advertisement-image
Articles

Online Banking အသုံးပြုမယ်ဆိုရင်

တိုးတက်လာနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကလည်း တဖြည်းဖြည်း အရှိန်ရလာနေပါပြီ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတိုင်းအတာကို သူ့ရဲ့ Online Banking  ဘယ်လောက်တိုးတက်လာသလဲဆိုတာနဲ့ တိုင်းတာမယ်ဆိုရင် Banking Industry ကလည်း တကယ့် အရေးပါတဲ့နေရာမှာ ရှိနေတာပါ။ Banking Sector မှာ နည်းပညာပါ ၀င်ကူမယ်ဆိုရင် အကောင်းဆုံးဖြစ်ပေမဲ့သူ့မှာလည်း Risk က ရှိနေတာ ဖြစ်ပါတယ်။ ယခုအခါ Internet Banking  နဲ့ ပတ်သက်ပြီး ဧရာဝတီဘဏ်က ပထမဆုံးစတင်လုပ်ကိုင်လျက်ရှိပြီး တခြားဘဏ်  တွေကလည်း ပြင်ဆင်လျက်ရှိနေတာဖြစ်လို့ မကြာခင်အချိန်အတွင်း ဖွံ့ဖြိုးလာတော့မယ့်Online Banking  ဆိုတာကို လုံခြုံရေး ရှုထောင့်ကနေ တင်ပြချင်ပါတယ်။ ကိုယ့်ရဲ့ Bank Account ကို ဘဏ်ကိုသွားပြီး အသုံးပြုတာမဟုတ်ဘဲ […]
Posted On October 24, 2014, By Editorial

မြန်မာနိုင်ငံနှင့် FRANCHISE BUSINESS

ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံတကာက လုပ်ငန်းကြီးတွေ Franchise လုပ်လာတာနဲ့အမျှ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ Franchise လုပ်ငန်းနဲ့ပတ် သက်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုပါတယ်။ Franchise လုပ်ခြင်းအားဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်လိုကြီးထွားအောင်လုပ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ဖိုရမ်တစ်ခုကို CEO စီးပွားရေးနှင့် စီမံခန့်ခွဲ မှုမဂ္ဂဇင်းက ကြီးမှူးစီစဉ်ပြီး၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ဖိုရမ်ရဲ့ခေါင်းစဉ်က How Should I Grow My Business Through Franchising ဖြစ်ပြီး Certified Franchise Executive ရဲ့ Senior Practising Mangement Consultant & CEO ဖြစ်သူ […]
Posted On October 23, 2014, By Editorial

ရွေးထားတဲ့ Career မှာ Professional ဖြစ်စေဖို့

စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ယှဉ်ပြိုင်မှုများပြားလာတဲ့ ယနေ့ခေတ်မှာ လုပ်သားဈေးကွက်က Professional လို့ခေါ်တဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူတွေကို တောင်းဆိုလာတာကို တွေ့ရပါတယ်။ စစ်မှန်တဲ့  Professional တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ချက်နဲ့အတူ TODAY Foundation  က ကြီးမှူးပြီး  ‘ရွေးထားတဲ့ Career မှာ Professional ဖြစ်ဖို့’ ခေါင်းစဉ်နဲ့ Panel Dicussion  ကို  ၂၀၁၄ ခုနှစ်၊ ဇွန်လ ဂ ရက်က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) မှာ T-Club  မဂ္ဂဇင်းက စီစဉ်ကျင်းပခဲ့ပါတယ်။ Panelist တွေအဖြစ် ဦးထွန်းထွန်းနိုင် ၊ မသီတာ (စမ်းချောင်း) နဲ့ ဒေါ်တင်မိုးလွင်တို့ ဆွေးနွေးပေးခဲ့ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်မှာ Professional  […]
Posted On October 23, 2014, By Editorial

