advertisement-image
Articles

ကိုယ့်ရဲ့ကုမ္ပဏီပိုင်ရှင်သူဌေးနဲ့ ခရီးတစ်ခုကို ကားတစ်စီးတည်းနဲ့ သွားတဲအခါမှာ အရှေ့ခြမ်းမှာ ထိုင်သင့်လား၊ အနောက်ခြမ်းမှာထိုင်သင့်လားဆိုတာ . . .

ဒီလိုအခြေအနေမျိုးနဲ့ ကြုံရပြီဆိုရင် ကားဆီကို အပြေးအလွှား မသွားမိအောင် သတိပြုသင့်ပါတယ်။ ကိုယ်စီးရမယ့်ကားဆီကို ရောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ငန်းရှင် (သူဌေး) က သူထိုင်ဖို့ စိတ်ကြိုက်နေရာကို ရွေးချယ်ပြီးတဲ့အထိစောင့်ပြီးမှ ကိုယ်နဲ့လည်းအဆင်ပြေသင့်တော်တဲ့ နေရာလွတ်တစ်ခုမှာ ရွေးထိုင်သင့်ပါတယ်။ ခရီးတစ်ခုကို ကိုယ့်ရဲ့သူဌေးနဲ့အတူတူ အငှားယာဉ်၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ ဇိမ်ခံကားနဲ့ သွားရမယ်ဆိုရင် သူဌေးကို ကားနောက်ခန်းမှာ ထိုင်ဖို့နေရာပေးတာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ့်ရဲ့ စီနီယာတွေနဲ့အတူ ခရီးသွားတဲ့အခါမှာလည်း သူတို့နှစ်သက်တဲ့နေရာကို ရွေးချယ်ပြီးတော့ လွတ်တဲ့နေရာမှာသာ သင်ဝင်ရောက် နေရာယူသင့်ပါတယ်။ ဒီမှာ အသက်ငယ်ငယ် အလုပ်အမှုဆောင်တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ တခြားဝန်ထမ်းနှစ်ဦးပါ ပါဝင်တဲ့ ခရီးတစ်ခုကို သူ့ရဲ့ သူဌေးနဲ့အတူသွားတုန်းက သူဌေးကို ကားနောက်ခန်းမှာ တခြားဝန်ထမ်းနှစ်ဦးနဲ့အတူ ထိုင်ဖို့အတွက်နေရာပေးပြီး သူကရှေ့ခန်းမှာ ၀င်ထိုင်ခဲ့တဲ့အတွက် မျက်နှာမရဘဲ ခြေထောက်ရကိန်းဆိုက်ခဲ့ပါတယ်။ ဒါကြောင့် […]
Posted On December 11, 2015, By Editorial

The Power of I Am : Two Words That Will Change Your Life Today

ရေးသူ -Joel Osteen စာမျက်နှာ – ၂၈၈ မျက်နှာ (ကတ္ထူဖုံး) ထုတ်ဝေသူ – Faith Words (6-10-2015) ISBN-10: 0892969962 ISBN-13: 978-0892969968 အရွယ်အစား – ၆.၄” x ၁” x ၉.၂” အင်္ဂလိပ်ကို (I am) ဆိုတဲ့ စကားနှစ်လုံးဟာ သင့်ရဲ့လက်ရှိဘ၀ကို ပြောင်းလဲစေနိုင်တယ်လို့ စာအုပ်နာမည်က ဆိုပါတယ်။ တစ်နည်းအားဖြင့် ယုံကြည်မှုရဲ့ စွမ်းအားလို့ ဆိုနိုင်တယ်။ ဒီကနေ့ သင်ဟာI am Blessed (ငါဟာ ကံကောင်းသူ ဖြစ်တယ်) ကို ယုံကြည်ထားလိုက်ရင် ကံကောင်းမှုက နောက်ကလိုက်ပါမှာ ဖြစ်တယ်။ ဒီလိုပဲ ငါဟာအစွမ်းအစရှိတယ်၊ ကျန်းမာတယ်၊ သန်စွမ်းတယ် စသဖြင့်ယုံကြည်ထားရင် အဲဒါတွေအတိုင်း […]
Posted On December 9, 2015, By Editorial

