advertisement-image
Profile

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

အသင်းဖြစ်ပေါ်လာပုံ ——————– စက်သုံးဆီလုပ်ငန်းတွေကို ပုဂ္ဂလိကကဏ္ဍ စတင်လုပ်ကိုင်ခွင့်ပြုတဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး  ဒီအသင်းလည်းစတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ နိုင်ငံတော်ဘက်ကဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အဲဒါတွေကို ပေါင်းစပ်ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီအသင်းကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းဝင်အရေအတွက်က လေးရာကျော် ရှိနေပါပြီ။ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချမှုအပိုင်းမှာ လုပ်ဆောင်ပေးခဲ့တာတွေ ———– စလုပ်တုန်းက စက်သုံးဆီကို နိုင်ငံခြားက တင်သွင်းတဲ့အပိုင်းမှာ တန်ချိန်ငါးထောင်သင်္ဘောလေးတွေနဲ့ပဲ တင်သွင်းရတယ်။ ပြီးတော့မှ အစိုးရသိုလှောင်ကန်တွေမှာ ထည့်ရတယ်။ ထည့်ပြီးမှ ပြန်ဖြန့်ဖြူးရပါတယ်။ အဲဒီလိုသင်္ဘောအသေးလေးတွေနဲ့ပဲ သယ်နေရတာ၊ သိုလှောင်တဲ့နေရာမှာ ကန်နဲ့ပစ္စည်းက မပြည့်စုံတဲ့အတွက် လေလွင့်မှုများတာတွေကြောင့် ဈေးနှုန်းမြင့်ခဲ့ရတာမျိုးရှိခဲ့ပါတယ်။ အခုဆို တန်ချိန် ၁၅,၀၀၀ လောက် သင်္ဘောတွေနဲ့ တင်သွင်းလာနိုင်ပြီး သယ်ယူပို့ဆောင်စရိတ်တွေလည်း လျော့ကျသွားတော့ အခုအချိန်မှာတော့ ကျွန်တော်တို့နိုင်ငံက […]
Posted On January 1, 2018, By Editorial

Mr Anirban Chakraborti (CEO – Dagon Logistics Co Ltd (Hello Cabs Myanmar))

အိန္ဒိယနိုင်ငံနဲ့တခြားနိုင်ငံတွေက ၀န်ဆောင်မှုလုပ်ငန်းနဲ့ နည်းပညာနယ်ပယ်တို့မှာ နှစ်ပေါင်း ၁၅ နှစ်ဝန်းကျင် အလုပ်လုပ်ကိုင်လာခဲ့ပြီး အခုချိန်မှာ Hello Cabs Myanmar ရဲ့ CEO အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ Mr Anirban Chakraborti နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ပညာရေးနဲ့ အလုပ်အကိုင် Background . . . ကျွန်တော်က New Mexico State University ကနေ Computer Engineering ဆိုင်ရာ မဟာဘွဲ့ရရှိခဲ့ပါတယ်။ နောက်ပြီး Indian School of Business ကနေ MBA, Finance ဘွဲ့ရရှိခဲ့ပါတယ်။ အလုပ်အကိုင်အတွေ့အကြုံအနေနဲ့ ဥရောပနဲ့ အမေရိကားတို့က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ Consulting Firm တွေ၊ Infrastructure […]
Posted On November 14, 2017, By Editorial

Walt Disney ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌ နှင့် CEO Bob Iger

Robert Allen Iger ဟာ Walt Disney ကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌဖြစ်သလို CEO လည်းဖြစ်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အကြောင်းနဲ့ ကြိုးစားခဲ့မှုများအပါအ၀င် နာမည်ကောင်းများရှိသူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာပုံများကို ဖော်ပြပေးလိုက်ပါတယ်။ Disney မတိုင်ခင်က Iger . . . Disney ကို မရောက်ခင် Iger ဟာ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ABC Television ကုမ္ပဏီရဲ့ President အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကစပြီး Capital Cities/ABC ကုမ္ပဏီကို Disney က ၀ယ်လိုက်တဲ့ ၁၉၉၆ ခုနှစ်အထိ Capital Cities/ABC ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအရာရှိချုပ် (COO) အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူဟာ […]
Posted On November 11, 2017, By Editorial