ဦးဝင်းထိန်ဝင်း ပြောပြတဲ့ စီးပွားရေးလုပ်ရာမှာ ထားရှိသင့်တဲ့ Ethics ဆိုတာ

  စီးပွားရေးလုပ်ငန်းလုပ်ရာမှာ Ethics ရဲ့ အရေးပါပုံ ကျွန်တော့်ရဲ့ Personal အမြင်ပြောရရင် စီးပွားရေးလုပ်တဲ့ နေရာမှာ Ethics ကအင်မတန်အရေးပါတယ်လို့ မြင်ပါတယ်။ Ethics က စီးပွားရေးလုပ်ရာမှာ အခြေခံလိုအပ်ချက် တစ်ခုလို့ လည်း ယုံကြည်ပါတယ်။ Ethics ဆိုတဲ့ အခြေခံလိုအပ်ချက် တွေမှ မပြည့်မီရင် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ မူရင်းရည်မှန်း ချက်တစ်ခုဖြစ်တဲ့ အမြတ်ငွေရရှိမှုမှာ လာပြီးအကျိုးသက် ရောက်မှုရှိနိုင်ပါတယ်။ Background Information ပြောချင် တာက Business ရဲ့ရည်မှန်းချက်ကတော့ အမြတ်ငွေရရှိဖို့ပေါ့။ Shareholder တစ်ခုရဲ့အောင်မြင်မှု မအောင်မြင်မှုကို အဓိက တိုင်းတာကတော့ မြတ်လားမမြတ်လားနဲ့ တိုင်းတာပါ။ Shareholder တွေကလည်း မြတ်တဲ့လုပ်ငန်းမှာပဲ Invest လုပ်ကြမှာပါ။ အဲဒီအမြတ်ငွေရရှိမှုမှာ တိတိကျကျပြောရရင်  Profit မှန်ပေမယ့် Profit […]
Posted On October 20, 2014, By Editorial

ဧည့်ကြိုဝန်ထမ်းတစ်ဦး လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်း

ဧည့်ကြိုဝန်ထမ်းတစ်ဦး လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်းတချို့ကို သိချင်ပါတယ်။ ဧည်ကြိုဝန်ထမ်းတစ်ဦးမှာ လုပ်ဆောင်ရမယ့် တာဝန်တွေ အများကြီးရှိပေမယ့် အခြေခံအားဖြင့် ဖောက်သည်တွေအတွက် အဆင်ပြေအောင် ဖန်တီးပေးရတဲ့တာဝန်ကို ကုမ္ပဏီကိုယ် စားပြုယူထားတာ ဖြစ်ပါတယ်။ ဖောက်သည်တွေနဲ့ပထမဆုံး တွေ့ဆုံဆက်ဆံရတဲ့ ဧည့်ကြိုဝန်ထမ်းတစ်ဦးဟာ ကောင်းမွန် ပြေပြစ်တဲ့ဆက်ဆံမှုမျိုး ရရှိဖို့ အမြဲကြိုးစားနေသင့်ပါ တယ်။   သဘောထားကိုဦးစွာပြပါ။ ဧည့်ကြိုဝန်ထမ်းတစ်ဦးဟာ ကုမ္ပဏီရဲ့မျက်နှာစာ ဖြစ်တာကြောင့် ဒီကုမ္ပဏီဟာ ဘယ်လောက်လုပ်နိုင်ပြီး စိတ်ချရသလဲဆိုတာ ကိုပြဖို့အတွက် လုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင်နေရမှာ ဖြစ်ပါတယ်။ ဖောက်သည်တွေမေးလာတဲ့ မေးခွန်းတွေရဲ့ အဖြေ ကို မသိရင်တောင် မသိပါဘူးလို့ဝန်ခံမယ့်အစား ‘ဒီမေးခွန်းကို ဘယ်သူများဖြေပေးနိုင်မလဲဆိုတာ မေးကြည့်ပါဦးမယ်’ ဆို တာမျိုး ပြောသင့်ပါတယ်။ အပြုံးနဲ့ဆက်ဆံပါ။ အပြုံးတစ်ချက်ဟာ စီးပွားရေးလောကမှာ ရေရှည်ဆက်ဆံ ရေးဆီ ဦးတည်နေတာကြောင့် လူချင်းတွေ့တာပဲဖြစ်ဖြစ်၊ […]
Posted On October 17, 2014, By Editorial

