advertisement-image
Technology

HND Diploma in Computing (UK) စာနယ်ဇင်းရှင်းလင်းပွဲ

GUSTO Institute of Information Technology ကနေပြုလုပ်တဲ့ နိုင်ငံတကာ IT engineer လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် HND Diploma in Computing (UK) စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်က မြေနီကုန်းမှာရှိတဲ့ GUSTO Institute of Information Technology ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ GUSTO ရဲ့ကျောင်းအုပ် ဦးဝင်းထိန်ဝင်းက HND Diploma in Computing (UK) အကြောင်းကိုရှင်းပြပြီး Program Leader ဒေါ်အိနှင်းဖြူက ပညာသင်ဆုများအကြောင်းနဲ့ ကျောင်းဝင်ခွင့်အကြောင်းအရာများကို ရှင်းပြကာ တက်ရောက်လာတဲ့ မီဒီယာများရဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ HND Diploma က (UK) […]
Posted On June 19, 2014, By Editorial

Social Mobile Commerce Industry အနာဂတ်ကို ပုံဖော်မယ့် Facebook နဲ့ WhatsApp ရဲ့ deal

ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံတန်ဖိုးရှိ Facebook  ရဲ့ ၀ယ်ယူမှုကSocial Mobile Commerce လုပ်ငန်းနယ်ပယ်ရဲ့ ဖြစ်ထွန်းလာမယ့်လမ်းကြောင်းကို ပုံဖော်ချင်တာပဲဖြစ်နိုင်တယ်လို့ သုတေသနကုမ္ပဏီတွေနဲ့ E-Commerce လောကရဲ့ ထိပ်တန်းကုမ္ပဏီတွေက ဆိုကြပါတယ်။ Facebook  က Smartphone ကနေ စာသား၊ ဓာတ်ပုံနဲ့  video တွေ ပို့လို့ရတဲ့ ၀န်ဆောင်မှုဖြစ်တဲ့ WhatsApp ကို ဒေါ်လာ ၁၉ ဘီလီယံအသုံးပြုဝယ်ယူကာ Mobile Platform  အသုံးပြုသူ နောက်ထပ် တစ်ဘီလီယံကို ထပ်မံရရှိဖို့ လောင်းကြေး ထပ်ထားတာဖြစ်ပါတယ်။ ဒီဝယ်ယူမှုက Facebook ကိုယ်တိုင်အတွက်လည်း အကြီးဆုံးရင်းနှီးမှုတစ်ခုဖြစ်သလို တခြား Google Inc နဲ့ Microsoft Corporation  ၊ Apple Inc  တို့ရဲ့ […]
Posted On June 18, 2014, By Editorial

Nikon DSLR Workshop

Special Style Photo & Electronics ကနေ စီစဉ်တဲ့ Nikon DSLR Workshop ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဓာတ်ပုံအသင်း(ရန်ကုန်) မှာ ကျင်းပခဲ့ပါတယ်။ Special Style Photo & Electronics ရဲ့ GM ဖြစ်သူ ဒေါ်ဥမ္မာက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဓာတ်ပုံပညာရှင် ဦးကျော်ကျော် ၀င်း(MPS) က Nikon DSLR ကင်မရာ စီးရီးအလိုက် အသုံးပြုပုံနဲ့ ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ အတွေ့ အကြုံတွေကို အကျယ်တ၀င့် တင်ပြခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဓာတ်ပုံပညာရှင်၊ ဓာတ်ပုံဝါသနာရှင် သိလိုသမျှကို ပြန်လည်ဖြေကြားခဲ့ပြီး Nikon DSLR ကင်မရာတွေကို အထူးဈေးနှုန်းတွေ နဲ့ ရောင်းချပေးခဲ့ […]
Posted On June 18, 2014, By Editorial

Dream Job Myanmar Online Recruitment Advertising Website မိတ်ဆက်ပွဲ

  လူငယ်များနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေသူတွေအတွက် အလုပ်အကိုင်ရှာဖွေရေး Website တစ်ခုဖြစ်တဲ့ Dream Job Myanmar Online Recruitment  Advertising Website မိတ်ဆက်ပွဲ အခမ်းအနားကို SuLe Shangri-La Hotel မှာ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအမှာစကားအဖြစ် Dream Job Myanmar ရဲ့ Managing Director ဒေါ်ဇာခြည်လင်းက Website အကြောင်းကိုရှင်းပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Mulodo Inc.(Japan) ရဲ့ Managing Director Mr Hiroyuki Iida က Mulodo Inc.ရဲ့ နည်းပညာအကြောင်းများကိုရှင်းပြခဲ့ပြီး အစားအသောက်များနဲ့ တည့်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။ Dream Job Myanmar Online […]
Posted On June 18, 2014, By Editorial

