Indian Hotels အုပ်စုက Orient-Express Hotels အုပ်စုကိုဝယ်ယူဖို့ ကမ်းလှမ်းချက်ကို စွန့်လွှတ်

01 copy

Ta Ta Group  ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Indian Hotels လုပ်ငန်းစုဟာ ဘာမြူဒါအခြေစိုက် Orient-Express Hotels အုပ်စုကို အမေရိ ကန်ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ၀ယ်ယူဖို့ကမ်းလှမ်းချက်ကို စွန့်လွှတ်လိုက်ပါတယ်။ ဒါဟာ Indian Hotels အုပ်စုရဲ့ Orient-Express Hotels ကို ၀ယ်ယူဖို့ ကြိုးပမ်းမှုနှစ်ကြိမ်မြောက် မအောင်မြင် တာ ဖြစ်ပါတယ်။ Indian Hotels အုပ်စုဟာ အစောပိုင်းတုန်းက Orient-Express  ရဲ့ ရှယ်ယာ ၆.၉ ရာခိုင်နှုန်းကို ၀ယ်ယူခဲ့ပေမဲ့ ကမ္ဘာတစ်ဝန်း ဇိမ်ခံခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ရှယ်ယာတန်ဖိုးတွေ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Orient-Express ရဲ့ အကြွေးတွေ အပါအ၀င် ကုမ္ပဏီရဲ့ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁.၈၆ ဘီလီယံနဲ့သတ်မှတ်ခဲ့ချိန်မှာ Indian Hotels အုပ်စုက၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ချိန်ကတည်းက ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ Ref: CNA