advertisement-image
Technology

၂၀၁၈ ခုနှစ်အတွက် နည်းပညာဆိုင်ရာ ခန့်မှန်းချက် ၆ ချက်

1. Augumented Reality Augumented Reality (AR) နည်းပညာက အရာဝတ္ထုပစ္စည်းတွေရဲ့ ဒစ်ဂျစ်တယ်ပုံရိပ်တွေကို အလွှာတွေ အထပ်ထပ်ဖန်တီးပြီး အဲဒီအရာဝတ္ထုပစ္စည်းတွေအတိုင်း အပြင်လက်တွေ့ဘ၀မှာ ဖုန်းကင်မရာကနေတစ်ဆင့် မြင်ရစေတာ ဖြစ်ပါတယ်။ Apple ရဲ့ ARKit ကို အသုံးပြုပြီး iOS app တွေဟာ အခန်းအကျယ်အ၀န်းကို တိုင်းတာမြေပုံထုတ်ပြီး မီးအလင်းအမှောင် ချိန်ညှိပြောင်းလဲတာ၊ အခန်းအတွင်းမှာ ပစ္စည်းတွေကိုနေရာချတာ စတာတွေကို အပြင်မှာ လက်တွေ့မပြုလုပ်ခင် Smartphone ကင်မရာကနေတစ်ဆင့် အစမ်းပြုလုပ်နိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ရေပန်းစားခဲ့တဲ့ Pokemon Go Game မှာ AR နည်းပညာကို GPS နဲ့ Camera Function တွေ ပေါင်းစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဈေးဝယ်ထွက်ခြင်းနဲ့ […]
Posted On March 4, 2018, By Editorial

Productivity တက်စေမယ့် Application ၆ ခု

လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ရဲ့ Productivity တက်စေဖို့ ကဏ္ဍအသီးသီးကနေ ကူညီပေးနိုင်မယ့် Application ၆ ခုကို ဖော်ပြပေးလိုက်ပါတယ်။ Join.me ——— Join.me ဟာ အသုံးပြုရလွယ်ကူတဲ့ Online Meeting Tool တစ်ခုဖြစ်ပြီး Web Version လည်းရှိကာ ဒီ App ကို iPhone ရော Android ကနေပါ အသုံးပြုလို့ ရနိုင်ပါတယ်။ Free screen sharing နဲ့ အကန့်အသတ်မရှိ Video Conferencing ကို ထောက်ပံ့ပေးထားပါတယ်။ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်တဲ့ Whiteboard Feature ပါဝင်တဲ့အတွက် အစည်းအဝေးလုပ်နေသူတွေနဲ့ တစ်ခန်းတည်း အတူမရှိနေရင်တောင် တစ်မျက်နှာတည်း အတူရှိနိုင်ပါပြီ။  အသုံးဝင်တဲ့ Whiteboard Feature ကြောင့် […]
Posted On February 9, 2018, By Editorial

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Google Chrome Extension များ

Google Chrome မှာ Extension တွေ အများကြီးရှိတဲ့အထဲကမှ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး Extension တွေ ထွက်ပေါ်လာခဲ့ပါပြီ။ Productivity-Boosting Timer တွေကနေစလို့ Ad Blocker တွေအထိ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို မြင့်မားစေဖို့ Google Chrome Extension ၆ ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ 1. Accompany for Gmail Accompany for Gmail က ကိုယ့်ဆီ Email ပို့လာတဲ့ သူတွေရဲ့နာမည်၊ ကိုယ်ရေးအကျဉ်းအပြင် Twitter ၊ LinkedIn ၊ Facebook စတဲ့ Social Media တွေက Profile တွေကိုပါ သွားကြည့်လို့ရအောင် Link တွေ ဖော်ပြပေးပါလိမ့်မယ်။ […]
Posted On October 22, 2017, By Editorial

