဲသူတွေဟာ တခြားဈေးကွက်တွေမှာထက် ရစ်ချတ်ရဲု့ပြဿနာတွေကို ပိုပြီးသတိထားမိဖွယ်ရှိတယ်” လို့ ပေကျင်းမြို့အခြေစိုက် China Market Research Group မှ ဆန်းစစ်လေ့လာသူ ဘင်ဂျမင်ကဗင်ဒါးက ပြော ပါတယ်။           JD.com ဟာ ဂျက်မားရဲ့ Alibaba.com áżá€•á€Žá€¸á€›á€„ယ အကြီးမားဆုံးအွန်လိုင်းဈေးရောင်း ဝက်ဘ်ဆိုက်ဖြစ်ပြီး တရုတ်ပြည်မှာ […]
Posted On January 15, 2019, By Editorial

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) Myanmar Hotelier Association (Mandalay Zone)

အသင်းအနေနဲ့ လတ်တလောဆောင်ရွက်နေမှုများ ——————————– ဒေသတစ်ခုဖွံ့ဖြိုးပြီးလှပလာတယ်ဆိုရင် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ချင်အာင် ဆွဲဆောင်နိုင်တာကြောင့် ကျွန်တော်တို့ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေနဲ့ လက်ရှိ Tourist Attraction ဖြစ်နေတဲ့ နေရာတွေအားလုံးကို သန့်ရှင်းရေးအပြင် အခြားလိုအပ်တဲ့ပံ့ပိုးမှုတွေကို တိုင်းဒေသကြီးဦးဆောင်မှုနဲ့ လုပ်နေပါတယ်။ အခုဆိုရင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဦးဆောင်မှုနဲ့ ပြည်သူလူထုပါပူးပေါင်းပါဝင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်တဲ့ အစီအစဉ်တစ်ရပ် မန္တလေးမှာ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း အဲဒီအစီအစဉ်အတွက် လက်အိတ်တွေ၊ အမှိုက်အိတ်တွေကို အပတ်စဉ်ပံ့ပိုးပေးထားပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက Tourist Attraction ရှိနေတဲ့နေရာတွေမှာ Facility တစ်ခုအနေနဲ့ လိုအပ်နေတဲ့ရေအိမ်တွေကို အဆင့်မြှင့်တင်တာတို့၊ အသစ်တည်ဆောက်တာတို့ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း သိန်းတစ်ရာကျော်ဝန်းကျင်တန်ဖိုးရှိတဲ့ ရေအိမ်တစ်လုံးဆောက်လုပ်ဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့က ဆိပ်ကမ်းမြို့လည်းဖြစ်တာကြောင့် မန္တလေးမြို့ရဲ့ ဆိပ်ကမ်းလှပဖို့အတွက် ဌာနဆိုင်ရာက အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်တဲ့အခါမှာ […]
Posted On July 20, 2018, By Editorial

ဦးရဲကျော်ဇင်

အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါပြီး မြန်မာရိုးရာအစားအစာတွေကို ကမ္ဘာကသိအောင် ဥရောပနိုင်ငံတွေကနေတစ်ဆင့် အစွမ်းကုန်ကြိုးစားထိုးဖောက်နေတဲ့ Myit Kway Ayar Trading Co Ltd ရဲ့ Managing Director ဖြစ်သူ ဦးရဲကျော်ဇင်နဲ့တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။ Bayin Food အကြောင်းမိတ်ဆက် ————————————- ကျွန်တော်တို့ Bayin Food ကနေ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝမြေပဲစစ်စစ်နဲ့ နှမ်းစစ်စစ်တို့ကို ကြိတ်ထားတဲ့ မြေပဲဆီ၊ နှမ်းဆီအပြင် မြန်မာရိုးရာ လက်ဖက်နဲ့ အကြော်စုံတို့ကို Bayin ဆိုတဲ့ နာမည်နဲ့ အိုင်ယာလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတို့ကို တင်ပို့ရောင်းချပေးနေပါတယ်။ လက်ရှိမှာတော့ ဥရောပမှာ အရင်ဦးဆုံး စဖြန့်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာပါ ဖြန့်ချိရောင်းချသွားမယ့် အစီအစဉ်ရှိပါတယ်။ Retail Price အနေနဲ့ကတော့ […]
Posted On July 17, 2018, By Editorial

Jelly Bunny

Jelly Bunny နဲ့ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ မနန်းစုစုလှိုင်က အခုလို ဖြေကြားပေးထားပါတယ်။ Jelly Bunny မှာ ဘယ်လိုပစ္စည်းတွေကိုအဓိကရောင်းလဲ ——————- Jelly Bunny က ဖိနပ်နဲ့ အိတ်လေးတွေ အဓိကရောင်းပါတယ်။ ဖိနပ်လေးတွေက ပိုများပါတယ်။ အိတ်လေးတွေက လူကြီးလည်း ကိုင်လို့ရသလို၊ အများစုကတော့ လူငယ်ပိုင်းကိုင်တဲ့ အိတ်လေးတွေ ပိုများပါတယ်။ ဘယ်နိုင်ငံကနေတင်သွင်းလဲ ——————– Jelly Bunny က ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းပါ။ တချို့ Product တွေကို ထိုင်းနိုင်ငံမှာ ပြုလုပ်ထားတာဖြစ်ပြီး တချို့ပစ္စည်းတွေကတော့ Brazil ကနေ Import လုပ်ထားတာဖြစ်ပါတယ်။ Brand ကကြတော့ Thailand Base ဆိုပေမယ့် နိုင်ငံခြောက်နိုင်ငံမှာရှိပါတယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ထိုင်းပြီးတော့ ကျွန်မတို့ […]
Posted On July 13, 2018, By Editorial

