SP Bakery ရဲ့ ဆိုင်သစ်ဖွင့်ပွဲကျင်းပ
ရန်ကုန်မြို့တွင် SP Bakery ရဲ့ ပထမဆုံးဆိုင်သစ်ဖွင့်လှစ်တဲ့ အခမ်းအနားကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမှာရှိတဲ့ SP Bakery တည်ရှိရာနေရာမှာ ကျင်းပခဲ့ပါတယ်။ ဒီဆိုင်မှာ မုန့်အမျိုးအစားပေါင်း ၁၀၀ ကျော်ရနိုင်တယ်လို့ သိရပြီး SP Bakery ဟာ မန္တလေးမှာလည်း ဆိုင်ခွဲခြောက်ဆိုင်ခန့် ရှိတယ်လို့လည်း သိရပါတယ်။ ဆိုင်ဖွင့်ပွဲအခမ်းအနားကိုဖိတ်ကြားထားတဲ့ ဧည့်သည်များနဲ့ အနုပညာရှင်တွေ တက်ရောက်ချီးမြှင့် အားပေးခဲ့ပါတယ်။