UK-Myanmar Financial Services Taskforce ကကျင်းပတဲ့ Corporate Governance Workshop
2014 ခုနှစ်၊ နိုဝင်ဘာလ 18၊ 19 ရက်နဲ့ 20 ရက်တို့မှာ UK-Myanmar Financial Services Taskforce က မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊ ဆေးရုံများနဲ့ အခြားပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းတို့မှာ ကောင်းမွန်အသက်ဝင်တဲ့ Corporate Governace ပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီး Corporate Governace အလုပ်ရုံဆွေးနွေးပွဲကို UMFCCI မှာ သုံးရက်တိုင်ပြုလုပ်ခဲ့ပါတယ်။ အဖွင့်အမှာစကားကို British Embassy ရဲ့ Prosperity ဖြစ်တဲ့ Anthony Preston ကပြောကြားခဲ့ပြီး သင်တန်းပို့ချသူအဖြစ် Nigel Freeman ကဆောင်ရွက်ပေးခဲ့ပါတယ်။ ပွဲမှာ နယ်ပယ်အသီးသီးက စီမံခန့်ခွဲမှုအဆင့်အရာရှိများတက်ရောက်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ UK-Myanmar Financial Services Taskforce ရဲ့ ဆောင်ရွက်ချက်တွေကို www.ukmyanmarfinancialtaskforce.com မှာ အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။