advertisement-image
BRICS

တရုတ်နိုင်ငံကနေ ဘီလီယံနာများစွာ ထွက်ပေါ်လာ

  Forbes မဂ္ဂဇင်းရဲ့ စိတ်ဝင်စားမှုခံရတဲ့ နှစ်စဉ်ချမ်းသာသူစာရင်းက ဒီနှစ်မှာ တရုတ်ဘီလီယံနာများစွာတယ်လို့ CNBC ကြေညာခဲ့ပါတယ် တရားဝင်စာရင်းအရ ဒီနှစ်မှာ တရုတ်ဘီလီယံနာ ၁၅၂ ဦး ပါဝင်ပြီး မနှစ်က ၁၂၂ ဦးနဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင် နှုန်းနီးပါး တိုးလာတာဖြစ်ပါတယ်။ ဟောင်ကောင်က ၄၅ ဦးတိုးလာခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နဲ့နှိုင်းယှဉ်ရင် တရုတ်ပြည်ရဲ့ စီးပွားရေးဟာ ပိုမိုနှေးကွေးခဲ့ပေမယ့် အမေရိကန် စီးပွားရေးထက်တော့ ပိုပြီးမြန်ဆန်နေပါတယ်။ တရုတ်ရဲ့ စီးပွားရေးက ၂၀၁၃ ခုနှစ်မှာ ၇.၇ ရာခိုင်နှုန်းတိုးပွား ခဲ့ပြီး အမေရိကန်ရဲ့ သုံးဆကျော် ရှိပါတယ်။တရုတ်ပြည်ရဲ့ အချမ်း သာဆုံးပုဂ္ဂိုလ် Wang Jianlin က Forbes  ရဲ့ကမ္ဘာ့အချမ်းသာ ဆုံးစာရင်းမှာ အဆင့် ၆၄ နေရာသို့ […]
Posted On April 21, 2014, By Editorial

အိန္ဒိယမှာ သံမဏိဝယ်လိုအား ဆက်လက်မြင့်တက်မယ်

အိန္ဒိယမှာ သံမဏိဝယ်လိုအား ဆက် လက်မြင့်တက်ဖွယ်ရှိနေပြီး လာမယ့် နှစ်တွေမှာရူပီးဘီလီယံနှစ်ထောင် အထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်ကြောင်း ပြည်တွင်းသံမဏိလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ Tata Steel  က ဆိုပါ တယ်။  သေးငယ်တဲ့တစ်ဦးကျသံမဏိ ၀ယ်ယူမှုပမာဏက အဓိကတွန်းအား ဖြစ်ပြီး လာမယ့်နှစ်တွေမှာသံမဏိ ပမာဏ အများကြီး လိုအပ်လာမှာဖြစ် သလို  လာမယ့်ခြောက်နှစ်ကနေ  ခုနစ်နှစ်အတွင်းမှာ  သံမဏိလုပ်ငန်း ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ  ရူပီး ၁၅၀၀ ဘီလီယံကနေ ဘီလီယံနှစ်ထောင်အထိ ရှိလာဖို့မျော်မှန်း ထားတယ်လို့ Tata Steel    ကဆိုပါ တယ်။ သံမဏိလုပ်ငန်းကဏ္ဍ တိုးတက်လာမှုနဲ့အတူ ၂၀၁၇ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း သုံးသန်းကနေ လေးသန်းအထိ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျော်မှန်းထားကြောင်း ကမ္ဘာ့ ထိပ်တန်း သံမဏိကုမ္ပဏီ ဆယ်ခုထဲ မှာ ပါဝင်တဲ့Tata […]
Posted On April 5, 2014, By Editorial

၂၀၁၃ ခုနှစ် ဘရာဇီးအလုပ်လက်မဲ့နှုန်း စံချိန်တင်ကျဆင်း

  ၂၀၁၃ ခုနှစ်မှာ ဘရာဇီးနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း စံချိန်တင်ကျဆင်းခဲ့ တယ်လို့ ဘရာဇီးအစိုးရက ပြောကြား ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ စံချိန်တင်အလုပ်လက်မဲ့နှုန်း ၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာ ဘရာဇီးရဲ့ ပျမ်းမျ အလုပ်လက်မဲ့နှုန်း ၅.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး သမိုင်းတစ်လျောက် အလုပ် လက်မဲ့နှုန်းအနိမ့်ဆုံးကျဆင်းမှုဖြစ် တယ်လို့  ဘရာဇီးနိုင်ငံရဲ့ IBGE အချက်အလက် စာရင်းဇယားဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီပမာဏဟာ ၂၀၁၂ ခုနှစ်တုန်းက အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းထက် အနည်းငယ် ကျဆင်းခဲ့တာဖြစ်တယ်။ မနှစ်က အလုပ်အကိုင်ပေါင်း ၁.၂ သန်းဖန်တီး ပေးနိုင်ခဲ့တယ်လို့ ဘရာဇီးအလုပ်သမား ၀န်ကြီးဌာနက ဆိုပါတယ်။
Posted On March 15, 2014, By Editorial

