advertisement-image
Opinion

စီးပွားရေးဆိုင်ရာ  အသင်းအဖွဲ့များ၏ အခန်းကဏ္ဍနှင့် တာဝန်

နိုင်ငံတကာတွင်လည်း စီးပွားရေးနယ်ပယ်အလိုက် ပါဝင်ပတ်သက်ရသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များစုစည်းရန်၊ မိမိနယ်ပယ်တိုးတက်ရန်၊ နိုင်ငံ၏စီးပွားရေးပေါ်လစီများချမှတ်ရာတွင် အထောက်အကူပြုရန်၊ လိုအပ်လျှင် လိုအပ်သလို အစိုးရဌာနဆိုင်ရာများ၊ စီးပွားဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန်၊ အချို့သော ကိစ္စရပ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အထိုက်အလျောက် ကာကွယ်ရန်၊ သင်တန်းများ စီမံဆောင်ရွက်ခြင်း၊ အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်၊ အသင်းအဖွဲ့များ (Association  ၊ သို့မဟုတ် Organization များ) တည်ထောင်ဆောင်ရွက်ကြလေသည်။ ထိုသို့သော အသင်းအဖွဲ့မျိုးတွင် ဦးဆောင်ကြသည့်ခေါင်းဆောင်များမှာလည်း လူအများစုလေးစားလက်ခံသည့် ခေါင်းဆောင်အရည်အချင်းမျိုးပြည့်စုံသူများဖြစ်ပြီး မိမိကိုယ်ကျိုးထက် အများအကျိုး၊ အသင်းအဖွဲ့၏ရှေ့ရေးနှင့် အကျိုးစီးပွားဦးစားပေးသူ၊ အသင်းအဖွဲ့ဝင်များကို လှုံ့ဆောင်စည်းရုံးဦးဆောင်နိုင်သူများ ဖြစ်ကြလေသည်။ မောင်သာတို့ မြန်မာနိုင်ငံတွင်လည်း တသီးပုဂ္ဂလရပ်တည်နေသော ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်ကြီးရှိရာ အသင်းချုပ်ကြီး၏အောက်တွင် မှတ်ပုံတင်ထားသော စီးပွားရေးအသင်းအဖွဲ့ပေါင်း ၇၄ ဖွဲ့ ရှိပါသည်။ […]
Posted On October 24, 2016, By Editorial

BREXIT နှင့် ASEAN

ဇွန်လ ၂၃ ရက်တွင် ဗြိတိန်နိုင်ငံအနေဖြင့် ဥရောပယူနီယံတွင် ဆက်လက်တည်ရှိ မရှိ ဆန္ဒမဲပေးဆုံးဖြတ်ရာ သမိုင်းဝင် စိတ်ပျက်အံ့သြဖွယ်ရလဒ်ဖြစ်သည့် ခွဲထွက်ရေးအဖြေကို ဆန္ဒမဲပေးမှု ၃၃ ဒဿမ ၆ သန်းမှ ၅၂ ရာခိုင်နှုန်းဖြင့် အဖြေထွက်ခဲ့ပါသည်။ အကြောင်းရင်းများစွာအနက် အရေးပါသောအချက်တစ်ချက်မှာ မကြာသေးမီက အာဖရိကနှင့် အာရပ်နိုင်ငံများမှ ဒုက္ခသည်များ ခိုလှုံဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ဤခွဲထွက်ရေးရလဒ်ကြောင့် ဗြိတိန်နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြဿနာပေါင်းစုံကြုံတွေ့နေရပြီ ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဥရောပယူနီယံတွင်း လွတ်လပ်သော ဈေးကွက်စနစ် (Free – Market) နှင့် လွတ်လပ်သောအတွေးအခေါ် (Liberalism) ကို အခြေခံခဲ့သော်လည်း ဗြိတိန်နိုင်ငံအနေဖြင့် မူလကတည်းက ကိုယ်ပိုင်ငွေပေါင် (Pound) […]
Posted On October 3, 2016, By Editorial

