advertisement-image
Technology

TODAY နှင့် CEO Magazine တို့၏ website များနှင့် တရားဝင်မိတ်ဆက်ခြင်း အခမ်းအနားပြုလုပ်

  TODAY စာအုပ်တိုက်မှ ထုတ်ဝေလျက်ရှိသော TODAY Tourism & Business Magazine နှင့် CEO Business & Management Magazine များ၏ official website များဖြစ်သော today-myanmar.com နှင့် ceo-myanmar.com website များနှင့်မိတ်ဆက်သည့် အခမ်းအနားတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့က အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် TODAY Publishing House LTD ၏ Board of Director တစ်ဦးဖြစ်သူ ဦးမိုးသဲမှ Website များ မိတ်ဆက်သည့်အကြောင်းနှင့်ပတ်သက်ပြီး အဖွင့်စကား ပြောကြားခဲ့ပါသည်။ အခမ်းအနားမှာ today-myanmar.com နှင့် ceo-myanmar.com တို့ကို […]
Posted On March 7, 2014, By Editorial

Jaymart Mobile မှ Official Samsung Showroom ဖွင့်လှစ်

ထိုင်းနိုင်ငံရဲ့ နံပါတ်တစ် Mobile Phone Retailer ဖြစ်တဲ့ Jaymart Mobile မှ မြန်မာနိုင်ငံမှာဖွင့်လှစ်တဲ့ Official Samsung Showrooom ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ Jaymart Mobile Samsung Showroom မှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Samsung မှ တာဝန်ရှိသူတစ်ဦးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆိုင်မှာ ရရှိနိုင်မယ့် Samsung Brand    ပတ်သက်လို့ တက်ရောက်လာကြတဲ့ သတင်းမီဒီယာသမားတွေနဲ့ ဧည့်သည် တော်တွေကို ဆိုင်ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ပါတယ်။ ဆိုင်ဖွင့်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ Jmart Mobile ရဲ့ Chief Marketing Officer Mr Jong Hann Fan က “ […]
Posted On March 7, 2014, By Editorial

နေရောင်ခြည်စွမ်းအင်သုံးပျားတွေကို အသုံးပြုဦးမယ့် Facebook ရဲ့ ခြေလှမ်း

Google က နေရာတိုင်းမှာအင်တာနက်သုံးနိုင်အောင် ပူဖောင်းတွေကို အသုံးပြုချိန်မှာတော့ Facebook က နေရောင်ခြည်စွမ်။အင်သုံးပျား (Solar – powered drone) တွေကို ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ အဲဒိအတွက် Facebook ဟာ Titan Aerospace ဆီမှ ဒေါ်လာ ၆၀ မီလီယံ အကုန်အကျခံဝယ်ယူမှာဖြစ်ပြီး Titan Aerospace ဟာ ကောင်းကင်ရဲ့အမြင့်ပိုင်းမှာ တည်ရှိမှာဖြစ်တဲ့  နေရောင်ခြည်စွမ်းအင်သုံးပြီးငါးနှစ်လုံးကိုင်တွယ်စရာမလိုပဲ ပျံဝဲနေမယ့် ပျားတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအင်တာနက်အသုံးပြုခွင့်ရရှိဖို့အတွက် ပျားပေါင်း ၁၁,၀၀၀ ကို အသုံးပြုကာ အာဖရိကတိုက်အပေါ်ဘက်နဲ့ တခြားနေရာတွေမှာ ထားရှိပေးမှာဖြစ်ပါတယ်။
Posted On March 5, 2014, By Editorial

၂၀၁၄ ခုနှစ်အတွင်း LG က သူ့ရဲ့ ပထမဦးဆုံး Smartwatch ကို ဖြန့်ချိနိုင်ဖို့ မျှော်မှန်းထား

ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခုဖြစ်တဲ့ Smartwatch ဈေးကွက်ထဲကို Samsung နဲ့ Sony တို့လို ကုမ္ပဏီကြီးတွေသာမက Pebble လို ကုမ္ပဏီလေးတွေကပါ ဈေးကွက်ထဲမှာ နာမည်ရဖို့ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြသလို LG ကလည်း နောက်ကျမကျန်ခဲ့ရအောင် သူ့ရဲ့ ပထမဦးဆုံး ကွန်ပျူတာနည်းပညာအသုံးပြု နာရီတစ်လုံးကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ LG ရဲ့ မိုဘိုင်းဌာနဆိုင်ရာ ဆက်သွယ်ရေး ဥက္ကဋ္ဌ Park Jong-seok က အရှေ့ပိုင်းမှာ ထွက်ရှိခဲ့တဲ့ smartwatch model တွေဟာ အသုံးပြုသူတွေအနေနဲ့ ဘာကြောင့်ဝယ်ယူသင့်တယ်ဆိုတာကို ကောင်းကောင်း သရုပ်မပြနိုင်ခဲ့ကြပါဘူး။ LG ရဲ့ နည်းဗျူဟာအရ မပြည့်စုံတဲ့ ပစ္စည်းမျိုးကို အသုံးပြုသူတွေဆီ ဖြန့်ချိမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ တခြား smartwatch တွေလိုပဲ LG […]
Posted On February 25, 2014, By Editorial

