Nikon DSLR Workshop

article landscape wartermark final6

Special Style Photo & Electronics ကနေ စီစဉ်တဲ့ Nikon DSLR Workshop ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဓာတ်ပုံအသင်း(ရန်ကုန်) မှာ ကျင်းပခဲ့ပါတယ်။ Special Style Photo & Electronics ရဲ့ GM ဖြစ်သူ ဒေါ်ဥမ္မာက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဓာတ်ပုံပညာရှင် ဦးကျော်ကျော် ၀င်း(MPS) က Nikon DSLR ကင်မရာ စီးရီးအလိုက် အသုံးပြုပုံနဲ့ ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ အတွေ့ အကြုံတွေကို အကျယ်တ၀င့် တင်ပြခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ ဓာတ်ပုံပညာရှင်၊ ဓာတ်ပုံဝါသနာရှင် သိလိုသမျှကို ပြန်လည်ဖြေကြားခဲ့ပြီး Nikon DSLR ကင်မရာတွေကို အထူးဈေးနှုန်းတွေ နဲ့ ရောင်းချပေးခဲ့ ပါတယ်။

Nikon Photo Contest 2014-2015 ဓာတ်ပုံပြိုင်ပွဲရဲ့ ပြိုင်ပွဲခေါင်းစဉ်ကတော့ HOME ဖြစ်ပြီး ၆ စက္ကန့် ကနေ ၁၈၀ စက္ကန့်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်နဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၅ ရက်အတွင်း နောက်ဆုံးထားပေးပို့နိုင်ပါတယ်။ Online ကနေ ပေးပို့ယှဉ်ပြိုင် နိုင်ပြီး ပြိုင်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကို Nikon Photo Contest 2014-2015 Website မှာဝင် ရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။ Nikon DSLR ကင်မရာတွေ အကြောင်းအသေးစိတ်သိချင်ရင်တော့ ဖုန်းနံပါတ် ၀၁ ၂၀၀၁၃၈ နဲ့ ၃၉၇၆၁၇ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

people portrait water mark final5 article landscape wartermark final3