Online ကို လုံးလုံးလျားလျား အားပြုရတော့မည့်အချိန်ကဖြင့် မဝေးတော့ပြီ

မြန်မာနိုင်ငံတွင် Mobile ဖုန်းအသုံးပြုသူ သန်းနှစ်ဆယ်ဝန်းကျင်ရှိနေပြီး အများစုက Social Media ကို အလေးထားအသုံးပြုနေကြသည်။ နံနက်ခင်းအိပ်ရာနိုးသည်နှင့် Facebook ကို ကြည့်သည်။ နေ့လယ်အလုပ်လုပ်နေရင်း Facebook ကို မကြာခဏကြည့်ဖြစ်သည်။ ညအိပ်ရာပေါ်တွင် Facebook ကိုကြည့်ရင်း အိပ်ရာဝင်သည်။ လာမည့်အနာဂတ်တွင် Facebook နှင့် အခြား Social Media များကို ပို၍ပို၍ သုံးစွဲလာကြမည့်အရေးကို ကြိုတင်မြင်နေရပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် Online Media သည် မြို့ပြကလူများနှင့် ထိတွေ့မှုအများဆုံးမီဒီယာ ဖြစ်လာခဲ့ပြီ။ တီဗီကြည့်ချိန်၊ ရေဒီယိုနားထောင်ချိန်၊ စာဖတ်ချိန်တို့ လျော့ကျသွားသည်။ ဤသို့ အခြေအနေတွင် စီးပွားရေးလုပ်ငန်းများ၊ ကြော်ငြာလုပ်ငန်းများ အနေဖြင့်လည်း လူထုနှင့်ဆက်သွယ်ရန် Online ကို အားပြုလာကြရသည်။ ပြဿနာမှာ Online ကို မည်မျှအားကိုးအားထား […]
Posted On August 8, 2016, By Editorial

စိတ်ကျေနပ်မှုရှိသည့် ဖောက်သည်များ ပိုရလာစေဖို့

စိတ်ကျေနပ်မှုရှိသည့် ဖောက်သည်များလေ လုပ်ငန်း၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် ပိုမိုတိုးတက်ခိုင်မာလေဖြစ်သည်။ သို့ရာတွင် စိတ်ကျေနပ်မှုရှိသည့် ဖောက်သည်မဆိုထားနှင့်၊ စားသုံးသူဘ၀မှသည် ပုံမှန်ဖောက်သည်ဘ၀သို့ရောက်အောင်ပင် များစွာအားထုတ်ကြရသည်။ ငွေကြေး၊ လုံ့လ၊ ဂရုစိုက်မှု၊ အချိန် စသည်ဖြင့် အရင်းအနှီးများစွာ စိုက်ထုတ်ရပါသည်။ ထိုမှတစ်ဆင့် နားလည်ရင်းနှီးမှု ရလာသောဖောက်သည်ကို ကြာရှည်ခိုင်မြဲရန်၊ ထိန်းသိမ်းထားနိုင်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းရပြန်ပါသည်။ ဤသို့လုပ်ဆောင်ရာတွင် ဖောက်သည်သည် အဓိကဟု နားလည်ဆောင်ရွက်နေသော လုပ်ငန်းအတော်များများသည်ပင်လျှင် ဖောက်သည်ကျေနပ်ရန်၊ မြဲရန် အတိုင်းအတာတစ်ခုအထိသာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ ဖောက်သည်သည်သာ ပဓာနဟူသည်ကို အပြည့်အ၀ မဖော်ဆောင်နိုင်ကြသေးပါ။ ဤသို့လုပ်ကိုင်ဖော်ဆောင်ရန် အခြေအနေမပေးခြင်း၊ လုံလောက်သောကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် စီမံခန့်ခွဲမှုအားနည်းခြင်းတို့မှာ လက်ရှိအချိန်တွင် အများဆုံးကြုံတွေ့နေရသော ပြဿနာများပင်ဖြစ်သည်။ ထို့အပြင် ဖောက်သည်သည် အဓိကဆိုသောစိတ်အခြေခံကို လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများအား သိရှိနားလည်အောင် မလုပ်နိုင်သေးသည့်လုပ်ငန်းများလည်း ရှိနေသေးသည်။ […]
Posted On July 11, 2016, By Editorial

