Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Value Propostiton Design

Value Propostiton Design By Alexander Osterwalder and Yues Pigneur ဒီစာရေးဆရာနှစ်ဦးအနက် တစ်ဦးက စီးပွားရေး စွန့်စားလုပ်ကိုင်တဲ့လုပ်ငန်းရှင်၊ ကျန်တစ်ဦးက တက္ကသိုလ် ပါမောက္ခဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ထုတ် ဒီစာအုပ်ထဲမှာ ကုမ္ပဏီတွေ ဖွဲ့စည်းဆောင်ရွက်ပုံတွေကို ပုံတွေနဲ့ သိသာထင်ရှားအောင် လမ်းညွှန်ဖော်ပြထားတယ်။ ဒါအပြင် လက်တွေ့အသုံးချနိုင်ဖို့ အင်မတန်ကောင်းတဲ့ စီးပွားရေးလုပ်နည်း လုပ်ဟန်တွေကိုလည်း မန်နေဂျာတွေအတွက် ထည့်သွင်းထားတယ်။
Posted On March 18, 2016, By Editorial

Multipliers

Multipliers By Liz Wiseman စာရေးသူဟာ Silicon Valley မှာ ဦးစီးခေါင်းဆောင်မှုဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်က ထုတ်ဝေခဲ့တဲ့ Multipliers စာအုပ်ထဲမှာ Mitt Romney ၊ Steven Spielberg စတဲ့ ထင်ရှားသူတွေရဲ့အကြောင်းကို နမူနာယူဖို့ တင်ပြထားတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ကိုယ်ကျိုးမဖက်ဘဲ နောက်လိုက်ငယ်သားတွေရဲ့ဘ၀ကို ကူညီမြှင့်တင်ပေးကြသူတွေဖြစ်ပြီး ကိုယ်ကျိုးစီးပွားတိုးတက်ရေးကို ရှေ့တန်းတင်လုပ်ကိုင်ကြသူတွေထက် ပိုပြီးအောင်မြင်ကြတယ်လို့ သုံးသပ်ထားပါတယ်။
Posted On March 11, 2016, By Editorial

Playing to Win

Playing to Win by Roger Martin စာရေးသူဟာ တိုရန်တိုတက္ကသိုလ်လက်အောက်ရှိ စီမံခန့်ခွဲရေးကျောင်းရဲ့အကြီးအကဲဖြစ်တယ်။ ၂၀၁၃ ခုနှစ်ထုတ် ဒီစာအုပ်ကို Procter and Gamble ကုမ္ပဏီရဲ့ CEO A.G.Lafley နဲ့ ပူးတွဲရေးသားခဲ့တာဖြစ်တယ်။ သူတို့နှစ်ဦးပေါင်းပြီး ဒီကုမ္ပဏီကို အမြတ်လေးဆတက်အောင် လုပ်ကိုင်ခဲ့ပုံ၊ ဆယ်နှစ်တာကာလအတွင်း ဈေးကွက်တန်ဖိုး ဒေါ်လာတစ်ရာ ဘီလီယံ တိုးပွားလာအောင် လုပ်ကိုင်ခဲ့ပုံတွေကို တင်ပြထားပါတယ်။
Posted On March 4, 2016, By Editorial

How Will you Measure Your Life

How Will you Measure Your Life by Clayton Christensen စာရေးသူဟာ Harvard Business School (တက္ကသိုလ်) က ပါမောက္ခတစ်ဦးဖြစ်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆန်းသစ်တီထွင်ရေးဆိုင်ရာအပိုင်းမှာလည်း အဆင့်မြင့်ပါရဂူတစ်ဦးဖြစ်တယ်။ အခုတင်ပြတဲ့ ၂၀၁၂ ခုနှစ်ထုတ် စာအုပ်ဟာ တခြားပညာရှင်နှစ်ဦးနဲ့ ပူးတွဲရေးသားထားတာ ဖြစ်တယ်။ သူရေးသားပြီးခဲ့သမျှ စာအုပ်တွေနဲ့မတူဘဲ တစ်မူထူးခြားတယ်။ သူ့ရဲ့ပုဂ္ဂလိကအတွေ့အကြုံတွေ အများဆုံးပါဝင်တယ်။ သုတေသနကရတဲ့ အချက်အလက်တွေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကရတဲ့  အချက်အလက်ကို အခြေခံပြီး တကယ့်အောင်မြင်မှုဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို ဆန်းစစ်ထားတယ်။ အစွမ်းအစရှိကြသူ တချို့ကြီးပွားတိုးတက်ကြပြီး တချို့ကတော့ စိတ်ပျက်လက်မှိုင်ချသွားကြရတာဟာ ဘာ့ကြောင့်လဲ။ ဒါတွေကို စာအုပ်ထဲမှာ သုံးသပ်ထားတယ်။
Posted On January 29, 2016, By Editorial

