ကမ္ဘာ့ကုလသမဂ္ဂရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၁၇ ခု

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဟာ ဆင်းရဲမွဲတေမှုကအစ သမုဒ္ဒရာတွေအဆုံး ကမ္ဘာ့အကြီးမားဆုံးပြဿနာတွေကို ဖြေရှင်းပြီး ကမ္ဘာမြေကိုထိခိုက်ပျက်စီးမှုမဖြစ်စေဘဲ ၂၀၃၀ ပြည့်နှစ်မှာ လူတွေကို အဆင့်မြှင့်တင်ပေးဖို့ လုပ်ဆောင်သွားမယ့် အစီအစဉ်စာရင်းကို ၂၀၁၅ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ”ကုလသမဂ္ဂအဖွဲ့ဟာ ယင်းရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်(Sustainable Development Goal – SGD လို့ ရှေ့ဆက်ရေးသွားပါမည်။) ၁၇ ချက်ရဲ့နောက်ဆုံးအခြေအနေတွေကို ဖော်ပြတဲ့အစီရင်ခံစာထုတ် ပြန်ခဲ့ရာ အသက်ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေး၊ လျပ်စစ်မီးရရှိရေး၊ နိုင်ငံတွေရဲ့ ရာသီဥတုပြောင်းလဲမှုပြဿနာဖြေရှင်းရေးတို့လို အသင့်အတင့်တိုးတက်တဲ့ကဏ္ဍတွေရှိကြောင်း သတင်းကောင်းပါရှိပေမဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်ထော် နီယိုဂူတီးရက်စ်က တောင်းဆိုတဲ့အရေးတကြီးစုပေါင်းလုပ်ဆောင်ရမယ့်ကဏ္ဍတွေ အများကြီး ရှိနေပါသေးတယ်။ ရည်မှန်းချက်တစ်ခုချင်းစီရဲ့ တိုးတက်မှုကို အောက်မှာအကျဉ်းချုံး ဖော်ပြလိုက်ပါတယ်။

၁။ အဆုံးစွန်ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ကျွန်ုပ်တို့သိပ်မဆောင်ရွက်နိုင်သေးပါ။

တစ်နေ့ဝင်ငွေဒေါ်လာ ၁.၉၀ ခန့်သာရပြီး ဆင်းရဲစွာနေထိုင်ရတဲ့ လူဦးရေက လျော့ကျလာပေမယ့် အရှိန်နှေးနေပါသေးတယ်။ ရာသီဥတုပြောင်းလဲမှု၊ စစ်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိတဲ့ အာဖရိကနိုင်ငံတွေမှာ ဖြေရှင်းဖို့ သိပ်ခက်ခဲမယ့် အဆုံးစွန်ဆင်းရဲမွဲတေတဲ့နေရာ ဒေသတွေ ရှိနေဆဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ဆင်းရဲသားဘဝမှ လွတ်မြောက်ခဲ့တဲ့ လူဦးရေ တစ်ဘီလီယံကျော် ရှိလာပေမယ့် ၂၀၃၀ ပြည့်နှစ်မှာ ဆင်းရဲသား ၆ ရာခိုင် နှုန်း ရှိနေဦးမယ်လို့ ခန့်မှန်းပါတယ်။

၂။ ငတ်မွတ်ခေါင်းပါးတဲ့ လူဦးရေတိုးပွားလာနေဆဲဖြစ်တယ်။

စားသောက်စရာဖူလုံမှုမရှိတဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ် ကတည်းက တိုးပွားလာလျက်ရှိတာဟာ စီးပွားရေးတိုးတက်မှုအရှိန်လျော့ကျခြင်း၊ ပဋိပက္ခ (စစ်ပွဲ) တွေနဲ့ ရာသီဥတုကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ အာဟာရဓာတ်ချို့တဲ့တဲ့လူဦးရေဟာ ၂၀၁၅ မှာ ၇၈၄ သန်းရှိခဲ့ရာမှ ၂၀၁၇ မှာ ၈၂၁ သန်းဖြစ်လာတယ်။ ရေရှည်အာဟာရဓာတ်ချို့တဲ့တဲ့ ကလေးတွေဟာ ထွားကြိုင်းမှုမရှိကြဘဲ သာမန်ကူးစက်ရောဂါတွေကြောင့် သေဆုံးဖို့ အလားအလာပိုများပြီး ကလေးရဲ့သိမြင်မှုဖွံ့ဖြိုးရေး အပေါ်လည်း သက်ရောက်စေပါတယ်။