အထောက်အကူပြုအဖွဲ့များနှင့် အဆောက်အအုံတို့၏  အခန်းကဏ္ဍ

နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ ဦးဆောင်သူ၏အတွေးအခေါ် အမြော်အမြင် ရည်မှန်းချက် (Vision) သည် အရေးအကြီးဆုံးဖြစ်လေသည်။ သို့သော်လည်း မည်မျှပြည့်စုံ ကောင်းမွန်သောရည်မှန်းချက် ဖြစ်နေစေကာမူ လက်တွေ့လုပ်ဆောင်ရမည့် ရေတိုရေရှည် မဟာဗျူဟာနည်းဗျူဟာတို့သည်လည်း အရေးပါလှပေသည်။ ဤတွင်လည်း လက်တွေ့အကောင်အထည်ဖော်ရမည့် အထောက်အကူပြုအဖွဲ့များ (Teams) နှင့် ရေရှည်အထိ အသုံးဝင် အသုံးပြုနိုင်သည့် လုပ်ထုံးလုပ်နည်းအဆောက်အအုံ (Infrastructure) တို့၏အခန်းကဏ္ဍကို မေ့လျော့၍မရနိုင်ပေ။ ယနေ့ IT နှင့် စက်မှုနည်းပညာ တိုးတက်သောခေတ်ကာလတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း ခေါင်းဆောင်ပုံစံဖြင့် အခြေအနေများ ပြောင်းလဲရန်နှင့် ရင်ဆိုင်ပြိုင်ဆိုင်ရန် ခက်ခဲလှပေသည်။ ခေါင်းဆောင်တိုင်း၏ဆန္ဒတွင် မိမိဦးဆောင်ရသည့်အချိန်ကာလအတွင်း အကောင်းဆုံး လုပ်ကိုင်ပြသလိုစိတ် ရှိကြစမြဲဖြစ်ပါသည်။ ရံဖန်ရံခါ စိုးရိမ်စိတ်ဖြင့် လူအများစုကြိုက် ပေါ်လစီများ ချမှတ်ဆောင်ရွက်တတ်ကြပါသေးသည်။ ဤသို့ဆောင်ရွက်ခြင်းသည် ရေရှည်တွင် အနုတ်လက္ခဏာအကျိုးတရားများ ရတတ်ပြီး မိမိ၏သမိုင်းကြောင်း (Legacy) […]
Posted On July 4, 2016, By Editorial

ခေါင်းဆောင်ဆိုသည်

ကျွန်တော်တို့သက်တမ်းတစ်လျှောက်တွင် ကြုံတွေ့ရသောခေါင်းဆောင်များ၏ အရည်အချင်းများမှာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်ယူမှုအားနည်းခြင်း၊ ပြဿနာအမျိုးမျိုးကြုံတွေ့ရပါက လက်အောက်ငယ်သားများအပေါ် အပြစ်ဖို့ခြင်း၊ ရသင့်ရထိုက်သော အခွင့်အရေးများအပြင် မထိုက်တန်သောအခွင့်အရေးများ ရယူခြင်း၊ အလုပ်နှင့်အပြော တခြားစီလုပ်ခြင်း၊ ရာထူးနှင့် တာဝန်ထိုက်တန်စွာ အဆုံးသတ်မှုအားနည်းခြင်း၊ ရာထူးအဆင့်တူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ သင်ယူလေ့လာခြင်းနှင့် နားထောင်တတ်မှုအားနည်းခြင်း၊ မိမိအကျိုးကို ကာကွယ်တတ်သော တပည့်များမွေး၍ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ရိုးသားစွာဝန်ခံတတ်မှု အားနည်းခြင်း၊ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ မိမိမလုပ်တတ်သော၊ မလုပ်နိုင်သော၊ မလုပ်ချင်သော တာဝန်များကို လက်အောက်ငယ်သားများအား ထမ်းဆောင်စေခြင်းတို့ဖြစ်ပါသည်။ အထက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့်ခေါင်းဆောင်များရလဒ်ကြောင့် လက်ရှိလုပ်ငန်းခွင်ရှိ လူငယ်အများစုမှာ John C. Maxwell အဆိုအတိုင်း 'လူမည်သည် မြင်သည့်အတိုင်း  လုပ်ဆောင်ကြသည်။ ကြားသည့်အတိုင်း လုပ်ဆောင်ခြင်းမဟုတ်' ဖြစ်ရာ တစိုက်မတ်မတ် ကြိုးစားမှု အားထုတ်မှုနည်းခြင်း၊ သင်ယူလေ့လာလိုစိတ်မရှိခြင်း၊ မိမိကိုယ်မိမိ […]
Posted On June 21, 2016, By Editorial