Data Centres တွေက အိမ်ခြံမြေအခွင့်အလမ်းအသစ်တွေ ဖန်တီး

နိုင်ငံတကာမှာ နည်းပညာကြောင့် အလုပ်အကိုင်တစ်ချို့ပျောက်ကွယ်သွားသလို အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာခြင်းမျိုးလည်းရှိပါတယ်။ ဒီလတော့ နည်းပညာကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဘယ်လိုအခွင့်အလမ်းတွေ ပေါ်ပေါက်လာသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ Data တွေကို သိမ်းဆည်းထားဖို့အတွက် မြန်ဆန်တဲ့ တိုးတက်မှုနဲ့ အဆုံးမရှိတဲ့ လိုအပ်ချက်တွေကြောင့် Data Centres တွေက အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုအတွက် ကျော်ကြားလာတဲ့ ကဏ္ဍတစ်ခုဖြစ်လာခြင်းကို ကွန်ပျူတာပရိုဂရမ်မာတွေက သိရှိကြပါတယ်။ သာမန်ပစ္စည်းတွေကို စွမ်းဆောင်နိုင်အောင်ပြုလုပ်ပေးတဲ့ အင်တာနက်နဲ့ ချိတ်ဆက်နိုင်တဲ့ ကိရိယာတန်ဆာပလာတွေရဲ့ ကွန်ရက် (Internet of Things-IoT)၊ အချက်အလက်နဲ့ အက်ပလီကေးရှင်းတွေကိုပို့ပေးနိုင်ပြီး အင်တာနက်လို အသုံးပြုနိုင်တဲ့ Cloud Computing ၊ အဖွဲ့အစည်းတစ်ခုရဲ့အပြင်က အချက်အလက်အရင်းအမြစ်တွေကို ရှာဖွေခြင်း (IT Outsourcing) နဲ့ အင်တာနက် ချိတ်ဆက်ခြင်းတွေအပေါ် လူကြိုက်များလာမှုကြောင့် ကဏ္ဍအားလုံးမှာ လိုအပ်ချက်တွေ ပေါ်လာပါတယ်။ […]
Posted On August 30, 2017, By Editorial

အတွေ့အကြုံရှိ အိုင်တီနှင့်နည်းပညာလုပ်သား ပိုမိုများပြားစွာတက်ရောက်ခဲ့သည့် Tech Career Expo 2017

မြန်မာနိုင်ငံ၏ ထိပ်တန်း Job Portal ဖြစ်သော JobNet.com.mm  á€™á€˝ ကြီးမှူးပြီး မြန်မာ့ Tech Career Expo 2017  ပွဲကြီးကို ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ Sedona Hotel Grand Ball Room တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ပွဲတွင် နိုင်ငံတွင်းရှိ IT နှင့် Tech နယ်ပယ်ရှိလုပ်သားများအတွက် Computer and Information Systems ပိုင်းမှစတင်ကာ IT Systems ၊ Network Management ၊ Programming ၊ Web Administration […]
Posted On August 7, 2017, By Editorial

Artificial Intelligence Assistant များနှင့် သူတို့အကြောင်း

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတို့ရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ အဆင်ပြေချောမွေ့စေဖို့ရာမှာ IT ရဲ့ အခန်းကဏ္ဍကလည်း လွန်စွာအရေးပါလာပါတယ်။ အခုဆိုရင် Artificial Intelligence Assistant တွေက Personal Assistant တွေနေရာမှာ အစားထိုးဝင်ရောက် မလာနိုင်သေးပေမယ့် သူတို့ရဲ့အသိဉာဏ်တွေကတော့ တဖြည်းဖြည်း တိုးတက်လို့လာနေပါတယ်။ သင်မေးလိုက်တဲ့ မေးခွန်းတွေ၊ ရှာခိုင်းတဲ့ သတင်းအချက်အလက်တွေ၊ အမိန့်ပေးလိုက်တဲ့ လုပ်ဆောင်ချက်တွေကို AI Assistant တွေက ကူညီဆောင်ရွက်ပေးပါလိမ့်မယ်။ AI Assistant တွေဟာ Online Source တွေကနေ ရာသီဥတုအခြေအနေတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ နေ့စဉ်သတင်းတွေ၊ Stock ဈေးနှုန်းတွေ၊ လက်လီအရောင်းဈေးနှုန်းတွေစတဲ့ သတင်းအချက်အလက်တွေကို ရယူသိရှိနိုင်ပါတယ်။ AI Assistant တွေဟာ သတင်း အချက်အလက်တွေကို စုစည်းပြုစုပေးတာအပြင် Email ၊ Calender […]
Posted On August 1, 2017, By Editorial

