Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

Capital in the Twenty-First Century

လူ့အဖွဲ့အစည်းမှာ အရင်းအနှီးစုဆောင်းမိလာခြင်းနဲ့ အနှံ့ အပြားသုံးစွဲလာခြင်းတွေ ဘာ့ကြောင့် ဖြစ်ပေါ်လာရသလဲ။ အချိန်ကြာလာတာနဲ့အမျ မညီမျမှုတွေ ဖြစ်ပေါ်လာပုံ၊ လူနည်းစုရဲ့ လက်ထဲမှာ ဥစ္စာဓနတွေ စုပုံလာပုံနဲ့ စီးပွား ရေးတိုးတက်ဖို့ အလားအလာ စတာတွေဟာ သက်ဆိုင်ရာ အစိုးရများက မိမိတို့နိုင်ငံရဲ့စီးပွားရေးကို ကိုင်တွယ်ဆောင် ရွက်ပုံဆိုတဲ့ (Political Economy) နဲ့ ဆိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲ တယ်။ ဒါပေမဲ့ အခုအခါ အထက်ပါစာအုပ်ရေးသားကြ သူတွေဟာ နိုင်ငံပေါင်း ၂၀ ကျော်ကို ၁၈ ရာစုနှစ်လောက်က အခြေအနေတွေကစပြီး ၂၁ ရာစုအထိ ခိုင်မာတဲ့အချက်အလက် တွေကို စုဆောင်းလေ့လာသုံးသပ်တင်ပြပြီး အဖြေထုတ်ထား တယ်။ မညီမျမှုတွေ များလာပြီး တစ်နေ့နေ့တစ်ချိန်မှာ မကျေနပ်မှုတွေ ပေါ်ပေါက်ကာ ဒီမိုကရေစီတန်ဖိုးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ […]
Posted On July 3, 2014, By Editorial

A Fighting Chance

  စာရေးသူဟာ နိုင်ငံရေးရည်မှန်းချက်ရှိခဲ့သူမဟုတ်ပါဘူး။ သူဖြစ်ချင်တာက တက္ကသိုလ်တက်ပြီးရင် အခြေခံမူလ တန်းကျောင်းဆရာမလေးလုပ်ဖို့ပဲ။ သူ့ရဲ့မိသားစုက ၀င်ငွေ အသင့်အတင့်သာရှိတဲ့အတွက် ဒါလေးဖြစ်ဖို့တောင် အနိုင် နိုင်ပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး မိခင်ဘ၀ ရောက်လာတော့ ပိုပြီး ဝေးသွားတယ်။ ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုကြောင့် ၁၅ နှစ်လောက်ကြာတော့ ထင်ရှားတဲ့ ဥပဒေပါမောက္ခတစ်ဦးဖြစ်လာတယ်။ လူတွေ ဘာကြောင့် ယူထားတဲ့ကြွေးတွေကို ပြန်မဆပ်နိုင်ကြရတာလဲဆိုတာကို စေ့စေ့စပ်စပ်လေ့လာ နားလည်သဘောပေါက်သူ ဖြစ်လာ တယ်။ ဒါကြောင့်လည်း သူ့ကို ဒေ၀ါလီခံရမှု ဆိုင်ရာ တရားဥပဒေများကို သုံးသပ်ပြင်ဆင်ရေးဆွဲရာမှာ အကြံဉာဏ် ပေးဖို့ အစိုးရ က ဖိတ်ခေါ် လိုက်တာဖြစ် ပါတယ်။ ဥပဒေအကြံပေးအဖြစ် ဒေ၀ါလီ ဆိုင်ရာ ဥပဒေများကို ပိုကောင်းအောင် ဆယ်နှစ်ကြာ ကြိုး စားခဲ့ပေမဲ့ […]
Posted On June 30, 2014, By Editorial

