ငွေကြေးပညာရှင်မဟုတ်သူ မန်နေဂျာများအတွက် ငွေကြေးပညာ

၂။ ထင်သည့်အတိုင်း မမှတ်ယူပါနှင့်
Don’t Assume

ငွေကြေးကဏ္ဍအကြောင်း အတိုင်းအတာတစ်ခုအထိ သိရှိထားသူများအတွက် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြထားသော အကြောင်းအရာများအပေါ် ရုတ်ခြည်းသုံးသပ်ချက်များပေးဖို့ လွယ်ကူသည်။

ဘဏ္ဍာရေးအစီရင်ခံစာများကို အမှန်တကယ် နားလည်လိုပါက စာမျက်နှာတွင်ပေါ်လာသည့် ကိန်းဂဏန်းများသာမက အတွင်းသို့နှိုက်၍ လေ့လာလို စိတ်လည်းရှိရမည်။ အခြေခံငွေစာရင်းအသိများကို လေ့လာခြင်းက အထောက်အကူဖြစ်သော်လည်း ဤမျလောက်သောအသိဖြင့် ဘဏ္ဍာရေးအစီရင်ခံစာကို အပြည့်အဝနားလည်၊ အသုံးပြုသူဟူ၍ မှတ်ယူ၍မရနိုင်သေးပါ။ သိချင်စိတ်ပြင်းပြပြီး ကိန်းဂဏန်းများ၏ နောက်ကိုလိုက်ဖို့လိုသည်။

ဘဏ္ဍာရေးအစီရင်ခံစာများကို ဖတ်ရှုနေစဉ်တွင်ထူးခြားသောကိန်းဂဏန်း၊ ထူးခြားသော ဦးတည်သွားနေမှုများကို သတိပြုမိနိုင်သည်။ သတိပြုမိရုံမျဖြင့် မလုံလောက်ဘဲ ဘာကြောင့်ဤကဲ့သို့ဖြစ်သည်ကို မေးခွန်းများ မေးခြင်းဖြင့် လေ့လာစုံစမ်းမှုများပြုလုပ်ရန် အရေးကြီးသည်။ အောက်ပါမေးခွန်းများကို လေ့လာကြည့်ပါ။
– ဒီဟာက အမှန်တကယ်ဦးတည် သွားနေတဲ့လမ်းကြောင်းလား၊ ဒါမှမဟုတ် ငွေစာရင်းလုပ်ထုံးလုပ်နည်း ပြောင်းလဲသွားလို့ ဒီအခြေအနေ ဖြစ်လာတာလား။
– ဒီအခြေအနေက ဘယ်တုန်းက စဖြစ်တာလဲ။
– ဘာကြောင့် ဒီအခြေအနေ ဖြစ်ရတာလဲ။
– ဒီအခြေအနေက ဒီကုမ္ပဏီတစ်ခုတည်းမှာ ဖြစ်နေတာလား၊ တခြားယှဉ်ပြိုင်ဘက်ကုမ္ပဏီတွေမှာကော ဒီလိုဖြစ်တာမျိုးရှိသလား။

မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို အပြည့်အ၀သိရှိရန်အတွက် ကုမ္ပဏီကိုသော်လည်းကောင်း၊ ကုမ္ပဏီကလုပ်ကိုင်နေရသည့် လုပ်ငန်းကဏ္ဍ (Industry)ကိုသော်လည်းကောင်း လေ့လာစုံစမ်းမှုများပြုလုပ်ရမည်။ ဤကဲ့သို့ လေ့လာစုံစမ်းမှုများ ပြုလုပ်ရာတွင်ဇာစ်မြစ်များရှိသည်။ အသိသာဆုံးသောဇာစ်မြစ်မှာ နှစ်ပတ်လည် အစီရင်ခံ စာပင်ဖြစ်သည်။ နှစ်ပတ်လည် အစီရင်ခံစာတွင် ငွေကြေး ဆိုင်ရာဖော်ပြချက်များအပြင် ကုမ္ပဏီ၏ရေရှည်မျော်မှန်း ချက်များပါဝင်သည်။
ထို့အပြင်လုပ်ငန်းကိုင်ငန်း (Business) နှင့် လုပ်ငန်း (Industry) များအကြောင်းရေးသားထားသော ပုံနှိပ်စာအုပ်များကိုလည်း ဖတ်ရှုသင့်သည်။