၃။ ပိုကျန်းမာတဲ့လူဦးရေ သန်းချီတိုးပွားလာတယ်။

ကလေးတွေဟာ ၂၀၀၀ ပြည့်နှစ်တုန်းကထက် ယခုအခါ ပိုပြီးအသက်ရှင်လာကြတယ်။ အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးမှုက ၄၉ ရာခိုင်နှုန်းကျဆင်းလာတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကလေးအယောက်တစ်ထောင်မွေးရင် ၇၇ ယောက်သေဆုံးပြီး ၂၀၁၇ မှာ ၃၇ ယောက်ပဲ သေဆုံး ပါတယ်။ သားဖွားတဲ့မိခင်တွေ သေဆုံးမှုနှုန်းလည်း ကျဆင်းလာတယ်။ ကာကွယ်ဆေးထိုးခြင်းက ကူးစက်တတ်တဲ့ ရောဂါတွေကို ဟန့်တားတယ်။ ဒါပေမဲ့ မရှိမဖြစ်ကျန်းမာရေးဌာနဆေးခန်းတွေကို သုံးခွင့်မရတဲ့ လူဦးရေ က ကမ္ဘာ့လူဦးရေထက်ဝက်ရှိနေသေးတယ်။

၄။ ကမ္ဘာလုံးဆိုင်ရာ ပညာဆည်းပူးမှုပြဿနာရှိနေတယ်။

ကမ္ဘာတစ်ဝန်းကလေးနဲ့ ဆယ်ကျော်သက်ဦးရေ ၆၁၇ သန်းခန့်ဟာ အနိမ့်ဆုံးအဆင့် သင်္ချာမတွက်တတ်၊ စာမဖတ်တတ်ဘူး။ ”လူတစ်ဦးချင်းစီ ဆင်းရဲသားဘဝက ရုန်းထွက်မှုကို ပညာဆည်းပူးမှုပြဿနာက ခြိမ်းခြောက်နေပြီး၊ ကမ္ဘာ့ဈေးကွက်မှာ ကျွမ်းကျင်မှုနည်းပါးတဲ့ လူ့စွမ်းအား အရင်းအမြစ်အဖြစ် ကြိုးစားယှဉ်ပြိုင်ရတော့ မိမိနိုင်ငံရဲ့အနာဂတ်စီးပွားရေးကို ကမောက်ကမဖြစ်စေတယ်။ အရွယ်ရောက်သူတွေ စာတတ်မြောက်မှုတိုးတက်လာပေမယ့် လူကြီးဦးရေ ၇၅၀ သန်းဟာ အခုထိ စာမဖတ်တတ်၊ စာမရေးတတ်ကြဘူး။ အဲဒါရဲ့ သုံးပုံနှစ်ပုံက မိန်းမတွေ ဖြစ်တယ်။

