မြန်မာနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ လေကြောင်းပို့ဆောင်ရေး သဘောတူ

article landscape wartermark final7

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံအစိုးရတို့အကြား လေကြောင်းသဘော တူစာချုပ်အသစ်တစ်ရပ် ချုပ်ဆိုရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို မေ ၁၉ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးတင်နိုင်ထွန်းနှင့် Department of Transportation and Communications မှ Undersecretary Mr.Jose Perpetuo M. Lotilla တို့ဦးဆောင်ဆွေးနွေးခဲ့ကြရာ လေကြောင်းသဘောတူ စာချုပ်အသစ်တစ်ရပ်ကို မူကြမ်းရေးဆွဲခဲ့ပြီး ၄င်းစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်သွား ရန်သဘောတူညီခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံမှ သတ်မှတ်လေကြောင်းလိုင်းများအတွက် ခရီးစဉ်များ၊ ခရီးသည်နှင့် ကုန်စည်သယ်ဆောင် ခွင့်နှင့် ပျံသန်းမှုဆိုင်ရာ အခွင့်အရေးများအပေါ်တွင်လည်း သဘောတူညီခဲ့ကြသည်။ ယခင်က မြန်မာနှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြားတါင် ၁၉၇၉ ခုနှစ်က လေကြောင်းသဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ဖူး သည်။