advertisement-image
Technology

Social Media သုံးတာကြောင့် ကိုယ့် Professional Life ကို မထိခိုက်စေချင်ရင် လိုက်နာသင့်တာတွေ

ဒီနေ့ခေတ်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၇၁ ရာခိုင်နှုန်းလောက်က Social Media ကို နေ့စဉ်အသုံးပြုနေကြပါပြီ။ ဒီကိန်းဂဏန်းတွေထက်ပိုပြီး တုန်လှုပ်ဖို့ကောင်းတာက အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ၀န်ထမ်းတွေရဲ့ သုံးပုံတစ်ပုံလောက်က အလုပ်ချိန်အတွင်းမှာ အနည်းဆုံးတစ်နာရီလောက် Social Media ကို အသုံးပြုနေကြတယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီသုတေသနမှာပဲ ၀န်ထမ်းတွေရဲ့ လေးပုံတစ်ပုံလောက်ဟာ လုပ်ငန်းရှင်က လုပ်ငန်းခွင်မှာ Social Media အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ရင် အလုပ်မလုပ်ဘဲ နေကြတယ်လို့ ထုတ်ပြန်ထားပါတယ် လုပ်ငန်းရှင်တော်တော်များများဟာ ၀န်ထမ်းတွေ Social Media သုံးတာကြောင့် သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းသွားမှာကို စိုးရိမ်ကြပေမယ့် တစ်ဖက်ကနေလည်း Social Media  သုံးတာကြောင့် ရလာတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို လက်မလွှတ်နိုင်ကြဘဲ ဖြစ်နေကြပါတယ်။ လုပ်ငန်းတော်တော်များများဟာ အခုအခါမှာ လုပ်ငန်းခွင်မှာ […]
Posted On April 25, 2017, By Editorial

Phandeeyar ရဲ့ မြန်မာနိုင်ငံနည်းပညာပိုင်းဆိုင်ရာ အကြီးမားဆုံးရင်းနှီးမြှပ်နှံမှုပွဲကြီး

၂၀၁၇ ခုနှစ်၊ မတ်လ ၃ ရက်က မြန်မာနိုင်ငံရဲ့ နည်းပညာပိုင်းဆိုင်ရာ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုပွဲကြီးကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ ၃၅ လမ်းရှိ Phandeeyar Myanmar Innovation Lab မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ Phandeeyar ရဲ့ Founder & CEO ဖြစ်သူ Mr David Maddan က အဖွင့်အမှာစကား ပြောကြားပြီးနောက် Phandeeyar Accelerator က ထွက်ပေါ်လာတဲ့ Startup လေးခုနဲ့ Founder Institute အစီအစဉ်က Startup ငါးခုတို့က ရင်းနှီးမြှုပ်နှံမှုတွေရစေဖို့ Presentation တွေပေးခဲ့ပါတယ်။ ပွဲမှာ Phandeeyar က ပြုလုပ်တဲ့ Phandeeyar […]
Posted On April 24, 2017, By Editorial

