advertisement-image
ASEAN

လမ်းဘေးဈေးဆိုင်တွေမှာ ကမ္ဘာ့ဖလားအခမဲ့ကြည့်နိုင်

ထိုင်းနိုင်ငံမှာ လမ်းဘေးစားသောက် ဆိုင်ကလေးတွေဟာ ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံးပွဲတွေကို အခကြေး ငွေပေးစရာမလိုဘဲ မိမိတို့ဆိုင်အတွင်း မှာ ထုတ်လွှင့်ပြသခွင့်ရှိတယ်လို့ အဲဒီပွဲစဉ်တွေကို ထုတ်လွှင့်ပြသခွင့် ရတဲ့ RS MC ကုမ္ပဏီက ပြောပါ တယ်။ RS Plc ဟာ စားသောက် ဆိုင်၊ ဟိုတယ်၊ ကာရာအိုကေ၊ နိုက် ကလပ်၊ အရက်ဆိုင် စတဲ့နေရာတွေ မှာတော့ အဲဒီပွဲစဉ်တွေကို အခကြေး ငွေယူပြီး ထုတ်လွှင့်ခွင့်ပေးတယ်။ အခကြေးငွေမပေးဘဲ ထုတ်လွှင့်တဲ့ဆိုင်တွေကို စစ်ဆေးဖို့ တစ်နိုင်ငံလုံးမှာ လူပေါင်း ၃၀၀ ကျော် ခန့်အပ်ထားတာပါ။  အခကြေးငွေ မပေးရင် ဒဏ်ငွေပေးဆောင်ခိုင်းပါတယ်။ ထုတ်လွှင့်ခွင့်က တစ်လတာကြာပွဲစဉ်အတွက် အနည်း ဆုံးဘတ်သုံးသောင်းဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ထိုင်းနိုင်ငံမှာ လူပေါင်း ၄၅ သန်း […]
Posted On June 19, 2014, By Editorial

မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ လေကြောင်းပို့ဆောင်ရေး သဘောတူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံအစိုးရတို့အကြား လေကြောင်းသဘော တူစာချုပ်အသစ်တစ်ရပ် ချုပ်ဆိုရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို မေ ၁၉ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးတင်နိုင်ထွန်းနှင့် Department of Transportation and Communications မှ Undersecretary Mr.Jose Perpetuo M. Lotilla တို့ဦးဆောင်ဆွေးနွေးခဲ့ကြရာ လေကြောင်းသဘောတူ စာချုပ်အသစ်တစ်ရပ်ကို မူကြမ်းရေးဆွဲခဲ့ပြီး ၄င်းစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်သွား ရန်သဘောတူညီခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံမှ သတ်မှတ်လေကြောင်းလိုင်းများအတွက် ခရီးစဉ်များ၊ ခရီးသည်နှင့် ကုန်စည်သယ်ဆောင် ခွင့်နှင့် ပျံသန်းမှုဆိုင်ရာ အခွင့်အရေးများအပေါ်တွင်လည်း သဘောတူညီခဲ့ကြသည်။ ယခင်က မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြားတါင် ၁၉၇၉ ခုနှစ်က […]
Posted On May 23, 2014, By Editorial

ပြု ပြင်ပြောင်းလဲတော့မယ့် Sony

Sony ရဲ့ CEO Hirai က ကုမ္ပဏီအနေနဲ့ ဈေးကွက်အခြေအနေကိုလိုက်ပြီး မြန်ဆန်စွာပြောင်းလဲမှုမလုပ်ခဲ့အတွက် အရှုံးပေါ်နေပြီး နောက်နှစ်ကိုတော့ အမြတ်ရအောင် လုပ်ပါမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီရဲ့ မတ်လမှာ ပိတ်ခဲ့တဲ့  ဘဏ္ဍာရေးနှစ်အတွက် ဂျပန်ယန်း သန်းပေါင်း ၁၂၈.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ) အရှုံးပြနေခဲ့တဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပြီးနောက်မှာ Kazuo Hirai က သတင်းထောက်တွေကို ဒီလိုပြောခဲ့တာဖြစ်ပါတယ်။ ဒါက လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဂျပန်ယန်း ၅၀ ဘီလီယံ ရှုံးနိုင်ခြေရှိကြောင်း ပြသတာပါပဲ။ Sony က မျှော်မှန်းအမြတ်ရအောင်မလုပ်နိုင်ခဲ့ဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။ Hirai ကတော့ Sony ရဲ့ အဓိက နည်းပညာတွေဖြစ်တဲ့ image sensor တွေ၊ cloud အခြေပြု ၀န်ဆောင်မှုတွေနဲ့ ၀တ်ဆင်လို့ရတဲ့ပစ္စည်းတွေလို အရာတွေကို လုံးဝနည်းပါး ပြန်လည်ပြု ပြင်ဆန်းသစ်မှုလုပ်မယ်လို့ဆိုပါတယ်။ သူက […]
Posted On May 23, 2014, By Editorial

