advertisement-image
ASEAN

၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများနှင့် ကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုပွဲ

    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာ ၁၉ ရက်ကနေ ၂၉ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ၁၀ ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းနဲ့အတူ ပံ့ပိုးကူညီခဲ့ကြတဲ့ သူတွေကို ဂုဏ်ပြုခဲ့တဲ့ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ Part Royal Hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး GIZ မှတာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr. Konrad de Botorli က ပြိုင်ပွဲနဲ့အတူ ကျွမ်းကျင်မှု့ရှိတဲ့ အလုပ်သမားတွေလိုအပ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကူညီပံ့ပိုးခဲ့သူ အသီးသီးအား ဒုတိယ၀န်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ […]
Posted On November 10, 2014, By Editorial

KBank က ကျောင်းသားတွေကို ငွေကြေးအဆင်ပြေအောင်ကူညီ

ထိုင်းနိုင်ငံရဲ့စတုတ္ထအကြီးဆုံးဘဏ်ဖြစ်တဲ့ Kasikorn Bank (KBank)  ဟာ တစ်နှစ်လုံး လျာထားချက်ကာမိစေဖို့ ရည် ရွယ်ပြီး ကျောင်းသားတွေကို ID Debit Card  တွေ ထုတ်ပေး နေပါတယ်။ ဒီကတ်ရှိတဲ့သူတွေဟာ ဈေးအကြွေးဝယ်ယူနိုင် ပြီး KBank ရှာဖွေထားတဲ့ သူတို့ရဲ့စာရင်းထဲကနေ ပေးချေ သွားမှာဖြစ်တယ်။ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတွေကိုလည်း အလား တူကတ်တွေ ထုတ်ပေးဝန်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။           Ref: Bangkok Post    
Posted On November 8, 2014, By Editorial

အင်ဒိုနီးရှားစီးပွားရေးမှာ နည်းပညာတွေ အဓိကကျနေ

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲပြီးသွားတာနဲ့အတူ နောက်တက်လာ မယ့်အစိုးရဟာ တိုင်းပြည်ရဲ့သတင်းနဲ့နည်းပညာ (IT) ကဏ္ဍကို ဘယ် လို ပြောင်းလဲဆောင်ရွက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးမှာ IT  ဟာ အဓိက အရေးပါတာမှန်း သိကြ ပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ လုပ်ငန်းမှာ New Technologies  လို့ခေါ်နေကြတဲ့ နည်းပညာတွေဟာ ဘယ်လို အကူအညီပေးမလဲဆိုတာ ရေရေရာရာမသိကြဘူးလို့ လေ့ လာချက်တစ်ရပ်အရ သိရပါတယ်။ သူတို့ထဲက ၅၇ ရာခိုင်နှုန်းကတော့ IT အတွက် ငွေတွေကို ပိုမိုသုံးစွဲနေကြတယ်လို့ ဆိုပါတယ်           Ref: Business Insider
Posted On November 7, 2014, By Editorial

စင်ကာပူမှာ e-commerce လူကြိုက်များလာ

အရောင်းအ၀ယ်နဲ့ တခြားစီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုတွေကို အင်တာနက်ကတစ်ဆင့် လုပ်ကိုင်ကြတဲ့  e-commerce  ကို စင်ကာပူမှာ လူကြိုက်များလာ ကြပါတယ်။ SingPost ဆိုတဲ့ ကုမ္ပဏီဟာ အဲဒီ e-commerce  အရ ဆောင်ရွက်လုပ်ကိုင်တဲ့ ကုန်တွေကို သယ်သူပို့ဆောင်ခြင်း ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးလို့ရ တဲ့ဝင်ငွေဟာ ကုမ္ပဏီတစ်ခုလုံးဝင်ငွေရဲ့ ၂၆ ရာခိုင် နှုန်းရှိပါတယ်။ အခုအခါ သယ်ယူပို့ဆောင်ပေးမှု သာမက သိုလှောင်ပေးတဲ့ ၀န်ဆောင်မှုကိုပါ ဆောင် ရွက်တော့မှာဖြစ်ပါတယ်။ စင်ကာပူမှာ  SingPost  အောင်မြင်ဖို့ဆိုရင် နိုင်ငံအချင်းချင်းဖြစ်စေ၊ အာရှတိုက်၊ ဥရောပတိုက် စတဲ့ တိုက်အချင်းချင်း ဖြစ်ဖြစ် သယ်ယူ ပို့ဆောင်ရေးအဆင် ပြေဖို့ ပိုမိုရင်းနှီးမြှုပ်နှံသွားသင့် တယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။           Ref: CAN
Posted On November 7, 2014, By Editorial