စီးပွားရေးထိုးကျမှုတွေနဲ့ မျက်မှောက်ခေတ်ဘဏ္ဍာရေး

ဘဏ္ဍာရေးဟူသည် စီးပွားရေးအကျပ်အတည်းများကို ဖြစ်ပေါ် စေလေ့ရှိရုံမက ယင်းတို့၏ပုံသွင်းခြင်းကိုလည်း ခံရသည်။ နိုင်ငံတော်ထောက်ပံ့ငွေနှင့် အာမခံချက်တို့က ငွေရေးကြေး ရေးကဏ္ဍကို တိုက်စားကာ အန္တရာယ်သစ်များ ဖန်တီးပေး နေသည်။ သမိုင်းဝင်စီးပွားရေးအကျပ်အတည်းငါးခုတို့က မျက်မှောက်ခေတ် ငွေရေးကြေးရေးစနစ်၏ လက္ခဏာသွင်ပြင် များ အစပြုခဲ့ပုံကို ဖော်ပြကာ ယနေ့စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းပေးနေသူတို့အား သင်ခန်းစာတွေ ပေးအပ်နေပါသည်။ လူသားတို့၏ အကြီးကျယ်ဆုံးတီထွင်မှုဟာ ဘာလဲ ဟုမေးလျင် ပေးလေ့ရှိသောအဖြေမှာ ပုံနှိပ်စက်၊ သို့မဟုတ် လျပ်စစ်စွမ်းအားကဲ့သို့ နည်းပညာတစ်ခုခုဖြစ်သည်။ ယင်း တို့လောက်ပင် အရေးပါသည့် ငွေရေးကြေးရေးပဋိညာဉ် (Financial Contract) ဟူ၍ကား ဖြေကြဖွယ်မရှိလှပါ။ ဘဏ္ဍာရေးဟူသည် လူတို့က ရွံ့မုန်း၊ အစွန်းအထင်းမကင်း ဟု မကြာခဏ ယူဆကြသည့်တိုင် လူသားဖွံ့ဖြိုးတိုးတက် မှုတွင် အနည်းဆုံးနှစ် ခုနစ်ထောင်မျ မရှိမဖြစ်အခန်းကမှ ပါဝင်နေခဲ့ပြီးဖြစ်တော့သည်။ […]
Posted On October 14, 2014, By Editorial

နိုးနိုးကြားကြားနဲ့အိပ်ရာထနိုင်ဖို့

အောင်မြင်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်ဖို့ဆိုတာ အလုပ်ကြိုးစားဖို့ထက် ပိုအရေးကြီးတာက အလုပ်ကို စမတ်ကျကျ လုပ်ဆောင်နိုင်ဖို့ပဲဖြစ်တယ်။ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးသမားတိုင်းက အချိန်ဆိုတာ အကန့်အသတ်ရှိတယ်၊ တန်ဖိုးမြင့်တယ် ဆိုတာကို သိထားလေ့ရှိတယ်။ ဒါကြောင့် သူတို့ရဲ့အိပ်ချိန်ကို တတ်နိုင်သမျလျော့အောင် နေလေ့ရှိကြတယ်။ ဒါပေမဲ့သိထားသင့် တာက စမတ်ကျအ လုပ်လုပ်နိုင်ဖို့အချက်များစွာရှိပေမယ့် အရေးအကြီးဆုံးက အစီအစဉ်ကြိုတင်ရေးဆွဲထားခြင်းနဲ့ သင့်တင့်တဲ့ အိပ်စက်ချိန်ထားရှိ ဖို့ကိုတော့ မမေ့ထားသင့်ပါဘူး။ ဒါကြောင့် အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ဖို့ အိပ်ရာမ၀င်ခင် အောက်ပါ အချက် ငါး ချက်ကိုပြုလုပ်ပါ။ ဒါဆိုရင် သင်ဟာ နောက်တစ်နေ့မနက်မှာ နိုးနိုးကြားကြားနဲ့ စွမ်းအားတွေကို အစွမ်းကုန်ညှစ်ထုတ်ပြီး အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ၁။ ပြက္ခဒိန်ကိုကြည့်ပါ ကြိုတင်ပြင်ဆင်ဖို့ပျက်ကွက်တာဟာ ကျရှုံးဖို့ပြင်ဆင်ထားသလိုပဲဆိုတဲ့ အဆိုရှိပါတယ်။ ဒီနေ့ည ပြက္ခဒိန်ကို ကြိုကြည့်ထားခြင်းဖြင့် သင်ဟာ နောက်တစ်နေ့တာကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့်အပြင် […]
Posted On September 21, 2014, By Editorial