15 Secrets Successful People Know about Time Management:

Productivity Habits of 7 Billionaires, 13 Olympic Athletes 29 Straight-A'students, and 239 Enterepreneurs ရေးသူ – Kevin Kruse စာမျက်နှာ – ၃၀၈ မျက်နှာ ထုတ်ဝေသူ -The Kruse Group; 1 edition (9-10-2015) ရောင်းသူ – Amazon Digital Services, Inc. အလေ့အကျင့်ဟောင်းတွေကို စွန့်ပြီး အလေ့အကျင့်သစ်များနဲ့ အစားထိုးလုပ်နိုင်သွားခြင်းဖြင့် သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ငါးဆမှ ဆယ်ဆအထိ မြင့်မားတိုးတက်လာတာကို မလိုချင်ဘူးလား။ အလုပ်တွေများလွန်းလို့ စိတ်ပင်ပန်းဖြစ်နေတာမျိုးတွေ ရပ်ပြီး တစ်နာရီလောက် အေးအေးဆေးဆေး စာဖတ်နေခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေခြင်း၊ ဒါမှမဟုတ် မိသားစုနဲ့ အေးအေးဆေးဆေး နေချင်စိတ်တွေ […]
Posted On December 9, 2015, By Editorial

အသုံးတည့်စေမယ့် Gadget လေးများ

Sony Xperia Z5 မျက်နှာပြင်အကျယ် ၅.၂ လက်မရှိပြီး Android 5.1 သုံးထားတဲ့ Xperia Z5 မှာ 2GHz Qualcomm Octa Core Processor ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ 23MP Rare Camera နဲ့ 5.1 MP Front Camera တို့ပါဝင်ကာ RAM 3GB ၊ Memory ကတော့ 32GB အထိရွေးချယ်စရာရှိပြီး MircorSD Card Slot လည်းပါလို့ Memory Card ထပ်ထည့်ပြီးလည်း သုံးနိုင်မှာပါ။ တန်ဖိုး – ၈၄၉,၀၀၀ ကျပ်ဝန်းကျင် Wai Yan Electronics ၀၁ ၃၉၈၅၆၆၊ ၂၅၆၆၂၀ iPad […]
Posted On December 9, 2015, By Editorial

Myanmar Gold Entrepreneurs Association

၂၀၀၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာဆို ၁၃ ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (Myanmar Gold Entrepreneurs Association-MGEA) ဟာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို ကိုယ်စားပြုတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို နိုင်ငံတော်အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နိုင်ရေး၊ ရွှေဈေးကွက်ကြီး တည်ငြိမ်ရေးနဲ့ နိုင်ငံတော်ကချမှတ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးစတဲ့ ရည်မှန်းချက်တွေနဲ့ဖွဲ့စည်းဖြစ်ခဲ့တဲ့ ရွှေလုပ်ငန်းရှင်အသင်းရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုအပိုင်း၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ အသင်းတည်ထောင်ရခြင်းရည်ရွယ်ချက် – မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံအချောကိုင်မှုနဲ့ ရောင်းဝယ်မှုလုပ်ငန်းတွေ ခေတ်မီတိုးတက်အောင်ဆောင်ရွက်ရန်။ – ရွှေလက်ဝတ်ရတနာရောင်းချမှုလုပ်ငန်းတွေမှာ သမာသမတ်ကျတဲ့ဈေးနှုန်းတွေနဲ့ မှန်မှန်ကန်ကန် ရောင်းချနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်။ – ပြည်တွင်းပြည်ပ ရွှေလက်ဝတ်ရတနာရောင်းဝယ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှခွင့်ပြုတဲ့ ပြပွဲတွေကျင်းပခြင်း၊ ကုန်သွယ်မှုလေ့လာရေးအဖွဲ့တွေကို စေလွှတ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်ခြင်းစတဲ့ […]
Posted On December 9, 2015, By Editorial

