advertisement-image
BRICS

အိန္ဒိယ Tata Motors ရဲ့ သုံးလပတ်အမြတ် ၇၁ ရာခိုင်နှုန်း မြင့်တက်

ဗြိတိသျှ ဇိမ်ခံကားအမှတ်တံဆိပ် Jaguar Land Rover (JLR) ကနေ ၀င်ငွေတိုးတက်လာတဲ့အတွက် အိန္ဒိယနိုင်ငံက Tata Motors ရဲ့ သုံးလပတ် အသားတင်အမြတ် ဟာ ၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ Tata ဟာ JLR ကို Ford ထံကနေ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၂.၃ ဘီလီယံနဲ့ ၀ယ်ယူလိုက်တာဖြစ်တယ်။ JLR ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ သုံးလပတ်မှာ အခွန်ဆောင်ပြီး အမြတ်ငွေ ၆၆.၂ ရာခိုင်နှုန်းတိုးတက်လာသလို Tata Group  ရဲ့ စုစုပေါင်း ၀င်ငွေကလည်း ၃၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ Ref: CNA  
Posted On December 18, 2013, By Editorial

Indian Hotels အုပ်စုက Orient-Express Hotels အုပ်စုကိုဝယ်ယူဖို့ ကမ်းလှမ်းချက်ကို စွန့်လွှတ်

Ta Ta Group  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Indian Hotels လုပ်ငန်းစုဟာ ဘာမြူဒါအခြေစိုက် Orient-Express Hotels အုပ်စုကို အမေရိ ကန်ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ၀ယ်ယူဖို့ကမ်းလှမ်းချက်ကို စွန့်လွှတ်လိုက်ပါတယ်။ ဒါဟာ Indian Hotels အုပ်စုရဲ့ Orient-Express Hotels ကို ၀ယ်ယူဖို့ ကြိုးပမ်းမှုနှစ်ကြိမ်မြောက် မအောင်မြင် တာ ဖြစ်ပါတယ်။ Indian Hotels အုပ်စုဟာ အစောပိုင်းတုန်းက Orient-Express  ရဲ့ ရှယ်ယာ ၆.၉ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပေမဲ့ ကမ္ဘာတစ်ဝန်း ဇိမ်ခံခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ရှယ်ယာတန်ဖိုးတွေ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Orient-Express ရဲ့ အကြွေးတွေ အပါအ၀င် ကုမ္ပဏီရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလီယံနဲ့သတ်မှတ်ခဲ့ချိန်မှာ […]
Posted On December 17, 2013, By Editorial

အိန္ဒိယရဲ့ အင်္ဂါဂြိုဟ်စူးစမ်းရှာဖွေရေး အစီအစဉ်

အင်္ဂါဂြိုဟ်စူးစမ်းရှာဖွေရေးအတွက် တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှု မကြာသေးမီက ရပ်တန့်သွားအပြီးမှာ အိန္ဒိယနိုင်ငံဟာ အာရှတိုက်မှာ အင်္ဂါဂြိုဟ်စူးစမ်းရှာဖွေရေးအတွက် ပထမဆုံး အစွမ်းအစ ပြသသူဖြစ်နိုင်ဖို့ ကြိုးစားလာပါတယ်။ အဲဒီအတွက် ၁.၃၅ တန်ရှိတဲ့ ရေခဲသေတ္တာခပ်ကြီးကြီးတစ်လုံးအရွယ် စူးစမ်းရှာဖွေရေးယာဉ်ကို နိုဝင်ဘာလ ၅ ရက်နေ့က လွှတ်တင်ခဲ့ပါတယ်။ အမေရိကန်က နာဆာအာကာသအဖွဲ့ဟာ ဘတ်ဂျတ်ဖြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွက် အင်္ဂါ ဂြိုဟ်လေ့လာရေးခရီးစဉ်တွေ ကန့်သတ်ခံနေရပါတယ်။ နာဆာဟာ  အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) ကိုတော့ အခုလွှတ် တင်မှုမှာ မြေပြင်ထောက်လှမ်းမှုအတွက် အကူအညီပေးခဲ့ပါတယ်။ Ref: AFP
Posted On December 16, 2013, By Editorial

PGA ဂေါက်သီးရိုက်ပြိုင်ပွဲ ဂေါက်ကွင်းသစ်ကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်ဖို့စီစဉ်

