The Power of I Am : Two Words That Will Change Your Life Today

powerofiam1

ရေးသူ -Joel Osteen

စာမျက်နှာ – ၂၈၈ မျက်နှာ (ကတ္ထူဖုံး)

ထုတ်ဝေသူ – Faith Words (6-10-2015)

ISBN-10: 0892969962

ISBN-13: 978-0892969968

အရွယ်အစား – ၆.၄” x ၁” x ၉.၂”

အင်္ဂလိပ်ကို (I am) ဆိုတဲ့ စကားနှစ်လုံးဟာ သင့်ရဲ့လက်ရှိဘ၀ကို ပြောင်းလဲစေနိုင်တယ်လို့ စာအုပ်နာမည်က ဆိုပါတယ်။ တစ်နည်းအားဖြင့် ယုံကြည်မှုရဲ့ စွမ်းအားလို့ ဆိုနိုင်တယ်။ ဒီကနေ့ သင်ဟာI am Blessed (ငါဟာ ကံကောင်းသူ ဖြစ်တယ်) ကို ယုံကြည်ထားလိုက်ရင် ကံကောင်းမှုက နောက်ကလိုက်ပါမှာ ဖြစ်တယ်။ ဒီလိုပဲ ငါဟာအစွမ်းအစရှိတယ်၊ ကျန်းမာတယ်၊ သန်စွမ်းတယ် စသဖြင့်ယုံကြည်ထားရင် အဲဒါတွေအတိုင်း ဖြစ်လာနိုင်တယ်လို့ ဆိုထားတယ်။ အဓိကကတော့ တက်ကြွတဲ့အမြင်၊ အကောင်းဘက် မြင်တတ်တဲ့အမြင်မျိုး ရှိဖို့ဖြစ်တယ်။

စာရေးသူရဲ့ စာအုပ်ခုနှစ်အုပ်ကို 'နယူးယောက်နိုင်ငံ' က အရောင်းရဆုံး စာရင်းဝင်စာအုပ်တွေအဖြစ် ဖော်ပြခဲ့ဖူးတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘုရားကျောင်းပရိသတ် အများဆုံးရောက်တဲ့ ဘုရားရှိခိုးကျောင်းမှာ အကြီးတန်း တရားဟောဆရာတစ်ဦးဖြစ်တယ်။ ကမ္ဘာပေါ်ရှိ ခရစ်ယာန် ဘာသာရေးဆိုင်ရာ သြဇာတိက္ကမ ရှိကြတဲ့ပုဂ္ဂိုလ်တွေထဲမှာ အပါအ၀င်ဖြစ်တယ်။