လာမယ့်တစ်ပတ်တာအတွက် တနင်္ဂနွေနေ့မှာ ဘယ်လိုအားယူမလဲ

တနင်္ဂနွေနေ့ညနေရောက်ပြီဆိုရင် နောက်တစ်ပတ်ကိုရင်ဆိုင်ဖို့အတွက် စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ စနေနဲ့တနင်္ဂနွေနေ့ ပိတ်ရက်နှစ်ရက်ဟာသိပ်ကိုတိုတောင်းတယ်လို့ ခံစားရတတ်ပါတယ်။ ဒီမှာတော့တနင်္လာနေ့တွေကို ဘယ်လိုပျော်ရွှင်အောင်ဖြတ်သန်းကြမလဲဆိုတာကို ဖော်ပြချင်ပါတယ်။

၁။ တနင်္ဂနွေနေ့တွေမှာ ကောင်းတဲ့အရာတွေကိုပဲ အာရုံထားပါ။

ညနေပိုင်းမှာ အားရပါးရရေချိုးပါ။ ညစာကို သင်ချစ်တဲ့ သူတွေနဲ့အတူစားပါ၊ ဒါမှမဟုတ် သူငယ်ချင်းဆီကိုဖုန်းဆက်ပါ။ သင်ဘာပဲလုပ်လုပ် စိတ်ချမ်းသာစရာရှိတာပဲလုပ်ပါ (စိတ်ဖိစီးမှုများမယ့်အရာတွေကို မေ့ထားပါ)။

၂။ မိမိကိုယ်ကို အပြစ်တင်ခြင်းကို ရပ်တန့်လိုက်ပါ။

သင့်ရဲ့ တနင်္ဂနွေနေ့ကို ညဝတ်အင်္ကျီဝတ်ပြီး ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းပါ။ သင်လုပ်ကိုင်နေတာတွေ အရှိန်လျော့ချလိုက်ပြီး သင့်စိတ်ကို လွတ်လပ်ခွင့်ပေးထားလိုက်ပါ။ ဘဝဆိုတာရှည်ကြာသလိုပဲ အနိမ့်အမြင့် အတက်အကျတွေလည်း ရှိပါတယ်။

၃။ သင့်ရဲ့ အလိုဆန္ဒတွေကို လျှော့ထားပါ။

သင့်ရဲ့ မိတ်ဆွေတွေနဲ့လည်း သင်အချိန်ကုန်ဆုံးချင် တယ်၊ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ချင်တယ်၊ အိမ်ကို လည်း သန့်ရှင်းနေချင်တယ်၊ အချစ်ရေးမှာလည်း ရင်ခုန်စွာ ဖြတ်သန်းချင်တယ်။ ဒါတွေအားလုံးဟာ နှစ်ရက်တည်းနဲ့ ဖြစ်လာဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ အခုအချိန်မှာ သင့်ကိုယ်သင်အရင်မေးခွန်းထုတ်ရမှာဖြစ်တယ်။ ဒါဟာတကယ်ပဲ ဖြစ်နိုင်ခြေရှိရဲ့လား။ ပိတ်ရက်တစ်ကြိမ်မှာ တစ်မျိုုးလောက်ပဲလုပ်ဖို့ အဆင်မပြေနိုင်ဘူးလား။

၄။ လှုပ်ရှားပါ၊ လမ်းလျှောက်ပါ၊ ပြေးပါ။

ကိုယ်လက်လှုပ်ရှားမှုက ပိတ်ရက်တွေမှာ သင်ယောင်ချာ ချာဖြစ်နေရာကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။ နေ့ဘက်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့စိုးရိမ်မှုတွေကို ဖြေဖျောက်နိုင်စေရုံသာမကဘဲ သင့်ရဲ့စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ တွေသာမကဘဲ သင့်ရဲ့ညနေခင်းကိုလည်းအကောင်းမြင်မှုတွေနဲ့ ဖြတ်သန်းနိုင်ပါတယ်။