၁၁ ကြိမ်မြောက် ASEAN Leadership Forum နေပြည်တော်တွင်ကျင်းပ

      Asian Strategy & Leadership Institute(ASLI) နဲ့ မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် (UMFFCI) တို့ပူပေါင်းစီစဉ်ကျင်းပတဲ့ ၁၁ ကြိမ်မြောက် ASEAN Leadership Forum ကို ၂၀၁၄ ခုနှစ်၊ မေလ ၁၁ – ၁၂ ရက်နေ့မှာ Myanmar International Convention Centre II မှာ ကျင်းပခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာကျင်းပခဲ့တဲ့ အကြိုညစာစားပွဲကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အင်ဒိုနီးရှားသမ္မတ Dr H Susilo Bambang Yudhoyono ၊ အာဆီယံခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေနဲ့ စီပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ မေလ ၁၂ ရက်နေ့မှာကျင်းပတဲ့ Forum ဒုတိယမြောက် နေ့မှာ ASEAN […]
Posted On May 14, 2014, By Editorial

၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)တွင် အစီရင်ခံစာငါးစောင်ကို မှတ်တမ်းတင်

၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)ကို မေလ ၁၁ ရက်နေ့၊ မနက် ဆယ်နာရီခွဲမှာ နေပြည်တော်ရှိ MICC-I မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အ၀န်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံစီးပွားရေးအသိုက်အ၀န်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံလူမှုရေးနဲ့ ယဉ်ကျေးမှုအသိုက်အ၀န်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အာဆီယံအသိုက်အ၀န်းအကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာနဲ့ အာဆီယံဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကတင်သွင်းတဲ့ အစီရင်ခံစာ စတဲ့ အစီရင်ခံစာငါးစောင်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုကိုပြသပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကြိုးစားဖော်ဆောင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျော့နည်းစေပြီး မျှတတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာ အလုံးစံလွှမ်းခြုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ရန်၊ အာဆီယံအဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝစေရန်၊ ဒေသတွင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်စွမ်းမြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။    
Posted On May 12, 2014, By Editorial

၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲ

မြန်မာနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးကျင်းပတဲ့ ၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၁၁ ရက်က နေပြည်တော်ရှိ MICC-I ၊ ကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို အာဆီယံသီချင်းသီဆိုခြင်းဖြင့်စတင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြား ရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေကို အဆိုပြုပြောကြားခဲ့ပါတယ်။ ပထမအချက်အနေနဲ့ အာဆီယံဒေသတွင်း ကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်များဖြစ်ပေါ်အောင် မြှင့်တင်ဆောင်ရွက်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ သဘောတူစာချုပ်အပြီးသတ်ရေးဆွဲနိုင်ရေး၊ အာဆီယံဆက်သွယ်ပေါင်းစည်းရေး မဟာစီမံချက်ကို အောင်မြင်စွာ အကောင်အ ထည်ဖော်နိုင်ရေး စတဲ့အစီအစဉ်တွေကို ဆောင်ရွက်ပြီး အာဆီယံအသိုက်ဝန်း လမ်းပြမြေပုံပါ မပြီးသေးတဲ့ လုပ်ငန်းတွေကို အရှိအဟုန်မြှင့် အကောင်အထည်ဖော်ဖို့ အဆိုပြုခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ အာဆီယံနိုင်ငံတွေဟာ စီးပွားရေးပိုမိုတောင့်တင်းပြီး ပိုမိုမျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ဖို့ အာဆီယံဒေ […]
Posted On May 12, 2014, By Editorial

တောင်တရုတ်ပင်လယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အရေးကိစ္စများအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သဘောထားထုတ်ပြန်ချက်

မေလ ၁၀ ရက်နေ့၊ ၂၀၁၄ ခုနှစ်၊ နေပြည်တော် –  ဒေသတွင်း တင်းမာမှုများကိုတိုးပွားစေသည့် ဆက်လက်ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်အရေးကိစ္စများအပေါ် အလေးအနက်စိုးရိမ်ပူပန်မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေပြည်တော်တွင် မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိကျင်းပသည့် 24th ASEAN SUMMIT တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ပင်လယ်ရေပိုင်နက်ဆိုင်ရာဥပဒေနှင့်ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ကမ္ဘာ့ကုလသမ္မဂပဋိညာဉ်စာချုပ်အပါအ၀င် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလက်ခံထားသည့် နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိကိုယ်ကိုယ်ထိန်းချုပ်ရန်၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်နှင့် အငြင်းပွားမှုများကို အင်အားသုံးခြိမ်းခြောက်ခြင်းမပြုဘဲ ငြိမ်းချမ်းသည့်နည်းလမ်းများနှင့်ဖြေရှင်းရန် ၀န်ကြီးများက တိုက်တွန်းခဲ့သည်။ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေကြောင်းလုံခြုံရေး၊ တောင်တရုတ်ပင်လယ်တွင် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ လွတ်လပ်စွာမောင်းနှင်ပျံသန်းခွင့်၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ၏ မူဝါဒ ၆ ချက်နှင့် တောင်တရုတ်ပင်လယ်တွင် […]
Posted On May 10, 2014, By Editorial