Mr Erwan Luherne – CEO(CANAL+ Myanmar)

Canal+ Myanmar FG Ltd ရဲ့ CEO Mr Erwan Luherne ကို Canal + Myanmar FG ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ရေးအကျဉ်းနဲ့ လက်ရှိတာဝန်ယူထားရတဲ့တာဝန်တွေ ———————- ကျွန်တော် Canal+ Myanmar FG Ltd ရဲ့ CEO အဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်လောက် ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ Canal + Myanmar မှာ ၀န်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့မှာ ဌာနခွဲအမျိုးမျိုးရှိနေတာဖြစ်ပြီး ကျွန်တော့်မှာလည်းဒီလိုလုပ်ငန်းကို စီမံခန့်ခွဲဖို့ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံအပြည့်အ၀ရှိထားပြီးဖြစ်တဲ့အတွက် ၀န်ထမ်းနဲ့ကုမ္ပဏီကို စီမံအုပ်ချုပ်ရေးမှာ အဆင်ပြေပြေ လည်ပတ်နေပါတယ်။ Canal + Myanmar FG မှာ ငွေကြေးပိုင်းဆိုင်ရာ၊ […]
Posted On July 10, 2018, By Editorial

ရေပန်းစားနေတဲ့ Line App နှင့် သူ၏တည်ထောင်သူ Takeshi Idezawa

စမတ်ဖုန်းတွေအတွက် Line Application ကို ၂၀၁၁ ခုနှစ်က ဂျပန်အရှေ့မြောက်ပိုင်း ကမ်းရိုးတမ်းဒေသကို ဖျက်ဆီးခဲ့တဲ့ ဧရာမငလျင်နဲ့ ဆူနာမီလှိုင်းတို့ ဖြစ်ပေါ်ပြီးနောက် သုံးလအကြာမှာ စတင်မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။ အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် လူတွေရဲ့ အသက်စည်းစိမ်တွေ၊ စီးပွားရေးနဲ့ ဆက်သွယ်ရေးတွေကို ကမောက်ကမဖြစ်စေခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံက အင်တာနက်ကုမ္ပဏီကြီး Naver ပိုင်ဆိုင်တဲ့ အခမဲ့မက်ဆေ့ဂ်ျ App ဖြစ်တဲ့ Line ဟာ ဖုန်းလိုင်းတွေပြတ်နေတာတောင် မိမိတို့ချစ်ခင်သူတွေဆီ ဆက်သွယ်လို့ရစေပါတယ်။ လအနည်းငယ်အကြာမှာ Line ဟာ တခြားမက်ဆေ့ဂ်ျ App တွေနဲ့တစ်မူကွဲပြားသွားပါတယ်။ အဲဒါကတော့ စာတိုပေးပို့မယ့်အစား ဖုန်းသုံးသူတွေအချင်းချင်း ပေးပို့နိုင်တဲ့ ကာတွန်းရုပ်စတစ်ကာလေးတွေပါပဲ။ ယခုအခါ ဂျပန်နိုင်ငံ မိုဘိုင်း(လ်)ဖုန်းသုံးသူဦးရေတစ်ဝက်ဖြစ်တဲ့ လူဦးရေ ၇၁ သန်းကျော်နဲ့ ပြည်ပက လူဦးရေ သန်း ၁၃၀ ခန့်ဟာ Line […]
Posted On July 3, 2018, By Editorial

Wi-Ho Myanmar

Telecom Square Myanmar ရဲ့ Wi-Ho အမှတ်တံဆိပ် အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ငှားရမ်းခြင်း၊ နိုင်ငံတကာသုံး Sim Card များကို ရောင်းချပေးခြင်းစတဲ့ ၀န်ဆောင်မှုတွေနဲ့ပတ်သက်လို့ Telecom Square Myanmar က Senior Manager ဒေါ်တင်နိုင်အေးက ဖြေဆိုပေးထားပါတယ်။ Telecom Square Myanmar က ပေးနေတဲ့ဝန်ဆောင်မှုများ ——————————— Telecom Square Myanmar က နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်၊ ကမ္ဘာတစ်ဝှမ်းသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်တွေ ငှားရမ်းခြင်းနဲ့ နိုင်ငံတကာသုံး Sim Card တွေကို ကြိုတင်ရောင်းချခြင်းစတဲ့ ၀န်ဆောင်မှုတွေ ပေးနေပါတယ်။ နိုင်ငံတကာသုံး Wi-Ho အိတ်ဆောင်ဝိုင်ဖိုင်လွှင့်စက်ကိုတော့ ကိုယ်သွားမယ့် နိုင်ငံအလိုက် ငှားရမ်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – ကိုယ်က […]
Posted On June 30, 2018, By Editorial