အောင်မြင်မှု

  ဤစာအုပ်သည်  J Pincott ၏ Success စာအုပ်ကို ဆရာမ မြနှင်းဆီ (Mra Hninzi)  က ဘာသာပြန်ထားခြင်း ဖြစ်ပါ သည်။ အောင်မြင်မှုကို မည်သို့ရရှိနိုင်မည်ဆိုသည့် အကြံ ဉာဏ် များနှင့် စေ့ဆော်မှုများကို ဖော်ပြထားသည်။ အောင် မြင်မှုကို အနက်ဖွင့်ခြင်း၊ သင်၏စိတ် ထက်သန်ပြင်းပြမှုကို တွေ့ရှိဖော်ထုတ်ခြင်း၊ သင့်ပန်းတိုင်များကို သတ်မှတ်ခြင်း၊ စိတ်ဓာတ် ပျိုးထောင်ခြင်း စသည့် အခန်း ၁၇ ခန်းဖြင့် တင်ပြ ထားပါသည်။ စီအီးအိုများ၊ နိုဘယ်ဆုရှင်များ၊ နိုင်ငံရေးသမား များ၊ ပညာရေး အသိုင်းအ၀ိုင်းမှ ပညာရှင်များ၊ စီးပွားရေးလုပ် ငန်းရှင်များ စသည့် မတူညီသောနယ်ပယ်များမှ ထင်ရှား ကျော်ကြားသူများဖြစ်ကြသော  Oprah Winfery  ၊Bill Gates  […]
Posted On June 18, 2014, By Editorial

Sports Leaders & Success

Sports   Leaders  &  Success  :  55  Top  Sports Leaders  &  How  They  Achieved  Greatness ရေးသူ  –    Investor’s Business Daily  သတင်း စာရဲ့ Leaders & Success မှာ ထည့်သွင်းတင်ပြခဲ့တဲ့အချက်တွေကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ်ဖြစ် တယ်။ စာရေးဆရာများဖြစ်တယ်။ စာမျက်နှာပေါင်း –         ၂၅၆ မျက်နှာ ထုတ်ဝေသူ      –         McGraw-Hill; First edition (1-6-04) ISBN-10:0071441018 ISBN-13:978-0071441018 အားကစားနယ်ပယ်က ထူးချွန်ထင်ရှားတဲ့ပုဂ္ဂိုလ် ၅၅ ဦး တို့ရဲ့ ရုန်းကန်ကြိုးစားခဲ့ရပုံတွေကို တစ်ဦးချင်းတင်ပြထား ပါတယ်။ ဘတ်စကက်ဘောအားကစားလောကမှာ အလွန် ထူးချွန်ပြောင်မြောက်တဲ့John Wooden၊ […]
Posted On May 21, 2014, By Editorial

You Are Not So Smart

You  Are  Not  So  Smart ရေးသူ  –   David McRaney စာမျက်နှာပေါင်း –         ၃၂ဝ မျက်နှာ ထုတ်ဝေသူ      –         Gotham; Reprint Edition အရွယ်အစား    –         7.4″ _4.9″ _1″ ထုတ်ဝေသည့်နေ့         –         ၆-၁၁-၂ဝ၁၂ ISBN-10:1592407366 ISBN-13:978-1592407361 အခုစာအုပ်ခေါင်းစဉ်အတိုင်း အွန်လိုင်းတင်ထားတဲ့ အတွေး အခေါ်တွေကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။ လူတွေဟာ နေ့စဉ်ကြုံတွေ့ဆောင်ရွက်ရတဲ့ကိစ္စ တွေကို ဆုံးဖြတ်ကြရာမှာ ခေါင်းအေးအေးထားပြီး မှန်မှန် ကန်ကန်ဆုံးဖြတ်တာပါလို့ ထင်နေလေ့ရှိကြတယ်။ ဟုတ် လှပြီ၊ မှန်လှပြီလို့ ထင်ကြတယ်။ တကယ်တော့ လူတွေ ဟာ အမှားနဲ့မကင်းကြဘူး။ တွေးမြင်၊ ပြောဆို၊ လုပ်ကိုင် […]
Posted On May 20, 2014, By Editorial