ထိုင်းမြန်မာ လုပ်ငန်းရှင်များတွေ့ဆုံပွဲနဲ့ Open AEC Market အခမ်းအနား

အောက်တိုဘာလ ၁၆ ရက်နေ့က Jasmine Palace Hotel မှာပြုလုပ်ခဲ့တဲ့ Thai-Myanmar  Open AEC Market ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို Thai-Myanmar Business Council မှ ကြီးမှူးစီစဉ်တာဖြစ်ပြီး ပွဲမှာ Thai-Myanmar Business Council မှ Chairman Mr Panitarn Pavarolavidya က ပွဲနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး ပွဲကိုတက်ရောက်လာကြတဲ့ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များက သူတို့လုပ်ငန်းများအကြောင်းကို တစ်ဦးချင်းစီရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီပွဲကို ထိုင်းနိုင်ငံမှ လုပ်ငန်းရှင် ၁၁ ဦးနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ၁၀ ဦး တက်ရောက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှ Food Colors ၊ Swizsi ၊ Sprocket Cam/Drive ၊ […]
Posted On December 7, 2015, By Editorial

ငွေကြေးဆိုင်ရာ အခြေခံအဆောက်အအုံများ

– အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank) မှ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ စီးပွားရေးနှေးကွေးလာမှုကြောင့် အာရှနိုင်ငံများသို့ အနှေးနှင့်အမြန် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားသည်ကို သတိပြုနိုင်ပါသည်။ ထို့ပြင် အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းမြင့်ဖွယ်ရှိသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိတ်ချလုံခြုံသောအမေရိကန်၌ ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့် စိန်ခေါ်မှုလည်း ကြုံတွေ့နိုင်ပြန်ပါသည်။ (ရည်ညွှန်း။  ။ ဘန်ကောက်ပို့စ်၊ ၂၃ ၊ စက်တင်ဘာလ ၂၀၁၅) – ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာကြုံတွေ့ရမည်ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးတည်ငြိမ်ရန်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းသည် လွန်စွာအရေးပါလှပါသည်။ လက်ရှိမြန်မာနိုင်ငံ၏အစိုးရအခြေအနေများကို လေ့လာကြည့်ပါက ထုတ်ကုန်နှင့် သွင်းကုန်ပမာဏ ကွာခြားချက်ကြီးမားခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများအနေဖြင့် စိတ်ချယုံကြည်ရသော ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အားနည်းသဖြင့် မြေကစားခြင်း (Speculation)၊ ဘဏ်များ၏ Non Performing Loan ရာခိုင်နှုန်းမြင့်လာခြင်း၊ […]
Posted On December 3, 2015, By Editorial

1st Milky Way Co Ltd & Myan Tour Co Ltd ရဲ့ Managing Director ဦးမျိုးသော်

အသက်နှစ်ဆယ်ဝန်းကျင်မှာပဲ စီးပွားရေးလောကထဲကို ၀င်ရောက်လာကာ အခုချိန်မှာတော့ ကြော်ငြာဆိုင်းဘုတ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ Sports Club ၊ Limosine Service စတဲ့ ၀န်ဆောင်မှု အဓိကစီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ဦးမျိုးသော်ရဲ့ လုပ်ငန်းဆိုင်ရာအတွေးအမြင်တွေ၊ ကိုယ်တိုင်ကြိုးစားလုပ်ဆောင်မှုတွေကို အခုလိုသိခွင့်ရခဲ့ပါတယ်။ စီးပွားရေးလောကထဲကိုဝင်ရောက်ရာမှာ ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းကြောင်းနဲ့ နောက်ခံပညာရေး . . . ဆယ်တန်းအောင်ပြီးချိန်က စပြောချင်ပါတယ်။ ကျွန်တော့်ငယ်ဘ၀က တော်တော် Struggle လုပ်ပြီး ဖြတ်သန်းခဲ့ရတာပါ။ ကျွန်တော့်အဖိုးကတော့ ပန်းချီဆရာကြီးဦးစန်းလှိုင်ပါ။ အမေက ကျောင်းဆရာမ ၊ အဖေက စာရေးဆရာ၊ ကဗျာဆရာပါ။ ကျွန်တော် ခုနစ်တန်းနှစ်မှာ အဖေဆုံးသွားတော့ အမေ့အတွက် မိသားစုတာဝန်က ပိုကြီးလေးလာခဲ့ပါတယ်။ ဒါကို ကျွန်တော့်အမေက ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ငယ်ငယ်ကတည်းက အလေးစားရဆုံး Role Model […]
Posted On December 3, 2015, By Editorial