PGA Grand Slam ချိန်ပီယံ Adam Scott US PGA Tour ဂေါက်သီးရိုက်ပြိုင်ပွဲဟာ အာရှမှာ ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ဂေါက်ကွင်းသစ်တစ်ခုကို တရုတ်နိုင်ငံမှာဖွင့်လှစ်သွားဖို့ ကြေညာလိုက်ပါတယ်။ PGA Tour China ကို တရုတ်အားကစားသမားတွေကိုသာ ကန့်သတ်မထားဘဲ ကစားသမားစုစု ပေါင်း ၁၂၀ ကနေ ၁၅၆ ယောက်အထိ လက်ခံကာ  ၁၂ ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ PGA Tour  ဟာ တရုတ်နိုင်ငံမှာ ၂၀၀၄ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ Ref: Reuters
Posted On December 9, 2013, By Editorial

ဆိုက်ပရပ်နိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်

ဆိုက်ပရပ်နိုင်ငံဟာ တရုတ်ကုမ္ပဏီတွေနဲ့အတူ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ပိုမိုကြီးမားတဲ့ ဥရောပဈေးကွက်ကို တရုတ်ကုမ္ပဏီတွေ လက်လှမ်းမီအောင် ဆိုက်ပရပ်နိုင်ငံက ကြားခံဆောင်ရွက်ပေးလိုတာ ဖြစ်ပါတယ်လို့ ဆိုက်ပရပ်နိုင်ငံရဲ့ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ ခရီးသွား လာရေးဝန်ကြီး Yiorgos Lakkotrypis ကပြောပါတယ်။ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း သူက ဆိုပါ တယ်။ ဥရောပရဲ့ငွေကြေးအကျပ်အတည်းကြောင့် လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဆိုက်ပရပ်နိုင်ငံဟာ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ကနေ စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။ Ref: China Daily    
Posted On December 3, 2013, By Editorial

အာရှတိုက်မှာ ရွှေဝယ်လိုအား ဆက်လက်မြင့်တက်

ငွေကြေးဖောင်းပွမှုကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်စည်ဝယ်ယူမှုတွေ များလာတဲ့အတွက် အာရှတစ်လွှားမှာ ရွှေဝယ်လိုအား ဆက်လက်မြင့်တက် သွားလိမ့်မယ်လို့ HSBC ဘဏ်က ဆိုလိုက်ပါတယ်။ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ရွှေထည်လက်ဝတ်လက်စား၊ ရတနာ၊ ဒင်္ဂါး စတာတွေ ၀ယ်လိုအားက ၂၀၀၄ ခုနှစ်ကဆိုရင် တစ်ကမ္ဘာလုံးရဲ့ ၃၅ ရာခိုင်နှုန်းရှိရာကနေ အခုအခါ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွှေဝယ်လိုအားက ၂၀၀၈ ခုနှစ်ကထက် စာရင် နှစ်ဆမြင့်တက်လာပြီး တရုတ်နိုင်ငံရဲ့ ၀ယ်လိုအားက အဆပေါင်း ၃၅၀ နီးပါးမြင့်တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု၊ ဘဏ်တွေကနေ အတိုးနှုန်း မက်လောက်စရာမရှိမှုတို့ကြောင့် အာရှဒေသရဲ့ ရွှေဝယ်လိုအားက မြင့်တက်နေဦးမယ်ဆိုပါတယ်။ Ref: The Jakarta Globe
Posted On December 2, 2013, By Editorial

General Motors ရဲ့ တရုတ်နိုင်ငံကရောင်းအားတွေ မြင့်တက်လာ

တရုတ်နိုင်ငံက နိုင်ငံခြား မော်တော် ကားလုပ်ငန်းတွေထဲမှာ အကြီးဆုံးဖြစ် တဲ့GMစက်တင်ဘာလမှာရောင်း အားတွေ မြင့်တက်ခဲ့ကြောင်း သတင်း ထုတ်ပြန်လိုက်ပါတယ်။ အဓိက ကတောWuling  နဲ့Cadillac  ကားတွေ အ၀ယ်လိုက်ခဲ့တာကြောင့်လို့ သိရပါ တယ်။ အခုနှစ်မှာGM   ရောင်းအားက ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ ကားစီးရေ ၂.၃၁ သန်း ရောင်းချထားရပါတယ်။ ၂၀၁၆ ခုနှစ် မတိုင်ခင်အထိ စက်ရုံအသစ်၊ ကားအသစ်တွေအတွက် ဒေါ်လာ ၁၁ ဘီလီယံ သုံးစွဲသွားဖို့လည်း ရှိနေပါ တယ်။ Ref: The Jakarta Globe
Posted On November 21, 2013, By Editorial

တရုတ်နိုင်ငံက ရှန်ဟိုင်းမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် စတင်ဖွင့်လှစ်