Presence by Amy Cuddy

သူဟာ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ လူမှုရေးဆိုင်ရာ စိတ္တဗေဒပညာရှင် တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ၂၀၁၂ ခုနှစ်က တင်ဆက်ခဲ့တဲ့ 'သင့်ရဲ့ကိုယ်အမူအရာ သင်ဘယ်သူလဲဆိုတာပြတယ်' ဆိုတဲ့ အစီအစဉ်ကို အွန်လိုင်းမှာ အကြိမ် သန်း ၄၀ လောက် လူတွေဝင်ရောက်ကြည့်ရူခဲ့ပြီး ဖြစ်တယ်။ မကြာခင်ထုတ်ဝေတော့မယ့် အခုစာအုပ်ထဲမှာ သင့်စိတ်ထဲမှာ ထင်မှတ်ယူဆနေတဲ့အထင်အမြင်ကို ပြုပြင်လို့ရကြောင်း၊ အဲဒီလိုပြုပြင်လိုက်ရင် မိမိကိုယ်မိမိ မ၀ံ့မရဲဖြစ်တာ ပျောက်သွားနိုင်ပြီး မိမိကိုယ်ကို မိမိယုံကြည်စိတ်ချလာကာ မိမိရဲ့ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်နိုင်စွမ်း ရနိုင်ကြောင်း တင်ပြထားတယ်။ ညွန့်သောင်း
Posted On January 14, 2016, By Editorial

The Power of I Am : Two Words That Will Change Your Life Today

ရေးသူ -Joel Osteen စာမျက်နှာ – ၂၈၈ မျက်နှာ (ကတ္ထူဖုံး) ထုတ်ဝေသူ – Faith Words (6-10-2015) ISBN-10: 0892969962 ISBN-13: 978-0892969968 အရွယ်အစား – ၆.၄” x ၁” x ၉.၂” အင်္ဂလိပ်ကို (I am) ဆိုတဲ့ စကားနှစ်လုံးဟာ သင့်ရဲ့လက်ရှိဘ၀ကို ပြောင်းလဲစေနိုင်တယ်လို့ စာအုပ်နာမည်က ဆိုပါတယ်။ တစ်နည်းအားဖြင့် ယုံကြည်မှုရဲ့ စွမ်းအားလို့ ဆိုနိုင်တယ်။ ဒီကနေ့ သင်ဟာI am Blessed (ငါဟာ ကံကောင်းသူ ဖြစ်တယ်) ကို ယုံကြည်ထားလိုက်ရင် ကံကောင်းမှုက နောက်ကလိုက်ပါမှာ ဖြစ်တယ်။ ဒီလိုပဲ ငါဟာအစွမ်းအစရှိတယ်၊ ကျန်းမာတယ်၊ သန်စွမ်းတယ် စသဖြင့်ယုံကြည်ထားရင် အဲဒါတွေအတိုင်း […]
Posted On December 9, 2015, By Editorial

15 Secrets Successful People Know about Time Management:

Productivity Habits of 7 Billionaires, 13 Olympic Athletes 29 Straight-A'students, and 239 Enterepreneurs ရေးသူ – Kevin Kruse စာမျက်နှာ – ၃၀၈ မျက်နှာ ထုတ်ဝေသူ -The Kruse Group; 1 edition (9-10-2015) ရောင်းသူ – Amazon Digital Services, Inc. အလေ့အကျင့်ဟောင်းတွေကို စွန့်ပြီး အလေ့အကျင့်သစ်များနဲ့ အစားထိုးလုပ်နိုင်သွားခြင်းဖြင့် သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းကို ငါးဆမှ ဆယ်ဆအထိ မြင့်မားတိုးတက်လာတာကို မလိုချင်ဘူးလား။ အလုပ်တွေများလွန်းလို့ စိတ်ပင်ပန်းဖြစ်နေတာမျိုးတွေ ရပ်ပြီး တစ်နာရီလောက် အေးအေးဆေးဆေး စာဖတ်နေခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေခြင်း၊ ဒါမှမဟုတ် မိသားစုနဲ့ အေးအေးဆေးဆေး နေချင်စိတ်တွေ […]
Posted On December 9, 2015, By Editorial