LEI JUN နှင့် ရှောင်မီစမတ်ဖုန်း

ကမ္ဘာ့ပြည်သူဘီလီယံအတော်များများထံ စမတ်ဖုန်းနှင့်တကွ သက်ဆိုင်ရာပစ္စည်းကိရိယာများ ဖြန့်ဖြူးရောက်ရှိနေရာမှာ Lei Jun နှင့်သူတည်ထောင်သော Xiaomi (ရှောင်မီ) စမတ်ဖုန်းလုပ်ငန်းက ရောင်းချရေးပုံစံသစ်ဖြင့် ဖြန့်ဖြူးလျက်ရှိသည်။ ဆိုင်တင်ရောင်းချခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းကို ရုတ်ရုတ်သဲသဲဖြစ်စေခြင်းအတွက် ကမ္ဘာ့ငွေရေးကြေးရေးအသိုင်းအ၀ိုင်း၌ ဟိုးလေးတကျော်စိတ်ဝင်စားနေကြသည်မှာ အင်တာနက်ကုမ္ပဏီများ၊ ဆော့ဖ်ဝဲ Apps များဖြစ်ကြသော်လည်း ထိုအံ့မခန်းဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးသည်မှာ ပစ္စည်းကိရိယာစမတ်ဖုန်းပင်ဖြစ်သည်။ သို့ဖြစ်ရာစမတ်ဖုန်းအား ရုတ်ခြည်းဆိုသလိုပင် အရှိန်သြဇာကြီးအနေအထားသို့ Lei Jun က တွန်းပို့ပေးခဲ့သည့်အတွက် ယင်းအား ၂၀၁၄ခုနှစ် စီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ် FORBES ASIA စာစောင်ကရွေးချယ်ခဲ့ပါသည်။ ဈေးကွက်သုတေသနလုပ်ငန်းကုမ္ပဏီ IDC ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၅ ခုနှစ်ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းအရောင်း ၁ဒသမ ၅ ဘီလီယံ၏ ထက်ဝက်ကျော်ကျော်မှာ ဂျပန်မပါ အာရှ-ပစိဖိတ်ဒေသ၌ ရောင်းချလိမ့်မည်။ တရုတ်နိုင်ငံမှ (Xiaomi ) ရှောင်မီစမတ်ဖုန်းသည် […]
Posted On April 21, 2017, By Editorial

စီးပွားရေးလုပ်ငန်းရှင်တွေအတွက် မရှိမဖြစ် Mobile Application ၆ ခု

အခုမှလုပ်ငန်းစမယ့်သူပဲဖြစ်ဖြစ်၊ ခရီးအမြဲတမ်းသွားနေရလို့ ကိုယ့်လုပ်ငန်းအခြေအနေကို မျက်ခြည်မပြတ် ဘယ်လိုကြည့်ရမလဲဆိုတာ စဉ်းစားနေသူတွေအတွက်ပဲဖြစ်ဖြစ် မိုဘိုင်းလ်ပစ္စည်းတွေကနေ ကိုယ့်လုပ်ငန်းနဲ့ စဉ်ဆက်မပြတ်ဖို့ ကူညီနိုင်တဲ့ App တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒါတွေကို Android ရော၊ iOS တွေမှာပါ အသုံးပြုနိုင်ပါတယ်။ Google Apps Google ရဲ့ G Suite App မှာပါတဲ့ Drive၊ Docs နဲ့ Sheets တွေအားလုံးက သီးသန့် App တွေဖြစ်ပေမယ့် သူတို့အားလုံးကို တစ်စုတစည်းတည်းစုထားတဲ့ G Suite App အဖြစ်နဲ့ သုံးလို့ရနိုင်ပါတယ်။ File တွေ၊ Folder တွေနဲ့ Document တွေ အကုန်လုံးကို အင်တာနက်ချိတ်ဆက်ထားတဲ့ Drive တွေကနေ လှမ်းပြီး Access ၊ […]
Posted On April 7, 2017, By Editorial

ကမ္ဘာ့ပထမဆုံး Drone ဖန်တီးသူ ဘီလီယံနာ Frank Wang

Frank Wang ဆိုတာဘယ်သူလဲ . . . အသားတင်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃.၆ သန်းရှိတဲ့အတွက် နည်းပညာလုပ်ငန်းမှာ ၅၇ ဦးမြောက် အချမ်းသာဆုံးဖြစ်ပြီး တရုတ်လူမျိုးထဲမှာ ၃၈ ဦးမြောက် အချမ်းသာဆုံးဖြစ်နေတဲ့ Frank Wang ဟာ ကမ္ဘာပေါ်မှာ Drone (မောင်းသူမဲ့လေယာဉ်) နဲ့ ဘီယံနာဖြစ်လာတဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ မုတ်ဆိတ်မွေးတိုတိုထားပြီး မျက်မှန်ဝိုင်းကို တပ်ထားသလို ဂေါက်ကွင်းဆောင်းဦးထုပ်ကို ငိုက်ပြီး ဆောင်းတတ်တဲ့၊ လူမြင်လည်း မခံချင်တဲ့ Frank ဟာ အလွန်ထူးချွန်ထက်မြက်ပြီး အနိုင်ရဖို့ဆိုရင် ဘာမဆို ကျားကုတ်ကျားခဲလုပ်တတ်တဲ့၊ တည်ငြိမ်ပြီး ကြံ့ခိုင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ သူဟာ လက်တွေ့ကျသူနဲ့ ချင့်ချိန်နိုင်စွမ်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ DJI လို့လည်း ခေါ်တဲ့ SZ Da-Jiang […]
Posted On March 28, 2017, By Editorial