၅။ အမျိုးသမီးတွေရဲ့အခြေအနေတိုးတက်လာပေမဲ့ လုပ်စရာတွေအများကြီးရှိသေးတယ်။

အစိုးရတွေရဲ့လုပ်ငန်းစဉ်မှာ ကျား-မတန်းတူ အခွင့်အရေးပေးမှုပိုတိုးပွားလာတာမို့ ကမ္ဘာကြီးဟာ ယေဘုယျအားဖြင့် မိန်းမတွေ နေထိုင်ဖို့ ပိုကောင်းလာတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုရာထူးတွေနဲ့ နိုင်ငံရေးဦးဆောင်မှု၊ ဆုံးဖြတ်ချက် ချမှုအဆင့်အားလုံးမှာ မိန်းမတွေ အခုထိသိပ်နေရာမရ ကြသေးဘူး။ မိန်းမတွေဟာ အကြမ်းဖက်ခံကြရဆဲဖြစ်ပြီး သူတို့ရဲ့ကိုယ်စိတ်နှစ်ဖြာကျန်းမာရေးကို ထိခိုက်ပြီး သူတို့ရဲ့ဂုဏ်သိက္ခာကို ဖျောက်ဖျက်တဲ့ လိင်အင်္ဂါဖျက်ဆီးမှု ဆိုင်ရာဓလေ့တွေကိုလည်း ရင်ဆိုင်နေရဆဲပါ။ နောက်ပြီး နိုင်ငံပေါင်း ၉၀ ခန့်မှ အရွယ်ရောက်မိန်းမနဲ့ မိန်းကလေး ငယ်တွေဟာ အိမ်မှုကိစ္စနဲ့ လုပ်အားခမရတဲ့ စောင့်ရှောက်မှု တွေကို ယောကျ်ားတွေထက် အချိန်သုံးဆပိုလုပ်ကြရတယ်။

၆။ အခြေခံသောက်ရေသောက်ခွင့်မရတဲ့ လူဦးရေက သန်းချီရှိနေဆဲဖြစ်တယ်။
၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ ဘေးကင်းတဲ့ သောက်ရေသောက်ခွင့်ရတဲ့ လူဦးရေဟာ ၆၁ ရာခိုင်နှုန်းမှ ၇၁ ရာခိုင်နှုန်းအထိ တိုးလာပေမယ့် ၂၀၁၇ မှာ အခြေခံအဆင့်သောက်ရေသောက်ခွင့်မရတဲ့ လူဦးရေ ၇၈၅ သန်း ရှိနေတုန်းပဲ။ ၂၀၁၇ ခုနှစ်မှာ နေအိမ်တွင်းကျန်းမာရေးနဲ့ညီညွတ်စွာ လက်မဆေးရတဲ့ လူဦးရေကသုံးဘီလီယံရှိတယ်။

၇။ စွမ်းအင်ကို ယခင်ကထက် ပိုထိန်းထားနိုင်ပြီး ပိုကျယ်ပြန့်စွာ ရရှိနိုင်တယ်။
လျပ်စစ်ဓာတ်အားပေးနိုင်တာဟာ SDG ရဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်။ လျပ်စစ်မီးသုံးနိုင်တဲ့ ကမ္ဘာ့လူဦးရေဟာ ၂၀၁၅ ခုနှစ်မှာ ၈၇ ရာခိုင်နှုန်းရှိရာမှ ယခု ၈၉ ရာခိုင် နှုန်းဖြစ်လာတယ်။ ဒါပေမဲ့တောနဲ့ မြို့ကြား ကွာဟချက်က ကြီးမားဆဲဖြစ်ပြီး ကျေးလက်နေသူဦးရေ သန်း ၈၄၀ ဟာ လျပ်စစ်မီးမရရှိကြဘူး။ ပတ်ဝန်းကျင်မထိခိုက်တဲ့ စွမ်းအင်မျဝေမှုတိုးပွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံတကာငွေကြေးထောက်ပံ့မှုတွေ လျင်မြန်စွာ တိုးတက်လာလို့ ပြန်လည်ဆန်းသစ်မှုဆီ အသွင်ကူးပြောင်းရာမှာလည်း တိုးတက်လာတယ်။

၈။ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းက တိုးတက်မှုအပေါ်သက် ရောက်မှုရှိတယ်။
ကမ္ဘာတစ်ဝန်းမှာ လူတစ်ဦးချင်းစီရဲ့ GDP ဟာ တိုးပွားလာပြီး အလုပ်လက်မဲ့နှုန်းက ဘဏ္ဍာရေးပြဿနာမတိုင်ခင်က အဆင့်ကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ LDC – Least Developed Countries ခေါ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ မှာ တကယ့် GDP တိုးတက်မှုက ၂၀၁၇ ခုနှစ်မှာ ၂၀၀၇ ခုနှစ်ရဲ့ ထက်ဝက်ဖြစ်လာတယ်။ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ လူငယ်ဦးရေငါးပုံတစ်ပုံဟာ ပညာမတတ်၊ အလုပ်မရှိ၊ လေ့ကျင့်ဆည်းပူးမှုမရှိလို့ သူတို့နဲ့ သူတို့နိုင်ငံတွေ တိုးတက်မှုတွေအပေါ် သက်ရောက်မှုစေဖြစ်တယ်။