The Greatest Business Decisions of All Time

  ရေးသူ            –         Verne Harnish ထုတ်ဝေသူ      –         Time Home Entertainment, First Edition (2-10-12) စာမျက်နှာ       –         ၂ဝ၈ မျက်နှာ ISBN-10:1603200592 ISBN-13:978-1603200592     ဆုံးဖြတ်ချက်မချဘဲ ဘာအလုပ်မှ မအောင်မြင်နိုင်ပါ။ အောင်မြင်ခြင်းကို ပေးစွမ်းနိုင်တဲ့ အခိျု့သောဆုံးဖြတ်ချက် ကြီးတွေဟာ အများရဲ့သာမန်အတွေးအမြင်တွေနဲ့ ဆန့်ကျင် နေတတ်လေ့ရှိကြတယ်။ ဥပမာအားဖြင့် Apple ကုမ္ပဏီ က ဘာကြောင့် Steve Jobs ကို ပြန်ခေါ်ခဲ့ရသလဲ။ Johnsonရ Johnson ကုမ္ပဏီဟာ အဆိပ်ဓာတ်ပါတဲ့ ဆေး ပုလင်းနည်းနည်းပါးပါးတွေ့တာလေးနဲ့ဘာ့ကြောင့် Tylenol ဆေးပုလင်းအားလုံးကို ဈေးကွက်က ပြန်သိမ်းယူဖို့ ဆုံး […]
Posted On May 19, 2014, By Editorial

Letters to Sam

  စာရေးသူဟာ သူ့မြေးကလေးမွေးကတည်းက ရင်ထဲကထွက်ပေါ်လာတဲ့ပေးစာတွေကို စရေးလာခဲ့တယ်။ နောက်ပိုင်းမြေးကလေးကြီးလာရင်ဖတ်ဖို့ဖြစ်တယ်။ အဲဒီစာတွေ ထဲမှာ ရှိတဲ့အကြောင်းအရာတွေကတော့ အားလုံးအရေးကြီးတဲ့ အကြောင်းအရာတွေချည်းပဲ။ မိဘတွေနဲ့ဆက်ဆံရေး၊ အနိုင်ကျင့်သူတွေကို ဘယ်လိုကိုင်တွယ်ရမယ်၊ လူငယ်သဘာဝ ချစ်ရေးချစ်ရာကိစ္စတွေ၊ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မယ် စသဖြင့် တော်တော်စုံလင်ပါတယ်။ သူတစ်ခု စိုးရိမ်တာကတော့ သူ့မြေးကလေး လူကြီး အရွယ်ရောက်လာ တဲ့အချိန်အထိ သူ့အသက်ရှင်နေနိုင်ပါ့မလားဆိုတဲ့ အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ခြေထောက်နှစ်ဖက်စလုံးနဲ့ လက်နှစ်ဖက်စလုံး သွက်ချာပါဒအကြောသေရော ဂါခံစားနေရလို့ဖြစ်တယ်။ ဒီနေရာဂါကလည်း လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက သေသွားနိုင်လောက်အောင် ကားတိုက်ခံခဲ့ရလို့ဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ ဘယ်ကိစ္စကိုမှ အမှုမဲ့ဖအမှတ်မဲ့သဘောမထားတတ်သူ တစ်ယောက်ဖြစ် လာတယ်။ ဒီကြားထဲ မြွေပူရာကင်းမှောင့်ဆိုသလို သူ့မြေးကလေးဟာ ၁၄ လသားအရွယ်ရောက်တော့ Autism ဆိုတဲ့ အထီးကျန်စိတ်ဝေဒနာရောဂါစွဲကပ်နေတာကို သိလိုက်ရတယ်။ […]
Posted On April 30, 2014, By Editorial

Fine Art of Confident Conversation

  စာအုပ်အမည်ကဖော် ပြထားတဲ့အတိုင်း သူများနဲ့စကားပြောရာမှာ မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်အ၀နဲ့ပြော တတ်ဖို့အကြံဉာဏ်တွေ ပေးထားတဲ့စာအုပ်ဖြစ်တယ်။ စာရေးသူဟာ အရောင်းရဆုံးစာရင်းဝင်စာရေး ဆရာမတစ်ဦးဖြစ်ပြီး လူတွေနဲ့ဆက်သွယ်ပြောဆိုရေး ပညာ မှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်။ သူ့ရဲ့ အရောင်းရ ဆုံးစာအုပ်ကတော့ The Fine Art of Small Talk : How to Start a Conversation, Keep It Going, Build Networking Skills–and Leave a Positive Impression  ဆိုတဲ့ စာအုပ်ဖြစ်တယ်။ ဒါ့အပြင် ဆယ်ကျော်သက်ရွယ်တွေအတွက် မိုဘိုင်းဖုန်းနဲ့ စာရိုက်ပို့တာမျိုးအစား မျက်နှာချင်း ဆိုင်ဘယ်လိုပြောဆိုရမယ်ဆိုတာကိုလည်း ရေးသားထားတဲ့ စာအုပ်ကတော့ ဒီနှစ်မေလထဲမှာ ထွက်မယ်လို့သိရတယ်။ ဒီဆရာမရဲ့ လိပ်စာကတော့  www.DebraFine.com  […]
Posted On April 26, 2014, By Editorial