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်က ရှန်ဟိုင်းမှာ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် ဖွင့်လှစ်လိုက်ပြီး ဒါဟာနိုင်ငံတွင်းမှာ  ပြုပြင်ပြောင်းလဲ မှုအတော်များများလုပ်ဖို့ လိုအပ်နေတာကိုရည်ရွယ်ပြီး ဈေးကွက်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးအင်အားကို မြှင့်တင်ဖို့အတွက် စမ်းသပ်ပြုလုပ်ချက် တစ်ရပ် ဖြစ်တယ်လို့ အစိုးရသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြည်တွင်းစီးပွားရေးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေကို မှီခိုနေရာကနေ ကင်းလွတ်ဖို့ တရုတ်အစိုးရက ကြိုးပမ်းလာခဲ့ရာမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။ တရုတ်စီးပွား ရေးတိုးတက်နှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၇.၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဒါဟာ ၁၃ နှစ်အတွင်း တိုးတက်မှု အနည်းဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီနှစ် ပထမသုံးလပတ်မှာ ၇.၇ ရာခိုင်နှုန်း ဆက်ရပ်တည်ခဲ့ပြီး ဧပြီလကနေ ဇွန်လအထိ သုံးလပတ်မှာ ၇.၅ ရာခိုင်နှုန်းထိ အနည်းငယ် ပြန်လည်ကျ ဆင်းနေပါတယ်။ Ref: CAN
Posted On November 21, 2013, By Editorial

Walmart က အိန္ဒိယနိုင်ငံက Bharti နဲ့ ဖက်စပ်လုပ်ငန်းကို ရပ်စဲ

အမေရိကန် လက်လီစတိုးဆိုင်လုပ် ငန်းကြီးဖြစ်တဲ့Walmart က အိန္ဒိယ နိုင်ငံမှာ လက်လီစတိုးဆိုင်လုပ်ငန်း အတွကBharti  ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီမှုကို ရပ်ဆိုင်းလိုက်တယ်လို့ အောက်တိုဘာလ ၉ ရက်နေ့မှာ ပူးတွဲကြေညာလိုက်ပါတယ်။ အိန္ဒိယ အစိုးရဟာ နိုင်ငံခြားကုမ္ပဏီတွေအပေါ် ယမန်နှစ်က လမ်းဖွင့်ပေးလိုက်ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတ် မှတ်ချက်အချို့ကWalmart က လိုက်နာနိုင်ခြင်း မရှိခဲ့ပါဘူး။ အိန္ဒိယ နိုင်ငံမှာ Bharti  နဲ့ ဖက်စပ်လုပ်ငန်းကို ၂၀၀၇ ခုနှစ်က လုပ်ငန်းစတင်ခဲ့တWalmart ဟာ ခုလိုလမ်းခွဲပြီးနောကBharti ဆီက လက်ကားအရောင်း လုပ်ငန်းရဲ့ ၁၀၀ ရာခိုင်နှုန်းကို ၀ယ် ယူလိုက်မှာ ဖြစ်ပါတယ်။ ”ဒီလိုသီးသန့် ဖြစ်သွားတာက နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိနိုင်ပါတယ်၊ လက်လီ အရောင်းအတွက် ခွင့်ပြုမယ့် […]
Posted On November 21, 2013, By Editorial

နိုင်ငံရေးလောကသားတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုမှာ တရုတ်နိုင်ငံက အမေရိကန်ထက်များ

အမေရိကန်ကွန်ဂရက်လွှတ်တော်က အချမ်းသာဆုံး လွှတ်တော်အမတ် ၅၀ ရဲ့ချမ်းသာမှုက ဒေါ်လာ ၁.၆ ဘီလီယံ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) က အချမ်းသာဆုံးကိုယ်စားလှယ် ၅၀ ရဲ့ ချမ်းသာမှုကတော့ ဒေါ်လာ ၉၄.၇ ဘီလီယံအထိ ရှိနေပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အချမ်းသာဆုံးက ကာလီဖိုးနီးယားက ရီပါဘလီကန်အမတ် Darrell Issa  ဖြစ်ပြီး ဒေါ်လာ ၃၅၅ သန်း ပိုင်ဆိုင်ပါတယ်။ တရုတ်နိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက်က လွှတ်တော်အမတ်ဖြစ်တဲ့ Hangzhou Wahaha Group  ရဲ့ အကြီးအကဲ Zong Qin- ghou က ဒေါ်လာ ၁၉ ဘီလီယံနီးပါး ပိုင်ဆိုင်ပါတယ်။ ယမန်နှစ်က Mr […]
Posted On November 21, 2013, By Editorial