၉။ ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုဟာ တိုးတက်လာပေမယ့် စက်မှုလုပ်ငန်းတည်ထောင်မှုက နှေးကွေးနေတယ်။

LDC နိုင်ငံတွေမှာ စက်မှုလုပ်ငန်းတည်ထောင်မှုဟာ ၂၀၃၀ ပြည့်နှစ် လျာထားချက်ကို မီလောက်အောင် မမြန်ဆန်သေးဘူး။ ၂၀၁၈ ခုနှစ်မှာ ကုန်ထုတ်လုပ်မှုတိုးတက်မှုကလည်း နှေးကွေးခဲ့တယ်။ သုတေသနပြုမှုနဲ့ ဖွံ့ဖြိုးမှု ((R&D – Research And Development) အတွက် ကမ္ဘာတစ်ဝန်းအသုံးစရိတ်က ဒေါ်လာနှစ်ထရီလီယံရှိပေမဲ့ နိုင်ငံတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေရှိတယ်။ မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက်မှာ အာဖရိကတိုက်ဆာဟာရသဲကန္တာရဒေသနိုင်ငံတွေထက် ရင်းနှီးမြှုပ်နှံမှုက ငါးဆရှိတယ်။ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၉၆ ရာခိုင် နှုန်းဟာ မိုဘိုင်းဆစ်ဂ်နယ် စက်ကွင်းအတွင်းမှာ နေထိုင်ပေမယ့် အများစုက အဲဒါကို မသုံးနိုင်ကြဘူး။

၁၀။ အဆင်းရဲဆုံးလူတွေရဲ့ ဝင်ငွေကတိုးလာပေမယ့် ဝင်ငွေမညီ မျမှုတွေက ရှိနေတုန်းပဲ။

နှိုင်းယှဉ်ကြည့်နိုင်တဲ့ အချက်အလက်တွေရှိတဲ့ နိုင်ငံ ၉၂ ခုရဲ့ တစ်ဝက်ကျော်ကျော်မှာ အဆင်းရဲဆုံးလူဦးရေ ၄၀ ရာခိုင်နှုန်း ဝင်ငွေလျင်မြန်စွာတိုးလာတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားမှာ ၁ ရာခိုင်နှုန်းဖြစ်တဲ့ အချမ်းသာဆုံးသူဌေးတွေဟာ တိုးလာတဲ့ဝင်ငွေကို မျဝေလက်ခံရယူနေကြတယ်။

၁၁။ မြို့ကြီးပြကြီးတွေဟာ ယင်းတို့လက်ခံနိုင်တာထက် ပိုပြီးလျင် မြန်စွာ ကြီးထွားလာကြတယ်။

၂၀၃၀ ပြည့်နှစ်ကျရင် ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းဟာ မြို့ကြီးတွေမှာ နေထိုင်ကြမယ်လို့ ခန့်မှန်းထားတာကြောင့် ဝန်ဆောင်မှုတွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် ဖိ အားပိုများလာပြီး လူတွေကို ဆင်းရဲသားရပ်ကွက်တွေဆီ ပိုရောက်စေလိမ့်မယ်။ ဆင်းရဲသားရပ်ကွက်နဲ့ ဒုက္ခသည်အခြေချစခန်းတွေဟာ ယခုအခါ လူဦးရေတစ်ဘီလီယံရဲ့နေအိမ်ဖြစ်ပြီး ဒေသကြီးသုံးခုမှာ နေထိုင်သူ ၈၀ ရာခိုင်နှုန်းရှိကာ ကျန်တဲ့ တခြားကမ္ဘာ့ဒေသတွေရဲ့ စုစုပေါင်း ပမာဏထက် အာရှမှာပိုများပါတယ်။ လေထုညစ်ညမ်းမှုက အန္တရာယ်ရှိတဲ့ အဆင့်ရောက်လာပါတယ်။ ၂၀၁၆ ခုနှစ်က မြို့ပြနေသူ ၉၀ ရာခိုင်နှုန်းဟာ WHO-World Health Organization ကထုတ်ပြန်ထားတဲ့ ဘေးကင်းတဲ့အဆင့်ကျော်လွန်တဲ့ လေထုညစ်ညမ်းမှုရှိရာ နယ်မြေတွေ ထဲမှာ နေထိုင်ကြတယ်။

