Android ဖုန်းသုံးတဲ့အခါ ပိုလွယ်စေမယ့် လှည့်ကွက် ၇ မျိုး
အခုဖော်ပြမယ့် Feature တွေက နောက်ဆုံးပေါ် Android Version တွေမှာဘဲ သုံးလို့ရနိုင်ပါတယ်။ (Lollipop နဲ့ အထက်)
Notification နဲ့ Quick Setting ကို တစ်ပြိုင်နက်တည်း သွားခြင်း . . .
ဖုန်းမှာ Noti တွေလည်း တက်နေပြီး Quick Setting ထဲကိုလည်း ၀င်ကြည့်ဖို့ လိုနေတယ်ဆိုရင် လက်တစ်ချောင်းတည်းနဲ့ Swipe Down လုပ်မယ့်အစား လက်နှစ်ချောင်းနဲ့ Swipe Down လုပ်လိုက်ပါ။ Quick Setting ရော၊ Notification Pane ကိုပါ ကြည့်နိုင်ပါတယ်။
Home Button ကိုမြင်ရဖို့ Swipe လုပ်ခြင်း . . .
Application တစ်ခုခုသုံးနေရင်းပဲဖြစ်ဖြစ်၊ YouTube နဲ့ တခြား Video Player တစ်ခုခုကို သုံးနေရင်းပဲဖြစ်ဖြစ် ရုတ်တရက် Home Button ကို လွယ်လွယ်နဲ့ပြန်ခေါ်ချင်ရင် လုပ်တဲ့နည်းဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ App ပေါ်မူတည်ပြီး Video ကို တစ်ချက် Touch လုပ်လိုက်တာက Home Button ကိုပြပေးနိုင်တဲ့ နည်းလမ်းကောင်းတော့ မဟုတ်ပါဘူး။ အဲဒီလိုအခါမျိုးမှာ Screen ကို အပေါ်ကနေ Swipe Down တစ်ချက် လုပ်ချလိုက်ရင် ရနိုင်ပါလိမ့်မယ်။
Camera ကို Double Click နဲ့ ဖွင့်ခြင်း . . .
ဖုန်းက Lock ဖြစ်နေတဲ့အနေအထားမှာပဲဖြစ်ဖြစ်၊ App တစ်ခုခုကို သုံးနေတုန်းမှာပဲဖြစ်ဖြစ် Camera ကို မြန်မြန်လေး ဖွင့်ချင်တယ်ဆိုရင်တော့ Power Button ကို မြန်မြန်ကလေးသာ နှစ်ချက်နှိပ်လိုက်ပါ။
Map ကိုသုံးနေရင်း 3D View ကြည့်ခြင်း . . .
Google Map ပဲဖြစ်ဖြစ်၊ Android မှာပါတဲ့ Map ကို အသုံးပြုရင်ပဲဖြစ်ဖြစ် တချို့မြို့တွေကို 3D ပုံစံနဲ့ ကြည့်လို့ရပါတယ်။ Map ကိုဖွင့်ထားရင်း လက်နှစ်ချောင်းကိုသုံးပြီး Swipe Down လုပ်လိုက်ရင် အဆောက်အအုံတွေရဲ့ 3D Perspective ပါ တွေ့ရနိုင်ပါတယ်။
Chrome ကို Refresh လုပ်ခြင်း . . .
ဖုန်းထဲက Chrome Mobile ကိုသုံးရင် Page တွေက Respond မလုပ်တော့တဲ့အခါ ဘယ်လို Refresh လုပ်လို့ ရမလဲ။ ဖွင့်ထားလက်စ Page ကို သုံးနေရင်းနဲ့ ထိပ်ဆုံးကနေ Pull Down လုပ်ချလိုက်ပါ။
Chrome က Tab တစ်ခုနဲ့တစ်ခုကြား လွယ်လွယ်ပြောင်းခြင်း . . .
Chrome Mobile ကိုသုံးနေရင်း Tab တွေအများကြီး ဖွင့်ခဲ့မိပြီး တစ်ခုနဲ့တစ်ခုကို လွယ်လွယ်ပြောင်းချင်တယ်ဆိုရင် Address Bar အပေါ်ကနေဆွဲပြီး အရှေ့အနောက် Swipe လုပ်ကာ သွားနိုင်ပါတယ်။
စာလုံးတွေကြား Cursor လွယ်လွယ်ရွှေ့ခြင်း . . .
အရင်ဆုံး Setting ထဲက Language&inputs ထဲက Virtual Keyboard ၊ Google Keyboard ၊ Gesture Typing ကို သွားပြီး Enable Gesture Cursor Control Setting ကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ စာတစ်ခုခုရိုက်နေရင်း စာလုံးတွေကြားထဲ Cursor ရွှေ့ချင်ရင် Space Bar ပေါ်မှာ အရှေ့အနောက် Swipe လုပ်လို့ ရသွားပါလိမ့်မယ်။