Ogilvy & Mather, Asia Pacific ၏ Chairman Paul Heath နှင့်တွေ့ဆုံခြင်း

IMG_653222 copyကျွန်တော် ယူကေမှာ Business Administration  ဘာသာ ရပ်သင်ယူပြီးတဲ့နောက် ၁၉၈၇ မှာ လန်ဒန်Ogilvy ကို Graduate Trainee  အနေနဲ့ စတင်ဝင်ခဲ့ပါတယ်။ ၁၉၉၀ မှာ Ogilvy  ကနေ ထွက်ပြီး ထိုင်း၊ ကိုရီးယား၊ ကိုလံ ဘီယာနဲ့ ဘရာဇီးနိုင်ငံတွေမှာရှိတဲ့Lintas ၊ Y&R နဲ့ ISP (IG) တွေမှာ အလုပ်လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ဟောင် ကောင် Ogilvy & Mather  ရုံးကို ပျော်ရွှင်စွာပြန်လည် ၀င်ရောက်ခဲ့ပါတယ်။

 

Ogilvy & Matherမှာ လုပ်ခဲ့စဉ် အမှတ်တရမှတ်တိုင်များ

ကျွန်တော် ၂၀၀၃ ခုနှစ် ပြန်ဝင်လာတော့ CocaCola နဲ့  Motorola  Account  တွေ ကိုင်ရတယ်။ ၂၀၀၆ ဇန်န၀ါရီမှာ အာရှပစိဖိတ်အတွက် Advertising  ကို ဦးဆောင်ရပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ စွမ်းဆောင်မှုကြောင့် Media မဂ္ဂဇင်း ရဲ့ Network of the Year  ဆုကို သုံးနှစ်ဆက်တိုက်ရခဲ့ပါ တယ်။ ၂၀၀၉ ခုနှစ် ဇန်န၀ါရီမှာ အာရှပစိဖိတ် Ogilvy & Mather  ၊ ၂၀၀၉ ပြည့်နှစ် ဧပြီမှာ Ogilvy & Mather Worldwide  ရဲ့ BOD၊ ၂၀၁၀ မေလမှာ Ogilvy & Mather Advertising  ရဲ့Worldwide Director  တာဝန် တွေအဆင့်ဆင့်ယူခဲ့ပါတယ်။ အဲဒီတုန်းက  Chairman  ကTim Isaac  ပါ။ ဒီဇင်ဘာ ၂၀၁၁ မှာ Ogilvy & Mather Asia Pacific  ကNetwork of the Year  န Creative Agency of the Year  စံချိန်တွေ တင်ခဲ့ပါတယ်။ အလားတူပဲ ဥOgilvy Public Relations ကလညှ်းSpecialist Company of the Year နဲ့ Ogilvy Action  ရဲ့ Runner up အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီမှာ Ogilvy & Mather Asia Pacific  ဟာ Company Asia  ရဲ့ Agency မှတ်တမ်းကတ်မှာRating အမှတ်ပြည့်နဲ့ စံချိန်တင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လမှာ Tin Isaac  အနားယူတော့ ကျွန်တော် Chairman ဖြစ်လာပါတယ်။

 

များပြားလှတဲ့တာဝန်တွေကို ကိုင်တွယ်ဖြေရှင်းပုံ

ကျွန်တော်က ပြဿနာတွေကို မကြောက်ဘူး၊ ကြိုက်တယ်၊ အခက်အခဲပြဿနာတွေကသာ ကျွန်တော်တို့ရဲ့ စွမ်းရည်ကို တိုးတက်လာစေတာပါ။ အဲဒါတွေကြောင့်ပဲ တာဝန်ယူတတ် တဲ့စိတ်၊ စည်းကမ်းလိုက်နာတတ်တဲ့ စိတ်ထားတွေ အကျင့် လုပ်ပေးပြီးသား ဖြစ်တာပါ။ ကျွန်တော်က ခရီးတွေလည်း တော်တော်ထွက်ရတော့ အရေးကြီးကိစ္စတွေလောက်မှာပဲ ပါဝင်ဆွေးနွေးနိုင်ပါတော့တယ်။ ခရီးမသွားတဲ့အခါမှာတော့ အလုပ်ကို အစောဆုံးရောက် နောက်ကျမှပြန်ပြီး လုပ်ငန်းတွေ စည်းစနစ်တကျ ဖြစ် မဖြစ် ပြန်သုံးသပ်ပါတယ်။

 