HBR Guide to Managing Stress at Work

ရေးသူ – Harvard Business Review စာမျက်နှာ – ၁၉၂ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Harvard Business Review (14-1-14) ISBN – 10:1422196011 ISBN – 13:978-1422196014 Harvard Business Review မှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးများကို စုစည်းတင်ပြထားတာဖြစ်တယ်။ လုပ်ငန်းခွင်မှာ စိတ်ကျဉ်းကျပ်မှု (Stress) ခံစားနေရရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လက်တွေ့ဆောင်ရွက်နိုင်တဲ့ အကြံပေးချက်တွေနဲ့ ဖော်ပြထားပါတယ်။ ဥပမာ – စိတ်ကျဉ်းကျပ်မှုကို ရေရှည် ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမလဲဆိုတဲ့ အကြံပြုချက်တွေ ပေးထားတာ ၂၁ ချက်တောင်ရှိပါတယ်။ စာအုပ်ပါ ဆောင်းပါးတွေထဲက နည်းနည်းကောက်နုတ် ဖော်ပြရမယ်ဆိုရင် – ''လူအများအပြားဟာ တစ်နေတစ်နေ့ ကွန်ပျူတာမှာ […]
Posted On November 25, 2015, By Editorial

The Prize : Who’s in Charge of America’s Schools?

ရေးသူ – Dale Russakoff စာမျက်နှာ – ၂၅၆ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Houghton Mifflin (8-9-15) ISBN-10: 0547840055 ISBN-13: 978-0547840055 အမေရိကန်ပြည်ထောင်စုရှိ Charter School ရှိတဲ့ ကျောင်းတွေဟာ အစိုးရက ဦးစီးဖွင့်လှစ်သင်ကြားတဲ့ကျောင်းတွေ မဟုတ်ကြပါဘူး။ ပုဂ္ဂလိက (ကျောင်းသားမိဘတွေ စီပွားရေးလုပ်ငန်း ရမှတ်တွေက) တည်ထောင်ဖွင့်လှစ်သင်ကြားတဲ့ ကျောင်းတွေဖြစ်တယ်။ အစိုးရက ပံ့ပိုးမှုလည်းရှိတတ်ပါတယ်။ အခုဒီစာအုပ်ထဲမှာ တင်ပြထားတဲ့အချက်တွေဟာ စာရေးသူက အဲဒီကျောင်းတွေရဲ့ ပညာသင်ကြားရေးကိစ္စတွေမှာ မအောင်မမြင်ဖြစ်နေတာတွေကို စေ့စေ့စပ်စပ် လေ့လာတင်ပြထားတာ ဖြစ်တယ်။ နယူဂျာဆီပြည်နယ်ရှိ Newark ဆိုတဲ့နေရာက ကျောင်းကိုလေ့လာထားတာဖြစ်တယ်။ ဒီကျောင်းမျိုးက ကလေးတွေကဆင်းရဲချို့တဲ့ကြတယ်။ ဒါကြောင့် Mark Zuckerberg လို ချမ်းသာကြွယ်ဝကြသူတွေက ဒီကလေးတွေရဲ့ပညာရေးကို […]
Posted On November 25, 2015, By Editorial

Remix Strategy: The Three Laws of Business Combinations

ရေးသူ – Benjamin Gomes-Casseres စာမျက်နှာ – ၃၀၄ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ – Harvard Business Review Press (၄-၈-၁၅) ISBN-10: 1422163083 ISBN-13: 978-1422163085 ဒီစာအုပ်က ဖက်စပ်လုပ်ငန်းတွေအကြောင်း ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ Joint Value ၊ Allliances ၊ Partnership ၊ Acquisitions ၊ Mergers နဲ့ Mergers ဆိုတဲ့ အလုပ်တွေဟာ ကြုံတောင့်ကြုံခဲတွေ မဟုတ်တော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေရဲ့ အဓိကလုပ်နည်းလုပ်ဟန်တွေဖြစ်နေပါပြီ။ စီးပွားရေးလုပ်ငန်းဆိုင်ရာ မန်နေဂျာတွေဟာ မိမိတို့လုပ်ငန်းအတွက် လိုအပ်တဲ့အရင်းအမြစ်တွေ၊ စွမ်းအားတွေကိုရဖို့ တခြားစီးပွားရေးလုပ်ငန်းနဲ့ ပူးပေါင်းဖို့ကြိုးစားတဲ့အခါ အဲဒီလို ပူးပေါင်းဆောင်ရွက်လိုက်လို့ မိမိတို့မှာ အကျိုးဖြစ်ထွန်းလာနိုင်ပါတယ်ဆိုတဲ့အချက်ကို အသေအချာ သိဖို့လိုတယ်။ […]
Posted On October 26, 2015, By Editorial
1 6 7 8 9 10 12