Model အသစ် HTC One (M8) နဲ့ HTC Desire 816 မိတ်ဆက်

HTC Company မှ အသစ်ထပ်မံထုတ်လိုက်တဲ့ Model နှစ်မျိုး htc One (M8) နဲ့ HTC Desire 816 မိတ်ဆက် ရှင်းလင်းပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ HTC မှ ကိုကျော်သူအောင် က အသစ်မိတ်ဆက်ပေးလိုက်တဲ့ HTC One (M8) နဲ့ HTC Desire 816 အကြောင်းနဲ့ပတ်သက်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။  HTC Desire 816 ရဲ့အရွယ်အစားကတော့ 156.6×70.7×7.9 mm ရှိပြီး အလေးချိန် 165 g ၊ မြင်ကွင်း 5.5 Inches […]
Posted On June 5, 2014, By Editorial

Online မှ အစပြုထူထောင်နိုင်သော မြန်မာ့စီးပွားရေးဈေးကွက်

၂၀၁၃ ခုနှစ် ကမ္ဘာ့ကုမ္ပဏီကြီး များကို စီမံခန့်ခွဲရေးနည်းပညာ ပေးဆိုင်ရာ မစ်ကင်ဆီ (Mckinsey Global Institute) က မြန်မာ့စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အခြေခံ ယန္တရား လေးချက်ကို အရေးကြီး မဏ္ဍိုင်အဖြစ် ထားပြီး မြန်မာနိုင်ငံစီးပွားရေးကို ကမ္ဘာ့ စီးပွားရေးဆိုင်ရာ စင်မြင့်ပေါ်သို့ လက်လှမ်းမီနိုင်ဖို့ စုစည်းသုံးသပ် အကြံပေးခဲ့ပါတယ်။ ဒီအရေးကြီးဆိုင်ရာ နည်းလမ်းလေးသွယ် ကတော့         ၁။ ဒီဂျစ်တယ်လို့ခေါ်တဲ့ ဆက်သွယ်ပြန်ကြားရေး နည်းပရိယာယ်ပြောင်းလဲရေး၊ ၂။ အခြေခံ စိုက်ပျိုးရေးစနစ်မှ ထုတ်ကုန်စနစ်သို့ ပြောင်းလဲရေး၊ ၃။ နည်းစနစ်ကျ မြို့ပြတည်ဆောက် ချဲ့ထွင်ရေးနဲ့ ၄။ နိုင်ငံတကာ စီးပွားရေးကွန်ရက်ဆိုင်ရာနည်းစနစ်များ ကျင့်သုံးရေး ဖြစ်ပါတယ်။ ဒီလေးချက်နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ နံပါတ်တစ်အချက်ဖြစ်တဲ့ Transformation of Digital […]
Posted On June 5, 2014, By Editorial

Nokia ရဲ့ CEO အသစ် လခလျှော့ရ

  တယ်လီဖုန်းကုမ္ပဏီ Nokia ဟာ သူ့ရဲ့မိုဘိုင်းဖုန်းလုပ်ငန်းကို Microsoft ကုမ္ပဏီကို ရောင်းချလိုက်ပြီး Nokia Oyj’s ဆိုတဲ့နာမည် အသစ်နဲ့ ဆက်လက်ဆောင်ရွက်ရာမှ   CEO အသစ်ဖြစ်လာတဲ့သူဟာ အရင် CEO ထက် လစာလျှော့ချမှာဖြစ် တယ်။ အရင် CEO အ ဟောင်း ဖြစ်သူMr Elop  က လစာငွေအဖြစ် ယူရို ငွေ ၁.၁ သန်း ရ တယ်။ အလုပ်ရပ် စဲ လျော်ကြေးငွေ အဖြစ် ၂၄.၂ သန်း ရတယ်။ သူ့လက် ထက်မှာ Nokia  ဖုန်းတွေမှာ Microsoft  ဆော့ဝဲလ် တွေသုံးပြီး ဈေးကွက်တင်ခဲ့တဲ့ အခါ အရောင်းတွေကျပြီး ယူရိုငွေ ငါးဘီလီ ယံကျော် အရှုံးပေါ်ခဲ့တယ်။ […]
Posted On June 5, 2014, By Editorial