Spymaster တစ်ယောက်ကဲ့သို့ စီမံခန့်ခွဲခြင်း

Counter-intelligence နည်းပညာများသုံးပြီး ကုမ္ပဏီများအနေနဲ့ Cyber attack များမှ ကာကွယ်နိုင်ဖို့ ရည်ရွယ်ကာ ဒီဆောင်းပါးကို ရေးသားဖော်ပြလိုက်ရပါတယ်။ မကြာသေးခင်အချိန်ကာလတစ်ခုအထိ ကုမ္ပဏီတွေအနေနဲ့ သတင်းအချက်အလက် လုံခြုံရေးအတွက်ဆိုရင် အံဆွဲတွေ၊ ဗီရိုတွေ၊ မီးခံသေတ္တာတွေနဲ့ ကုမ္ပဏီဝင်းခြံတံခါးတွေကို သေချာခတ်ဖို့ သော့ကောင်းကောင်းနဲ့ CCTV တပ်ဆင်တာ၊ ကုမ္ပဏီအတွင်း လူအ၀င်အထွက်ကို စိစစ်ကာ သေချာမှတ်သားတာ၊ အများသုံးမိတ္တူကူးစက်မှာ အရေးကြီးစာရွက်စာတမ်းတွေ မထားခဲ့မိဖို့ သတိထားကြရုံလောက်ပဲ အရေးတယူရှိခဲ့ကြတာဖြစ်ပါတယ်။  ဒါပေမဲ့ ကုမ္ပဏီတွေ၊ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံအစိုးရတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကွန်ပျူတာစနစ်တွေကို  တိုက်ခိုက်ချိုးဖျက်ခံရတဲ့အခါမှာတော့ ရလာတဲ့ဆိုးကျိုးတွေက ပိုများပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေ သိလို့မဖြစ်တဲ့ အသိဉာဏပစ္စည်းဆိုင်ရာအချက်အလက်တွေကို ချိုးဖောက်ခံရတာဆိုရင် စီးပွားရေးဆိုင်ရာအကြီးအကျယ် နစ်နာဆုံးရှုံးနိုင်သလို အခန့်မသင့်ရင် ကုမ္ပဏီဒေ၀ါလီခံရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အပြင်ကို ပေါက်ကြားလို့မဖြစ်တဲ့ ဖောက်သည်တွေရဲ့ နာမည်တွေကအစ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ […]
Posted On March 10, 2017, By Editorial

Online မှာ ကိုယ်ပိုင်သတင်းအချက်အလက် လုံခြုံရေးအတွက် အရေးအကြီးဆုံး Password

ပထမဆုံးဥပဒေသကတော့ ကိုယ့် Password ကို လုံခြုံအောင်ထားပါ။ အဲဒီလုံခြုံအောင်ထားထားတဲ့ Password ကလည်း Strong ဖြစ်ဖို့တော့ လိုပါတယ်။ ကိုယ်ရေးကိုယ်တာအတွက်သုံးတဲ့ Social Network တွေကအစ၊ လုပ်ငန်းအတွက်သုံးရတဲ့ Email တွေ အပါအ၀င်၊ လုပ်ငန်းခွင်အတွင်းက ကွန်ပျူတာစနစ်တွေနဲ့ ကိုယ့်ရဲ့ငွေရေးကြေးရေး အချက်အလက်တွေအတွက် ဘဏ်အကောင့်တွေ စသဖြင့် လူတစ်ယောက်မှာ ထိလွယ်ရှလွယ် ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါင်းများစွာ ရှိပါတယ်။ ဒါတွေအားလုံးကို အွန်လိုင်းမှာ လုံခြုံအောင် ထားဖို့ဆိုတာကတော့ ကိုယ့်မှာ Security နဲ့ ပတ်သက်တဲ့ Concern ကတော့ ရှိရပါလိမ့်မယ်။ ဥပမာ – အများသူငါက သိလောက်တဲ့ ကိုယ့်အတွက် အရေးကြီးနေ့စွဲကို Password အဖြစ်ထားတာမျိုး မလုပ်ရဘူးဆိုတာလောက်ကတော့ အခြေခံပါ။ Password နဲ့ ပတ်သက်လို့ . […]
Posted On February 2, 2017, By Editorial