Samsung က Smartwatch model အသစ် ၂ မျိုး မိတ်ဆက်

Samsung Electronics က Computer နည်းပညာအသုံးပြုထားတဲ့ လက်ပတ်နာရီအသစ် ၂ မျိုးကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress wireless show မတိုင်ခင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာမိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အသုံးပြုသူတွေရဲ့ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုပေးနိုင်မယ့် sensor တွေနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် feature အသစ်တွေပါဝင်လာတာက ၀ယ်ယူသူတွေ ကို ဆွဲဆောင်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Samsung ရဲ့ ပထမဦးဆုံး Galaxy Gear smartwatch ကကြီးကျယ်ခမ်းနားပေမဲ့ ဈေးကွက်ထဲမှာ အောင်မြင်မှု မရခဲ့ပါဘူး။ Samsung နဲ့ သူ့ရဲ့ smartwatch ထုတ်လုပ်တဲ့ ပြိုင်ဘက်တွေအနေနဲ့ အသုံးပြုသူတွေဟာ သူတို့ရဲ့ လက်ကောက်ဝတ်ကနေတဆင့် သတင်းအချက်အလက်တွေကို အချိန်မရွေး စစ်ဆေးသိရှိလိုကြတယ်ဆိုတဲ့ […]
Posted On February 25, 2014, By Editorial

IT & Gadgets

ကျန်းမာရေးနဲ့ပတ်သက်တဲ့ နည်းပညာအသုံးအဆောင်တွေရဲ့ အခန်းကဏ္ဍက လုပ်ငန်းခွင်ဘ၀ကလူတွေကို တကယ်ပဲ အထောက် အကူပြုတယ်ဆိုတာ အမှန်ပါပဲ။ နည်းပညာလောကမှာတော့ ကျန်းမာရေးအထောက်အကူပြု  Gadget ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာနေပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နည်းပညာပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာတော့ သူတို့ကို မတွေ့ရသေးပါဘူး။ စာရေးသူရဲ့ ညံ့ဖျင်းမှုကြောင့် ဒါတွေရောင်းချတဲ့ဆိုင်ကိုရှာမတွေ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် CEO ရဲ့ စာဖတ်ပရိသတ်တွေက နိုင်ငံရပ်ခြား Business Trip တွေ ထွက်နေရတာ များတယ်ဆိုတော့ တစ်နိုင်ငံမဟုတ်တစ်နိုင်ငံမှာတော့ ၀ယ်လို့အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့်လည်း အခုလမှာ ပြည်တွင်းမှာ ၀ယ်ယူနိုင်တဲ့  AC  ၊ Oginal နာရီ  နှစ် မျိုးနဲ့အတူ  Wearable Tech Accessory  နှစ်ခုဖြစ်တဲ့  Jawbone Up24  နဲ့ Fitbit Force  ဆိုတဲ့ […]
Posted On February 21, 2014, By Editorial

Huawei ရဲ့New year New Dream ကံစမ်းမဲအစီအစဉ်

      Huawei ကုမဏီကကျင်းပတဲ့ New Year New Dream အစီအစဉ်ရဲ့ Grand Final ပွဲကြီးကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ Traders Hotel မှာကျင်းပခဲ့ပါတယ်။ နှစ်သစ်မှာ အိပ်မက်သစ်တွေ ပိုင်ဆိုင်ကြသူတွေကို ဆုချီးမြှင့်ခြင်းနဲ့ညစာစားပွဲကျင်းပတဲ့ Grand Final ပွဲကြီးသို့ Huawei ကုမဏီရဲ့တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ နာမည်ကြီး အနုပညာရှင်များနဲ့ စာနယ်ဇင်းအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီးတော့ နှုတ်ခွန်းဆက်စကားအနေနဲ့ Huawei ရဲ့ Marketing Manager မခင်ရတနာဝင်းက ပြောကြားခဲ့ပါတယ်။ Huawei ရဲ့ကံစမ်းမဲအစီအစဉ်ကို ဇန်န၀ါရီလ ၆ ရက်နေ့ မှ ၃၁ ရက်နေ့အထိကျင်းပခဲ့ပြီး ဆုမဲတွေအနေနဲ့ ငပလီကမ်းခြေအပန်းဖြေခရီးသွားခွင့် ၁၀ ဦး၊ Huawei Ascend P6 အလုံး […]
Posted On February 4, 2014, By Editorial