ကမ္ဘာ့ဘီလီယံနာစာရင်းမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့ ဗီယက်နမ်လုပ်ငန်းရှင်

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံ မြေတည်ဆောက်ရေးလုပ်ငန်းနဲ့ ဈေး ၀ယ်စင်တာလုပ်ငန်း Vingroup JSC ရဲ့ အမှုဆောင်အရာရှိချုပ် Pham Naht Vuong ဟာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကဖော်ပြခဲ့တဲ့ ဘီလီယံ နာစာရင်းမှာ ဆက်လက်ပါဝင်ခဲ့ပါ တယ်။ Forbes ရဲ့ဖော်ပြချက်အရ Vuong ဟာ Forbes ရဲ့ ဘီလီယံနာ စာရင်းမှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ဗီယက်နမ်နိုင်ငံသား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စုစု ပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိနေပြီး မနှစ်က အမေရိ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ပိုင်ဆိုင်ခဲ့ ပါတယ်။ ဒီနှစ်ရဲ့ ဘီလီယံနာ စာရင်း မှာ အဆင့် ၁ç၉၀၂ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး […]
Posted On May 5, 2014, By Editorial

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ထိုင်း SME များအတွက် မှန်ကန်တဲ့ ပြည်တွင်းလက်တွဲဖော်က အရေးကြီး

ထိုင်းနိုင်ငံရဲ့ အလတ်စား၊ အသေးစားလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ဖို့ဆိုရင် မှန်ကန်သင့်တော်တဲ့ ပြည်တွင်းဖြန့်ဖြူးသူ ကိုရှာသင့်သလို၊ သူတို့ရဲ့ ကုန်ပစ္စည်းတွေက ယခုမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးဆဲအခြေခံအဆောက်အအုံတွေပေါ်မှာ မမှီခိုသင့်ဘူးလို့ မြန်မာနိုင်ငံမှာလုပ်ငန်းလုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူက ထောက်ပြပြောဆိုခဲ့ပါတယ်။ “Thailand-Myanmar Trade Investment Relation in the Age of AEC” ဆွေးနွေးပွဲရဲ့ ဒုတိယအပိုင်းမှာ ဆွေးနွေးပေးခဲ့တဲ့ Today Group Myanmar ရဲ့ Chairman ဖြစ်သူ Michael Lim က လုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမရောင်းချခင် မြန်မာလူမျိုးတွေရဲ့ သဘောသဘာဝကို အရင်ဆုံးနားလည်အောင် လုပ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူ့ထင်မြင်ချက်ကို ပြောကြားခဲ့ရာမှာတော့ မြန်မာနိုင်ငံသားတွေက ကုန်ပစ္စည်းအမှတ်တံဆိပ် အစွဲရှိတယ်၊  အထူးသဖြင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းပေါ်မှာ အစွဲရှိတယ်၊ ဒါကြောင့် Thai SME […]
Posted On April 26, 2014, By Editorial

အင်ဒိုနီးရှားသမ္မတအတွက် လေယာဉ်အသစ်ရောက်ရှိ

လပေါင်းများစွာ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတအတွက် အမေရိကန်ဒေါ်လာ ၉၁ သန်းတန် လေယာဉ်အသစ်အဖြစ်တဲ့ Boeing 737-800 ဟာ ကြာသပတေး(ဧပြီ ၉ )နေ့က ဂျကာတာအရှေ့ခြမ်းမှာရှိတဲ့ Halim Perdanakusuma လေတပ်အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ Rebupik Indonesia လို့အ မည်ပေးထားတဲ့ အဲဒီလေယာဉ်အသစ်ကို ပြီးခဲ့တဲ့နှစ် နှစ်ကုန်ခါနီးမှာ ရောက်လာဖို့ စီစဉ်ထားပေမဲ့ အင်ဒိုနီးရှားအစိုးရရဲ့ စိတ်ကြိုက်ဒီဇိုင်းနဲ့ဆောက်ပေး ဖို့တောင်းဆို လာတဲ့အတွက် နှောင့်နှေးခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကပေးတဲ့ လက်မှတ်ရပြီးရင်တော့ အဲဒီလေယာဉ်အသစ်ကို တရားဝင်အ သုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။ သမ္မတရဲ့ ခရီးစဉ်တွေအတွက် ဂျက်လေယာဉ်ငှားရမ်းရတဲ့ကုန်ကျစရိတ်ကို လျှော့ချဖို့ရည်ရွယ်ချက်နဲ့အတူ အဲဒီလေယာဉ်ဝယ်ယူဖို့အ တွက် ၂၀၁၀ ပြည့်နှစ်မှာ အင်ဒိုနီးရှားလွှတ်တော်ရဲ့ ခွင့်ပြုချက်ကိုရယူခဲ့တာဖြစ်ပါတယ်။ သမ္မတရဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေအတွက် ဂျက်လေယာဉ်တွေကို ငှားရမ်းအသုံး မပြုတော့ဘဲ လေယာဉ်အသစ်ကို […]
Posted On April 10, 2014, By Editorial
1 4 5 6 7 8 10