င်္Facebook ၏ ဒေါ်လာ ၁၉ ဘီလီယံတန် လုပ်ငန်းသစ်တစ်ခုဖြစ်လာခဲ့သော Jan Koum ၏ WhatsApp ကုမ္ပဏီ

  ဒီနေ့မနက်စောစောက Jan Koum ဟာ သူ့ရဲ့ကုမ္ပဏီ WhatsApp ကို Facebook ကို ဒေါ်လာ ၁၉ ဘီလီယံနဲ့ရောင်းမယ့် အရောင်းအ၀ယ်ကို လက်မှတ်ထိုးဖို့အတွက် အဓိပ္ပာယ် ပြည့် ၀တဲ့နေရာတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ Koum ၊ ပူးတွဲတည်ထောင်သူ Brian Acton  နှဲ့Sequoia  ကုမ္ပဏီရဲ့ Venture Capitalist   (စွန့်စားရင်းနှီးမြှုပ်နှံသူ) Jim Goetz  တို့ဟာ Mountain View  မြို့မှာရှိတWhatsApp  ရဲ့သိုသိပ်တဲ့ဌာနချုပ်နဲ့ ဘလောက်နည်းနည်း ကလေးပဲဝေးတဲ့ မသုံးဘဲ ပစ်ထားတဲ့အဆောက် အအုံ တစ်ခုဆီကို ကားမောင်းပြီးသွားခဲ့ကြပါတယ်။ အဲဒီ အဆောက်အအုံဟာ မြောက်ပိုင်းစီရင်စု လူမှုရေးအကျိုးဆောင်လုပ်ငန်းရဲ့ ရုံးဟောင်းဖြစ်ပြီး အခုအခါအသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Koum ၊ တစ်ခါတုန်းက […]
Posted On June 5, 2014, By Editorial

မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် E- Commerce Business & Family Trade Fair 2014 ပြပွဲ

မြန်မာနိုင်ငံရဲ့ ပထမဆုံးကျင်းပတဲ့ E- Commerce Business & Family Trade Fair 2014 ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းဥက္ကဌ ဦးခင်မောင်သန်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးတင်အောင်ခိုင်၊ ကမ္ဘောဇဘဏ်လီမိတက် ICT Deperment မှ ဒေါ်ချောစုစုကို ၊ i Home service မှ Managing Director ဒေါ်အေးသူ တို့က အဖွင့်အမှာစကား အသီးသီးပြောကြားပြီး ပြပွဲကိုဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီပြပွဲဟာဆိုရင် MCC ခန်းမှာ မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်ထိပြသကျင်းပမှာဖြစ်ပြီး Online နဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်ပေါင်း ၃၀ ခန့်က၀င်ရောက် ပြသကြပါတယ်။ မြန်မာနိုင်ငံတွင် […]
Posted On May 30, 2014, By Editorial

Ooredoo Myanmar ရဲ့ ၀န်ဆောင်မှုများအကြောင်းရှင်းလင်း

၂၀၁၃ ခုနှစ်၊ ဇွန်လကတည်းက တယ်လီကွန်လိုင်စင်ရရှိခဲ့တဲ့ Ooredoo Myanmar ရဲ့ ၀န်ဆောင်မှုများအ ကြောင်းရှင်းလင်းတင်ပြပွဲကို  ၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Ross Cormack က ဆက်သွယ်ရေး ကွန်ရက်တွေတည်ဆောက်မှုအခြေအနေတွေနဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့ ပါတယ်။ လက်ရှိ Ooredoo Myanmar မှာ မြန်မာနိုင်ငံသားဝန်ထမ်းဦးရေ ခြောက်ရာကျော် ခန့်အပ်ထားပြီး မြန်မာဝန်ထမ်းတွေဟာ ကုမ္ပဏီအတွက် အောင်မြင်မှုများ ရရှိသွားရန် အဓိက အခန်းကဏ္ဍကနေ ပါဝင်တာကို ယုံကြည်ကြောင်း Mr. Cormack က ဆိုပါတယ်။ ယခုနှစ် တတိယ […]
Posted On May 27, 2014, By Editorial
1 11 12 13 14 15 17