Expatriate များနှင့် လုပ်ငန်းခွင်

Expatriate လိုအပ်ချက်၊ Expatriate ဆီက သင်ယူရမယ့် အချက်များနှင့် Challenge များ၊ မြန်မာလူငယ်တွေ Learning လုပ်ရန် လိုအပ်ချက်များ၊ First – Jobber တွေ ပြင်ဆင်ရမယ့်အချက်များကို ဆွေးနွေးတင်ပြထားပါသည်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေများပြားလာတာနဲ့အတူ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ လာရောက် လုပ်ကိုင်ကြတာလည်း တစ်စတစ်စ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ရှိရင်းစွဲလုပ်ငန်းတွေ၊ ပူးပေါင်း တိုးချဲ့လာတဲ့လုပ်ငန်းတွေ၊ လုပ်ငန်းသစ်တွေပေါ်ပေါက်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုအနေအထားလည်း မြင့်မားလာကာ လုပ်ငန်းခွင်မှာ  ကျွမ်းကျင်ဝန်ထမ်းတွေ မရှိမဖြစ်လိုအပ်လာပါတော့တယ်။ ဒါပေမဲ့ မြန်မာ့ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းစတာတွေဟာ ဆယ်စုနှစ်အတော်ကြာအောင် ခါးပြတ်ခဲ့တာကြောင့် ပြည်တွင်းဝန်ထမ်းများမှာ လိုအပ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေ လစ်လပ်ကုန်ပြီး ရုတ်ခြည်းထွက်ပေါ်လာတဲ့ ရာထူးအမြင့်ပိုင်းနေရာတွေမှာ မဖြည့်နိုင်တဲ့အနေအထားမျိုး ကြုံတွေ့လာရပါတော့တယ်။ ဒါကြောင့် နိုင်ငံတကာက စီမံခန့်ခွဲနိုင်တဲ့ အတွေ့အကြုံရှိပြီးသား၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပြီးသား Expatriate […]
Posted On December 1, 2015, By Editorial

HBR Guide to Managing Stress at Work

ရေးသူ – Harvard Business Review စာမျက်နှာ – ၁၉၂ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Harvard Business Review (14-1-14) ISBN – 10:1422196011 ISBN – 13:978-1422196014 Harvard Business Review မှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးများကို စုစည်းတင်ပြထားတာဖြစ်တယ်။ လုပ်ငန်းခွင်မှာ စိတ်ကျဉ်းကျပ်မှု (Stress) ခံစားနေရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လက်တွေ့ဆောင်ရွက်နိုင်တဲ့ အကြံပေးချက်တွေနဲ့ ဖော်ပြထားပါတယ်။ ဥပမာ – စိတ်ကျဉ်းကျပ်မှုကို ရေရှည် ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးထားတာ ၂၁ ချက်တောင်ရှိပါတယ်။ စာအုပ်ပါ ဆောင်းပါးတွေထဲက နည်းနည်းကောက်နုတ် ဖော်ပြရမယ်ဆိုရင် – ''လူအများအပြားဟာ တစ်နေတစ်နေ့ ကွန်ပျူတာမှာ […]
Posted On November 25, 2015, By Editorial
1 74 75 76 77 78 94