IT နည်းပညာကို သုံးပြီး စီးပွားရေးလုပ်ငန်းတွေကို အကျိုးပြုသွားဖို့ ရည်ရွယ်တဲ့ IT Profile

ပြောင်းလဲလာတဲ့ခေတ်အခြေအနေမှာ IT နဲ့ ပတ်သက်တဲ့ စတင်ခါစလုပ်ငန်း (Start-up) တွေ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုမိုများပြားလာပါတယ်။ ရန်ကုန်မြို့မှာသာမက မန္တလေးမြို့မှာပါ တွေ့လာရပါတယ်။ မန္တလေးသား IT ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးထက်ကျော်က Software ရေးသားဝန်ဆောင်မှုပေးတဲ့  IT Profile Software Development & Consultancy Services ကို ထူထောင်ထားပါတယ်။ အဲဒီလုပ်ငန်းစတင်ကတည်းက သူကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ၊ ဖောက်သည်တွေကို ၀န်ဆောင်မှုပေးပုံတွေ၊ ပြောင်းလဲနေတဲ့ခတ်နဲ့အညီ အမီလိုက်နိုင်အောင် ကြိုးပမ်းအားထုတ်ပုံတွေအကြောင်း အခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ IT Profile ကို စတင်တည်ထောင်ဖြစ်ခဲ့ပုံ ကျွန်တော်က BSc (Physics) အဝေးသင်နဲ့ ကျောင်းပြီးခဲ့ပြီး University of Greenwich (UK) က ပေးအပ်တဲ့ BSc (Hons.) Business […]
Posted On February 4, 2014, By Editorial

Sony က Internet အခြေပြု TV ၀န်ဆောင်မှုကို မိတ်ဆက်ခဲ့

Sony ကနေ ဒီနှစ်အတွင်းမှာ internet TV ၀န်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ စတင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီဝန်ဆောင်မှုမှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အစီအစဉ်တွေ ပါဝင်မှာဖြစ်သလို၊ အလိုရှိတဲ့ video တွေကို ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။  Sony အနေနဲ့ ဒီဝန်ဆောင်မှုမျိုးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းကို လပေါင်းများစွာ သတင်းထွက်ခဲ့ပြီးတဲ့နောက်မှာ Sony Computer Entertainment Inc. ရဲ့ CEO Andrew House က ဒီနှစ် International CES gadget show မှာမှ ဒီအကြောင်းကို တရားဝင်ဖွင့်ဟ ပြောဆိုခဲ့တာဖြစ်ပါတယ်။ House က ဒီဝန်ဆောင်မှုမှာ ကြည့်ရှုသူတွေရဲ့စိတ်ကြိုက် personalize လုပ်ထားတဲ့ channel တွေပါဝင်မှာဖြစ်တယ်လို့ပြောပါတယ်။ ဒါ့အပြင် ကြည့်ရှုသူတစ်ယောက်အနေနဲ့ သူ့သူငယ်ချင်းတွေ ဘာတွေကြည့်နေလဲဆိုတာကိုပါ ပြသပေးနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။ […]
Posted On January 29, 2014, By Editorial

ဟိုတယ်တွေရဲ့ အတွင်းပိုင်းပြင်ဆင်ပုံကို ပြသပေးနိုင်ဖို့ Street View လို လုပ်ဆောင်ချက်တစ်မျိုးကို Google တီထွင်နေ

  Google maps မှာတွေ့ရတဲ့ Street View လုပ်ဆောင်ချက်နဲ့ ဆင်တူတဲ့ မြင်ကွင်းကျယ် အရည်အသွေးမြင့်ဓာတ်ပုံတွေကို စုပေါင်းပြီး ၃၆၀ ဒီဂရီ တွေ့မြင်နိုင်မယ့်ပုံစံ ပြုလုပ်မယ့် အပြောင်းအလဲက ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတစ်ခုပဲဖြစ်ပါတယ်။ Best Western ကတော့ သူ့ရဲ့ North American Properties 2200   လုံးရဲ့ ဓာတ်ပုံတွေကို ဒီနှစ်ကုန်မှာ online ပေါ်တင်နိုင်လောက်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ Radisson ရဲ့ Radisson Blu နဲ့ Park Inn hotel အကုန်လုံးက Google Hotel Finder ကို အသုံးပြုထားပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းကတော့ Radisson ၁၀၀ နဲ့ အမေရိကန်နိုင်ငံနဲ့ […]
Posted On January 29, 2014, By Editorial