ကိုယ် Team  ကို လားရာတစ်ခုတည်းသွားနိုင်အောင် လှုံ့ဆော်ပုံ

Team  တစ်ခု၊ အဖွဲ့အစည်းတစ်ခုက Excellent Unit  တစ်ခုဖြစ်နေဖို့ လိုပါတယ်။ နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှဲ့ Solution  တွေ စဉ်းစားရတာ အလွန်ခက်ခဲပါတယ်။ ဆန်း သစ်ဖန်တီးနိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း နှစ်ခုပေါင်း တဲ့အခါ ထူးခြားတဲ့ အောင်မြင်တဲ့ Business Trend  ဖြစ် လာပါတယ်။ ဒီအတွက် တစ်ယောက်နဲ့တစ်ယောက်အတွေ့ အကြုံတွေ ဖလှယ်ဖို့လိုတယ်။ ပြင်ပပြောင်းလဲမှုနဲ့အတူ ကိုယ့်အဖွဲ့အတွင်းမှာလည်း ပြောင်းလဲမှုအရှိန် အလိုက်သင့်ရှိ ရမယ်။ လုပ်ငန်းအတူတကွလုပ်ကိုင်ရင်း အတူခံစားစံစားမယ်ဆိုတဲ့ Sharing the Wallets အယူအဆ ခိုင်မြဲအောင် လုပ်တာဟာ အားလုံးလားရာတစ်ခုတည်းကိုပဲ သွားစေမယ့် အရိုးရှင်းဆုံးမဟာဗျူဟာပါပဲ။

 

လေ့ကျင့်ပျိုးထောင်ပေးမှု

Ogilvy & Matherအဖွဲ့အစည်း ရေရှည်အောင်မြင်ရခြင်းရဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ ၀န်ထမ်းတွေကို လေ့ကျင့် သင်တန်းတွေပေးဖို့ ရင်းနှီးမြှုပ်နှံတာပါပဲ။ ပြဿနာတွေကို အတူလက်တွဲ ဖြေရှင်းတတ်အောင် အစွမ်းအစရှိသူတွေကို  ပိုမိုတောက်ပြောင်လာအောင် Presentation တွေ Seminar  တွေနဲ့ ရင်းနှီးနေအောင် အထူးလေ့ကျင့်ပေးပါတယ်။ အဓိက ကတော့ သူတို့ရဲ့ တကယ့်အနာဂတ်အစစ်အမှန်ကို ဟန် ဆောင်မဟုတ်ဘဲ တကယ်သိလာအောင်လုပ်ပေးတာပါ။ အခု ဒီကိုလာတာလည်း Ad Champs Training  အတွက်ပါ။ ဒီ Region ထဲက Ogilvy & Mather ရဲ့ Creative Director  တွေရဲ့ Trainingပါ။

 

အစွမ်းအစ ‘Talent’  ရှိသူတစ်ဦးရဲ့ အရည်အချင်းများ

ကိုယ်ပိုင် Style ရှိတယ်။ တစ်ယောက်တည်းမှာရှိသင့်တဲ့ အားသာချက်တွေရှိတယ်။ ရိုးသားဖြောင့်မှန်တယ်။ တခြားသူတွေကို နမူနာပြဦးဆောင်နိုင်တယ်။ ဇွဲကောင်းတယ်။ လုံ့ လရှိတယ်။ တခြားသူကို သင်ပြပေးနိုင်တယ်။ အလုပ် လာဘ်မြင်တယ်။ ဟာသဉာဏ်ရှိတယ်။ စိတ်စွမ်းအင်ကောင်း တယ်။ ဆုံးဖြတ်ချက်မှန်တာ များတယ်။ အချိန်လေးစား တယ်။ အပြည့်အ၀ နားထောင်တတ်တယ်။ မေးခွန်းမေးဖို့ ၀န်မလေးဘူး။ ပကတိအခြေအနေ မှန်ကိုသိတယ်။ ပြောင်း လဲပစ်ဖို့လိုရင် အလွယ်တကူပြောင်းလဲတတ်တယ်။ အမြဲသင်  ယူနေတယ်။ သူတစ်ပါး ယုံကြည်အောင်နေတယ်။

 

Ogilvy & Mather လို အဖွဲ့အစည်းမှာ အလုပ်လုပ်ချင်ကြတဲ့ အကြောင်းရင်း

လူတွေအဖွဲ့အစည်းတစ်ခုမှာ လုပ်ချင်တာ လစာအဓိက ကြောင့်မဟုတ်ပါဘူး။ အဖွဲ့အစည်းရဲ့ ရေရှည်ဂုဏ် သတင်း ကျော်ကြားမှုအပြင် စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်မှုတွေက အဓိကလို့ ထင်ပါတယ်။  Ogilvy & Mather  ရဲ့ အောင် အောင်မြင်မြင် စုပေါင်းလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အားလုံး အတူတကွ လုပ်နိုင်တယ်။ ဒါမှမဟုတ် တစ်ဦးတည်း ကျရှုံး နိုင်တယ်ဆိုတဲ့အသိ ပေးထားပါတယ်။

 