၁၂။ စားသုံးမှုကို ထိန်းထားလို့ မရနိုင်ဘူး။

စီးပွားရေးတိုးတက်မှုနဲ့ စက်မှုလုပ်ငန်းတည်ထောင်ခြင်းတို့ဟာ သဘာဝစွမ်းအားအရင်းအမြစ်တွေနဲ့ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေပါတယ်။ ထိန်းထားနိုင်တဲ့ စက်ဝန်းပုံသဏ္ဌာန်စီးပွားရေးဖြစ်လာဖို့ ယခုထက်ပိုလုပ်ဖို့ လိုအပ်နေတယ်။

ကျွန်ုပ်တို့စားသုံးမှုအတွက် လိုအပ်တဲ့ ကုန်ကြမ်းပမာဏဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း နှစ်ဆကျော်တိုးလာပါတယ်။ ဖြုန်းတီးမှုမျိုးဆက်က တိုးပွားလာပြီး နှစ်စဉ်ထုတ်လုပ်သမျ အစားအစာ ပမာဏသုံးပုံတစ်ပုံဟာ အဓိကအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပျောက်ဆုံး၊ ဒါမှမဟုတ် အလဟဿဖြစ်ကုန်ပါတယ်။

၁၃။ ရာသီဥတုပြောင်းလဲမှုဟာ ထိန်းထားနိုင်သော ဖွံ့ဖြိုးမှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်။

သမုဒ္ဒရာတွေဟာ လူတွေကို အစားအစာနဲ့ စားဝတ်နေရေးအတွက် ပံ့ပိုးပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူတဲ့ ကမ္ဘာ့အကြီးမားဆုံး ဂေဟစနစ်ကြီးဖြစ်ပေမဲ့ ယခုအခါ လူသားတွေရဲ့ ဒုက္ခပေးတာခံနေရပါတယ်။ မြင့်တက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့အဆင့်ကြောင့် အက်စစ်ပါဝင်လာမှုက ရေသတ္တဝါတွေနဲ့ ငါးလုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်။ ဒါပေမဲ့ နိုင်ငံတွေဟာ သမုဒ္ဒရာတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပို ဆောင်ရွက်နေကြတယ်။ အဲဒီလိုလုပ်ရာမှာ ကမ်းရိုးတန်းဒေသတွေက ရေရဲ့အရည်အသွေးပိုကောင်းစေရေး၊ ငါးပမာဏ ထိန်းကွပ်ခြင်းနဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ အဏ္ဏဝါဧရိယာချဲ့ထွင်ခြင်းတို့ ပါဝင်တယ်။

၁၅။ မျိုးစိတ်တွေဟာ မျိုးတုံးမယ့် အန္တရာယ်ပိုရှိနေတယ်။

ကမ္ဘာမြေပေါ်က မျိုးစိတ်တွေကို စောင့်ကြည့်တဲ့ ‘အနီရောင်စာရင်းအညွှန်း’ မှာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း မျိုးစိတ်တွေ မျိုးတုံးမယ့်အန္တရာယ်တိုးပွားလာပုံတွေ့ရတယ်။ ဒါဟာ ထိန်းထားလို့မရနိုင်တဲ့ စိုက်ပျိုးရေးဓလေ့တွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သစ်တောတွေခုတ်မှုတို့ကြောင့် ဖြစ်တယ်။ သစ်တောပြုန်းမှုဆက်ဖြစ်နေပေမဲ့ အရှိန်ကတော့နှေးလာတယ်။ ၂၀၁၀-၂၀၁၅ အတွင်း စုစုပေါင်း နှစ်စဉ်တောပြုန်းမှုဟာ ၂၀၀၀-၂၀၀၅ အတွင်းကထက် ၂၅ ရာခိုင်နှုန်းခန့် ပိုနှေးလာတယ်။