တရုတ်ကုမ္ပဏီ Wanxiang က အမေရိကန်မှာ Fisker ကားမော်ဒယ်အသစ်တွေ ထုတ်လုပ်ဖွယ်ရှိ

မော်တော်ကားပစ္စည်းထုတ်လုပ်တဲ့  တရုတ်ကုမ္ပဏီကြီး Wanxiang ဟာ ဒေ၀ါလီခံသွားတဲ့ အမေရိကန်လျှပ်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဏီ Fisker  ကို ၀ယ်ယူဖို့ဆန္ဒရှိနေပြီး တကယ်လို့ ၀ယ်လိုအားများမယ်ဆိုရင် အမေရိကန်နိုင်ငံ၊ Delaware  ပြည်နယ်မှာ မျိုးဆက်သစ် Fisker ကားတွေကို ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Fisker  ကုမ္ပဏီဟာ ဒေ၀ါလီခံဖို့အတွက် နိုဝင်ဘာလမှာ လျှောက်ထားခဲ့တာဖြစ်တယ်။ Fisker  ဟာ အမေရိကန်စွမ်းအင် ၀န်ကြီးဌာနက ချေးငွေအမေရိကန်ဒေါ်လာ ၅၂၉ သန်း ရယူပြီးတဲ့အချိန်နောက်ပိုင်းမှာ လုပ်ငန်းဟာ တရိပ်ရိပ်ကျဆင်းခဲ့ပါတယ်။ Wanxiang ဟာ အခက်အခဲနဲ့ ကြုံတွေ့နေတဲ့ Fisker  ရဲ့ ပထမမျိုး ဆက်မော်တော်ကား Karma ကို ပြန်လည်ထုတ်လုပ်ဖို့သာမကဘဲ Fisker  ရဲ့ ဒုတိယမျိုးဆက် မော်တော်ကားတွေကိုပါ ဒီဇိုင်း ဖန်တီးထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ […]
Posted On February 3, 2014, By Editorial

တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ၁၉ လကြာ ဆက်လက်မြင့်တက်နေ

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးဖွံ့ဖြိုးမှုဟာ နိုဝင်ဘာလမှာ ယခင်လတွေမှာလိုပဲ ဆက်လက်အားကောင်းလျှက် ရှိပါတယ်။ အမျိုးသားစာရင်းအင်းဗျူရိုက PMI (Purchasing Manager’s Index) ညွှန်းကိန်းအရ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ခုလိုဖွံ့ဖြိုးမှုကို ၁၉ လကြာ ထိန်းထားနိုင် တာကြောင့် တရုတ်နိုင်ငံဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်လည်နိုးထလာကြောင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တရားဝင်ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၇.၈ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့ပါတယ်။ Ref: AFP
Posted On January 22, 2014, By Editorial

နိုင်ငံခြားက ကျွမ်းကျင်အလုပ်သမားတွေအတွက် ပေကျင်းမြို့က ဒုတိယဈေးအကြီးဆုံးမြို့ ဖြစ်လာ

တရုတ်ပြည်ရဲ့မြို့တော် ပေကျင်းဟာ နိုင်ငံခြားကလာရောက်လုပ်ကိုင်တဲ့ ကျွမ်းကျင်အလုပ်သမားတွေအတွက်   ဒုတိယဈေးအကြီးဆုံး (ဒုတိယနေထိုင်မှုစရိတ်အမြင့် မားဆုံး) မြို့ဖြစ်ကြောင်း စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ ECA International ရဲ့ စစ်တမ်းအရ သိရပါတယ်။ မနှစ်က ဈေးအကြီးဆုံး မြို့တွေစာရင်းမှာ ပေကျင်းက နံပါတ် ငါးနေရာမှာရှိခဲ့ပြီး တိုကျိုကတော့ နံပါတ်တစ်နေရာမှာ ဆက်ပြီး ရပ်တည်နေပါတယ်။ အာရှရဲ့ နေထိုင်မှုစရိတ်အကုန်ကျဆုံး မြို့ဆယ်မြို့ကတော့ တိုကျို၊ ပေကျင်း၊ နာဂိုရာ၊ ရှန်ဟိုင်း၊ ယိုကိုဟားမား၊ ဆိုးလ်၊ အိုဆာကာ၊ ဟောင်ကောင်၊ စင်ကာပူနဲ့ ကွမ်ကျိုးတို့ဖြစ်ပါတယ်။ တရုတ်အစိုးရက ဒေါ်လာဈေးနဲ့ယှဉ်ပြီး ယွမ်ငွေတည် ငြိမ်အောင်ဆောင်ရွက်နေပေမဲ့ အစားအသောက်နဲ့ ရေနံဈေးတက်လာတဲ့အတွက် ပေကျင်းဟာ အခုလိုနေထိုင်မှုစရိတ် မြင့်မားလာတာဖြစ်တယ်လို့ ECA ရဲ့ အာရှဒေသဆိုင်ရာဒါရိုက်တာ Lee Quane  က ဆိုပါတယ်။
Posted On January 15, 2014, By Editorial