အလုပ်နဲ့ဘ၀ဟန်ချက်ညှိပုံ

ဒီနေရာမှာတော့ ကျွန်တော်သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ကျွန်တော့်မှာ ကိုးနှစ်ရွယ်သား Nathalic နဲ့ ခြောက်နှစ် အရွယ်သားလေး Leonardo ရှိပါတယ်။ ကျွန်တော့်ဇနီး Priscila  က ဘရာဇီးသူပါ။ ကျွန်တော့်အချိန်ရဲ့ ၆၀ ရာခိုင် နှုန်းက ခရီးသွားတာနဲ့အချိန်ကုန်ပြီး အလုပ်က နေ့ညရွေး နေလို့ မရဘူးဆိုတော့ မိသားစုဘ၀လေး တည်ငြိမ်အောင် ဇနီးကပဲ ထိန်းထားပေးတာပါ။ ခရီးထွက်ချိန်ကို တတ်နိုင်ရင် စနေ၊ တနင်္ဂနွေပိတ်ရက်နဲ့ မတိုက်အောင် စီစဉ်ပါတယ်။ အားလပ်ရက်မှာ ကလေးတွေနဲ့အတူ ပန်းချီပြပွဲတွေ၊ ပြ ဇာတ်ပွဲတွေ သွားကြည့်တတ်ပါတယ်။ ပြောရရင် ကျွန်တော့် အချိန်ရဲ့ ၇၅ ရာခိုင်နှုန်းက အလုပ်အတွက် ဖြစ်နေပါ တယ်။ အားလပ်ချိန် ဂေါ့ဖ်ကစားပါတယ်။ ကျွန်တော် ဂေါ့ဖ်ကစားရတာ အလွန်နှစ်သက်ပါတယ်။

 

ဖိစီးမှုတွေ များလာတဲ့အခါ

အလုပ်မှာ တစ်နှစ် ငွေဘယ်လောက်ရှာပေးရမယ်ဆိုတဲ့ Target  ရှိပါတယ်။ တကယ်တော့ ကျွန်တော်ကလည်း ဖိစီးမှုတွေ ထိန်းချုပ်ရာမှာလည်း သိပ်အကောင်းကြီး မဟုတ်ပါဘူး။ Stress ပိလာရင် လုပ်လက်စအားလုံး ရပ်လိုက်တယ်။ ဘာမှကို မလုပ်တော့ဘဲ နားလိုက်တယ်။ တစ်နေ့နားလိုက်ရင် ၀င်လာတဲ့ Email နှစ်ရာကျော် သုံးရာနီးပါးကFollow  လိုက်ဖို့က ခက်ပြန်ရော။

 

အသေးစိတ် စီမံခန့်ခွဲပုံ

စီမံခန့်ခွဲမှုတို့ ခေါင်းဆောင်မှုတို့ဆိုတာ သင်ကြားပေးလို့ ရပါတယ်။ ကိုယ်တိုင်က သင်ယူချင်စိတ်ရှိဖို့၊ ဆုံးဖြတ် ချက်ချတတ်ဖို့လိုပါတယ်။ မှားချင်မှားပါစေ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ No decision is the worst decision ပါ။

အနှစ်သက်ဆုံးစာအုပ်

အမှန်ပြောရရင် စာဖတ်ဖို့ အချိန်သိပ်နည်းပါတယ်။ ဖတ် ထားသမျထဲက ညွှန်းရရင်တော့ Endurance ဆိုတဲ့ စာ အုပ်ကြိုက်ပါတယ်။ ၁၉၁၄ ခုနှစ်လောက်က အတ္တလန္တိတ် သမုဒ္ဒရာကို စွန့်စားဖြတ်ကျော်သူတစ်စုရဲ့ တကယ့်ဖြစ်ရပ် မှန်ဇာတ်လမ်းပါ။  Ernest Shackleton  ဦးဆောင်တဲ့ ဒီ အုပ်စုရဲ့ သတ္တိ၊ ကြိုးစားအားထုတ်မှု၊ အခက်အခဲရင်ဆိုင်မှု တွေကို စာရေးဆရာ Alfted Lanse  က ရသမြောက်စွာ ရေးထားပါတယ်။ စောင်ရေ နှစ်သန်း ရောင်းထားပြီးပါပြီ။ အထ္ထုပ္ပတ္တိစာအုပ်တွေ ဖတ်ရတာကြိုက်ပါတယ်။ မဂ္ဂဇင်း တွေမှာတော့ Perspecta ဖတ်ပါတယ်။Financial Times  ကို Subscribeလုပ်ထားပြီး ဖတ်ပါတယ်။

 

စကားလက်ဆောင်

ပြောင်းလဲမှုတွေကြား ရေရှည်ရှင်သန်နေဖို့အတွက် ကျွမ်းကျင် မှုစွမ်းရည်စုံလင်ဖို့ လိုပါတယ်။ ဗAbility to Learn? Unlearn  and Relearn  စွမ်းရည် ရှိရပါမယ်။ တစ်ယောက်ချင်း ရဲ့ ထူးချွန်မှုတွေကို အားလုံးတွဲပြီး လုပ်ဆောင်အစွမ်းပြနိုင် အောင် ကြိုးစားကြပါ။ ပြဿနာဆိုတာ နေရာတိုင်း လူ တိုင်းမှာ ရှိပါတယ်။ ပြဿနာကို ပိုရှုပ်ထွေးမသွားစေဘဲ စနစ်တကျ ဖြေရှင်းတတ်ကြစေချင်ပါတယ်။