ကမ္ဘာ့ဘီလီယံနာစာရင်းမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တဲ့ ဗီယက်နမ်လုပ်ငန်းရှင်

Vingroup JSC ရဲ့  အမှုဆောင်အရာရှိချုပ် Pham Naht Vuong

Vingroup JSC ရဲ့ အမှုဆောင်အရာရှိချုပ် Pham Naht Vuong

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးအိမ်ခြံ မြေတည်ဆောက်ရေးလုပ်ငန်းနဲ့ ဈေး ၀ယ်စင်တာလုပ်ငန်း Vingroup JSC ရဲ့ အမှုဆောင်အရာရှိချုပ် Pham Naht Vuong ဟာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကဖော်ပြခဲ့တဲ့ ဘီလီယံ နာစာရင်းမှာ ဆက်လက်ပါဝင်ခဲ့ပါ တယ်။ Forbes ရဲ့ဖော်ပြချက်အရ Vuong ဟာ Forbes ရဲ့ ဘီလီယံနာ စာရင်းမှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ဗီယက်နမ်နိုင်ငံသား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စုစု ပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိနေပြီး မနှစ်က အမေရိ ကန်ဒေါ်လာ ၁.၅ ဘီလီယံ ပိုင်ဆိုင်ခဲ့ ပါတယ်။ ဒီနှစ်ရဲ့ ဘီလီယံနာ စာရင်း မှာ အဆင့် ၁ç၉၀၂ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး မနှစ်ကထက် ၁၁၈ ဆင့်ကျ ဆင်းခဲ့ပါတယ်။ ဒီနှစ် Forbes ရဲ့ ဘီလီယံနာစာရင်းမှာ ဘီလီယံနာ ၁ç၆၄၅ ယောက်ပါဝင်ခဲ့ပြီး ဘီလီယံနာ အားလုံးပေါင်းရဲ့ စုစုပေါင်းပိုင်ဆိုင်မှု  အမေရိကန်ဒေါ်လာ ၆.၄ ထရီလီယံ ရှိပြီး မနှစ်ကထက် ၁ ထရီလီယံတိုး လာခဲ့ပါတယ်။

Ref: thanhniennews