နိုင်ငံရေးလောကသားတွေရဲ့ ငွေကြေးပိုင်ဆိုင်မှုမှာ တရုတ်နိုင်ငံက အမေရိကန်ထက်များ

Chinese Money Post Pic

အမေရိကန်ကွန်ဂရက်လွှတ်တော်က အချမ်းသာဆုံး လွှတ်တော်အမတ် ၅၀ ရဲ့ချမ်းသာမှုက ဒေါ်လာ ၁.၆ ဘီလီယံ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ၊ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) က အချမ်းသာဆုံးကိုယ်စားလှယ် ၅၀ ရဲ့ ချမ်းသာမှုကတော့ ဒေါ်လာ ၉၄.၇ ဘီလီယံအထိ ရှိနေပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အချမ်းသာဆုံးက ကာလီဖိုးနီးယားက ရီပါဘလီကန်အမတ် Darrell Issa  ဖြစ်ပြီး ဒေါ်လာ ၃၅၅ သန်း ပိုင်ဆိုင်ပါတယ်။ တရုတ်နိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက်က လွှတ်တော်အမတ်ဖြစ်တဲ့ Hangzhou Wahaha Group  ရဲ့ အကြီးအကဲ Zong Qin- ghou က ဒေါ်လာ ၁၉ ဘီလီယံနီးပါး ပိုင်ဆိုင်ပါတယ်။ ယမန်နှစ်က Mr Zong  က အချမ်းသာဆုံး ဖြစ်ပေမယ့် NPC ကိုယ်စားလှယ် မဟုတ်တဲ့ Dalian Wanda Group  ရဲ့အကြီးအကဲ Wang Jianlin က  တရုတ်နိုင်ငံမှာ လက်ရှိ အချမ်းသာဆုံးဖြစ် လာပါတယ်။

Ref:  The Economist