နိုင်ငံခြားဘဏ်တွေ၊ ပြည်တွင်းဘဏ်တွေရဲ့ လက်ရှိအနေအထားနဲ့ ဗဟိုဘဏ်ရဲ့အခန်းကဏ္ဍ

မြန်မာအစိုးရဟာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံကို ၀င်ရောက်ရင်း နှီးမြှုပ်နှံလာတာကို ခွင့်ပြုခဲ့ရာမှာ Standard Chartered Bank ၊ Siam Commercial Bank ၊ ICBC Bank၊ Bangkok Bankု ၊DBS Bank  နဲ့ United Overseas Bank  အပါအ၀င် နိုင်ငံခြားဘဏ် ၃၅ ခုဟာ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။  အဲဒီဘဏ်တွေထဲက ဆယ် ခုခန့်ကို စိစစ်ရေးအဖွဲ့က Koland Berger  အကြံပေးကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အတူ စိစစ်ရွေးချယ်ပြီး ကန့်သတ်ချက်နဲ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စက်တင်ဘာလအကုန်မှာ ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရှိရပါတယ်။  နိုင်ငံခြားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးခြင်းအပါအ၀င် ကန့် သတ်ဝန်ဆောင်မှုလုပ်ငန်းအချို့ကို […]
Posted On September 21, 2014, By Editorial

လုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်တော့ရင်

လုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်တော့ရင် အလုပ်သွားရမှာကို ငယ်ငယ်တုန်းက ကျောင်းသွားရဖို့ ကြောက်သလိုမျိုး ကြောက်နေတယ်ဆိုရင် အလုပ်ကနေ ထွက်သင့်ပါသလား။ ဆက်လုပ်သင့်ပါသလား။ ဘာကြောင့်ပါလဲ။ မေးခွန်းရှင်ရဲ့ ‘လုပ်ငန်းခွင်ထဲမှာ မပျော်ပိုက်တော့ရင်’ ဆို တဲ့ စာသားလေးကို သဘောကျလွန်းလို့ ဆရာ့အနေနဲ့ ပြန် မေးပါရစေ။ ”လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့လူတွေကော အများကြီးလားလို့”။ ဆရာ ပုဂ္ဂလိကအမြင်နဲ့ ပြောရရင်ဖြင့် ဆရာဆို ဘွဲ့ရပြီး အလုပ်လုပ်ခဲ့ရတာ အခုဆို အသက်က ၆၈ နှစ်၊ အလုပ်လုပ်ခဲ့ရတဲ့လုပ်သက်က ၄၇ နှစ်ရှိခဲ့ပါ ပြီ။ အမှန်အတိုင်း ၀န်ခံရရင် လုပ်ငန်းခွင်ထဲမှာ လခရလို့ အဆင်ပြေတာပဲရှိတယ်။ မပျော်ပါဘူး ဗျာ။ ဆရာထင်တာကတော့ လုပ်ငန်းခွင်ထဲ ပျော်ပိုက်နေတဲ့သူတွေတော့ ရှိမှာပါ။ သူ့အ ကြောင်းနဲ့သူပေါ့။ ဒါပေမဲ့ သိပ်တော့များမယ် မထင်ပါဘူး။ ဆရာ့အထင်ပြောတာနော်။ […]
Posted On September 18, 2014, By Editorial

Middle Management အဆင့်ကနေTop Leader တွေ ဖြစ်လာနိုင်သူတွေရဲ့ တူညီတဲ့အဓိကအချက်တချို့

Middle Management  အဆင့်ကနေTop Leader  တွေ ဖြစ်လာနိုင်သူတွေရဲ့ တူညီတဲ့အဓိကအချက်တချို့ကိုသိချင်ပါတယ်။ တူညီတဲ့အဓိကအချက်တချို့လို့ ဆိုထားတဲ့အတွက် ‘တော် သေးတယ်လို့’ ပြောရမယ်။ မဟုတ်ရင် ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ဖြေရပါလိမ့်မယ်။Top Leader  ဖြစ်လာဖို့ဆိုရင် စာအုပ် တွေထဲပါတဲ့အတိုင်း ‘ကောင်း’တာတွေ အလွတ် ချရေးလိုက်လို့ရပေမယ့် တကယ်လက်တွေ့ ကျကျပြောရရင်တော့ စာက သိပ်ချောမှာမဟုတ် ဘူး။ ဆရာ့ရဲ့အတွေ့အကြုံအရ ပြောရရင် တော့ … ၁ ။ Top Leader  ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုက ရိုးသားဖို့ လိုတယ်။ စေတနာမှန်ဖို့လိုတယ်။ အဲဒါပထမပဲ။ ၂။ ဆရာ ခဏခဏ ပြောနေတဲ့ ‘High Aspiration   မြင့်မြင့်မားမားမှန်းတတ်ဖို့ (တစ် နည်းပြောရရင်) Leader ဖြစ်ချင်စိတ်ရှိဖို့။’အရင်းခံစိတ်’ ထားဖို့ လိုတယ်။ ၃။ […]
Posted On September 9, 2014, By Editorial
1 83 84 85 86 87 94