လက်ရှိနိုင်ငံတကာမှာ ရေနံဈေးတွေကျနေတာ ဘယ်လို Impact တွေ

လက်ရှိနိုင်ငံတကာမှာ ရေနံဈေးတွေကျနေတာ ဘယ်လို Impact တွေ ရှိနိုင်သလဲ။ á€ąá€”ဏကယပြဎး လတ်တလော ဒေါ်လာဈေးအနေအထားကိုလည်း သုံးသပ်ပေးပါဦး . . . ကျွန်တော်တို့နိုင်ငံအနေနဲ့ State Income နဲ့ Private Sector ရဲ့ လုပ်ငန်းလုပ်ကိုင်နိုင်မှုစွမ်းအား ခွဲကြည့်လိုက်ရင် State Income အနေနဲ့ကတော့ ရေနံဈေးတွေ ကျတယ်ဆိုရင် မြန်မာနိုင်ငံက တွက်ချက်တဲ့ Formulation အရ ဓာတ်ငွေ့(Gas) ဈေးကပါ ကျသွားပါတယ်။ အဲဒီအတွက် State Income က လျော့သွားပါမယ်။ ကုန်ထုတ်လုပ်မှုပိုင်းတွေ၊ ပို့ဆောင်ရေးပိုင်းတွေမှာလည်း လောင်စာကိုအမှီပြုပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်တာတွေရှိပါတယ်။ အဲဒီအပိုင်းတွေမှာ ရေနံဈေးကျတဲ့အခါမှာ ဒီဇယ်၊ ဓာတ်ဆီဈေးတွေ ကျလာလို့ သယ်ယူပို့ဆောင်တဲ့ စရိတ်တွေကျတဲ့အတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးလေးတွေ ရပါတယ်။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် […]
Posted On May 11, 2016, By Editorial

မှတ်ကျောက်တင်ရမယ့် ခေါင်းဆောင်

ကမ္ဘာတစ်ဝန်းတွင် – ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ကမ္ဘာ့စတော့ရှယ်ယာဈေးမှာ စတင်ကျလာနေပြီဖြစ်သည်။ – ဂျပန်နိုင်ငံတော်  ဗဟိုဘဏ်မှ Negative Interest Rate ပေးရန် ကြေညာလိုက်ပြီ ဖြစ်ပါသည်။ – တစ်ဖက်တွင် ဒေါ်လာဈေးကျလာပြီဖြစ်သော်လည်း ရွှေဈေးများ ပြန်တက်လာပြီဖြစ်ပါသည်။ – ကမ္ဘာ့ရေနံဈေး တစ်စည် ဒေါ်လာနှစ်ဆယ်ခန့် ရောက်လာပြီဖြစ်ပါသည်။ – တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု တန့်နေသဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ရင်မနေကြရပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် – အရေးကြီးသော နိုင်ငံရေးအခင်းအကျင်းကာလ ဖြစ်ပါသည်။ – အကြီးအကဲတစ်ဦးထံမှ နာယူရသည့်အတိုင်း အမြဲတမ်း အပြစ်တင်ဝေဖန်ခြင်း (Condemn) ၊ အပြစ်မြင်ခြင်း (Complaint) နှင့် မကျေနပ်ခြင်း (Criticize) ရှိသော ကျွန်တော်တို့ မြန်မာများအတွက် ဒီမိုကရေစီကို တာဝန်ရှိရှိ၊ […]
Posted On March 14, 2016, By Editorial