အာဆီယံ ယဉ်ကျေးမှုပွဲတော်

ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပပြီး ဌာနဆိုင်ရာအသီးသီး၊ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူအစရှိတဲ့နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အနုပညာလက်ရာတွေကို တနေရာထဲမှာ တွေ့မြင်ခံစားနိုင်စေမယ့် အာဆီယံ-ယဉ်ကျေးမှုပွဲတော် ASEAN Cultural Fair 2014 ကို အမျိုးသားကဇာတ်ရုံ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ခင်းကျင်းပြသလျက်ရှိပါတယ်။ မြန်မာ့ရိုးရာ အစားအစာများ၊ တိုင်းရင်းသားရိုးရာအ၀တ်အစားများ၊ အသုံးအဆောင်များ၊ အစားအစာများ နဲ့ အာဆီယံနိုင်ငံတွေရဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကို အောက်တိုဘာ ၂ ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပါတယ်။  
Posted On September 30, 2014, By Editorial

စင်ကာပူကုမ္ပဏီတွေအချင်းချင်း ပေါင်းစပ်ဝယ်ယူလုပ်ကိုင်မှုပမာဏ သုံးဆဖြစ်လာ

စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေအချင်းချင်း ပေါင်းစည်းကာ ကုမ္ပဏီတစ်ခုတည်းအဖြစ် လုပ် ကိုင်ခြင်းနဲ့ အချင်းချင်းရှယ်ယာတွေ ကို ၀ယ်ယူလုပ်ကိုင်ခြင်းများရှိခဲ့ကြ ရာမှာ ၂၀၁၄ ခုနှစ်၊ ပထမနှစ်ဝက် ကာလအတွင်း ငွေပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၄.၄ ဘီလီယံ ထိရှိခဲ့ပါတယ်။ ဒါက ယခင်ကထက် သုံးဆတိုးလာတာဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ်တွေထဲမှာ ငွေပမာဏ အကြီး မားဆုံးကတော့ Temasek Holding ကုမ္ပဏီက AS Watsons  ကုမ္ပဏီ ကို ဒေါ်လာ ၅.၇ ဘီလီယံနဲ့ ၀ယ် ယူလုပ်ကိုင်ဖို့ သဘောတူလိုက်တဲ့ ၀ယ်ယူမှုဖြစ်ပါတယ်။           Ref: CAN
Posted On September 2, 2014, By Editorial

အင်ဒိုနီးရှားရဲ့စီးပွားရေးတိုးတက်မှု ကမ္ဘာ့စီးပွားရေးအခြေအနေပေါ်မူတည်နေ

အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုဟာ ပြန်လည်နာလန်ထူလာ မယ်လို့ ခန့်မှန်းထားတဲ့ ကမ္ဘာ့စီးပွား ရေးအခြေအနေပေါ်မှာ မူတည်နေတယ် လို့ အင်ဒိုနီးရှားရဲ့ ဘဏ္ဍာရေးဝန်ကြီး  Chatib Barsi က ဆိုပါတယ်။ ၂၀၁၅ ခုနှစ်အတွက် အင်ဒိုနီးရှားရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ၅.၅ ရာခိုင်နှုန်းက နေ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ ခန့်မှန်းထားပါတယ်။ ဥရောပနဲ့ ဂျပန်တို့ရဲ့ စီးပွားရေးပြန်လည် နာလန်ထူလာမှုနဲ့ အတူ အမေရိကန်ကလည်း အတိုးနှုန်း မြှင့်တင်ဖို့ အလားအလာ ရှိနေတဲ့အ တွက် ကမ္ဘာ့စီးပွားရေးဟာ လာမယ့် နှစ်မှာ တိုးတက်လာမယ်လို့ Barsi ကဆိုပါတယ်။ တကယ်လို့ အမေရိ ကန်က အတိုးနှုန်းကို တိုးမြှင့်ခဲ့မယ် ဆိုရင်တော့ အင်ဒိုနီးရှားရဲ့ စီးပွားရေး ဟာ ၅.၅ […]
Posted On August 29, 2014, By Editorial