ရုရှားက နိုင်ငံရဲ့ ငွေကြေးစနစ်သင်္ကေတအသစ်ကို ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ သတ်မှတ်အတည်ပြု

နိုင်ငံရဲ့ ငွေကြေးစနစ်သင်္ကေတအသစ် ကို ပြည်သူတွေရဲ့ မဲဆန္ဒသဘော တူညီချက်နဲ့ ရုရှားဗဟိုဘဏ်က အတည်ပြုသတ်မှတ်လိုက်ပါတယ်။Cyrillic  အက္ခရာ ‘P’ မှာ ပြင်ညီကန့် လန့်ဖြတ်မျဉ်းတစ်ခုပါတဲ့ ရုရှားရူ ဘယ်လ်ငွေကြေးစနစ်ရဲ့သင်္ကေတ အသစ်ကို ပြည်သူ ၆၁ ရာခိုင်နှုန်းကမဲပေးခဲ့ကြတာဖြစ်တယ်လို့ ရုရှားဗဟို ဘဏ်ရဲ့ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထား ပါတယ်။ အဲဒီသင်္ကေတစာလုံးကို ‘R’ လို့ အသံထွက်ပါတယ်။ အဲဒီသင်္ကေတ အသစ်ဟာ ရူဘယ်လ်ငွေကြေးတည် ငြိမ်မှုအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ် ထားတာဖြစ်ကြောင်း ရုရှားဗဟိုဘဏ် အကြီးအကဲ Elvira Nabiullina  က ဆိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ခေတ်အလွန် စီးပွားရေးကျဆင်းမှု ကာလကြားမှာ ရူဘယ်လ်တန်ဖိုး ထိုး ဆင်းသွားခဲ့ပြီး မကြာသေးမီနှစ်တွေမှာ တော့ ရေနံရောင်းရာကရတဲ့ ဒေါ်လာ တန်ဖိုးတက်လာတဲ့အတွက် ရူဘယ်လ် တန်ဖိုး […]
Posted On January 4, 2014, By Editorial

ဘရာဇီးမှာကျင်းပမယ့် အိုလံပစ်ပွဲထက် ကမ္ဘာ့ဖလားပွဲအတွက် ဟိုတယ်အခန်းခတွေက ပိုဈေးကြီး

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မြို့က ဟိုတယ်အခန်းခတွေဟာ ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲကာလထက် လာမယ့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလမှာ ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကြောင်းရင်း တစ်ခုကတော့ FIFA ရဲ့ တရားဝင်  နေရာချထားရေး အေဂျင်စီက အိုလံပစ်ပွဲ ကျင်းပခွင့်အတွက် အမြင့်ဆုံးအခန်းခတွေကို မသတ်မှတ်ပေးသေးတာကြောင့်လည်း ဖြစ်ပါတယ်။ FIFA ဟာ ဆွစ်ကုမ္ပဏီ MATCH Services ကို ကမ္ဘာ့ဖလားအတွက် တရားဝင် နေရာချထားရေး အေဂျင်စီအဖြစ် ပူးတွဲဆောင်ရွက်နေတာပါ။ ဟိုတယ်ခန်းတွေကို MATCH က စီစဉ်ဆောင်ရွက်ပေးတဲ့ FIFA ၀က်ဘ်ဆိုက်ကတစ်ဆင့် အများပြည်သူကို ရောင်းချတာဖြစ်ပါတယ်။ Rio de Janeiro နဲ့ အားကစားပွဲ ကျင်းပမယ့် […]
Posted On December 28, 2013, By Editorial