JobNet Myanmar မှ ကြီးမှူးကျင်းပမည့် Tech Career Expo 2017

မြန်မာနိုင်ငံရဲ့ တိုးတက်မှုအမြန်ဆုံးသော Job portal တစ်ခုဖြစ်သည့် JobNet.com.mm မှ ကြီးမှူးပြီး မြန်မာ့ Tech Career Expo 2017 ပွဲကြီးကို ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၃၀ ရက်နေ့ ၊ တနင်္ဂနွေနေ့မနက် ၉ နာရီမှ စတင်ကာညနေ ၅ နာရီထိ ရန်ကုန်မြို့ အချက်အချာနေရာကောင်းရှိ Sedona Hotel (Grand Ball Room) ကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လွန်ခဲ့သော ၅ နှစ် နိုင်ငံ၏စီးပွားရေးတံခါးဖွင့်ပြီး နောက်ပိုင်းကတည်းက နိုင်ငံအတွင်း သတင်းနှင့်အချက်အလက် ရရှိနိုင်မှု လိုအပ်ချက်ကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး နိုင်ငံအတွင်း SIM Card တစ်ကဒ်တန်ဖိုး ဒေါ်လာ ၂၀၀ ခန့်ရှိနေခဲ့ရာမှ ၂၀၁၄ ခုနှစ်အတွင်းမှာ […]
Posted On July 27, 2017, By Editorial

လုပ်ငန်းအတွက် အကောင်းဆုံး iOS 10 ခု

Office Productivity: Microsoft Excel, Word, Powerpoint (free) IPad မှာပဲ အသုံးပြုလို့ရမယ့် APp တွေဖြစ်ပါတယ်။ iWork Suite မှာ တည်မှီခိုမနေရဘဲ ကိုယ့်ကွန်ပျူတာပေါ်မှာ သုံးသလို လုပ်ဆောင်ချက်စုံစုံလင်လင်နဲ့ သုံးနိုင်မှာ ဖြစ်ပါတယ်။ Email: Outlook (free) ကိုယ့်ကွန်ပျူတာမှာ Microsoft Outlook နဲ့ Email သုံးတတ်တဲ့ User တွေအတွက် Microsoft က iOS Device တွေမှာ လွယ်လွယ်သုံးနိုင်ဖို့ လုပ်ပေးထားတဲ့ App ပါ။ Not Taking: OneNote (free) Desktop Computer သုံးတတ်တဲ့သူတွေအတွက် iOS Device တွေမှာ Note တွေ လွယ်လွယ်ကူကူ မှတ်နိုင်ပြီး […]
Posted On June 14, 2017, By Editorial

Snapchat ကုမ္ပဏီကြီး၏ CEO Evan Spiegel

၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်မှာ မွေးဖွားခဲ့တဲ့ Evan Thomas Spiegel ဟာ အမေရိကန် စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံက နိုင်ငံစုံနည်းပညာနဲ့ လူမှုကွန်ရက်ကုမ္ပဏီကြီး Snap Inc., ကို ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်ပါတယ်။ သူဟာ Bobby Murphy ၊ Reggie Brown တို့နဲ့အတူ Stanford တက္ကသိုလ်မှာ ကျောင်းတက်ရင်း Snap Inc., ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Spiegel ဟာ၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းကြီးရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လေးရာ (Forbes 400) စာရင်းမှာ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂ . ၁ ဘီလီယံနဲ့ အဆင့် ၃၃၅ […]
Posted On May 30, 2017, By Editorial

နည်းပညာအကူအညီနဲ့ လုပ်ငန်းခွင်

Supervisor ၊ Manager အဖြစ် မကြာသေးခင်ကမှ စတင်တာဝန်ယူလာကြတဲ့ ၀န်ထမ်းအများစုဟာ မိမိကိုယ်ပိုင်လုပ်ငန်းတာဝန်တွေအတွက် သာမက ၊ မိမိအဖွဲ့သားတွေအတွက်နဲ့ အဆင့်တူ တခြားသော ၀န်ထမ်းတွေအတွက်ပါ အချိန်ပေးနိုင်အောင် ကိုယ့်ကိုယ်ကိုယ် စီမံထားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် များသောအားဖြင့် နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်တဲ့အခါ လွယ်ကူမှုရှိစေဖို့ နည်းပညာရဲ့ အကူအညီကိုတော့ ယူကြရတာပါပဲ။ ဒါပေမဲ့ ပါးနပ်စွာ သုံးတတ်ဖို့တော့ လိုပါမယ်။ မြန်ဆန်လွယ်ကူဖို့ အာရုံစိုက်ပါ . . . ကိုယ့်ကွန်ပျူတာကို ခဏလေးထားသွားပြီး ပြန်လာတာနဲ့အစက ပြန်ဖွင့်နေရတာမျိုး မဖြစ်စေဖို့ Standby ၊ ဒါမှမဟုတ် Hibernate Mode ကိုသုံးပါ။ Power မစားဖို့ကတော Hibernate Mode ကိုသုံးတာက ပိုကောင်းပါတယ်။ ဒါဆို ဖွင့်ပြီးသား […]
Posted On May 5, 2017, By Editorial