၅။ ခေတ­္တခန့်မျ အသက်ရှူချိန်ပေးပါ။

သင့်စိတ်ကိုလျော့ပြီး လေကိုဖြည်းဖြည်းချင်း အဝရှူသွင်း ရှူထုတ်ပြုလုပ်ခြင်းက သင့်ရဲ့နှလုံးခုန်နှုန်းကို လျော့ကျစေပြီး လွတ်လပ်ပေါ့ပါးလာစေပါတယ်။ တစ်မိနစ်ခန့်မျ ပုံမှန်အသက်ရှူထုတ်ပြုလုပ်လိုက်ခြင်းက သင့်ရဲ့ ဦးနှောက်မှာရှိနေတဲ့ ရှုပ်ထွေးမှုတွေကို လျော့ကျစေရုံသာမကဘဲ သင့်ကို စိတ်ကိုရှင်းလင်းအောင် ပြုလုပ်ပေးပါ တယ်။ ပြဿနာအခြေအနေတွေကိုလည်း အလျင်စလိုမတုံ့ပြန်ခင်မှာ ခေတ္တမျရပ်တန့်စေပါတယ်။

၆။ အကောင်းမြင်စိတ်မွေးပါ။

အကောင်းမြင်တတ်တဲ့သူဖြစ်အောင် ကြိုးစားပါ။ သင်နဲ့ ပေါင်းသင်းဆက်ဆံရခက်တဲ့ သူတွေရှိနေရင်တောင် သင့်ကို အကောင်းမြင်နေတဲ့သူတွေ များစွာရှိတယ်ဆိုတဲ့ စိတ်နဲ့နေထိုင်ပါ။ သင့်မှာ အဆင်မပြေတဲ့ ဆက်ဆံရေးတွေရှိနေတယ်ဆိုရင်တောင် သင့်ကိုအားပေးထောက်ခံတဲ့သူတွေ များစွာရှိနေပါသေးတယ်။

၇။ ၂၄ နာရီလုံးကို အကျိုးရှိစွာ အသုံးချပါ။

ခုနစ်နာရီ၊ ရှစ်နာရီခန့်အိပ်စက်အနားယူပါ။ အစားအစာအတွက် တစ်နာရီ နှစ်နာရီလောက်အသုံးပြုပါ။ သွားဖို့လာဖို့ ပြင်တာကို နှစ်နာရီလောက်အသုံးပြုပါ။ သင့်မှာကျန်ရှိနေတဲ့ အချိန်က ၁၂ နာရီလောက်ပဲရှိတော့မယ့်အ ချိန်မှာ ၃၆ နာရီစာ အစီအစဉ်တွေချမထားဘဲနဲ့ လုပ်ဆောင်ပါ။

၈။ တနင်္လာနေ့ကို သင်ပျော်ရွှင်တဲ့အရာနဲ့စတင်ပါ။

စနေ၊ တနင်္ဂနွေမှာ သင်ပျော်ရွှင်ရတဲ့အကြောင်းတွေကို ဝေမျရင်းနဲ့တနင်္လာနေ့ရုံးတက်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းပါ။ သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတွေ့အကြုံတွေကို ပြန်လည်နားထောင်ပါ။ သင့်ရဲ့တနင်္လာနေ့ကို ပျော်ရွှင်စွာနဲ့စတင်စေပြီး အလုပ်ခွင်မှာ ပျော်ရွှင်တက်ကြွ စွာဖြတ်သန်းပါ။

၉။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

ပျော်ရွှင်နေတဲ့သူတွေဟာ သူတို့လုပ်ချင်တာတွေပဲ လုပ်ဖို့အတွက် စနေ၊ တနင်္ဂနွေကို စောင့်မနေပါဘူး။ ဘယ် နေ့ပဲဖြစ်ဖြစ် မိမိရဲ့ကိုယ်ပိုင်အချိန်ကို ရအောင်ထားရှိ ပါ။ အကျိုးအမြတ်ကတော့ သင့်ရဲ့ပိတ်ရက်တွေမှာ လုပ် ရမယ့် တချို့အရာတွေကို လျော့ချပေးမှာပါ။

၁၀။ မှန်ကန်တဲ့ မေးခွန်းတွေကိုပဲမေးပါ။

တနင်္ဂနွေနေ့တွေကို အန္တရာယ်အဖြစ်သတ်မှတ်မယ့်အစား သတိထားပြီး ဖြတ်သန်းပါ။ ခြေတစ်လှမ်းဆုတ်ပြီး သင်စိုးရိမ်နေတာက ဘယ်အရာဆိုတာကို သိအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ – သင်အိပ်ဖို့လိုအပ်နေတာလား။ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ လုပ်ဆောင်ချက်တွေနဲ့ ကတိပြုထားတဲ့ အရာတွေအများကြီးရှိနေလား။ ခုချိန်မှာ သင်လုပ်နေတာတွေကို ဖြည်းဖြည်းချင်းလျော့ချပြီး လုပ်ဆောင်သင့်နေပါပြီ။

အဒိုနီရမ်
Ref: health digest