အပြောင်းအလဲများနှင့် ပြောင်းလဲခြင်း

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ ထိုင်ဝမ်ရွေးကောက်ပွဲ၏ရလဒ်မှာ ဒီပီပီပါတီမှ အနိုင်ရရှိပြီးနောက် ထိုင်ဝမ်၏နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးသော အမျိုးသမီးသမ္မတအဖြစ် ချိုလ်အင်းဝမ် (Tsai Ing-Wen) မှ တာဝန်ယူမည်ဖြစ်ပါသည်။ လက်ရှိအာရှတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှဒ်ဟာစီနာဝါဂျဒ်နှင့် တောင်ကိုရီးယားနိုင်ငံသမ္မတ ပက်ဂင်ဟီး  ပြီးလျှင် နိုင်ငံ၏အကြီးဆုံးသော ရာထူးရယူသူ တတိယမြောက်ဖြစ်ပါသည်။ သူ့ပါတီအနိုင်ရရှိပြီးနောက် ပေါ်လစီများ အပြောင်းအလဲ အထူးသဖြင့် တရုတ်နိုင်ငံ၏ဆက်ဆံမှုတို့အပေါ် အကျိုးသက်ရောက်မှုများစွာရှိလေသည်။ ထိုမျှသာမက ၂၀၁၆ ခုနှစ်ကုန်တွင် ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲတွင် အရွေးခံမည့်ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်အတွက် အထောက်အကူ တစ်နည်းတစ်ဖုံပြုဖွယ်ရာရှိပါသည်။ နိုင်ငံတကာတွင်လည်း ကမ္ဘာ့ရေနံဈေးသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ဒုတိယပတ်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ သုံးဆယ်လောက်ကျခြင်း၊ အမေရိကန်နိုင်ငံတွင် အတိုးနှုန်းမြှင့်တင်ခြင်း၏ ရလဒ်အနေဖြင့် အမေရိကန်ဒေါ်လာခိုင်မာခြင်း၊ ရွှေဈေးဆက်လက်ကျဆင်းရိပ်ရှိနေခြင်း၊ အရှေ့အလယ်ပိုင်းဒေသတွင်း […]
Posted On February 23, 2016, By Editorial

စိတ်အားထက်သန်မှု ၊ အတွေးအခေါ် ၊ ခံယူချက်

ကမ္ဘာ့နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Warren Buffet က လူတစ်ဦးကို အလုပ်ခန့်လိုလျှင် ထိုသူ၏ စိတ်အားထက်သန်မှု၊ လုပ်ချင်ကိုင်ချင်စိတ်၊ ခွန်အား (Energy) ၊ တွေးခေါ်မြော်မြင်တတ်မှု၊ ဉာဏ်ရည်ဉာဏ်သွေး (Intelligence) နှင့် စိတ်နေစိတ်ထားခံယူချက် (Attitude) ပေါ် အခြေခံ၍ အလုပ်ခန့်အပ်သင့်ကြောင်း အကြံပြုထားလေသည်။ လတ်တလော ဂျပန်ကုမ္ပဏီကြီးတစ်ခု၏ ဦးဆောင်သူမန်နေဂျင်း ဒါရိုက်တာတစ်ဦးကို လက်ရှိမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံအလုပ်လုပ်ကိုင်ရာ၌ အခက်အခဲဆုံးအချက်တစ်ချက်အား မေးမြန်းကြည့်ရာ စွမ်းဆောင်ရည်မြင့်သော ၀န်ထမ်းကောင်းများရှာဖွေရန် အခက်အခဲဆုံးဟု ဖြေလေသည်။ မကြာသေးမီက ဖွင့်လှစ်ခဲ့သည့် HAGL ရုံးခန်း၊ ဟိုတယ်နှင့် ရှော့ပင်းစင်တာလုပ်ငန်းစုတွင် ဗီယက်နမ်မှ အောက်ခြေသိမ်းဝန်ထမ်းမှအစခေါ်ယူပြီး ဆောက်လုပ်ခဲ့ရပါသည်။ လက်ရှိတွင် ဤမျှကြီးမားသော ရင်းနှီးမှု၏ဦးဆောင်အရာရှိချုပ်မှာလည်း လူလတ်ပိုင်း ဗီယက်နမ်လူမျိုးပင်ဖြစ်ပါသည်။ လောလောဆယ်တွင်လည်း Shangri-La အုပ်စု၏ တိုးချဲ့အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းများ၌ တရုတ်ဝန်ထမ်းများဝင်ရောက်၍ တာဝန်ယူလုပ်ကိုင်နေသည်ကို တွေ့နေရပါသည်။ […]
Posted On January 29, 2016, By Editorial
1 4 5 6 7 8 10