Digital Kaway ရဲ့ CEO နဲ့ Co-Founder ဒေါ်စန္ဒီစိန်သိဏ်း

မြန်မာနိုင်ငံနည်းပညာနယ်ပယ်ထဲက အမျိုးသမီးတွေအတွက် ဖွဲ့စည်းထားတဲ့ Geek Grils ဆိုတဲ့ Network Group ကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး Digital Kaway Digital Marketing Agency ရဲ့ CEO နဲ့ Co-Founder တစ်ဦးလည်းဖြစ်သူ ဒေါ်စန္ဒီစိန်သိဏ်းနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။ ဒေါ်စန္ဒီစိန်သိဏ်းဟာ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှာ Marketer တစ်ဦးအဖြစ် အတွေ့အကြုံများစွာရှိထားပြီး Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှရဲ့ အသက်သုံးဆယ်အောက် နယ်ပယ်အစုံမှ စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး ၁၀ ဦးစာရင်းထဲမှာလည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပညာရေး Background . . . ကျွန်မက ၂၀၀၇ ခုနှစ်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ပြင်သစ်ဘာသာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ပြင်သစ်သံရုံးကနေလည်း Diploma ရရှိခဲ့ပါတယ်။ […]
Posted On November 6, 2017, By Editorial

STUDIO SQUARE (The Contemporary Art Works)

Studio Square Gallery လို့ အမည်ပေးဖြစ်ခဲ့ပုံ . . . Studio Square ကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး Studio Square လို့ အမည်ပေးခဲ့ပုံလေးကတော့ အနုပညာကို ကိုယ်ပိုင် Square Space လေးတစ်ခုအဖြစ် လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်စေမယ့် Art Space လေးတစ်ခုဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒီပန်းချီပြခန်းလေးကို သူငယ်ချင်းငါးယောက်ဖြစ်ခဲ့တဲ့ ဦးမင်းဇော်၊ ဦးငြိမ်းချမ်းဆု၊ ဦးဘခိုင်၊ ဦးဟိန်းသစ်၊ ဦးသန်းထိုက်တို့ စုဖွင့်ခဲ့ကြပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ပြပွဲတွေ . . . ဒီ Studio Square ပန်းချီပြခန်းမှာ သူငယ်ချင်းငါးယောက်ရဲ့ ပန်းချီတွေအပြင် အခြား Modern Art ပန်းချီကို ရူးသွပ်တဲ့ ပန်းချီဆရာ၊ လူငယ်တက်သစ်စ […]
Posted On November 6, 2017, By Editorial

Scripps Networks Interactive

Scripps Network Interactive (SNI) ကုမ္ပဏီဟာ ၁၉၉၄ ခုနှစ် Bagwell မိသားစုလက်ထဲမှ Cinetel Production ကို E.E Scripps Co. က ၀ယ်ယူရာမှ စတင်ပေါ်ပေါက်ပါတယ်။ Cinetel ဟာ တင်နက်ဆီပြည်နယ်၊ နော့ဇ်ဗီးဇ်မြို့ရှိ Cedar Bluff အရပ်မှာ အခြေစိုက်ပါတယ်။ SNI Co. ဟာ Cinetel ရုံးချုပ်ကို လွှဲပြောင်းယူပြီး ၁-၁၂-၁၉၉၄ နေ့မှစတင်ကာ HGTN ရုပ်သံလိုင်းကို ဈေးကွက်ပေါင်း ၅၀ ရှိ အိမ်ထောင်စုပေါင်း ၁.၆ သန်းဆီ ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကျတော့ နော့ဇ်ဗီးလ်မှာ HGTN ရုံးချုပ်ကို တရားဝင်ဖွင့်လှစ်ပြီး အဲဒီနှစ်နိုဝင်ဘာလ ၁ ရက်နေ့မှာ အိမ်ထောင်စုပေါင်း ၁၀ သန်း […]
Posted On October 31, 2017, By Editorial

A-UNIT Custom Bodykits

ဆိုင်တည်နေရာ . . . တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်အတွင်းရှိ တောင်ဥက္ကလာစက်မှုဇုန် ၅ လမ်း၊ အမှတ် ၁၀ (ဘီ)မှာ ဖွင့်လှစ်ထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၉၇၅ ၂၅၁၈၈၈၊ ၀၉-၉၇၅၃၄၂၅၅၅ ဖြစ်ပါတယ်။  Facebook တွင် a.unit.customauto ဟု ရိုက်နှိပ်ပြီး လေ့လာနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် . . . တစ်ပတ်မှာ တနင်္လာနေ့တစ်ရက်ဆိုင်ပိတ်မှာဖြစ်ပြီးတော့  ကျန်ရက်တွေမှာတော့ နေ့စဉ်နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီခွဲထိ ဖွင့်လှစ်ထားပါတယ်။ ရည်ရွယ်ချက် . . . ၀ါသနာရှင်ဖြစ်တာလည်းပါတယ်။ အရင်ကနာမည်ရှိတဲ့ ဆိုင်တွေကို ကိုယ်ကားဆင်ချင်လို့ မေးဖြစ်တယ်၊ အဲ့ဒီမှာ နှစ်ပတ်ကြာမယ် တစ်လကြာမယ် အချိန်ကို အတိကျမပြောနိုင်ဘူး၊ နောက်ပိုင်းနိုင်ငံခြားရောက်တော့ […]
Posted On October 27, 2017, By Editorial