The Concise 33 Strategies of War

    ကမ္ဘာ့သမိုင်းမှ ပြင်းထန်တဲ့ ပဋိပက္ခဖြစ်ရပ်တွေကို ဖော်ပြထားရုံမျမက နိုင်ငံရေး၊ ဘာသာအယူဝါဒရေးရာဆိုင်ရာ အတွေးအခေါ်တွေကို မွှေနောက်ဆက် စပ်သုံးသပ် ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီလိုပဋိပက္ခတွေ၊ စစ်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေရဲ့ အမှားအမှန်တွေ၊ အစွမ်းအစတွေကို နပိုလီယန်၊ မာဂရက်သက်ချာ၊ လော့စ်နယ်လ်အနီ စတဲ့ပုဂ္ဂိုလ်ကျော်တွေအပြင် ဂျပန်ဆာမူရိုင်းဓားသမားတွေနဲ့ သံတမန်တွေအထိ စုံလင် အောင်လေ့လာတင်ပြထားတယ်။ စာမြည်းအဖြစ် အပိုင်းတစ်က ကောက်နုတ်ဖော်ပြရင် ”စစ်၊ ဒါမှမဟုတ် ဘယ်လို ပဋိပက္ခမျိုးဖြစ်ဖြစ်၊ နည်းဗျူဟာသုံးပြီး တိုက်ခိုက်အောင် မြင်ကြရတာဖြစ်တယ်။ စစ်နဲ့နည်းဗျူဟာဟာ လူ့စိတ်ထဲမှာ စတာဖြစ်တယ်။ စိတ်ထဲမှာ အလွယ်တကူ စိတ်ခံစားချက်တွေ သိပ်ပြီးလွှမ်းမိုးနေမယ်၊ ပစ္စုပ္ပန်ကို အာရုံစိုက်ရမယ့်အစား အတိတ်မှာချည်းနစ်မြုပ်နေမယ်၊ ဖြစ်နေတဲ့ဖြစ်ရပ်တွေကို အရေးကြီးရင်ကြီးသလို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဖြစ်နေမယ်။ အဲဒီလိုစိတ်မျိုးဟာ အဓိကလိုရင်းနဲ့ လွဲချော်သွားနိုင်တဲ့ ဗျူဟာတွေကိုသာ ချမှတ်သွားတော့မှာဖြစ်တယ်။ […]
Posted On April 26, 2014, By Editorial

Crazy Rich : Power, Scandal, and Tragedy Inside the Johnson & Johnson Dynasty

ရေးသူ  –         Jerry Oppenheimer စာမျက်နှာပေါင်း –         ၄၉၆ မျက်နှာ၊ ကတ်ထူဖုံး ထုတ်ဝေသူ      –         St Martin’s Press, First Edition အရွယ်အစား    –         9.5″ _6.4″ _1.6″ ထုတ်ဝေသည့်နေ့         –         ၁၃-၈-၁၃ ISBN-10:0312662114 ISBN-13:978-0312662110 Johnson & Johnson  ဆိုတဲ့ အောင်မြင်တဲ့ဆေးဝါးလုပ်  ငန်းကြီးရဲ့ဖြစ်ကြောင်းကုန်စင်ကို ၁၈၈၈ ခုနှစ်က စတင် တီထောင်ခဲ့သူ  Johnson ညီအစ်ကိုသုံးယောက်ကစပြီး နောက်ပိုင်းမျိုးဆက်သစ် ငါးဆက်တိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ခဲ့ပုံများကို တင်ပြထားတယ်။ သမ္မတကနေဒီရဲ့ ဆွေစဉ် မျိုးဆက်တွေ၊ ဒုက္ခ၊ သုခတွေ ကြုံခဲ့ရ၊ အပုတ်နံ့တွေလည်း ထွက်ခဲ့ရသလိဲုသ့ညျသည တို့မှာလည်း […]
Posted On March 29, 2014, By Editorial