Indofood က အာဆီယံဈေးကွက်ချဲ့ထွင်မယ်

အင်ဒိုနီးရှားစားသောက်ကုန်လုပ်ငန်း Indofood က အာဆီယံဆီပွားရေး အသိုက်အ၀န်း(AEC) မှာ ယှဉ်ပြိုင်နိုင် ဖို့ အကြိုပြင်ဆင် မှုအနေနဲ့ အာဆီယံ ဈေးကွက်ကို ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ထိုးဖောက် သွားမယ်လို့ သိရ ပါတယ်။ ဖိလစ် ပိုင်နိုင်ငံက အကြီး ဆုံး သကြားထုတ် လုပ်ရေးလုပ်ငန်း Roxas ရဲ့ ရှယ်ယာတွေကို ၀ယ်ယူပြီး တဲ့နောက် နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံ မှုကို တိုးချဲ့သွားမယ်လို့ Indofood ရဲ့ CEO Anthoni Salim က ဆိုပါ တယ်။ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားခြင်းဖြင့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ လွတ်လပ် တဲ့ကုန်သွယ်ရေးသဘောတူညီချက် အကြို အလားအလာရှိတဲ့ဈေးကွက်တွေ ကို ရယူထားနိုင်မှာဖြစ်တယ်လို့ […]
Posted On August 22, 2014, By Editorial

China Mobile က ထိုင်းဆက်သွယ်ရေးကုမ္ပဏီTrue Corp ရဲ့ ရှယ်ယာ ၁၈ ရာခိုင်နှုန်းကို ၀ယ်ယ်

ထိုင်းဆက်သွယ်ရေးကုမ္ပဏီ True Corp က ကုမ္ပဏီရဲ့ရှယ်ယာ ၁၈ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၈၈၀) ကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ China Mobile ကို ရောင်းချဖို့ သဘောတူ လိုက်ပါတယ်။True Corp  အနေနဲ့ ရလာတဲ့ပိုက်ဆံတွေကို  တင်ရှိနေတဲ့ အကြွေးပမာဏကို လျော့ချဖို့နဲ့ မြန် နှုန်းမြင့်အင်တာနက်၊ အခပေးရုပ်သံ အစီအစဉ်နဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေကို ပေါင်းစပ်ပြီး အင်အား ကြီးဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် လာဖို့ ရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဖို့အတွက် အသုံးပြု သွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မသေချာမရေရာဖြစ်နေပေမဲ့ ကုမ္ပဏီ နှစ်ခုရဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းမှုဟာ ထိုင်းနိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ နိုင်ငံတကာစီး ပွားရေးအသိုင်းအ၀ိုင်းက ယုံကြည်မှု ရှိတာကို […]
Posted On July 26, 2014, By Editorial

Myanmar and ASEAN: Preparing for the next decade of growth ဆွေးနွေးပွဲ ကျင်းပ

  စင်ကာပူနိုင်ငံအခြေစိုက် Singapore Institute of International Affairs (SSIA)၊ KPMG Advisory Ltd တို့ဦးဆောင်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ ‘Myanmar and ASEAN: Preparing for the next decade of growth ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်နေ့တာဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Sule Shangri-La ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ UMFCCI ရဲ့ ဥက္ကဋ္ဌ ဦးဝင်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား၊ SSIA ရဲ့ Chairman Associate Professor Simon Tay က အဖွင့်မိန့်ခွန်း […]
Posted On June 25, 2014, By Editorial
1 3 4 5 6 7 10