၁၆။ အကြမ်းဖက်မှုအဆုံးသတ်စေဖို့ ကုံလုံတဲ့တိုးတက်မှုတွေ မရှိထားဘူး။

ဒီရည်မှန်းချက်က ထိန်းထားနိုင်တဲ့ ဖွံ့ဖြိုးမှုရရှိအောင် အားလုံးအတွက် တရားမျတမှုရှိပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပေမယ့် တကယ်ဖြစ်နိုင်ဖို့ အလှမ်းဝေးသေးတယ်။ ကူညီဖို့ ကြိုးစားသူတွေဟာ အ သတ်ခံနေကြရတယ်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာလအတွင်းမှာ ပိုမိုခြုံငုံမိပြီး သင့်တင့်မျတတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပိုမိုတည်ဆောက်နေတဲ့ ရှေ့တန်းမှ လူကိုးဦးအပတ်စဉ်ပျမ်းမျအသတ်ခံခဲ့ရတယ်။ အဲဒီထဲမှာ ဂျာနယ်လစ်နဲ့လူ့အခွင့်အရေးကာကွယ်ပေးသူတွေပါဝင်တယ်။ ဒါဟာ ၂၀၁၅-၂၀၁၇ ခုနှစ်အတွင်းက ပျမ်းမျခုနစ်ဦးထက်တိုးလာတာဖြစ်မယ်။

၁၇။ SDG တွေကိုပံ့ပိုးမှုက တိုးပွားလာပေမဲ့ ဖွံ့ဖြိုးရေးကူညီမှုက လျော့ကျနေပါတယ်။

ဒီလိုရည်မှန်းချက်ကြီးမားတဲ့ ‘ရည်ရွယ်ချက်ပန်းတိုင်စာရင်း’ မျိုးဖြစ်မြောက်ဖို့ ဖြစ်နိုင်ပေမယ့် နိုင်ငံတကာပူးပေါင်းကူညီမှုနဲ့ ဘဏ္ဍာငွေထောက်ပံ့မှုတို့ကို ရရှိမှသာဖြစ် နိုင်မှာပါ။ ပြည်ပမှ အကူအညီ၊ ဒါမှမဟုတ် တရားဝင်ဖွံ့ ဖြိုးရေးကူညီမှု (O.D.A.) ဟာ LDC တွေအတွက် အကြီးမား ဆုံးပြင်ပမှ ဘဏ္ဍာငွေထောက်ပံ့မှုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်တွင်း ၂.၇ ရာခိုင်နှုန်းကျဆင်းကာ ဒေါ်လာ ၁၄၉ ဘီလီယံဖြစ်လာပါတယ်။ ဒီကိစ္စကို ဝါဒဖြန့်ပြီး ရည်မှန်းချက်တွေဖြစ်မြောက်ရေးအတွက် အရေးပါတဲ့နောက် အချက်တစ်ချက်က အင်တာနက်အသုံးပြုခွင့်ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဖွံ့ဖြိုးပြီးနိုင်ငံမှ လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်ဟာ အင်တာနက်သုံးနေကြတယ်။ LDC တွေမှာ ၂၀ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါကြောင့် ပိုမိုခြုံငုံတဲ့ ကမ္ဘာလုံးဆိုင်ရာသတင်းချက်အလက်အဖွဲ့အစည်းတစ်ခုကို မွေးမြူဖို့ ပိုပြီးလုပ်စရာတွေ ရှိပါတယ်။

စိုးညွန့်ဇော်

Ref: www.weforum.org/