Motorola Moto Z

Motorola Moto Z Android 7.0 ကို သုံးထားတဲ့ Motorola ရဲ့ Moto Z စမတ်ဖုန်းက GSM(LTE) Network မှာ သုံးလို့ရပါတယ်။ ပြီးတော့ Dual SIM ဖြစ်ပါတယ်။ ၅ ဒသမ ၅ လက်မအရွယ် မျက်နှာပြင်ရှိပြီး Quad Core CPU နဲ့ RAM 4GB ပါဝင်ကာ Internal Memory ကတော့ 64 GB ဖြစ်ပါတယ်။ ပြီးတော့ 2TB အထိ ချဲ့ထွင်ထည့်သွင်းသုံးနိုင်မယ့် MicroSD Card Slot လည်း ပါဝင်ပါတယ်။ 5MP Front Camera ၊ 13MP Rare Camera တို့ကိုသုံးထားပြီး […]
Posted On January 6, 2017, By Editorial

Android ဖုန်းသုံးတဲ့အခါ ပိုလွယ်စေမယ့် လှည့်ကွက် ၇ မျိုး

အခုဖော်ပြမယ့် Feature တွေက နောက်ဆုံးပေါ် Android Version တွေမှာဘဲ သုံးလို့ရနိုင်ပါတယ်။ (Lollipop နဲ့ အထက်) Notification နဲ့ Quick Setting ကို တစ်ပြိုင်နက်တည်း သွားခြင်း . . . ဖုန်းမှာ Noti တွေလည်း တက်နေပြီး Quick Setting ထဲကိုလည်း ၀င်ကြည့်ဖို့ လိုနေတယ်ဆိုရင် လက်တစ်ချောင်းတည်းနဲ့ Swipe Down လုပ်မယ့်အစား လက်နှစ်ချောင်းနဲ့ Swipe Down လုပ်လိုက်ပါ။ Quick Setting ရော၊ Notification Pane ကိုပါ ကြည့်နိုင်ပါတယ်။ Home Button ကိုမြင်ရဖို့ Swipe လုပ်ခြင်း . . . Application တစ်ခုခုသုံးနေရင်းပဲဖြစ်ဖြစ်၊ […]
Posted On December 15, 2016, By Editorial

CEO မဂ္ဂဇင်းမှ စီစဉ်တဲ့ Online Business ဆွေးနွေးဟောပြောပွဲကျင်းပ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ရန်ကုန်မြို့၊ Chatrium Hotel Royal Lake မှာ Online Business ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို စီးပွားရေးလုပ်ငန်းတွေရဲ့အနာဂတ်ဖြစ်တဲ့ အွန်လိုင်းစီးပွားရေးနဲ့ပတ်သက်လို့ သိရှိနားလည်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ Oway Inc ရဲ့ Founder & CEO ဖြစ်သူ ဦးနေအောင်က နိုင်ငံတကာ စီးပွားရေးအယူအဆနှင့် ပြည်တွင်းအွန်လိုင်းစီးပွားရေးသဘာဝတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ Fairway Web မှ Founder & Principal ဖြစ်သူ ဦးအိမောင်မှ အွန်လိုင်းစီးပွားရေးနှင့် E-commerce နည်းပညာဆိုင်ရာ သိသင့်သောအချက်များနဲ့ပတ်သက်လို့  ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။ Studio AMK Pte Ltd မှ CEO […]
Posted On December 10, 2016, By Editorial
1 3 4 5 6 7 17