အိန္ဒိယမှာ ရွှေခွန်တိုးမြှင့် ကောက်ခံမှုကြောင့် သတို့သမီးစရိတ် အပေါ် ရိုက်ခတ်မှုရှိနေပြီိး မှောင်ခိုတင်သွင်းမှုများလာ

မွမ်ဘိုင်း၊ အိန္ဒိယ(AP) – အိန္ဒိယမှာ မင်္ဂလာဆောင်ရာသီအထွတ်အထိပ်ကာလကို ရောက်ရှိနေတဲ့အတွက် မွမ်ဘိုင်းမြို့ကနာမည်ကျော် Zhaveri ရွှေဈေးဆိုင်တန်းတွေက အရောင်းကောင်တာတွေမှာ ခေါင်းဆွဲ၊ နှာခေါင်းကွင်းနဲ့ လည်ဆွဲတွေကို လာရောက်ကြည့်ရှုကြတဲ့ ဈေးဝယ်သူတွေနဲ့ ပြည့်ကြပ်နေပါတယ်။ ရိုးရာဓလေ့အရ သူနဲ့ သူရဲ့မိဘတွေတတ်နိုင်သလောက် ရွှေထည်တွေကို ဆင်မြန်းလေ့ရှိတဲ့ အိန္ဒိယသတို့သမီး တစ်ယောက်လောက်ဘယ်သူကမှ လက်ဝတ်ရတာနာတွေကို မ၀တ်ဆင်ကြပါဘူး။ ဒီနေ့ခေတ်မှတော့ အများဆုံးဆိုတဲ့ သတို့သမီးစရိတ်ဟာ အရင်တုန်းကလောက် တောက်ပ၀င့်ကြွားတဲ့ လက်ဝတ်ရတနာတွေကို ဆင်မြန်းဖို့ မတတ်နိုင်တော့ပါဘူး။ သွင်းကုန်အခွန်တိုးလာတာနဲ့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် Rajanikant Mehta တို့လို ရွှေဝယ်သူတွေရဲ့ ညဉ်းညူသံတွေထွက်လာပါတယ်။ မွန်ဘိုင်းမြို့ပြင်ဘက်က စက်ရုံတစ်ခုကို ပိုင်ဆိုင်တဲ့ Mehta ဟာ ဒီလကုန်ပိုင်းလောက်က သူ့သားနဲ့လက်ထပ် ထားတဲ့ ချွေးမကို ဆင်ပေးဖို့အတွက် ရူးပီး တစ်သိန်း(အမေရိကန်ဒေါ်လာ ၁၈၀၀) တန် […]
Posted On December 28, 2013, By Editorial

ဘရာဇီးနိုင်ငံရဲ့ ယာဉ်အန္တရယ်ဘေးကင်းလုံခြုံရေး ဥပဒေအကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာဖွယ်ရှိ

မော်တော်ကားထုတ်လုပ်သူတွေအနေနဲ့ မော်တော်ကားအသစ်အားလုံးမှာ ရှေ့ပိုင်းလေအိပ်တပ်ဆင်ဖို့နဲ့ လုံခြုံရေးဘရိတ်စနစ် (ABS System) တပ်ဆင်ဖို့ ပြဋ္ဌာန်းထား တဲ့ ဥပဒေကို အကောင်ထည်ဖော်တာကို အချိန်ဆွဲတဲ့အနေနဲ့ ဘရာဇီးဘဏ္ဍာရေးဝန်ကြီး Guido Mantega ကစီမံကိန်းတွေကို နောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဥပဒေအသစ်ဟာ စီစဉ်ထားတဲ့အတိုင်း နောက်နှစ်မှာ စတင်အကျိုးသက်ရောက်မှုရှိမယ်လို့ Guido Mantega က ပြောခဲ့တာကို G1 internet portal က ကိုးကားဖော်ပြခဲ့တာဖြစ်တယ်။ ယာဉ်အန္တရာယ်လုံခြုံရေးအတွက် တပ်ဆင်မယ့်စနစ်တွေကြောင့် ကားဈေးတွေတက်လာမှာကို စိုးရိမ်တဲ့အတွက် အဲဒီဥပဒေကို အကောင်အထည်ဖော်ဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အချိန်ယူဖို့ အစိုးရအနေနဲ့ လေ့လာနေတယ်လို့ Guido Mantega ကဆိုပါတယ်။ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ ရှေ့နေတွေက ဘရာဇီးကားတွေဟာ အမေရိကန်နဲ့ ဥရောပမှာ ထုတ်လုပ်တဲ့ ကားတွေထက် ဆယ်စုနှစ်မက နောက်ကျကျန်နေခဲ့ပြီလို့ […]
Posted On December 19, 2013, By Editorial