သာဓကအားဖြင့် သင်သည်ပမာဏတစ်ခုရှိ သောငွေကြေးကို အမွေဆက်ဆံရယူထားသည်ဆိုပါစို့။ ယင်းငွေကြေးအား မဂ္ဂဇင်းထုတ်ဝေသူတစ်ဦးထံတွင် ရင်း နှီးမြှုပ်နံှလိုသည်။ ထို့အတွက် ကုမ္ပဏီ၏နှစ်ပတ်လည် အစီရင်ခံစာကို တောင်းယူဖတ်ရှုသည်။ ထိုသို့ဖတ်ရှုရင်း ပေးရန်ရှိသည်များအပိုင်း (Liability) တွင် ပေါ်နေသောပမာဏမှာ အလွန်များပြားနေသည်ကို တွေ့ရသဖြင့် ယင်းထုတ်ဝေသူထံတွင် ရင်းနှီးမြှုပ်နှံပါက ဖြစ်ပါ့မလားဟူသော သံသယစိတ်စတင်ခံစားရလာသည်။ ဤကဲ့သို့ ဖြစ်ရသည်မှာ Deferred Income ဟုခေါ်သည့် ကုမ္ပဏီကရမည့်ဝင်ငွေများမှာ ရွှေ့ဆိုင်းအခြေအနေတွင် ရှိနေသောကြောင့် ဖြစ်သည်။

သို့သော်လည်း သင်က Deferred Income (ရွှေ့ဆိုင်းဝင်ငွေ) ဟူသော အသုံးအနှုန်းကို နားမလည်၍ဖြစ်သည်။ သင်ကအခြေအနေကိုအပြည့်အဝ၊ အတိအကျနားမလည်၊ (Liabilities) ပေးရန်တာဝန်များ၊ ပေးရန်ရှိ သည်များဟူသော စကားလုံးမှာ မကောင်းသည်ကိုပဲ သိသည်။

ဤနေရာတွင် Deferred Income နှင့်ပတ်သက်သော သင်၏မှတ်ယူမှုမှာ မှားယွင်းနေသည်။ Deferred Income သည် ကုမ္ပဏီမှထုတ်ဝေသည့် မဂ္ဂဇင်းအတွက် ပုံမှန်ဖတ်ရှုနေသည့်သူများက ကြိုတင်ပေးသွင်းသည့် ငွေ များ (Subscriptions) ဖြစ်သည်။ မရသေးသော်လည်း ကျိန်းသေရမည့် ဝင်ငွေဖြစ်သည်။ Deferred Income သည် စာအုပ်ထုတ်ဝေရေးလောကတွင် အသုံးများသော အသုံးအနှုန်းဖြစ်သည်။ ယင်းဝင်ငွေများကို မရသေးသည့်အတွက် ပေးရန်တာဝန်များအပိုင်းတွင် ကိန်းဂဏန်းကြီးနေခြင်းဖြစ် သည်။

အောက်ဖော်ပြပါများသည် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြထားသည့် အကြောင်းအရာများကို သိရှိနားလည်စေရန် စုံစမ်းမေးမြန်းနိုင်သည့် ဇာစ်မြစ် များဖြစ်ကြသည်။

– ငွေစာရင်းအသင်းအဖွဲ့များ (Accounting societies)။ ငွေစာရင်းအသင်းအဖွဲ့များက လုပ်ငန်းအမျိုးမျိုးကို သက်ရောက်မှုရှိသည့် ငွေစာရင်းစည်းမျဉ်းများ အပြောင်းအလဲများနှင့်ပတ်သက်သော အကြောင်းများပေးတတ်သည်။

– လုပ်ငန်းကိုင်ငန်း စာအုပ်ထုတ်ဝေသူများ (Business publishers)။ လုပ်ငန်းကဏ္ဍကိန်းဂဏန်းများ၊ စံအချက်များကို ဖော်ပြပေးသည့်စာအုပ်များ များစွာရှိပါသည်။

The bottom line (အခြေခံကျသောအချက်)
သံသယရှိပါက ပြန်စစ်ကြည့်ပါ။

ဆက်လက်ဖော်ပြပါမည်…