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးကဏ္ဍတိုးတက်ဖို့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါမှုကို နိုင်ငံတော်အစိုးရအပါအ၀င် ဆက်စပ်ရာအဖွဲ့အစည်းအသီးသီးနဲ့ လုပ်ငန်းရှင်တွေကိုယ်တိုင်က နားလည်အားစိုက်ကာ တွန်းတွန်းတိုက်တိုက် ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေရာမှာ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဘက်က ဘယ်လိုအခက်အခဲနဲ့ အားသာချက်တွေရှိနေသလဲ၊ ဘယ်နေရာတွေမှာလိုအပ်ချက်ဖြစ်နေပြီး လိုအပ်တဲ့အထောက်အပံ့တွေဖြစ်တဲ့ နည်းပညာနဲ့ငွေကြေး၊ လူစွမ်းအားအရင်းအမြစ်၊ ဈေးကွက်စတာတွေကအစ ရရှိနေပြီးလားဆိုတာကလည်း အဓိကကျပါတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံအတွင်း အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်အသီးသီး ထဲထဲဝင်ဝင်လုပ်ကိုင်နေကြသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ ယခုလထုတ် စီအီးအိုမဂ္ဂဇင်းအတွက် အထူးဆောင်းပါးအဖြစ် ဖော်ပြလိုက်ရပါတယ်။ ဒေါ်အေးအေးဝင်း ညွှန်ကြားရေးမှူးချုပ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန အစိုးရအနေနဲ့ SME တွေအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြပေးပါ . . . ကျွန်မက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကဖြစ်ပြီး အသေးစား၊ အလတ်စားဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကျွန်မတို့စက်မှုဝန်ကြီးဌာနက SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် […]
Posted On October 25, 2017, By Editorial

Jessica Ma Thiri Aung (Founder-WyneeMyanmar.com)

မြန်မာလူငယ်တွေအတွက် တစ်ဖက်တစ်လမ်းက အထောက်ကူပြုဖို့ ရည်ရွယ်ထားတဲ့ WyneeMyanmar.com အကြောင်းကို သိရှိနိုင်ဖို့အတွက် ဒီ Website တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jessica Ma Thiri Aung နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပညာရေးနဲ့အလုပ်အကိုင်အကြောင်း . . . ကျွန်မက Anthem Asia ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှာ Investment Associate အဖြစ် တာဝန်ယူလုပ်ကိုင်နေပါတယ်။ Anthem Asia က မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တည်ထောင်နိုင်ဖို့အတွက် ဦးစားပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်မရဲ့ တာဝန်တွေထဲမှာ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံဖို့ အကဲဖြတ်ဆောင်ရွက်ပေးမှုတွေနဲ့ အထူးသဖြင့် ပညာပေးမှုနဲ့ စီးပွားရေးလုပ်ငန်းဝန်ဆောင်မှုအပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့တွေ ပါဝင်ပါတယ်။ ပညာရေးက စင်ကာပူမှာ ငယ်ငယ်လေးကတည်းက သွားနေခဲ့ပြီးတော့ ဒီကို ၂၀၁၄ ခုနှစ်မှာ […]
Posted On October 24, 2017, By Editorial

M Cube family karaoke

ဆိုင်တည်နေရာ . . . No. 03-07(B), Level 3 ST.Jonh City Mall ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့် လမ်းမတော်မြို့နယ် ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က ၀၉-၃၃၆၀၇၉၉၉ ဖြစ်ပြီးတော့ အင်တာနက်စာမျက်နှာကတော့ M Cube family karaoke လို့ ရိုက်နှိပ်ကြည့်ရှုနိုင်တဲ့အပြင် ဆိုင်ခွဲဖြစ်တဲ့ M Cube Waiayandar လို့လည်း ရိုက်နှိပ်ကြည့်ရှုနိုင်ပါတယ်။ ဆိုင်ဖွင့်ချိန် . . . တနင်္လာနေ့ကနေ ကြာသာပတေးနေ့အထိ နံနက် ၉ နာရီကနေ ည ၁၂ နာရီဖွင့်လှစ်ထားပြီး သောကြာ၊ စနေ၊ တနင်္ဂနွေကိုတော့ နံနက် ၉ နာရီကနေ ည ၂ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ရည်ရွယ်ချက် […]
Posted On October 20, 2017, By Editorial
1 6 7 8 9 10 35