The First 90 Days: Critical Success Strategies for New Leaders at All Levels

bookreview1

ရေးသူ – Michael Watkins

စာမျက်နှာ – ၂၅၃ မျက်နှာ၊ ကတ်ထူဖုံး

ထုတ်ဝေသူ – Harvard Business School Press (၁၈-၉-၂၀၀၃)

ISBN-10 : 1591391105

ISBN-13: 978-1591391104

အရွယ်အစား – ၈.၃" * ၅.၈" * ၁"

ကမ္ဘာပေါ်ရှိ အထင်ကရစီးပွားရေးကုမ္ပဏီကြီးတွေရှိ မန်နေဂျာအားလုံးရဲ့ လေးပုံတစ်ပုံဟာ အဆင့်တက်ပြီး ခေါင်းဆောင်မှုတာဝန်တွေ ယူလာကြရပါတယ်။ ဌာနစိတ်တစ်ခုရဲ့ခေါင်းဆောင်အဖြစ်၊ ဒါမှမဟုတ် ကုမ္ပဏီ တစ်ခုလုံးရဲ့ CEO အဖြစ် တာဝန်ယူလုပ်ကိုင်ရာမှာ တာဝန်ယူခါစကနေ ရက်ပေါင်း ၉၀ အတွင်း တွေ့ကြုံ ဖြေရှင်းဆောင်ရွက်ရာမှာ ပေါ်ပေါက်လေ့ရှိတဲ့ အခက်အခဲတွေကတော့ အတူတူလိုတွေချည်း ဖြစ်တယ်။ ဒီစာအုပ်မှာ အဲဒီလိုအခက်အခဲတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာတွေကို တင်ပြထားတယ်။

ခေါင်းဆောင်ပိုင်းတာဝန်အသစ်တွေကို စတင်ထမ်းဆောင်ကြရသူတွေဟာ မိမိတို့စိစစ်သုံးသပ်ခြင်း၊ လုပ်ငန်းဆိုင်ရာအစီအစဉ်တွေ ရေးဆွဲပုံ၊ မိမိရဲ့အထက်နဲ့အောက် လုပ်ဖော်ကိုင်ဖက်တွေကို ဆက်ဆံပြောဆိုပုံတွေကိုလည်း အကြံပြုတင်ပြထားတယ်။